Kyaw Gyi

Description
သတင်းစုံတွေဖတ်ရဖို့ KG အကောင့်ကို
join ထားစို့🇲🇲
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
Kyaw Gyi
1 year, 1 month ago
ဓါးပြတိုက်ရာပါပစ္စည်း ခွဲဝေမပေးသဖြင့် ဖော်ကောင်လုပ်ရာမှ PDF အဖွဲဝင်များပါဝင်သော ဓားပြအမှု …

ဓါးပြတိုက်ရာပါပစ္စည်း ခွဲဝေမပေးသဖြင့် ဖော်ကောင်လုပ်ရာမှ PDF အဖွဲဝင်များပါဝင်သော ဓားပြအမှု ပေါ်ပေါက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုတွင် ဓါးပြတိုက်ရာပါ ပစ္စည်းခွဲဝေမပေးသဖြင့် ဖော်ကောင်လုပ်ရာမှ PDF အဖွဲဝင်များပါဝင်သော ဓားပြအမှုပေါ်ပေါက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲနှင့်နီးစပ်သူများထံမှ သိရပါတယ် ။

ယမန်နေ့ (ဇန်နဝါရီ ၃၁ ရက်) နံနက် ၁၀ နာရီ ၁၅ ချိန်ခန့်တွင် မုံရွာမြို ၊ ပြည်တော်သာ ရပ်ကွက် ''ဟိန်း'' လက်ဖက်ရည်ဆိုင်ရှေ့တွင် ဓားပြတိုက် ရန်ရောက်ရှိ နေသူ(၂)ဦးအား လုံခြုံရေးတပ်ဖွဲဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ် ။

၎င်းတို (၂)ဦးမှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြိုနယ်၊ ဘုရားစုကျေးရွာတွင် နေထိုင်သည့် (၂၉)နှစ်အရွယ် အောင်စိုးပိုင်(ခ)ကရင်နှင့် အသက် (၂၃)နှစ်အရွယ် ထွန်းလင်း နိုင် (ခ) ကျော်နိုင်ဦးတိုဖြစ်ကြောင်း သိရပါတယ်

https://t.me/ckkmdy969

1 year, 1 month ago

လွန်ခဲ့သော ၄ နှစ်က ၊ မဲမသမာမှုများ
အလွန်အကျွံလုပ်ခဲ့သော nld ပါတီသည်
1-2-2021 တွင် ပြုတ်ကျသွားခဲ့သည်။

ထိုပါတီကို ထောက်ခံသော လူအချို့သည်
ဆူပူဆန္ဒပြကြပြီး အများပြည်သူပိုင်ပစ္စည်းများ
ကိုဖျက်စီးခြင်း၊ အများပြည်သူသွားလာသော
လမ်းများကို ပိတ်ခြင်း၊ nld, ပါတီဝင်မဟုတ်
သော အခြားပါတီဝင် မြန်ုမာပြည်သူများကို
အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်
ခဲ့ကြသည်။

နိုင်ငံရေးနားလည်သူများက နိုင်ငံရေးပါတီ
ဖွဲ့၍ ရွေးကောက်ပွဲ ပြန်ဝင်ကြရန် အကြိမ်ကြိမ်
သတိပေးကြသော်လည်းလက်နက်ကိုင်
သူပုန်ထကြပြီး ခဏတာထိန်းကြောင်းသည်
တပ်မတော် ကိုအကြောင်းပြု၍ မိမိ ၏ နိုင်ငံတော်ကို ဖျက်စီးပုန်ကန်ကြခဲ့သည်။

ထိုသို့ nld,ပါတီ၏လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ မြန်မာပြည်သူ ၁ သောင်းကျော် သေကြေပျက်စီးခဲ့ရပြီ ပြည်သူ
သိန်းပေါင်းများစွာ စစ်ဘေးသင့်ခဲ့ပါသည်။

လက်ရှိအချိန်အထိ ဒေသအချို့တွင် အကြမ်းဖက်မှုများဖြစ်ပွားနေဆဲ ဖြစ်ပြီး
တပ်မတော် သည် နိုင်ငံတော်မပြိုကွဲရေးနှင့်
စစ်မှန်သောရွေးကောက်ပွဲဖြင့် ပြည်သူလူထု
ရွေးကောက်တင်မြှောက်သော အစိုးရ
တစ်ရပ် ပေါ်ထွက်လာရေး ဆောင်ရွက်နေသော
ကာလ တစ်ခုဖြစ်ပါသည်။

1-2-2025 ဤနေ့ ဤရက် ဤ အကြောင်း
အရာများသည် နောင်အခါ နိုင်ငံ၏ သမိုင်းဖြစ်လာပါမည်။

လက်နက်ကိုင်လူသတ်လမ်းစဉ် နှင့် ဒီမိုကရေစီ
ကိုသွားလို့ မရနိုင်ဘူးဆိုတာကို nld လက်ခွဲ
Nug, များသိကြသော်လည်း အနောက်အုပ်စုမှ
ရရှိသော အကြံအဖန်ငွေများနှင့် ၎င်းတို့ဘဝ
ရပ်တည်ရေးအတွက် အသိဉာဏ်နည်းပါးသူ
ပါတီရူး အချို့ကို အသုံးချခဲ့ကြသည်။

https://t.me/kyawswar49111

1 year, 3 months ago
1 year, 4 months ago
1 year, 4 months ago
Kyaw Gyi
1 year, 4 months ago
**တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခုကို …

**တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခုကို နစကဥက္ကဋ္ဌနှင့် တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအပြီး လဲလှယ်ခဲ့ကြ

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခု လဲလှယ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၆ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang တို့ တွေ့ဆုံမှုအပြီးတွင် ပြုလုပ်ခဲ့သည်။
ယင်းတို့တွင် မြန်မာကောင်စစ်ဝန်ရုံး၊ ကူမင်းမြို့နှင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတို့အကြား မြေနေရာငှားရမ်းခြင်းစာချုပ်၊ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာ လိုအပ်ချက်များ နှင့် အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်တို့ပါဝင်သည်။
ထို့အပြင် တိကျစွာတိုင်းတာခြင်းနည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် နားလည်မှုစာချွန်လွှာ၊ တရုတ်နိုင်ငံ၏ စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးဌာန(SAC) နှင့် မြန်မာနိုင်ငံ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (DRI) တို့အကြား နားလည်မှု စာချွန်လွှာ၊ အားကစားကဏ္ဍမြှင့်တင်ရေး နားလည်မှု စာချွန်လွှာ စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။
ထိုသို့လဲလှယ်ခြင်းကို နှစ်နိုင်ငံ တာဝန်ရှိသူများက နစကဥက္ကဋ္ဌနှင့် တရုတ်ဝန်ကြီးချုပ်တို့ ရှေ့မှောက်၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။**

1 year, 4 months ago
Kyaw Gyi
1 year, 4 months ago

မြန်မာနိုင်ငံတွင် စည်းလုံးညီညွတ်ရေးမူကို အခြေခံသည့် အသိုက်အဝန်းဖြစ်‌စေရေး ဒေသတွင်းသာမက နိုင်ငံတကာနှင့်လက်တွဲ လုပ်ကိုင်သွားမည်ဟု နစက ဥက္ကဌ ပြော

မြန်မာနိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို အခြေခံသည့် သာယာဝပြောသော အသိုက်အဝန်းဖြစ်စေရေးအတွက် ဒေသတွင်းသာမက နိုင်ငံတကာနှင့် ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ နိုဝင်ဘာ ၇ ရက်၌ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ -ဗီယက်နမ် လေးနိုင်ငံပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးအတွင်း အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရသည့် နစက ဥက္ကဌက အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ်( Cambodia - Lao PDR – Myanmar - Viet Nam (CLMV) အဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်၍ အဖွဲ့ဝင်နိုင်ငံများ၏ ဘုံရည်မှန်းချက်ဖြစ်သည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။

အလားတူ နစက ဥက္ကဌ က မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူ‌ချိန်အတွင်း ထိပ်သီး အစည်းအဝေးကို ပုံမှန်ကျင်းပနိုင်ရေးနှင့် မိမိတို့ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ရလဒ်များ ထွက်ပေါ် လာစေရန် အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ထို့ပြင် လေးနိုင်ငံ စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုများနှင့် ယခုနှစ်အတွင်း ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစီမံချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့ဒေသတွင်းရှိ ပြည်သူများ၏ သာယာဝပြောမှုနှင့် ကြီးပွားတိုးတက်မှုကို ပိုမိုအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

လေးနိုင်ငံ (C-L-M-V) အဖွဲ့ဝင်နိုင်များအနေဖြင့်လည်း ပိုမိုခိုင်မာသည့် ကတိကဝတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုအရှိန် အဟုန်ကို ဆက်လက် မြှင့်တင်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
7.Nov.2024;Thu

1 year, 4 months ago
Kyaw Gyi
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago