Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

MYANMA GONE NEWS AGENCY

Description
ပြည်တွင်းသတင်းမှန်များအတည်ပြုနိုင်ပါသည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

1 month, 2 weeks ago
MYANMA GONE NEWS AGENCY
1 month, 2 weeks ago
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး …

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ် - ၂၅

ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

#MMG

1 month, 2 weeks ago

မွန်ပြည်နယ် ၊ ကျိုက်ထို​ြမို့နယ်၊  ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာက လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပြီး ဘုန်းကြီးတပါးပျံလွန်တော်မူကာ ဆိုင်ပိုင်ရှင်အမျိုးသားလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ ဒီကနေ့မတ်လ ၂၅ ရက်နေ့ ၊နေလယ် ၁ နာရီကျော်လောက်မှာ ကင်မွန်းချောင်းရွာရှိ
စွယ်တော် လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေပြန်ထွက်လာစဥ်ပစ်ခတ်ခံရတာဖြစ်ပြီး ဆိုင်ရှင်ကတော့ ဆိုင်ထဲထိ ဝင်ပစ်ခံရတာဖြစ်တယ်လို့သိရပါတယ်။

" ဘုန်းကြီး နဲ့ ဆိုင်ပိုင်ရှင်က တပ်သတင်းပေးဆိုပြီး ပစ်ခတ်လိုက်တာလို့ pdf ဘက်ကထုတ်တာတွေ့ရတယ်။ ဘုန်းကြီးက လက်ဖက်ရည်ဆိုင်ထဲကနေ ပြန်အထွက်ဆိုင်ကယ်ပေါ်အရောက်ပစ်ခံရတာ၊ဘုန်းကြီးပစ်ပြီးမှ ပိုင်ရှင်ကိုထပ် ပစ်တာ၊ ဘုန်းကြီးက လက်မောင်းရင်းမှာ  ကျည်တချက်၊ ကျောကုန်းမှာ ကျည်တချက်နဲ့နေရာမှာပွဲချင်းပြီးပဲတယ်၊ဦးတင်ငြိမ်းကတော့  ဆီးခုံမှာ (၁)ချက်၊ ညာဘက်မှာ တချက်ရှပ်ထိတယ်" လို့ ကျိုက်ထိုဒေသခံတဦးကပြောပါတယ်။

ပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့ဘုန်းကြီးကတော့ ကင်မွန်းချောင်းရွာ  ကျောက်ဖြူတောင် ဘောဂဝတီ ရွှေကျောင်းမှာ  သီတင်းသုံးနေတဲ့ သက်တော် ၄၇ နှစ်၊ ဝါတော်(၁၈)ဝါရှိ ဘုန်းကြီး ဉူးစန္ဒိမာ ဖြစ်ပြီး  ဒဏ်ရာပြင်းထန်းရရှိခဲ့သူက စင်တော်လက်ဖက်ရည်ပိုင်ရှင်ဖြစ်သူဦးတင်ငြိမ်း(ခ)ဦးတင်အောင် ဖြစ်တယ်လို့သိရပါတယ်။

#MyanmaGone

1 month, 3 weeks ago
MYANMA GONE NEWS AGENCY
1 month, 3 weeks ago
MYANMA GONE NEWS AGENCY
1 month, 3 weeks ago
MYANMA GONE NEWS AGENCY
2 months ago
တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦး သေဆုံး …

တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦး သေဆုံး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၁၂

မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှု ကြောင့် နန်းအီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရှမ်းအမျိုးသမီး ငယ် ၃ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

#MMG

2 months ago

ရွှေဈေးကွက်အတွင်းမှာ ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူဆောင်ရွက်မယ်
မတ်လ ၁၂
    သတိပေးမှုများနဲ့ရွှေဈေးထိန်းရန် ကြိုးစားနေပေမယ့် ပြည်တွင်းရွှေဈေး တစ်ကျပ်သား  (၄၁)သိန်းကျပ် အထိစံချိန်တင် ဆက်လက်
မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
     ကောလာဟလများဖြန့်ကာ ရွှေဈေးဆွဲမတင်ကြရန်နှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန် သက်ဆိုင်ရာက သတိပေးမှုတွေလုပ်ဆောင်နေပါတယ်။
     ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စတင်ကာ တစ်ကျပ်သား သိန်း(၄၀) အထက်ကို ရောက်လာတဲ့ ပြည်တွင်းအခေါက် ရွှေဈေးနှုန်းမှာ ယနေ့ မတ်လ (၁၂) ရက်တွင် ပြင်ပဈေးကွက်အတွင်းမှာတစ်ကျပ်သား ၄၁၀၀၀၀၀ ကျပ် အထက်သို့ ရောက်လာတယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင်ပင် ရွှေဈေး သိန်း(၄၀) သို့ ရောက်ရှိခဲ့ပြီး လက်ရှိတွင် (၄၁) သိန်း ဝန်းကျင်သို့ တဖြေးဖြေးကပ်လာသည့် အခြေအနေဖြစ်သည်။
      ရွှေဈေးမြင့်တက်နေမှုပတ်သက်ပြီးရန်ကုန်ရွှေအသင်းမှ ယနေ့ မတ်လ (၁၂) ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ သတိပေးလာပြန်သည်။
    အဆိုပါ ထုတ်ပြန်ချက်တွင် ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အသင်းမှထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြဖို့မေတ္တာရပ်ခံထားသည်ကို တွေ့ရပါတယ်။
    ရွှေဈေးကွက်အတွင်းမှာ ဌာနဆိုင်ရာများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

2 months ago

ငွေလဲကောင်တာများကို ရှောင်တခင်စစ်ပြီး လုပ်ငန်း ၄ ခု ကို လိုင်စင်သုံးလပိတ်သိမ်း
မတ် ၁၂
     နိုင်ငံခြားငွေလဲကောင်တွေကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီအထဲက လုပ်ငန်းလိုင်စင်ရရှိထားသူ (၄) ဦးကို လုပ်ငန်းဆောင်ရွက်ခွင့် (၃) လ ရပ်ဆိုင်းလိုက်တယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လာပါတယ်။
   မတ်လ ၆ ရက်နဲ့ ၈ ရက်နေ့တွေမှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
      ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး ဗဟိုဘဏ်၊ ရန်ကုန်/စည်ပင်၊ ထွေ/အုပ်နဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရန်ကုန်မြို့မှာရှိတဲ့ ငွေလဲကောင်တာတွေကို ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့တာပါ။
      အဲ့ဒီအထဲမှာ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ရေး လုပ်ငန်းလိုင်စင်ရရှိသူ (၄) ဦးက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
     ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ Thura Nay Tun (Fame Money Changer) ၊ Lead Star Money Changer ၊  Steber Group Money Changer နဲ့ Asia Shwe Thee Money Changer တို့ကို လုပ်ငန်းလိုင်စင် ၃ လ ရပ်ဆိုင်းလိုက်ကြောင်း ဖော်ပြထားပါတယ်။
      လက်ရှိမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေဖို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေပါဝင်တဲ့ Online Trading Market ကို ဖော်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

2 months ago
မြေငလျင်သတင်း

မြေငလျင်သတင်း

၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၁၇)မိနစ်၊ (၄၅) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၇၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပုသိမ်မြို့၏ အရှေ့မြောက်ဘက် (၁၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၀)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

မိုး/ဇလ
#MMG

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago