MYANMA GON NEWS AGENCY

Description
ပြည်တွင်းသတင်းမှန်များအတည်ပြုနိုင်ပါသည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 Jahr, 1 Monat her

ဒီဇင်ဘာလ ၂၃ ရက်နေ့အတွက်သတင်းရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်
KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw

1 Jahr, 1 Monat her
ဒီဇင်ဘာ ၂၂

ဒီဇင်ဘာ ၂၂

ညီဖြစ်သူ၏ မင်္ဂလာဆောင်ကိုလာရောက်သည့် ဗိုလ်မှူးနှင့်ညီမဖြစ်သူတို့ အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နေ့လည်(၂)နာရီဝန်းကျင်အချိန်ခန့်၌ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ်(၁၃၁)ရှိ APOLLO Hotel ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ APOLLO Hotel တွင် ကျင်းပသည့် ညီဖြစ်သူ၏ မင်္ဂလာဧည့်ခံပွဲသို့ လာရောက်သည့် ဗိုလ်မှူးသည် ဧည့်ခံပွဲပြီးဆုံး၍ Hotel မှ ပြန်လည်ထွက်ခွာစဉ် Hotel ရှေ့ရှိ အထက်ဗဟိုလမ်းပေါ်အ‌ရောက်တွင် အမျိုးသား(၂)ဦးမှ ပစ္စတိုသေနတ်ဖြင့် (၄)ချက်ခန့်ပစ်ခတ်ပြီး ဒေါ်လှပန်းလမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူက ပြောသည်။

ပစ်ခတ်ခံရသူတွင် လက်ဖျံ၌ သာ အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီးလက်ရှိတွင် လုပ်ကြံပစ်ခတ်ခဲ့သည့် အမျိုးသား(၂)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

1 Jahr, 1 Monat her
MYANMA GON NEWS AGENCY
1 Jahr, 2 Monate her
အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ဒီဇင်ဘာ ၁၆

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင် ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ပါတယ်။

ထိုသို့ တည်ဆောက်ခဲ့ရာမှ လက်ရှိအချိန်တွင် အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။

1 Jahr, 2 Monate her
MYANMA GON NEWS AGENCY
1 Jahr, 2 Monate her
MYANMA GON NEWS AGENCY
1 Jahr, 5 Monate her

ည​နေပိုင်းတွင် မော်စကိုမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

1 Jahr, 5 Monate her

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ တာဝန်ရှိသူများတက်ရောက် ကြသည်။

ဦးစွာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးသည် အွန်လိုင်းမှ ရုပ်ရှင်များနှင့်ဗီဒီယိုဇာတ်ကားများကို တရားမဝင်ခိုးယူမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်တားဆီးရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ တတိယအကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ခဲ့သည့် အချက်များအနက်မှ အင်တာနက်အသုံးပြုပြီး ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ထုတ်လွှင့်ပြသနေသည့် အွန်လိုင်းပလက်ဖောင်းများ တရားဝင်လိုင်စင်ပြုလုပ်ပေးနိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာ Application များ ဖြင့်ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ဇာတ်ကားများကို ထုတ်လွှင့်ပြသခြင်း စသည့်လုပ်ငန်းများကိုစိစစ်ပြီး တရားဝင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီး ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ဇာတ်ကားများကို တင်ပြလာပါက စိစစ်ပေးနိုင်ရန် စိစစ်ရေးအဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရုပ်ရှင်နှင့်ဇာတ်ကားများ တရားမဝင်ခိုးယူဖြန့်ချိခြင်းများနှင့်စပ်လျဉ်း၍ တိုင်းကြားလာပါက အချိန်နှင့်တစ်ပြေးညီ အရေးယူဆောင်ရွက်နိုင်ရန် Contact List အဖြစ် အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များကို Viber နှင့် Telegram တို့တွင် Group များဖွဲ့ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းမှ ရုပ်ရှင်များနှင့်ဗီဒီယိုဇာတ်ကားများကို တရားမဝင်ခိုးယူပြီး ထုတ်လွှင့်နေမှုများကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း။

ငွေကြေးအကုန်အကျခံကာ ထုတ်လုပ်ထားသည့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ တရားမဝင် ခိုးယူဖြန့်ချိမှုပပျောက်ရန် ဝိုင်းဝန်းတိုက်ဖျက်သွားကြရမည်ဖြစ်ပြီး မည်သို့ကာကွယ်ဆောင်ရွက်ရမည်ကို ဆွေးနွေးကြစေလိုကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရန် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေး အဖွဲ့အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်သွယ်တိုင်ကြားနိုင်ရေးအဖွဲ့ခွဲ၊ စောင့်ကြည့်စိစစ်လေ့လာရေးအဖွဲ့ခွဲ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ခွဲ၊ အရေးယူဆောင်ရွက်ရေးအဖွဲ့ခွဲနှင့် အသိပညာပေးရေးအဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြရာ အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

1 Jahr, 5 Monate her

နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၈

နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှဦးဆောင်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) တို့ပူးပေါင်းမှုဖြင့် နေပြည်တော်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

ပေးအပ်လှူဒါန်း

နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရာတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးကယ်ဆယ်ရေးစခန်း၊ သုခစိုးဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၊ အုန်းတောဘုန်းကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ လယ်တီဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ဘိုးမင်းခေါင်နတ်နန်း ရေဘေးကယ်ဆယ်ရေးစခန်းတို့သို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဦးသောမတ်စ် (ခရစ်ယာန်ဘာသာ)၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဘဏ္ဍာရေးမှူး ဦးလှကြူနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဝင်းမြင့် (ဗုဒ္ဓဘာသာ)၊ ဦးခင်မောင်မောင်ဇော် (အစ္စလာမ်ဘာသာ)၊ တိုင်းအတွင်းရေးမှူး ဦးရွှေမောင် (အစ္စလာမ်ဘာသာ) နှင့် တိုင်းအလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းမင်းကျော်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်၊ အတွင်းရေးမှူး ဒေါ်ဝတ်မှုံနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မရမ်းကုန်းခရိုင်ဥက္ကဋ္ဌ ဦးမျိုးဇေယျာနှင့် စေတနာရှင်အလှူရှင်များ၊ ပရဟိတအဖွဲ့များက ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

နေပြည်တော်ရှိ ရေဘေးသင့်ပြည်သူများအပြင် ကျောက်ဆည်နှင့် တောင်ငူဒေသရှိ ရေဘေးသင့် ပြည်သူများသို့လည်း ကူညီထောက်ပံ့ခဲ့ပြီး ငွေကျပ်သိန်း ၁၅၀ အပါအဝင် အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၀၀ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago