ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
New life, New survive
ပျော်ရွှင်စရာ နှစ်သစ်လေးတစ်ခု ဖြစ်ပါစေလို့ အားလုံးကို ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။ 😉
✨ နှစ်သစ်တစ်ခုကိုလည်း ကူးပြောင်းပြီ ဆိုတဲ့အတွက် အတိတ်ဟောင်းတုန်း က ဖြစ်ခဲ့တဲ့ ပြဿနာတွေ ၊ အတိတ်ဆိုးတွေကို ထားရစ်ခဲ့ဖို့အတွက် ပထမဆုံး အကြံပေးလိုက်ချင်ပါတယ်။
✨ လူတစ်ယောက် မှာ အဓိက က အတိတ်ကနေ ရုန်းထွက်ဖို့အတွက် အရေးကြီးဆုံး ဖြစ်ပြီးတော့ ရှေ့ဆက်လျှောက်မယ့် အနာဂတ် ခရီးလမ်းကို လှပတဲ့ ပန်းတိုင်တစ်ခု ဖန်တီးဖို့အတွက် ပစ္စုပ္ပန်ကိုသာ အာရုံစိုက်စေချင်ပါတယ်။
✨ လူတိုင်းမှာ အတိတ်ဆိုတာက ကောင်ခြင်း ၊ ဆိုးခြင်း ဆိုပြီးတော့ကို နှစ်မျိုးလုံးက ဒွန်တွဲခြင်း နဲ့ သွားလာလှုပ်ရှားနေရတာဖြစ်တာမလို့ အဆိုးဆိုတဲ့ အရာတွေကို စိတ်နှလုံးထဲကနေပြီးတော့ ထုတ်ပစ်လိုက်ပြီးတော့ အနာဂတ်ကိုသာ အကောင်းမွန်ဆုံး ဖန်တီးဖို့အတွက် ပစ္စုပ္ပန်တစ်ခုကို ကောင်းမွန်စွာ ရင်ဆိုင် ကျော်ဖြတ် နိုင်ရပါမယ်။
✨ နှစ်သစ် တစ်ခု စတင်တယ် ဆိုတာက ကိုယ့်အတွက် အခွင့်အရေး တစ်ခုကို အသစ်ပေးပြီးတော့ ဘဝသစ်တစ်ခုကို စတင်လို့ ရတယ်လို့တောင် လူအချို့အတွက် သတ်မှတ်လို့ရတဲ့ နှစ်ကူး ၊ နှစ်ပြောင်း တစ်မျိုးလည်း ဖြစ်ပါတယ်။
✨ နှစ်သစ်တစ်ခုကူးပြီဆိုတာနဲ့ ဘဝသစ်တစ်ခုကို ရနိုင်ခဲ့တာမလို့ အကောင်းဆုံး ရှင်သန်ကျော်ဖြတ်ပြီး ပိုပြီး ကောင်းမွန်တဲ့ နေရာတစ်ခုစီကို သွားလာနိုင်ဖို့ရာအတွက် ကို့အတွက် New life, New survive တစ်ခုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
✨ နှစ်သစ်ကူးပြီ ဆိုတာနဲ့ အားလုံးကို မှာကြားချင်ပြီး ပြောကြားချင်တာကတော့ အတိတ်တွေကို အတိတ်မှာပဲ ထားခဲ့ပြီးတော့ ဘဝသစ်တစ်ခုကို သေချာလေး စတင်ပြီး အကောင်းဆုံးသော စိတ်သစ် ၊ လူသစ် နဲ့ ပြောင်းလဲ ပစ်လိုက်ပါ။
✨ အတိတ်တုန်း က မှားခဲ့တဲ့ အမှားမျိုးကို ထပ်မမှားအောင် ဂရုစိုက်ပြီးတော့ အတိတ်တုန်း က ကိစ္စတွေစီကနေ သင်ခန်းစာတွေ ရရှိပြီး အနာဂတ်ကို ရှေ့ဆက်လျှောက်မယ့် လမ်းကို အထောက်အကူ ပြုမယ့် ထောက်တိုင်တွေကိုပဲ ယူလိုက်ပါ။
✨ ကိုယ့် စိတ်ကို နာကျင်စေမယ့် ဆူးတွေကိုတော့ လက်ထဲမှာ တကူးတကကြီး ဆုပ်ကိုင်ပြီးတော့ အနာဂတ်အထိကို သယ်ဆောင်မသွားပါနဲ့။
✨ လူဆိုတာက အခွင့်အရေး အသစ်ရတုန်း ရအောင် ဆုပ်ကိုင်ထားလိုက်ပြီး ပြောင်းလဲပစ်လိုက်ပါ။
ဘဝသစ်တစ်ခုကို ပေးနိုင်တဲ့ နှစ်သစ်မှာလည်း မိသားစုတွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပြီး အကောင်းမွန်ဆုံးအရာတွေကို ပြောင်းလဲပစ်ပါစေ။ 🙏
နှစ်သစ် တစ်ခုမှာ စိတ်သစ် ၊ လူသစ် ဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ ဘဝလမ်းခရီး အသစ်တစ်ခုကိုပါ ရပါစေလို့ ဆုတောင်းပေးလိုက်ရင်းနဲ့...
အားလုံးပဲ...
Happy New Year! 🥳
"ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်"
ယနေ့ (၃၀.၁၂.၂၀၂၄)
ဟာဆိုရင်ဖြင့်မြန်မာပြည်ထောင်စုဖွားကရင်တိုင်းရင်းသားလူမျိုးတို့၏သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်တဲ့ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
ကရင်နှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ်အဖြစ် ပထမဆုံး အစိုးရအသိအမှတ်ပြုရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၇ (စနေနေ့)အဖြစ်သတ်မှတ်လိုက်ကြတယ်။ ယနေ့တိုင် ကရင်အမျိုးသားအားလုံးအတွက် ကရင်နှစ်သစ်ကူးနေ့မှာ (သလေလဆန်း ၁ ရက်) ပြာဆိုလဆန်း ၁ ရက်နေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၈၄) ကြိမ်တိုင်ခဲ့ပြီ။
ကရင်နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားတို့ နှစ်သစ်မင်္ဂလာကျင်းပရာတွင် ရိုးရာဓလေ့အတိုင်း အတီးအမှုတ်ပျော်ပွဲရွှင်ပွဲများကျင်းပခြင်း၊ သက်ကြီးဝါကြီးဘိုးဘွားမိဘများအားဂါရဝပြုပြီး ကောက်သစ်စားသောက်ဖွယ်ဖြင့်ပူဇော်ကန်တော့ကျွေးမွေးခြင်း၊ လက်ဆောင်ပစ္စည်းများပေးကမ်းလှူဒါန်းခြင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး လူအပေါင်းတို့အားဆုတောင်းမေတ္တာပို့သခြင်း စသည့်မွန်မြတ်သောကရင်တိုင်းရင်းသား တို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာသည် ချစ်မြတ်နိုးဖွယ်ရာဂုဏ်ဒြပ်ကိုထင်ဟပ်ပေါ်လွင်စေတယ်။၎င်းတို့ချစ်မြတ်နိုးတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာကောင်းများကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ခြင်း၊ မိမိအမျိုးသားစာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
ကဲ...ဒါဆိုရင်တော့ပျော်ရွှင်စရာကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ Lanncien Myanmar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဒီလိုဗဟုသုတရစရာတွေကို Lanncien
Myanmar မှဆက်လက်တင်ပေးသွားမှာမို့ Like&shareလုပ်ထားဖို့မမေ့နဲ့နော်။👩💻
Lanncien Myanmar Organization – 1 Year Anniversary
🎉 ကြီးမားသောအောင်မြင်မှုနှင့် အတူ ၁ နှစ်ပြည့်ပြီ 🎉
ဒီနေ့ဟာ Lanncien Myanmar Organisation ရဲ့ ၁ နှစ်ပြည့်နေ့ဖြစ်ပါတယ်။
ကျွန်ုပ်တို့အဖွဲ့ဟာ ရည်မှန်းချက်များနှင့် အိပ်မက်ကြီးများအတွက် စတင်ခဲ့ပြီး ယနေ့မှာတော့ လူမှုအသိုင်းအဝိုင်းအတွက် အထောက်အပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာကြပြီးပါပြီ။
ဒီတစ်နှစ်အတွင်း ကျွန်ုပ်တို့
✅ အခမဲ့ပညာရေးနှင့် အွန်လိုင်းသင်တန်းများပံ့ပိုး
✅ လူငယ်များအတွက် စာဖတ်ခြင်းစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများစတင်
✅ လူထုအကျိုးပြုစေမဲ့ Event များဆောင်ရွက်
စတဲ့ များစွာသောလုပ်ငန်းစဉ်များကို တိုးတက်အောင်မြင်စွာအကောင်အထည်ဖော်ခဲ့ပါတယ်။
ဒါလေးတွေဟာ ကျွန်ုပ်တို့အဖွဲ့သားများရဲ့ ကြိုးစားမှုနဲ့အတူ အားပေးနေတဲ့ သင်တို့လို မိတ်ဖက်တွေရဲ့ အကူအညီကြောင့်ဖြစ်ပါတယ်။
နောက်နှစ်မှာလဲ
✨ ပိုမိုထူးချွန်ပြီး တာဝန်ယူမှုရှိတဲ့ လုပ်ငန်းစဉ်များ
✨ လူမှုအသိုင်းအဝိုင်းအတွက် တန်ဖိုးရှိတဲ့ သစ်လွင်စိတ်ကူးများ
✨ ပညာပေးဝန်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကတိပြုပါသည်။
🙏 Lanncien Myanmar Organization နဲ့အတူရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီနေရာအထိ ရောက်လာနိုင်ဖို့ အားပေးလိုက်သူတိုင်းကို ကျွန်ုပ်တို့ ကျေးဇူးအထူးတင်ပါတယ်။
✨ ကျွန်ုပ်တို့နှင့်အတူ၊ အနာဂတ်ကိုတည်ဆောက်ပါ။
#LanncienMyanmar #1YearAnniversary #TogetherWeGrow #CommunityImpact
https://www.facebook.com/profile.php?id=61567135013689&mibextid=ZbWKwL
Lanncien Myanmar Organisation ခွဲ Lanncien Academy Official Facebook Page ဖြစ်ပါတယ်ရှင့်
❝ဝါလကင်းလွတ် သီတင်းကျွတ် ❞
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ရက်လေးဖြစ်ကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
စာဖတ်သူလေးတို့ရှင့်...ခုက မိုးရာသီဆိုပေမယ့် နေပူလိုက်၊ မိုးရွာလိုက်နဲ့ ရာသီဉတုက အစိုးမရနိုင်ပါဘူးနော်။ ဒါ့ကြောင့် ကျန်းမာရေးအထူးဂရုစိုက်ကြပါရှင်🥰🥰
ဒီလို မိုးရွာလိုက်၊နေပူလိုက်နဲ့ ပြက္ခဒိန်ပေါ်မှာ (၁၂)လရာသီရဲ့(၇)လမြောက်❝ ဝါလကင်းလွတ် ၊ သီတင်းကျွတ်လ❞ လေးတောင် ရောက်မှန်းမသိ ရောက်လာခဲ့ပြီပေါ့🌾🌾
❝သီတင်းကျွတ်လ မီးထွန်းပွဲ ❞ ဆိုသည့်အတိုင်း ဒီလမှာဆိုရင် အထူးမြတ်ဆုံးပွဲတော်ကြီးအဖြစ် ဆီမီးပူဇော်ပွဲ(သို့မဟုတ်) တာဝတိံသာပွဲကို ကျင်းပပြီး အဘိဓမ္မာအခါတော်နေ့အဖြစ် အထွတ်အမြတ်ထားပြီး သတ်မှတ်ကျင်းပခဲ့ပါတယ်။
ဒါဆိုရင် စာဖတ်သူလေးတို့ရော ဆီမီးပူဇော်ပွဲ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ သိချင်နေမှာပေါ့။
ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါတော်(၇)ဝါမြောက်မှာ လူ့ဘဝကမယ်တော်တော်စပ်ခဲ့ဖူးသော သန္တုဿီနတ်သား စံစားတဲ့ တာဝတိံသာနတ်ပြည်မှာ ဝါဆိုတော်မူခဲ့ပြီး မယ်တော်နတ်သားကို ဝါတွင်း သုံးလပတ်လုံးတရားရေအေးတိုက်ကျွေးတော်မူခဲ့ပါတယ်။ဝါကျွတ်တဲ့အခါမှာ မြင်းမိုရ်တောင်ကနေပြီး ရွှေ၊ငွေ၊ ပတ္တမြား စောင်းတန်းသုံးသွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူခဲ့ပါတယ်။ လူ့ပြည်သို့ရောက်တဲ့အခါ မင်းနှင့်တကွ ပြည်သူပြည်သားတွေက ဆီမီးထွန်းညှိပူဇော်ကြပါတယ်။ထိုအချိန်မှ စတင်ပြီး သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း မြတ်ဗုဒ္ဓကိုရည်မှန်းပူဇော်ပြီး ဆီးမီးများ ထွန်းညှိပူဇော်ခဲ့ကြပါတယ်။ 🪔🪔
ဒါလေးကတော့ မီးထွန်းပွဲတော်ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းလေးပါ🥰🥰🥰
ဟုတ်ပါပြီ။ ဒါဆိုရင် သီတင်းကျွတ်လပြည့်နေ့လေးအတွက် ဆုတောင်းစကားလေး ခြွေပါရစေရှင်😍🥰
ကြယ်တာရာနက္ခတ်စုံလင်တဲ့ သီတင်းကျွတ် လပြည့် အချိန်အခါ သမယလေးမှာ ကမ္ဘာသူ ကမ္ဘာသားအပေါင်း သောကကင်းဝေးကြပါစေ၊ စိတ်ညစ်စရာတွေမေ့ပျောက်ပြီး စိတ်အေးချမ်းသာသော အခိုက်အတန့်လေးဖြစ်ပါစေ၊ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ။ 🍀🍀🌷
ချစ်တဲ့သူတွေ ပေါင်းဖက်နိုင်ကြ
ပါစေ💐🌼
စိတ်ထဲကြံစည်ထားတဲ့အရာများ ဖြစ်မြောက်အောင်မြင်ပါစေလို့ ကျွန်မတို့ Lanncien Myanmar အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။🌼💐💐🪷
Lanncien ကပေးတဲ့သီတင်းကျွတ်လက်ဆောင်
❝ Lanncien Library ပဲဝယ်ဝယ် Lanncien Academy မှာပဲသင်တန်းတက်တက် သီတင်းကျွတ်လက်ဆောင် 🎁❞
သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ လူတွေကမုန့်ဖိုးလိုချင်ကြပါတယ် ဒါပေမယ့် Lanncien က လက်ဆောင်ပေးချင်တဲ့ အဖွဲ့ပါ 🤭
လက်ဆောင် လိုချင်တဲ့သူတွေရှိလား? ရှိတယ်ဆိုရင် လက်ဆောင်ပေးပါမယ်
ဘာလက်ဆောင်တွေ ပါမလဲဆိုရင် - ◾️Lanncien Library Access (10) ယောက် (ဒါဆို Lanncien Library ဝယ်ပြီးလက်ဆောင်ယူချင်တဲ့သူတွေအတွက် Buy 1 Get 1 အစီအစဉ်ဖြစ်ပါတယ်) ◾️ShweNote Subscription (10) ယောက် (7ရက်စာ အခမဲ့ဖတ်ခွင့်)တို့ကို အောက်တိုဘာလအတွင်း Lanncien Library Subscription လာဝယ်သူတွေရော သင်တန်းလာအပ်ထားသူတွေရောကို “သီတင်းကျွတ်လက်ဆောင်” အဖြစ် လူ (20) ယောက်ကို ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။
ကဲ... ဒီတော့မဝယ်ရသေးရင် အခုပဲအမြန်ဝယ်ထားလိုက်ပါဗျို့
လက်ဆောင်ရတဲ့သူစာရင်းကိုလည်း နိုဝင်ဘာလမှာ Page ကနေ ကြေငြာပေးသွားပါမယ်ဗျ။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago