Unlock a World of Free Content: Books, Music, Videos & More Await!

The Irrawaddy - Burmese

Description
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Advertising
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 2 weeks, 1 day ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months, 4 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month, 4 weeks ago

1 day, 7 hours ago

မန္တလေး- မိုးကုတ်လမ်းနှင့် မန္တလေး- မြစ်ကြီးနားလမ်း ညဘက် ခရီးမသွားရန် သတိပေး

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

စစ်ရေးအခြေအနေများကြောင့် မန္တလေး- မိုးကုတ်ကားလမ်းနှင့် မန္တလေး- မြစ်ကြီးနားကားလမ်းတို့တွင် ယနေ့မှစ၍ ည ၇ နာရီ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်သည်။

သတ်မှတ်ချိန်အတွင်း ခရီးသွားလာပါက ကားမှန်ချ မောင်းနှင်ရန်၊ စစ် တပ်ယာဉ်များနှင့် အနီးကပ် နေထိုင်သွားလာခြင်း ရှောင်ကြဉ်ရန်နှင့် လမ်း ခရီး၌ တိုက်ပွဲဖြစ်ပွားပါက ဘေးကင်းရာတွင် ရပ်နားထားရန် သတိပေးထားသည်။

ထိုဒေသန္တရ တားမြစ်ချက်များ လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ဘေးကင်းစွာ ဖြတ် သန်းသွားလာနိုင်မည့်အချိန်အား အလျဉ်းသင့်သလို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိတွင် မန္တလေး- မိုးကုတ်လမ်းပိုင်းရှိ မတ္တရာမြို့နယ်၊ မိုးကုတ်မြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားနေပြီး စဉ့်ကူး မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ကြား မန္တလေး- မိုးကုတ်လမ်းပေါ်ရှိ တံတားတစင်းကိုလည်း စစ်တပ်က ချိုးဖြတ်လိုက်ကြောင်း ၎င်းတို့က ပြောထားသည်။

ယနေ့တိုက်ပွဲများအတွင်း မတ္တရာမြို့နယ်၊ အရှေ့မြောက်ဘက်ရှိ ဆည်တော်ကြီးရေလှောင်တမံအနီးက လေကြောင်းရန် ကာကွယ်ရေးတပ်တခုအား PDF များ သိမ်းပိုက်ထားကြောင်း သတင်းရေးသားဖော်ပြမှုများရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယနေ့ တကျော့ပြန်ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသ တိုက်ပွဲများအတွင်း မိုးကုတ်ဗျူဟာတပ်ရင်းများဖြစ်သည့် တပ် ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ နှင့် ၁၂၂၄ တို့ ပူးပေါင်းပါဝင်ပြီး စစ်ဆင်ရေးဆောင်ရွက်လျက်ရှိနေကြောင်း မိုးကုတ်ဗျူဟာက ယနေ့ ကြေညာသည်။

ပုံစာ - ယနေ့တွင် မိုးကုတ် ဒေါ်နန်းကြည်တောင်ပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားနေစဉ်/ CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

မန္တလေး- မိုးကုတ်လမ်းနှင့် မန္တလေး- မြစ်ကြီးနားလမ်း ညဘက် ခရီးမသွားရန် သတိပေး
1 day, 7 hours ago
The Irrawaddy - Burmese
1 day, 7 hours ago

မယ့်စလောင်းတောင်စခန်း ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

ဒီးမော့ဆို- ဖားဆောင်းပြည်ထောင်စုကားလမ်းမရှိ စစ်ရေးအရ အရေးပါသော မယ့်စလောင်းတောင် စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက ယနေ့မနက်ပိုင်း၌ သိမ်းပိုက်ရရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တဦးက အတည်ပြုသည်။

၎င်းက "အကုန် သိမ်းလိုက်ပြီ။ လက်နက်တွေ ရတယ်။ အတိအကျတော့ မသိရသေးဘူး" ဟု ဆိုသည်။

မယ့်စလောင်းတောင်ကို ပြီးခဲ့သည့်အပတ်ကတည်းက တော်လှန်ရေးအင် အားစုများ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့တွင် အလုံးစုံတိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ ဘောလခဲဗျူဟာဌာနချုပ်နှင့် အနီးကပ်ဆုံးရှိနေသော တပ်စခန်းတခုအား သိမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

မယ့်စလောင်းတောင်စခန်းရှိ တပ်စခန်းကို ၂၀၂၃ ဇန်နဝါရီ ၂၀ ရက်က တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဘောလခဲစစ်ကောင်စီဗျူဟာမှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ရယူကာ အထိုင်စခန်း ပြန်ချထားခဲ့သော စခန်းလည်း ဖြစ်သည်။

လက်ရှိ ကရင်နီပြည်တွင် စစ်ကောင်စီက လွိုင်ကော်မြို့အားရရှိရေးအတွက် အင်အားထောင်ချီ စစ်ကူပို့နေပြီး ဒရုန်းအစင်းရေ တရာကျော်ခန့်ပါဝင်သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင်မူ လွိုင်ကော်မြို့ကို ထိန်းချုပ်ထားပြီး စစ်ရှောင်များနေရပ်ပြန်နိုင်ပြီဟု ဖြန့်ဝေရေးသားထားသော်လည်း လက်ရှိ မြို့တွင်း၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဓာတ်ပုံ- လွိုင်ကော် PDF

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

မယ့်စလောင်းတောင်စခန်း ကရင်နီတပ်ပေါင်းစု သိမ်းပိုက်
2 days, 1 hour ago

လက်ရှိ စစ်ရေးလှုပ်ရှားမှုက သံလမ်းရိုး တလျောက် ဦးတည်လာတယ်တော့ ပြောလို့ရတယ်။ ဒီနှစ်ပိုင်းမှာပဲ အရွေ့တခု၊ အပြောင်းအလဲတခုဖြစ်ဖို့ကို ကျနော်တို့ ကြိုးစားနေတယ်

Website တွင် ဖတ်ရန် https://bit.ly/4eBicKQ
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ

အင်းတော်ကြီးမှ အရေးပါသော တပ်စခန်းများ KIA တို့ သိမ်း

အင်းတော်ကြီးဒေသအား အလုံးစုံသိမ်းပိုက်ရန် စစ်တပ်စခန်းများ ကျန်ရှိနေသေးသော်လည်း ထိုဒေသ အတွင်း မြေပြင် စစ်တပ်ရိက္ခာနှင့် စစ်ကူလမ်းကြောင်းများ ဖြတ်တောက်ထားနိုင်ပြီး စိုးမိုးနယ်မြေများ ပိုမိုလမ်းပွင့် လာကြောင်း

လက်ရှိ စစ်ရေးလှုပ်ရှားမှုက သံလမ်းရိုး တလျောက် ဦးတည်လာတယ်တော့ ပြောလို့ရတယ်။ ဒီနှစ်ပိုင်းမှာပဲ အရွေ့တခု၊ အပြောင်းအလဲတခုဖြစ်ဖို့ကို ကျနော်တို့ ကြိုးစားနေတယ်
2 days, 1 hour ago

လားရှိုးတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်

မိုင်းခြိူဝ်းဇာရ်၊ ဇွန် ၂၄၊ ၂၀၂၄

နှစ်ဖက်စစ်ရေးပြင်နေသည့် ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်၌ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ယမန်နေ့နံနက် ၈ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လားရှိုးနှင့် မိုင်းယော်တိုက်နယ်ကြား ပိန်းခမ်းရွာအနီးရှိ မိုင်တင်စစ်ဆေးရေးဂိတ်မှ ခလရ ၁၁၅ က စစ်ကြောင်း ထိုးလာသဖြင့် MNDAA တပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပိန်းခမ်းရွာနှင့် နီးစပ်သူဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ကိုးကန့်က အရင်ကတည်းက အဲဒီမှာ လှုပ်ရှားနေတာ စစ်တပ်က ရှေ့တိုးလာတော့ တိုက်ပွဲဖြစ်တာပေါ့။ ခဏလေးပဲ ပစ်ကြပြီးတော့ ပြန်ဆုတ်ကြတယ်လို့ ဆိုတယ်” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်က တရုတ်၏ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခြင်းဖြစ်ပြီး၊ မတ်လ၂၆ ရက်က လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ရွာနှင့် လုံမွန်းကျေးရွာကြားတွင်လည်း ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သေးသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ MNDAA မှ သတင်းထုတ်ပြန်ခြင်း မရှိသလို ပြောရေးဆိုခွင့်ရှိသူနှင့် အဆက်သွယ်မရပေ။

ယခု ဇွန်လလယ်၌ စစ်ကောင်စီနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ လားရှိုးကို ဗဟိုပြု၍ တကျော့ပြန် စစ်ရေးတင်းမာနေရာ စစ်တပ်က မိုင်းတင်၊ အီနိုင်း၊ ဟိုပိတ်၊ မယ်ဟန်ရွာများ၌ အင်အား ထောင်ချီ စစ်ပြင်ထားသလို လားရှိုး အနီးရှိ တောင်ကုန်း၊ စေတီကုန်း၊ မြို့သို့ ဝင်နိုင်သည့် တောလမ်း များတွင် စခန်းများချထားကာ သွားလာသူများကို ပစ်ခတ်ကြောင်း မြို့ခံများက ဆိုသည်။

ထို့ပြင် လားရှိုးမြို့ပေါ်တွင်လည်း ပြည်သူ့စစ် ၃၀၀ ခန့်ကို ဖြန့်ကျက်ကာ ဗျူဟာမှူးက ကွပ်ကဲကြောင်း၊ ဌာနဆိုင်ရာ ရုံး ကျောင်းတို့တွင် နေရာယူကာ ည ၆ နာရီနောက်ပိုင်း စစ်ကားများဖြင့် ကင်းလှည့်ကြောင်း၊ လားရှိုးအနောက်ဘက် TNLA သိမ်းထားသည့် နမ္မတူမြို့နှင့် နမ့်ဆန်မြို့တို့၌ ယခုရက် စစ်ကောင်စီက ဒရုန်းများဖြင့် နေ့စဉ် ကင်းထောက်နေသည်။

ပုံစာ - ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA တပ်ဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီတိုးဂိတ်ကို စီးနင်းထားစဉ်/ The Kokang

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

လားရှိုးတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်
2 days, 1 hour ago
The Irrawaddy - Burmese
5 days, 7 hours ago

အလုပ်သမားတွေရဲ့ လွတ်လပ်ပိုင်ခွင့် သူတို့ဘာသာကြိုက်တဲ့ နေရာမှာ ငွေလွှဲခွင့်ရှိတယ်။ အလုပ်သမားကတော့ သူတို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ထားတဲ့ လုပ်ခလစာကို ငွေလဲနှုန်း ထားမြင့်တာနဲ့ပဲ လွှဲချင်မှာပေါ့။ အဓိက လုပ်ပေးရမှာက ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ အပြင်ပေါက်ဈေးနဲ့ တညီထဲဖြစ်ဖို့ အရေးကြီးတယ်

Website တွင် ဖတ်ရန် https://bit.ly/3KRwDwy
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ

ပြည်ပရောက်လုပ်သားများ၏ ပို့ငွေစာရင်းတောင်းယူမှု အေဂျင်စီတို့ အခက်တွေ့

အလုပ်သမားနှင့် အေဂျင်စီတို့ စာချုပ်၌ လစဉ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ တရားဝင်လမ်းကြောင်းမှ လွှဲရမည်ဟု ထည့်သွင်းထားသော်လည်း ပြည်ပရောက်သည့်အခါ ထိုစာချုပ်မှာ အသက်မဝင်တော့သဖြင့် စာရင်းတင်ပြရန် ခက်ခဲကြောင်း

အလုပ်သမားတွေရဲ့ လွတ်လပ်ပိုင်ခွင့် သူတို့ဘာသာကြိုက်တဲ့ နေရာမှာ ငွေလွှဲခွင့်ရှိတယ်။ အလုပ်သမားကတော့ သူတို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ထားတဲ့ လုပ်ခလစာကို ငွေလဲနှုန်း ထားမြင့်တာနဲ့ပဲ လွှဲချင်မှာပေါ့။ အဓိက လုပ်ပေးရမှာက ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ အပြင်ပေါက်ဈေးနဲ့ တညီထဲဖြစ်ဖို့ အရေးကြီးတယ်
5 days, 8 hours ago

ဇွန် ၂၀ ရက်ညနေပိုင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် ယာဉ်ပေါ်ပါဝင်ခဲ့သော ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ ဖြစ်စဉ်အပေါ် ရှင်းလင်းမိန့်ကြားမှု ဗီဒီယိုဖိုင်တခု ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း

Website တွင် ဖတ်ရန် https://bit.ly/3znnERe1
#WhatsHappeningInMyanmar
------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ

ကန်သုံးဆင့်ဆရာတော် ထွက်ဆိုချက် မြေပြင်နှင့် ကွဲလွဲဟု စစ်ကောင်စီပြော

နေ့လယ် ၁ နာရီခွဲခန့်က မြို့ သာနှင့် မဂျီကံမရွာကြား နယ်မြေလုံခြုံရေးလုပ်နေသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သားကျင်ကျေးရွာဘက်မှ…

ဇွန် ၂၀ ရက်ညနေပိုင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် ယာဉ်ပေါ်ပါဝင်ခဲ့သော ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ ဖြစ်စဉ်အပေါ် ရှင်းလင်းမိန့်ကြားမှု ဗီဒီယိုဖိုင်တခု ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရကြောင်း၊ ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း
5 days, 9 hours ago

ပဲခူး မဟနဆရာတော်ဖြစ်စဉ်တွင် စစ်တပ်က စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် ကြိုးစားဟု သံဃသမဂ္ဂ(မန္တလေး) ဆို

ဧရာဝတီ၊ ဇွန် ၂၁၊ ၂၀၂၄

နိုင်ငံတော် သံဃမဟာနာယက ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသော ကားကို ဇွန်လ ၁၉ ရက်က ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် စစ်တပ်မှ ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ စစ်ကောင်စီက ပြည်သူလူထုအား လိမ်လည် လှည့်ဖြား သတင်းအမှား ထုတ်ပြန်ခဲ့ခြင်းသည် ၎င်းတို့ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြစ်ပြီး လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)က ယနေ့ ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းလုံးရှိ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူလူထုအား နေ့စဉ်နှင့်အမျှ လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကာ ယခုကဲ့သို့ ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံး လေးစား ဂုဏ်ယူကြည်ညိုရသော သံဃနာယကဆရာတော်တပါးအား ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုသည် လွန်စွာ ထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည့်အပြင် ယင်းအကြမ်းဖက်လုပ်ရပ်များအား သံဃသမဂ္ဂ(မန္တလေး) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟုလည်း ထည့်သွင်းပြောဆိုသည်။

ဝင်းနိမ္မိတာရုံဆရာတော်မှာ ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် နေရာမှာပင် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း ကားတစ်စီးတည်း အတူလိုက်ပါခဲ့သော ကန်သုံးဆင့်ဆရာတော်ကြီးက သံဃာတော်များရှေ့မှောက် ပြန်လည် မိန့်ကြားချက်အရ သိရှိရပါသဖြင့် သံဃသမဂ္ဂ(မန္တလေး) အနေဖြင့် လွန်စွာ ဝမ်းနည်း ကြေကွဲရသည်ဟုလည်း ဆိုထားသည်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားခြင်းသည် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် လွန်စွာ ကြီးမားလှသည့် ဆုံးရှုံးမှုတရပ်ဖြစ်သလို နိုင်ငံတဝှမ်းလုံးရှိ စာသင်သား-တပည့်သံဃာတော်များ၏ ရှေ့ဆောင်လမ်းပြ အာဇာနည်ပုဂ္ဂိုလ်တပါးဖြစ်သည်သာမက ဆရာတော်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ဥာဏ်ပညာဂုဏ်ရည်များနှင့် သာသနာတော်အတွက် ကြိုးစား အားထုတ်မှုတို့သည် သမိုင်းဝင် စံတန်ဖိုးထားရမည့်ပုဂ္ဂိုလ်ဟုလည်း ဖော်ပြပါရှိသည်။၊

ပုံစာ- ပျံလွန်တော်မူခဲ့သော ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

ပဲခူး မဟနဆရာတော်ဖြစ်စဉ်တွင် စစ်တပ်က စစ်ရာဇဝတ်မှုကို ဖုံးကွယ်ရန် ကြိုးစားဟု သံဃသမဂ္ဂ(မန္တလေး) ဆို
6 days, 9 hours ago

မတူပီတွင် လမ်းအားလုံးနီးပါး ပိတ်

ဧရာဝတီ၊ ဇွန် ၂၀၊ ၂၀၂၄

ချင်းပြည်နယ်၊ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရန် ချင်းပြည်နယ်အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုဖြင့် ချင်းအမျိုးသားတပ်ဦး (CAN)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDFs ပူးပေါင်းစစ်မျက်နှာ တိုးမြှင့်ထားသောကြောင့် မတူပီမြို့အား ဝင်ထွက်နိုင်သည့် လမ်းအားလုံးနီးပါး ပိတ်ထားကြောင်း CDF-Matupi တပ်မဟာ ၂ က ယနေ့ ထုတ်ပြန်သည်။

မတူပီမြို့သို့ ဝင်ထွက်နိုင်သည့် မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်းနှင့် မတူပီ-လိုင်လဲန်းပီ လမ်းတို့အား အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီး ခွင့်ပြုချက် မယူဘဲ သွားလာသော ပြည်သူများအနေဖြင့် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်။

တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်ကိမ်းက"တိုက်ပွဲအခြေအနေက ပြင်းထန်လာတဲ့အတွက်ကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာအများကြီးရှိလို့ လမ်းပိတ်ထားတဲ့ အခြေအနေဖြစ်တယ်။ ပြည်သူတွေ သွားရေးလာရေးကတော့ ကျနော်တို့ ခွင့်ပြုချက်မရှိရင် မရဘူး။ကျနော်တို့ကို အကြောင်းကြားပြီး သွားလို့ရတယ်။ သူတို့ လုံခြုံရေးကြောင့်ပေါ့။ သူတို့လုံခြုံမှု မရှိရင် ကျနော်တို့က ပေးသွားလို့မရဘူး"ဟု ပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ခွင့်ပြုချက် မယူဘဲ အဆိုပါလမ်းများမှ ဖြတ်သန်းသွားလာပါက ပစ်မိန့်ပေးထားကြောင်း လည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ပုံစာ- ချင်းညီနောင် (Operation CB) နှင့် မဟာမိတ်များမှ မတူပီ အခြေစိုက် ခမရ ၃၀၄ သိမ်းပိုက်ထားသည့် မှတ်တမ်း ဓာတ်ပုံများ / CDF-Matupi Brigade 1