The Irrawaddy - Burmese

Description
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 10 months, 3 weeks ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 11 months, 2 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 10 months ago

1 year ago
ချင်းတောင်ပိုင်းမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီ (ရုပ်/သံ)

ချင်းတောင်ပိုင်းမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၄

ချင်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေလုံးဝကင်းစင်ပြီး အုပ်ချုပ်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ စစ်ရေးကော်မတီ ဥက္ကဋ္ဌကပြောပါတယ်၊၊

ချင်းတောင်ပိုင်းမြို့တွေဖြစ်တဲ့ မင်းတပ်၊မတူပီနဲ့ ကန်ပလက်မြို့နဲ ပလက်ဝမြို့ တွေမှာ စစ်ကောင်စီတပ် ကင်းစင်သွားခဲ့ပြီ ဖြစ်တယ်လို့ (Operation CB) နဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောလိုက်တာပါ။

အခု ချင်းပြည်နယ်တောင်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာလည်း ချင်းတော်လှန်ရေး တပ်တွေနဲ့ အတူ Yaw Defense Force (YDF)၊ Yaw Army (YA) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မုံရွာခရိုင်တပ်ရင်း (၃) တို့က ပူးပေါင်းပါဝင်ခဲ့ကြပြီး အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်းနဲ့ စစ်ရေးအကူအညီတွေပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြောထားပါတယ်၊၊

ဒီဇင်ဘာ ၂၂ ရက်နေ့က အပြီးသတ် သိမ်းပိုက်လိုက်တဲ့ မင်းတပ်မြို့တိုက်ပွဲမှာ ခြေလျင်တပ်ရင်း (၂၇၄) သိမ်းယူလိုက်တာဖြစ်ပြီး ဗိုလ်မှူးကြီးအဆင့် စစ်နယ်မြေမှူးနဲ့ အတူ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေကို ပြစ်မှူကျူးလွန်မှုအရ အရေးယူမှုတွေလုပ်သွားမယ်လို့ သိရပါတယ်၊၊

https://youtu.be/Y-qla7fhDt8
#မြန်မာ #ဧရာဝတီ #ချင်းပြည်နယ် #မင်းတပ် #မတူပီ #ကန်ပက်လက် #ပလက်ဝ #OperationCB #ICNCC
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

1 year ago
ဒီလိုအခြေအနေမျိုးမှာ စိုးရိမ်ရမှာက ရွှေ့ပြောင်းလုပ်သားတွေပဲ။ စိုက်ပျိုးရေးလုပ်သားတွေ၊ တောင်ယာလုပ်သားတွေပေါ့။ သူတို့ကျတော့ …

ဒီလိုအခြေအနေမျိုးမှာ စိုးရိမ်ရမှာက ရွှေ့ပြောင်းလုပ်သားတွေပဲ။ စိုက်ပျိုးရေးလုပ်သားတွေ၊ တောင်ယာလုပ်သားတွေပေါ့။ သူတို့ကျတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာနည်းတယ်။ သူတို့တွေကို ဦးတည်ပြီး အသိပညာပေးရမှာတော့ရှိတယ်

Website တွင် ဖတ်ရန် https://bit.ly/3VTbDM9
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

1 year ago

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ်- ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ်- ၁၄၅၀၀၀ ကျပ်

ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ် အမြင့်ဈေးတမျိုးဖြင့် ကုန်သည်များက အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇၂၈၀ ကျပ်၊ လက်လီသတ်မှတ်ဈေးမှာ ၇၈၀၀ ကျပ်ကျော်၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ

ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာ ၃၁၁၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၃၂၂၀ ကျပ်
ဒီဇယ် တလီတာ ၂၆၅၅ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၃၂၉၀ ကျပ်

တချို့ စစ်ပွဲဖြစ်ပွားသည့် ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၄၆၅ ကျပ်ဝန်းကျင်တွင် ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၁ သိန်းကျော်တွင်ရှိနေ

လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၅၉ သိန်းကျော်တွင် ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး
အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၂၄၀၀၀၀ ကျပ်၊

ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ၂၆၂၅
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

1 year ago

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ဒီဇင်ဘာ ၁၇၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်

ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် အမြင့်ဈေးတမျိုးရှိဖြင့် ကုန်သည်များက အရောင်းအဝယ် ပြုလုပ်နေပြီး ယခုတပတ်တွင် ဈေးကွက်မှာ အနည်းငယ်အေးနေကြောင်း ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇၂၅၀ ကျပ်၊ လက်လီသတ်မှတ်ဈေးမှာ ၇၈၃၀ ကျပ်

ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ
ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၃၀၄၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၁၅၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၅၉၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၂၁၀ ကျပ်

တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၄၀၀ ကျပ်ကျော်တွင်ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၁ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၅၉ သိန်းဝန်းကျင်တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၃၆၀၀၀၀ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၆၅၆

အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

1 year ago
The Irrawaddy - Burmese
1 year ago

နေထိုင်ခွင့်သက်တမ်းတိုးခများ လျှော့ပေးရန် မြန်မာလုပ်သား ၁၂၀၀ ကျော် ဆန္ဒပြ

ဧရာဝတီ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ နခွန်ပထုန်မြို့နယ်ရှိ ကားတာယာအလုပ်ရုံတခုမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၀၀ ကျော်သည် နေထိုင်ခွင့် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းတိုးခများအား လျှော့ပေးရန် ယနေ့ နံနက်ပိုင်းတွင် စုရုံးဆန္ဒပြပြီး တောင်းဆိုလျက်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးနေသူများထံက သိရသည်။

ယင်းအလုပ်သမားများသည် သူဌေးနှင့် ပကန် (ကျန်းမာရေးအာမခံ) ရှိသူများဖြစ်ရာ ဗီဇာနှင့် Work Permit ၂ နှစ်စာ သက်တမ်းတိုးခအတွက် ထိုင်းဘတ်ငွေ ၉,၀၀၀ တောင်းခြင်းသည် ဖြစ်သင့်သည်ထက် များနေကြောင်း ရွှေ့ပြောင်း အလုပ်သမားများအရေး ကူညီပေးနေသည့် Myanmar Humanitarian Action Centre မှ တာဝန်ရှိသူ ကိုရဲမင်းက ပြောသည်။

၎င်းက “သူဌေးရှိ၊ ပကန်ရှိက စျေးအချိုဆုံးပဲ ၆၀၀၀ နဲ့ လုပ်နိုင်တယ်။ အလုပ်ရုံက ကိုယ်တိုင်ကြီးကြပ်ပြီး လိုက်လုပ်ပေး မယ်ဆိုရင် ၅၀၀၀ နဲ့ ရတယ်” ဟု ဆိုသည်။

ဗီဇာနှင့် Work Permit ၂ နှစ်စာ သက်တမ်းတိုးခြင်းများကို ယခုလလယ်မှစ၍ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်ထိ နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ပြီး ထိုင်းအစိုးရက တရားဝင်သတ်မှတ်ထားသော နှုန်းထားမှာ သွေးစစ်ခ အပါအဝင် ဘတ် ၃,၇၀၀ သာ ကျသင့်သည်ဟု သိရသည်။

သို့သော် ထိုင်းရောက် မြန်မာအလုပ်သမားများ၏ ဗီဇာနှင့် Work Permit ၂ နှစ်စာ သက်တမ်းတိုးခြင်းအား ဝန်ဆောင်မှု ပေးနေသည့် အေဂျင်စီများက အချင်းချင်းညှိ၍သော်လည်းကောင်း၊ သူဌေးများနှင့် ညှိ၍သော်လည်းကောင်း စျေးနှုန်းကို အဆမတန်တင်ထားရာ ဘတ် ၁၉,၀၀၀ ထိ ပေါက်စျေးရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ယမန်နေ့ကလည်း ဖေ့ခ်ျဘွန်မြို့နယ်၊ ကြက်သားစက်ရုံရှိ မြန်မာအလုပ်သမား ၁,၀၀၀ ကျော် ဆန္ဒပြ‌တောင်းဆိုခဲ့ကြရာ စက်ရုံနှင့် အေဂျင်စီများဘက်က ဘတ် ၁၁,၅၀၀ ကောက်ခံနေသည့် အခြေအနေမှ ဘတ် ၆,၀၀၀ ဖြင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်းဝန်းကျင်ထိ ရှိနေပြီး စစ်တပ် အာဏာသိမ်းသည့် ၃ နှစ် အတွင်း ထိုင်းသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားဦးရေ ၄ သိန်းကျော်ရှိကြောင်းနှင့် တရားမဝင် ဝင်ရောက်သူများမှာလည်း သိန်းနှင့်ချီ ရှိနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများထံမှ သိရသည်။

ပုံစာ - ဆန္ဒပြတောင်းဆိုနေသည့် နခွန်ပထုန်မြို့နယ်ရှိ ကားတာယာအလုပ်ရုံတခုမှ မြန်မာလုပ်သားများ / ပေးပို့

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

1 year ago

ခေါင်လန်ဖူးရှိ ပြည်သူ့စစ်စခန်းတခု KIA သိမ်း

ဧရာဝတီ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းတခုကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “မနေ့က ညနေပိုင်းမှာ သိမ်းရတာ ဖြစ်ပါတယ်။ ခေါင်လန်ဖူး မြို့နယ်ထဲက စကစ စစ်စခန်းတော့ မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ်စခန်း ဖြစ်ပါတယ်။ အဲဒီဘက်မှာတော့ တိုက်ပွဲကြီးတွေက သိပ်မဖြစ်ဘူး။ အဲဒီတော့ နောက်ဆက်တွဲ ပြဿနာတော့ သိပ်မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

ပူတာအိုခရိုင်အတွင်းရှိ ဆွမ်ပရာဘွမ်မြို့ကို ပြီးခဲ့သည့် မတ်လအတွင်း၌ KIA က သိမ်းပိုက်ထားပြီးနောက် ယခုအခါ ခေါင်လန်ဖူးမြို့နယ်ဘက်အထိ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

ယခုနှစ်စပိုင်းတွင် စတင်ခဲ့သည့် KIA ထိုးစစ်သည် ကချင်ပြည်နယ်အတွင်း စစ်တပ်စခန်းပေါင်း ၂၀၀ ကျော် သိမ်းပိုက် ထားနိုင်ပြီဖြစ်ကာ ဒေါ်လာဘီလီယံချီတန်ဖိုးရှိ မြေရှားသတ္တုများထွက်ရှိရာ ကချင်အထူးဒေသ-၁ တခုလုံးကိုလည်း KIA က သိမ်းပိုက်ထားသည်။

ပုံစာ - KIA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

1 year ago

ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ဒီဇင်ဘာ ၁၆၊ ၂၀၂၄

စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်

ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် အမြင့်ဈေးတမျိုးရှိဖြင့် ကုန်သည်များက အရောင်းအဝယ် ပြုလုပ်နေပြီး ယခုတပတ်တွင် ဈေးကွက်မှာ အနည်းငယ်အေးနေကြောင်း ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇၂၅၀ ကျပ်၊ လက်လီသတ်မှတ်ဈေးမှာ ၇၇၅၀ ကျပ်
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ

ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၃၀၄၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၁၅၀ ကျပ်
ဒီဇယ် ၁ လီတာ ၂၅၉၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၂၁၀ ကျပ်

တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၄၀၀ ကျပ်ကျော်တွင်ရှိနေ

အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၁ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၅၉ သိန်းကျော်တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၃၇၀၀၀၀ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၆၅၃

အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

1 year ago

တိုက်ပွဲကြောင့် တရုတ်ကြေးနီစီမံကိန်းအနီးမှ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

ဧရာဝတီ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ကိုင်ရာ ဝမ်ပေါင်ကုမ္ပဏီအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား ဒီဇင်ဘာ ၁၃ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာနေသောကြောင့် ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးနေရကြောင်း သိရသည်။

ဒေသခံတဦးက “ဝမ်ပေါင်ကုမ္ပဏီက ပစ္စည်းသယ်ယူလုပ်ဖို့ စကစတပ်တွေက လုံခြုံရေးယူတယ်။ အဲဒီလိုလုပ်ရင်းနဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေထဲကျွံလာလို့ တနေ့က တိုက်ပွဲဖြစ်တယ်။ တနာရီခွဲနှစ်နာရီလောက် ကြာတယ်။ ဒါကြောင့် နီးစပ်ရာရွာတွေက စစ်ဘေးရှောင်ရတယ်။ အဲဒီနေ့မှာပဲ တိုက်ပွဲဖြစ်ပြီး စကစက နောက်ပြန်ဆုတ်တော့ အနီးက ရွာတွေကို မီးပတ်ရှို့သွားတယ်။ တောင်ပလူရွာဆို ၁၈ အိမ်လောက် ညနေပိုင်းမှာ မီးရှို့ခံရတယ်။ လူထိခိုက်မှုလည်း ရှိတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက “အခုလည်း ဝမ်ပေါင်မှာ လုံခြုံရေးယူထားတဲ့ အခြေအနေရှိတယ်။ အလုံပိတ်ထားတဲ့ကားတွေ ဝင်တယ်။ အဓိကတော့ ဝမ်ပေါင်မှာ စစ်အခြေစိုက်စခန်းလုပ်ပြီး ပြန်တွယ်မယ့် အနေအထားမျိုးလို့ သိရတယ်။ အခုကတော့ သူ့ဘက်ကိုယ့်ဘက် စစ်ရေးဆိုင်ထားတဲ့သဘော ရှိတယ်” ဟု လက်ရှိအခြေအနေအား ပြောသည်။

ယင်းအခြေအနေများကြောင့် လက်ရှိတွင် ကြေးနီစီမံကိန်းအနီးတဝိုက်ရှိ တောင်ပလူရွာ၊ ညောင်ပင်ကြီး၊ ထန်းတောရွာ၊ ကူးတို့ကုန်းရွာ စသည့် ကျေးရွာများမှာ လူဦးရေထောင်နှင့်ချီမှာ နီးစပ်ရာတောများနှင့် ဘာသာရေးကျောင်းများ၌ တိမ်းရှောင်နေရပြီး ဆောင်းရာသီဖြစ်သောကြောင့် အခက်အခဲများ ရှိနေကြောင်း သိရသည်။

အဆိုပါဒေသခံက “ဆားလင်းကြီးစခန်းသိမ်းထဲက စစ်ဘေးရှောင်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ဆို နှစ်ပေါက်နေပြီပေါ့။ အခုကတော့ စစ်ဘေးရှောင်တွေက တစုမှာ လူဦးရေ ၂၀၀နဲ့ အစုရေ ၂၀/၃၀ လောက်ရှိတယ်။ နေရာပေါင်းကလည်း ၁၄/၁၅ နေရာလောက်ခွဲနေတယ်” ဟု ရှင်းပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသူ ၃ သန်းခွဲရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR ) က သတင်းထုတ်ပြန်ထားသည်။

ပုံစာ - ဒီဇင်ဘာ ၁၃ ရက်တွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြသည့် ဆားလင်းကြီးမြို့နယ်အတွင်းက ပြည်သူများ / ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

1 year ago
သူရိန်ထွန်းကို မိတာ ကွန်ဖမ်းဖြစ်ပါတယ်။ သူနဲ့အတူ အရာရှိစစ်သည် ဘယ်နှစ်ယောက်ပါလဲ …

သူရိန်ထွန်းကို မိတာ ကွန်ဖမ်းဖြစ်ပါတယ်။ သူနဲ့အတူ အရာရှိစစ်သည် ဘယ်နှစ်ယောက်ပါလဲ ဆိုတာတော့ စိစစ်နေတုန်းပါ

Website တွင် ဖတ်ရန် https://bit.ly/3VuB1aS
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 10 months, 3 weeks ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 11 months, 2 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 10 months ago