Against Sexual Violence (ASV Team)

Description
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာဖြင့်ခြိမ်းခြောက်အရှက်ခွဲ ခံနေရသည်ရှိသော် လာရောက်ဆွေးနွှေးနိုင်ပါတယ်ခင်ဗျာ..
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago

1 week, 2 days ago

လူ့ကျင့်ဝတ် စည်းတွေကိုချိုးဖျက် သူတပါးရဲ့ အရှက်သိက္ခာကို ချနင်းပြီး အာချောင် လိင်စိတ် အာသာဖြေနေသူတွေ အမျိုးသမီးတွေရဲ့ အရှက်သိက္ခာကို အသုံးချပြီး ငွေရှာနေကြတဲ့ ငါတို့နိုင်ငံက လူငယ်ခြေပျက် မအေလိုးလေးတွေ၊

“ဒီစော်ကို မှတ်မိကြသေးလား”
“သိတဲ့ကောင် ဆရာကြီးပဲ”တဲ့
ဒီ caption နဲ့ ဆယ်ကျော် အမျိုးသမီးတစ်ဦးရဲ့ ပုံ တွေနဲ့ edit ထားတဲ့ video ဖိုင် page တစ်ခုက တင်ထားတယ်။
အဲဒီအမျိုးသမီးဟာ မင်္ဂလာဆောင်တာလား စေစပ်နေတာလား သေချာ မသိတဲ့ Video နဲ့ ဆက်ဆက်ပြီးတင်ထားတာပါ။

ရုပ်အဆင်းလှပပြီး အတော်ငယ်သေးတဲ့အရွယ်မှာပဲ ဒီမိန်းကလေးဟာ S-ex tape အဖြန့်ခံခဲ့ရဟန်ရှိတယ်။ ဒီလို မိန်းမငယ်လေးတွေရဲ့ ကိုယ်ရေးကိုယ်တာ လိင်မှုကိစ္စတွေအတွက်တော့ အခကြေးငွေနဲ့ ပေးကြည့်ရတဲ့ Channel တွေအကြိုက်ပေါ့။
ဦးသူတင်ပြီး caption အမျိုးမျိုးနဲ့ ပိုက်ဆံရှာနေကြခြင်းတွေ။

ဒီစော် မိုက်တယ် .. ငါ့ကြည့်ပြီးပြီ အကွက်စုံတယ် ..ထန်ချက်ပဲ ..
ဒီစကားတွေနဲ့အတူ
လင်းပါ ..
အလင်းပြပါ ..
Channel Link လေး ပေးဦးလေ .. ဆိုတဲ့ ပလူပျံနေတဲ့ မန့်တွေ..

ကိုယ်ချင်းစာခြင်းကင်းတဲ့ စောက်ရှက်မဲ့စကားလုံးတွေနဲ့ လူ့အဆင့်အတန်းကို ဖော်ပြနေတဲ့
ဒီနိုင်ငံရဲ့ ခေတ်ပျက်ခြေတက်မအေလိုးလေးတွေ၊

သူတို့အတွက်တော့ ဟာသ တစ်ခု၊ လိင်စိတ်
အာသာဖြေစရာတစ်ခု ၊ အချင်းချင်း public မှာ စောက်ရှက်မရှိ မျှဝေ စရာ တစ်ခုထက် မပိုပေမယ့် တစ်ဘက်မိန်းကလေးမှာ သိပ်လေးနက်နဲ့ သိက္ခာကို ရင်းနေရတယ်..

အဲဒီ victim မိန်းကလေးရဲ့ VD ဟာ leaking ဖြစ်ခဲ့တာ ကြာပါပြီ။
ခု ဒီမိန်းကလေးရဲ့ အထိမ်းအမှတ်နေ့တစ်ခုခုမှာမှ ထပ်ပေါ်လာပုံပါပဲ။

နှမျှောစရာ ကောင်းလိုက်တာ..
ဆင်ခြင်တုံတရားဟာ ကိုယ်ချင်းစာတရားနဲ့အတူ အသတ်ခံလိုက်ရတဲ့ ခေတ်ဖြစ်လာနေတယ်။

နောက်ကျောက ဓါးဖွက်ထားတတ်တဲ့ လူယုတ်မာတွေကြောင့်
Sex Tape ဖြန့်ခံနေတဲ့ ပြန့်သွားခံရတဲ့ Victims တွေအပေါ်
မစားရ ဝခမန်း စကားလုံးတွေနဲ့ သတ်နေတဲ့ ကောင်တွေ
ဝမ်းနည်းစကားကောင်းလှ တဲ့ ဒီလို လူငယ်လေးတွေ အများကြီး
တစ်ချိန်ကျ နိုင်ငံတစ်နိုင်ငံ / မိသားစု တစ်ခုကို ဦးဆောင်ထမ်းပိုးကြဦးမယ်
တလွှဲ လိင်စိတ် ခံယူချက်အသိတွေနဲ့
လူငယ်တွေ တစ်ကယ့်အများကြီးပဲ.. ဒီထဲမယ် ဒီလို အခွီထ လှောင်နေကြတဲ့အထဲမယ် မိန်းကလေးတွေပါ ပါနေ ကြာတာကြီးက ဝမ်းနည်းဖွယ်ပါပဲ။
ဒီအခြင်းအရာတွေကို ဒီတိုင်းရပ်ကြည့်နေကြဆဲ လူ့အဖွဲ့စည်းကြီးကိုလဲ အတော်အံ့ဩမိတာပါပဲ။

လူမှန်ရင် လိင်စိတ် မကင်းဘူး .. မှန်တယ်..
ဒါပေမယ့် ကိုယ့်လိင်စိတ်ဟာ တစ်ပါးသူတွေရဲ့ အရှက်သိက္ခာကို ချသုံးရလောက်အောင်ထိ စောက်ရှက်မမဲ့မိဖို့ လိုတယ်ဆိုတာကို အဲ့ဒီ မအေလို:::လေးတွေ သဘောပေါက်အောင် အတော်ကြိုးစားယူရဦးမယ်။

အသက်ပြည့်ပြီးသူတိုင်း လွတ်လပ်စွာ လိင်စိတ်ခံစားလို့ရတယ်.. ခံစားခွင့်ရှိတယ်.. တစ်ပါးသူကိုသာ မထိခိုက် သိက္ခာမချမိစေနဲ့
မင်းတို့ ငါတို့
လွတ်လပ်စွာ လိင်စိတ် မျှဝေခွင့်ရှိတယ်။
နှစ်ဦးသဘောတူ ထုတ်ပြောပ်ိုင်ခွင့်ရှိတယ်..

သေချာမှတ်ထားရမှာက အောက်တန်းအကျဆုံးလုပ်ရပ် တွေထဲမှာ
ယုံကြည်မှုကို သုံးပြီး လိင်အမြတ်ထုတ်နေခြင်းတွေ၊
နှစ်ကိုယ်ကြား လိင်စိတ်ဖလှယ်မှုကို အားနည်းချက်တစ်ခုလို နင်းပြီး စောက်ရှက်ခွဲသွားခြင်းတွေပဲ..
စောက်ရှက်ခွဲနေတာကိုမြင်လျှက်နဲ့ ရပ်ကြည့်နေနိုင်ကြတဲ့ ဘေးထွက်ကောင်တွေ၊

လူ နဲ့ တိရိစ္ဆာန် ဘာက ကွာခြားသွားသလဲ သိလား.. အသိဉာဏ်နဲ့ လိင်စိတ်ခံစားမှု.. နောက်တစ်ချက်က ဆင်ခြင်တုံတရားနဲ့ ကိုယ်ချင်းစာမှု ကွာသွားတာပဲ..

လွတ်လပ်ခွင့်ဆိုသည်မှာလဲ ကိုယ်ကျင့်တရားနဲ့ ယှဉ်တဲ့ လွတ်လပ်ခွင့်ကို သုံးသင့်တယ်၊
စည်းဘောင်မမဲ့ရဘူး၊ သိက္ခာ မစုတ်ပဲ့ရဘူး၊
တစ်ပါးသူရဲ့ သိက္ခာ ကိုယ်ကျင့်ဘဝတွေကို ကိုယ့်အပြုအမှုတွေကြောင့် နဲနဲမှ သွား မထိခိုက်ရဘူး။

မင်းတို့ငါတို့ဟာ ကိုယ့်လွတ်လပ်ခွင့်ပါဆိုပြီး တစ်ပါးသူတွေရဲ့ သိက္ခာကို ချနင်းနေသ၍ လှောင်ပြောင်နေသ၍ အသားယူနေသ၍
တိရိစ္ဆာန်စိတ်နဲ့ လူခန္ဓာတပ်ထားတဲ့ သတ္တဝါတစ်ကောင်ထပ်နိမ့်ကျနေပီဆိုတာ သေချာတယ်..

☑️ဒီအခြေနေတွေကို ငါ့အနေနဲ့ ခေတ်ကာလအရ ဉပဒေအားနဲ့ ထိိထိရောက်ရောက် မကိုင်တွယ်နိုင်သေးတာ မှန်
တယ်၊ ဉပဒေ ခိုင်ခိုင်ရပ်တည်နိုင်တဲ့ တစ်နေ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု အမြတ်ထုတ်မှု အရှက်ခွဲ ယုတ်မာနေမှု တွေအတွက် စောက်ရမ်းပြင်းထန်ခိုင်မာတဲ့ ကာကွယ်ခြင်းတွေကို ရအောင်ဖော်ဆောင်မယ် ၊ ဒါကို ကတိပေးနိုင်တယ်။

ASV team
Aung ZaBu Kyaw Hein

1 week, 6 days ago

နုနုနယ်နယ် မွေးဖွားခါစ ၁၀ ပေါင် ဝန်းကျင်
ရက်သားအရွယ်လေးကနေ လသား နှစ်သား
အပျိုဖျန်း အပျိုရွယ်လေးတွေ ထိ မိဘတွေ ၊
ညီကိုမောင်နှမတွေ ၊ ဆွေမျိုး ရင်းချာ တွေရဲ့ ဂရုစိုက်ဖေးမ မှုတွေနဲ့
သန့်သန့်ရှင်းရှင်း သန်သန်မာမာ အလှပဆုံး
အဲဒီအမျိုးသမီးလေးတွေကြီးပြင်းခဲ့ကြပါလိမ့်မယ်။

နှစ်ပေါင်းများစွာ လုံလုံခြုံခြုံ ရှင်သန်ခဲ့ကြရင်းက အရွယ်ရောက်ခါစ အရွယ်ရောက်ပြီးအချိန်တွေမယ် တလွဲအချစ်ကို ခေါင်းစဉ်တပ်ထားတဲ့ လူယုံလွဲခြင်းတွေ ၊
ချစ်ခြင်းမေတ္တာနဲ့မျှားခံရတဲ့ လိင်မုဆိုးတွေကြောင့် အဲဒီအရွယ်
အဖြူထည်တွေ ဟာ စိတ်ရော လူပါ မနွမ်းသင့်ပဲ အတော် ညစ်နွမ်းနေကြရတယ်။
တစ်ချို့ဆို ဒီလောင်ရိပ်ကြားက နှစ်ပေါင်းများစွာ ရုန်းမထွက်လာနိုင်ကြတော့သည်အထိပဲ။

တန်ရဲ့လား ငါ့နှမ အမ တို့ရယ်၊
တကယ်ပဲ ခံစားချက်တွေနဲ့ ပြန်ရတဲ့ ရလာဒ်တွေဟာ ထိုက်တန်ခဲ့ပါရဲ့လား။

အရာရာ စမ်းသပ်ကြည့်ချင်ကြတဲ့ အရွယ်၊
အသိ သတိ နဲ့ ပညာ ကို သာမာန်မျှချိန်ထိုး မစဉ်းစားနိုင်ကြသေးတဲ့အရွယ်၊
IT ခေတ်လွန်ကာလတွေရဲ့ ပွင့်လင်းမှုနောက်မယ် လိင်ကိစ္စကို လွတ်လွတ်လပ်လပ် ဖွင့်ချတက်ကြခြင်းတွေထဲ
Sex Education/ Sexual Knowledge ကို
ဂဃနဏ မသိနိုင်ခင် ၊ မလေ့လာဘဲ
လက်တွေ့ စမ်းကြချိန်မှာ နောက်ဆက်တွဲ
ဒုက္ခတွေ ဒုနဲ့ဒေး ကြုံလာတော့တာပါပဲ။

အဆိုးဆုံးက ကိုယ်က ချစ်ပါတယ်ဆိုပြီး ရွေးချယ်
လိုက်တဲ့သူတွေကိုယ်တိုင်ရဲ့
လိင်ကိစ္စနဲ့ public မှာ ခြောက်ချ အရှက်ခွဲခြင်း ခံနေကြရတဲ့အဖြစ်တွေ။

Fail States နိုင်ငံတွေမှာ မျှတတဲ့ ဉပဒေမရှိဘူး၊
လူ့အခွင့်အရေး တွေ အမျိုးသမီးအခွင့်အရေးတွေ အမျိုးသမီးတွေရဲ့ သိက္ခာပိုင်းလုံခြုံမှုပေးတဲ့
ဉပဒေတွေ လုံးဝ မရှိဘူး၊ ရှိလဲ မကျင့်သုံးကြဘူး ။
ကျင့်သုံးလဲ ထိရောက်တဲ့ အရေးယူမှု ဘယ်သူမှ လုပ်မပေးဘူး။

နောက်ကျောကထိုးတဲ့ ဓါးဒဏ်ရာတွေကြောင့် ပတ်ဝန်းကျင်ရဲ့ ကူညီရမယ့်အစား ကဲ့ရဲ့တဲ့ဒဏ် ၊ မိသားစုရဲ့ ဖိအားဒဏ် လိင်အမြတ်ထုတ်ဖို့ ချောင်းနေတဲ့ လူငယ်ခြေပျက် ခေတ်ကာလသားတွေရဲ့ မစားရ ဝခမန်း လိင်စကားလုံးတွေအောက်မှာ ရုန်းထွက် ရပ်တည်ရဲရင့်ဖို့ အတော်ကို ခဲယဉ်းနေကြပါလိမ့်မယ်။

- ခေတ်ကြောင့်လဲ ဆိုင်သလို
- ယုတ်မာခွင့်ရှိနေလို့ ယုတ်မာရဲနေသူတွေရဲ့ လူစဉ်မမှီတဲ့ ဉာဏ်ရည်နိမ့်ပါးမှုတွေကြောင့်လဲ အဓိက ဆိုင်သလို

-ကိုယ်တိုင်ကလဲ ကိုယ့်အန္တရာယ်ကို ကာကွယ်တက်ဖို့ ဗဟုသုတ နည်းပါးလွန်းတာကြောင့်လဲ ဆိုင်ပါတယ်။

အရွယ်ရောက် တဲ့ လူ ရယ်လို့ဖြစ်လာရင် လိင်စိတ်မကင်း ဘူး မှန်တယ်၊ လိင်စိတ်ခံစားတာဟာ ရှက်စရာမဟုတ်တဲ့သဘာဝပါပဲ။
လိင် ကိစ္စကို တောင် ခံစားတက်လာပြီ ခံစားကြနေပြီဆိုရင် ဒီအခြင်းအရာကြောင့် ဖြစ်လာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို တော့ သေချာ သိထား ဖို့လိုမယ် ငါ့ညီ ငါ့နှမတို့ရေ။

ကောင်းကျိုးဖြစ်တာက ကိစ္စမရှိပေမယ့် ဆိုးကျိုးတွေကျ လိင်ကျန်းမာရေးပြဿနာတွေကစလို့
Privacy ချိုးဖောက်ခံရပြီး အရှက်ခွဲခံရတဲ့အခြေနေတွေထိပေါ့။

ဒီလို Case တွေ နေ့စဉ်နဲ့အမျှ ဖြေရှင်းပေးနေတဲ့ အကိုတစ်
ယောက်ရဲ့ သန်သန်မာမာ သန့်သန့်ရှင်းရှင်းနဲ့ ရှင်သန်စေချင်တဲ့ စေတနာ သက်သက်နဲ့ ပြောတဲ့စကားတွေ ရယ်ပါ။

မတော်တဆ ဒီဒုက္ခဆိုးတွေ ကြုံတွေ့လာခဲ့ရင်လဲ မပြိုလဲ အရှုံးမပေးဘဲ ပြန်ခုခံ ရပ်တည်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာလဲ သတ်ိချပ်စေဖို့ပါ ။

Victims အပေါ် အတူတကွ ရပ်တည်ကာကွယ်ပေးနိုင်တဲ့ မိသားစု အသိုင်းအဝိုင်း ၊ ပတ်ဝန်းကျင်အဖွဲ့အစည်းကောင်းလေးတွေကို ကျွန်တော်တို့က စလို့ အတူတကွ ပျိုးထောင် ဖော်ဆောင်ကြရအောင်ပါနော်။

သန်မာရဲရင့်တဲ့ အမျိုးသမီးတွေ ဖြစ်ကြပါစေခင်ဗျာ

ASV Team

#againstviolence
#ASV
#aungzabukyawhein

1 week, 6 days ago

မင်္ဂလာပါခင်ဗျာ။

BBC သတင်းမီဒီယာက ဆက်သွယ်လာပါတယ်။

လက်ရှိ ဒီခေတ်အခြေ နဲ့အမျိုးသမီးလေးတွေ ထဲ
နောက်ကွယ်ကလိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရတာတွေ အရှက်ခွဲခံနေရတာတွေ ၊ ဒီထဲကမှ ဘယ်လို ရင်ဆိုင်နေရတယ်ဆိုတာတွေ ဘယ်လို ကျော်ဖြတ်ရပ်တည်ခဲ့လဲဆိုတာတွေကို

အသံသီးသန့်အစားထိုးပြီး ဖော်ပြချင်ကြောင်း ဆက်သွယ်တာပါ။

ဒီ Channel ထဲမှာ လွတ်မြောက်ကျော်ဖြတ်နိုင်ခဲ့ပြီးသော Victim ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးလေးတွေ ရှိမယ်ထင်ပါတယ်။

ကျနော် အကူညီတောင်းပါရစေခင်ဗျာ။

ဒီအင်တာဗျူးမှာ အချက်အလက်တွေကလွဲ ရုပ်ရော အသံပါ ထည့် မသုံးတာဖြစ်တဲ့အတွက် တစ်ခြားသူတွေ သိမှာလဲ စိုးရိမ်စရာ မလိုပါဘူးခင်ဗျာ။

ကိုယ့်လိုမျိုး အခြေနေတွေကြောင့် ကြုံတွေ့နေရတဲ့ ဘဝတူ အမျိုးသမီးတွေအပေါ် တစ်ဖက်တစ်လမ်းက စာနာ ကူညီ ဖေးမရာ ရောက်သလို တကယ်လဲ အကူညီဖြစ်စေမှာပါ။
ဒီလို media အားတွေကနေ တစ်ဆင့် အသိပညာပေးသလိုဖြစ်ပြီး နောက်ထပ် Victims ပေါင်းများစွာ ရှိမလာစေဖို့ အကူညီ ဖြစ်နိုင်ပါတယ်။

ဒါမို့ စာနဲ့ဖြစ်စေ ဖုန်းနဲ့ ဖြစ်စေ ပဲ အင်တာဖျူး ဖြေပေးလိုတဲ့ နှမ အမ များရှိရင် ကျနော့်ကို ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ကျနော်လဲ မနက်ဖြန် ASV ရဲ့ ဖြစ်တည်ကူညီမှုလုပ်ငန်းဆောင်တာလေးတွေ ကို ရုပ်သံ အင်တာဗျူးဖို့ရှိပါတယ်။

#ASVteam
#aungzabukyawhein

2 weeks, 1 day ago

အမည် - ထန်လွမ့်တောင်

ကလေးမြို့ NGO အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တယ် ။

ဒီကောင်က လက်ရှိ အိမ်ထောင်သည်။ မိန်းမရှိလျှက်နဲ့ အပျိုမိန်းကလေးတစ်ဦးကို လူပျိုပါဆိုပြီး အလုပ်အကိုင်တွေ နဲ့ လိုင်းပေါ်က ချဉ်းကပ်ပြီး ရင်နှီးမှုယူခဲ့တယ် ။ ရည်းစားဖြစ်ခဲ့တယ်။
ထန်လွမ့်တောင် မှာ အိမ်ထောင်ရှိမှန်းသိတာနဲ့ အဲဒီအမျိုးသမီးက လမ်းခွဲပြီး လက်ရှောင်ခဲ့ပါတယ်။

ဒါကို ဒီကောင့်ဘက်ကလက်မခံပဲ တောက်လျှောက် နှောက်ယှက်ပါတော့တယ် ။ ဒီလိုလုပ်နေတာ နှစ်ပေါက်နေပြီ ဆိုပါတယ်။
Victim နာမည်နဲ့ အကောင့်တွေဖွင့် Nude တွေတင်တယ် ။ အပျော်မယ် တစ်ဦးပုံစံပေါက်အောင်ထိ စာတွေအမျိုးမျိုးရေးပြီးတင်တယ် ။

Victim ရဲ့ မိသားစုတွေဆီကို ပုံတွေ လိုက်ပို့တာတွေထိ လုပ်လာတယ်။

ခရစ်ယာန် ဘာသာဝင် အပျိုအရွယ် အမျိုးသမီးတစ်ဦးမို့ သူ့ပတ်ဝန်းကျင်မှာ ဒီအခြေနေဟာ အတော့်ကို သိက္ခာကျ အရှက်ရဖွယ်ဖြစ်နေပါတယ်။
အရှက်တရားကြောင့် ဘာမှ ပြန်မလုပ်နိုင်ဘဲ သိက္ခချနေတာကို ထိုင်ကြည့်နေရတဲ့အဖြစ်ကို ရောက်နေပါတယ်။
ကျနော် ထန်လွမ့်တောင် ဆီ ဆက်သွယ်ပါတယ် ။
ဒီအခြေနေတွေကို ဆက်မလုပ်ဖို့ ရပ်တန်းကရပ် မှတ်တမ်းတွေဖျက်ပြီး ကတိပေးဖို့ပါပဲ။

ကျနော့်ပို့တဲ့စာတွေ မြင်တာနဲ့ အကောင့်တွေ အကုန်ဖျက်ပြေးတယ် ။ ဖုန်းစက်ပိတ်ထားတယ်။

သူ့အမျ်ိူးသမီးဆီကိုလဲ ဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြပြီး တားပေးဖို့တော့ပြောထားပါတယ် ။ သူ့အမျိုးသမီးဘက်ကလဲ မဖြစ်စေရပါဘူး ပြောထားတာတော့ရှိပါတယ်။

ထန်လွမ့်တောင်ဆီက ကတိကဝတ် ရခဲ့တာမဟုတ်တာမို့ ကျနော် အဲ့လောက် ထိ စိတ်မချသေးပါဘူး။
၃ ရက်စောင့်ကြည့်ထားတယ်။ အခြေနေကတော့ထပ်ပြီး နှောက်ယှက်လာတာမျိုးမရှိတော့ပေမယ့်
ကျားနာကို အားပေးမွေးထားသလို ဖြစ်မှာဆိုးလို့ နောက်ကာလတွေထိ စိတ်ချရအောင် ဒီကောင့်ကိစ္စကို တစ်ခါတည်း အပြတ်ဖြတ်ပါမယ်။

သူ့ဖုန်းနံပါတ်တွေ ကျနော် ချပေးထားပါတယ်။ ဒီဖုန်းနံပါတွေဆီကို
စာပို့ပေးကြပါခင်ဗျာ။
ဖုန်းခေါ်တာမျိုးတွေလုပ်ပြီး နောက်ထပ် ထပ်ပေါ်လာရင် ထပ်နှောက်ယှက် ယုတ်မာနေရင် မိသားစု အပါဝင် ထန်လွမ့်တောင်ကို ဘာကိစ္စနဲ့မှ သက်ညှာမှာ မဟုတ်ကြောင်း
ASV team က ပြင်းပြင်းထန်ထန် သတိပေးနေကြောင်းပြောပေးပါ။

အကူညီတောင်းပါတယ်ခင်ဗျာ။
လူထုအားနဲ့မို့ ဒီမတရားမှုကို တားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

ကျနော်လဲ ကတိပေးပါတယ်။ ထပ်နှောက်ယှက် ထပ်ယုတ်မာအောက်တန်းကျနေရင် ဒီကောင့်ရဲ့ အဆင့်အတန်းရှိလှပါတယ်ဆိုတဲ့ လူမှုကူညီရေး NGO အသိုင်းဝိုင်းကြားထဲ ဘယ်တော့မှ လူတောမတိုးအောင် လုပ်ပစ်မှာပါ။
ဉပဒေအရပါ သက်သေခိုင်လုံနေတာမို့ ထိထိရောက်ရောက် အပြစ်ပေးအရေးယူမှာပါ ။

ထန်လွမ့်တောင် ဖုန်းနံပါတ်

- +959958431209

+959442171056

#ASVteam
#aungzabukyawhein

2 weeks, 1 day ago

နောက်တစ်ကြိမ် ထပ်တင် ထပ်နှောက်ယှက်တယ်ဆိုတဲ့ ရဲမှုးသား ပျော်ဖွယ် Case ကိုလဲ ဖြေရှင်းခဲ့ပြီးပါပြီ ။
လုံလောက်တဲ့ ကတိလဲရခဲ့ပြီးပြီဖို့
Victim ညီမလေး စိတ်ချ လက်ချ သွားလာ လှုပ်ရှားလို့ရပါပြီခင်ဗျာ။
ဘာမှ ကြောက်စရာမလိုပါဘူး။

အချိန်မရွေး ကျနော်တို့ ထိထိရောက်ရောက် ဖြေရှင်းကူညီပေးနိုင်တာမို့ တက်နိုင်သမျှ ရဲရဲရင့်ရင့်သာ အရင်လို ပြန်လည်နေထိုင်ရှင်သန်ပါ။

ထပ်ဖြစ်လာရင် ပိုပြင်းထန်တဲ့ အရေးယူမှုဆီ သွားမှာမို့ ဒီအခြေနေကို Target လဲ သဘောပေါက်ပြီးဖြစ်ပါတယ် ။

စိတ်ချလက်ချသာ ရှင်သန်ရပ်တည်ပါ။
ကျန်းမာနေကောင်းပါစေ

#ASVteam
#aungzabukyawhein

2 weeks, 1 day ago

ကျောက်ဆည် ဖုန်းဆိုင်( case ) က အကောင့်ဖျက်ချပြီး ဆက်မနှောက်ယှက်ပါဘူး ကတိရခဲ့ပြီမို့ ကျနော် တင်ထားတဲ့ ပိုစ့်တွေ ဖျက်ထားလိုက်ပါပြီခင်ဗျာ။
ကျနော်လဲ Target က ကတိတည်နေသ၍ ဘာမှ ဆက်လှုပ်ရှားမှာ မဟုတ်ပါဘူး။
ကတိတည်မယ်လို့ လဲ မျှော်လင့်ပါတယ်။

လူထု ညီရင် ဘယ်လို မတရားတဲ့အမှောင်ထုကိုမဆို တွန်းလှန်ဖြိုခွင်းနိုင်ကြောင်းပါ ။

— ဒီလို Cases တွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဆိုးကျိုးက ကျနော့်အပေါ် အငြိူးထားပြီး ပြန်လက်စားချေရင်တောင် ရင်ဆိုင်ဖို့ တွေးပြီးသားမို့
ရန်ဖံရန်ခါ ကျနော် public နဲ့အကူညီတောင်းတိုင်း
တက်နိုင်သမျှ ဝိုင်းဝန်းသာ အသံထွက်ပေးကြပါခင်ဗျာ။

ထိရောက်တဲ့ ကူညီမှုနဲ့ သိက္ခာတရားတွေကို ကယ်တင်ပေးနိုင်တဲ့ ကောင်းသော အရွေ့တွေ ဖြစ်လာစေမှာ သေချာပါတယ်။

#ASV Team
#aungzabukyawhein

3 months, 2 weeks ago
ဒီမှာတော့ တင်ထားပါတယ်

https://www.facebook.com/share/aNvtWr32t68EReJF/?mibextid=WC7FNe

ဒီမှာတော့ တင်ထားပါတယ်
ကူမန့် ကူဖြန့်ပြီး ဖိအားပေးကြရအောင်ပါခင်ဗျာ

3 months, 2 weeks ago
Against Sexual Violence (ASV Team)
3 months, 2 weeks ago

ပျော်ဘွယ် မြို့က ဒီပုံထဲက လူကို သိကြလားခင်ဗျာ..
မိသားစု လိပ်စာအတိအကျ သိလိုပါတယ်။
ရည်းစားဟောင်းဖြစ်သူ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ပုံတွေ S-e-x Tap-e တွေနဲ့ တောက်လျှောက်အရှက်ခွဲ ခြိမ်းခြောက်အကြပ်ကိုင်နေလို့ပါ။

ဦးဇော်ဇော်သန်း ( ရဲဝန်ထမ်း နေပြည်တော် မှာ တာဝန်ကျ) + ဒေါ်အိအိခိုင် တို့၏ သား

-သီဟမင်းဇင်

လက်ရှိ ဇာတိ ပျော်ဘွယ် မြို့မှာ နေထိုင်ကြောင်းသိရပါတယ်။

ကျနော် ပြီးခဲ့တဲ့ လက ဒီ Case ကို ပထမအကြိမ် ရှင်းခဲ့ဖူးပါတယ်။
သီဟမင်းဇင်ဘက်က နောက်မလုပ်တော့ပါဘူး ကတိအကြိမ်ကြိမ်ပေးလို့ရပ်ပေးလိုက်ပေမယ့်
ခု ဒီကောင်က ကျနော့်အကောင့်တွေကို ဘလော့ပြီး
Victim ကို ပိုပြီး ဆိုးဆိုးရွားရွား သိက္ခာချ အရှက်ခွဲနေ
ပါတယ်

ရဲမှူးသား ဆိုပြီး သူ့ကို ဘယ်သူမှ ထိမရ ဘူးထင်နေပုံရတယ်။

ပထမအဆင့် Social punishment အားနဲ့ မရရင် Action ယူဆောင်ရွက်ရတဲ့အထိ သွားမှာမို့ မိသားစု အချက်အလက်လိပ်စာဆိုင်ရာတွေ ပိုပြီးတိတိကျကျ လိုအပ်တာမို့ပါ။

ဒီလို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုမျိုးကို ဆန့်ကျင်ကြတဲ့ မည်သူကိုမဆို အကူညီတောင်းပါရစေ၊
S_p အားနဲ့ ဒီကောင် ဒီလို လူတန်းစားဖြစ်ကြောင်း
ဝိုင်းဝန်းဖြန့်ဝေပေးကြပါခင်ဗျာ။

ဒီတစ်ကြိမ်တော့ သေချာမပြီးပြတ်သ၍ သီဟမင်းဇင်ကို ခွင့်မလွှတ်ပါဘူး။

#aungzabukyawhein

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago