CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago
*❗️*❗️*❗️*❗️*❗️*Romeo Ingkar Janji 2024
IMDB (9/10)*?*Channel အရင်join ပါhttps://t.me/+fdoM7RwLwQM2YTY1?*ဇာတ်ကားlink*https://t.me/c/2177896296/256 Review
~~~~~~~
ယခုတစ်ခါမှာတော့ အင်ဒိုနီးရှား အချစ်ရိုမန့် ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါ တယ်။
အာဂသာလို့ခေါ်တဲ့ကောင်မလေးတစ် ယောက်၊ သူကတော့ မိဘတွေက
ကွာရှင်းထားရပြီးတော့ သူ့ကိုလည်း မိသားစု က ဂရုမစိုက် သူရှိတယ်လို့ကို မသတ်မှတ်ထားကြအောင်ကို ပစ်ပယ်ထားခံရလို့ ဒီလောကကြီးမှာ မွေးမလာရင်ကောင်းမှာပဲလို့ တွေးနေတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။
သူဟာ အမြဲ သေချင်တယ်စကားပဲ ပြောနေ တတ်တဲ့ကောင်မလေးလည်းဖြစ်ပြီးတော့ သူ့အတွက်ဆိုရင် ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။
ဒါပေမဲ့ အာဂသာ့ဆီမှာ ရှားရှားပါးပါး ရူနာလို့ ခေါ်တဲ့ သူငယ်ချင်းမလေး ရှိနေပါတယ်။ ဘဝမှာ ဘယ်သူမှမရှိတဲ့အာဂသာ့အတွက် တော့ ရူနာက ရင်ဖွင့်ရာ ပျော်ရွှင်မှုတွေ ပေး နိုင်တဲ့သူတစ်ဦးပေါ့။
အာဂသာတစ်ယောက် အဘွားဖြစ်သူနဲ့ ရန်ဖြစ်စကားများရင်း အိမ်အပြင်ကို ထွက် လာရာကနေဓာတ်ပုံမရိုက်ရနေရာမှာ ပုံဆွဲနေတဲ့ တက်တူး ဆရာလေး ရိုမီယိုနဲ့ဆုံကြပါတယ်။ဆုံမိတာက ခဏတစ်ဖြုတ်လေးဆိုပေမယ့် လည်း ကံကြမ္မာက တွေ့ဆုံဖို့ အကြောင်းဖန် လာတော့ဘားမှာထပ်ပြီးတော့ ဆုံကြရင်း အချင်းချင်း ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတော့ တယ်။
ရိုမီယိုဆိုတဲ့ တက်တူးဆရာလေးမှာလည်း သူ့ အပေါ်မှာ အမြဲအဆင်သင့်ရှိနေပေးတဲ့ ဒါယုဆိုတဲ့ သူငယ်ချင်းမလေးက ရှိနေပြန်ပါ သေးတယ်။
အာဂသာ, ရိုမီယိုနဲ့ ဒါယုတို့ ၃ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ပြီးတော့ ဖြစ်လာမလဲဆို တာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။**#uploadedbyyumyatmin
*❗️*❗️*❗️*❗️*❗️*A Reason For The Season (2024)*? *7.3*? *Channel အရင် Join ပါhttps://t.me/+fdoM7RwLwQM2YTY1*? *ဇာတ်ကား Linkhttps://t.me/c/2177896296/255 **Review
Christmas နီးလာပြီဆိုတော့ Christmas နဲ့ပတ်သက် တဲ့ဇာတ်ကားလေးတွေ အပြိုင်အဆိုင်ထွက်လာတဲ့အချိန် ပေါ့။
ဒီတစ်ခါဇာတ်ကားလေးကတော့ မိသားစုနဲ့ကြည့်လို့ကောင်း မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ A Reason For A Season ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါ တယ်။
Elizabeth Lane ǝ Single Mother : ယောက်ဟာ သူမရဲ့အိမ်မက်ဖြစ်တဲ့ အလှကုန်ပစ္စည်းကုမ္မဏီ ကြီးတည်ထောင်ချင်တဲ့အတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် ဈေးလိုက်ရောင်းနေတဲ့သူပါ။ သူမဟာ Christmas ညမှာ ကိုယ်ဝန်ကြီးနဲ့ ဈေးရောင်းနေတုန်း ဗိုက်နာလာတဲ့အတွက် Brookswood လို့ခေါ်တဲ့မြို့လေးမှာဝင်နားခဲ့ရပါတယ်။
စိတ်ကောင်းရှိတဲ့ မြို့သားတစ်စုဟာ စားသောက်ဆိုင်ထဲမှာ အစည်းဝေးလုပ်နေတုန်း Elizabeth အကူညီလိုတဲ့အခါ သူမကို စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့တဲ့အတွက် Elizabeth ရော ကလေးပါအသက်ရှင်ခဲ့ရပါတယ်။ Elizabeth က သူ့ သမီးလေးမွေးတဲ့ Christmas Eve နေ့ကိုအစွဲပြုပြီး Evie လို့ နာမည်ပေးခဲ့ပါတယ်။
၃၅နှစ်ကြာတော့ Elizabeth ဟာ သူ့တို့သားအမိကိုကူညီခဲ့ တဲ့ Brookswood မြို့ကမြို့သူမြို့သားတွေကို ပြန် ကျေးဇူးဆပ်ဖို့ Evie ကိုလွှတ်လိုက်ပါတယ်။Evie တစ်ယောက်ယောင်ချာချာနဲ့ရောက်သွားခဲ့ပေမဲ့ Kyle Newman လို့ခေါ်တဲ့ရှေ့နေနဲ့တွေ့ပြီး သူတို့ကိုကူညီခဲ့တဲ့ လူ တွေကိုပြန်လာရှာဖွေပြီး ကျေးဇူးဆပ်ကြပုံကို ကြည့်ရှု့ခံစား ရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားက အက်ရှင်ခန်းတွေ plot twist တွေမပါဘဲ Green Book တုန်းကလို Positive energy တွေရစေ မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရာရာကို ကို အကောင်း မြင်တတ်တဲ့ Brookswood မြို့သားတွေအနေနဲ့ Evie လေးအတွက်ဘဝသင်ခန်းစာရအောင် ဘယ်လိုကူညီပေးသွား မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။**#uploadbyshoonshoon
*❗️*❗️*❗️*❗️*❗️*The Piano Lesson (2024)*? *6.4*? *Channel အရင် Join ပါhttps://t.me/+fdoM7RwLwQM2YTY1*? *ဇာတ်ကား Linkhttps://t.me/c/2177896296/245 **Review
August Wilson The Piano Lessonပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့် တယ်။ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာအိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းက လည်းသူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်ကတစ်မိသားစုလုံးအလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့လူရဲ့ မြေကို ဝယ်ချင်တယ်။မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကိုရောင်းပြီး ရလာတဲ့ငွေနဲ့ မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်း ခွင့်မပေးပါဘူး။
ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်းကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့အနာဂတ်ကဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေး ကြပါဦး။**#uploadbyshoonshoon
❗️❗️❗️❗️❗️**The Dark Knight Rises (2012)
IMDB ( 8.4 )*?* Channel အရင် Join ပါhttps://t.me/+kCL2wmUR_sY4NjNl?*ဇာတ်ကား Link*https://t.me/c/2274736087/1002 Review
~~
ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။
ဇာတ်လမ်းအစမှာ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေထင်နေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထပ် ရန်သူတစ်မျိုးက Gotham ကို နှောက်ယှက်ဖို့ ပြင်ဆင်နေပါတယ်။တစ်ဖက်မှာ Bane (Tom Hardy) က CIA က ထိန်းသိမ်းထားတဲ့ Nuclear Physicist တစ်ယောက်ကို ဖမ်းခေါ်သွားသလို၊ Selina Kyle (Anne Hathaway) (ကာတွန်းထဲမှာ Catwoman) ကလည်း Bruce Wyane ရဲ့ အိမ်မှာ Harvey Dent အမှတ်တရပွဲလုပ်နေတုန်း ခိုးဝင်ပြီး Bruce အမေရဲ့ လည်ဆွဲကိုခိုးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အဓိက ပစ်မှတ်က Bruce ရဲ့ လက်ဗွေ ဖြစ်ကြောင်း Bruce က ရိပ်မိသွားပြီး စုံစမ်းမှုတွေပြု လုပ်ခဲ့ပါတယ်။
Selina က Bruce ရဲ့ လက်ဗွေကို ခိုးပြီးတဲ့နောက်မှာ ပါတီပွဲက Congressman တစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားပြီးတော့ လက်ဗွေကိုခိုးခိုင်းတဲ့ သူနဲ့တွေ့ဖို့အတွက် ခေါ်သွားခဲ့ပါတယ်။ ဒါကို Gordon တို့လိုက်ရှာရာကနေ Gordon တစ်ယောက် အဖမ်းခံရပြီး Bane နဲ့တွေ့ခဲ့ပါတယ်။ Bane က Gotham မြိ့ုက မြေအောက် မြောင်းတွေထဲမှာ တပ်စွဲထားတာ ကိုတွေ့လိုက်ပြီး Gordon တစ်ယောက် ကိုယ်လွတ်ရုံးပြေးနိုင်ခဲ့ပါတယ်။နောက်တစ်ဖက်မှာ Robin John Blake (John Blake လို့ပဲ တစ်ကားလုံးသုံးသွားခဲ့ပါတယ်။) ဆိုတဲ့ ရဲအရာရှိတစ်ယောက်က Gordon ကိုရှာတွေ့သွားပြီးဆေးရုံကိုပို့ပေးခဲ့ပါတယ်။ John Blake ဆိုတဲ့ Character ကို ဒါရိုက်တာက Robin သဘောနဲ့ထည့်ပေးတာဖြစ်ပြီး၊ Batman နဲ့ Robin ဆိုတဲ့ပုံစံကို သွယ်ဝိုက်ပြီးထည့်ပေးထားတာဖြစ်ပါတယ်။ Christopher Nolan က Robin ကို ကာတွန်းထဲကလို ကလေး တစ်ယောက် ထည့်ပေးရင် ယုတ္တိမရှိဘူးလို့ ယူဆတာရယ်၊ Batman & Robin ဇာတ်ကားက လူကြီး Robin ကို ပရိတ်သတ်တွေမကြိုက်တာရယ်ကြောင့် ရဲအရာရှိတစ်ယောက် အနေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ဒီနေရာမှာ Bane ရဲ့ ဇာတ်ကြောင်းကို Alfred က Bruce ကိုပြောပြပါတယ်။ Batman Begins မှာတုန်းက Batman ကိုပညာသင်ပေးခဲ့တဲ့ Ra’s Al Ghul ရဲ့ တပည့်ဖြစ်ကြောင်း သိလိုက်ရပါတယ်။ Bane က မြေအောက်အကျဉ်းထောင်ထဲမှာ မွေးခဲ့တာဖြစ်ပြီး၊ အစပိုင်းတုန်းက Bane ကို Ra’s Al Ghul ရဲ့ သားလို့ Batman က ထင်ခဲ့ပါတယ်။ Bane ရဲ့ အဓိက ရည်ရွယ်ချက်က ပထမဆုံးဇာတ်ကားက Ra’s Al Ghul ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Gotham ကို ဖျက်စီးဖို့ ဖြစ်ပါတယ်။ဒီရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မလည်း၊ Batman ကရော Gotham မြိ့ုကိုဘယ်လို ကယ်တင်မလည်းဆိုတာ စိတ်ဝင်စား၊ စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။
Batman Begins, The Dark Knight, The Dark Knight Rises သုံးကားစလုံးက သမိုင်းမှာအကောင်းဆုံး Superheros ဇာတ်လမ်းတွဲ အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သလို၊ ဒီသုံးကားက ပရိတ်သတ်တွေ ရင်ထဲမှာ ကျန်နေခဲ့မယ့် ဇာတ်ကားကောင်းသုံးကားဆို တာ အငြင်းပွားစရာမှရှိနိုင်ပါဘူး။ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး၊ Sex Scene တစ်ခန်းပါပေမယ့် Explicit မဖြစ်ပါဘူး။ မိသားစုတူတူ ကြည့်ရှုနိုင်မှာဖြစ်သလို၊ အက်ရှင်ကားကြိုက် ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာပါ**#uploadbyhsukaykhaing
*❗️*❗️*❗️*❗️*❗️*Interstellar 2014 (2014)
IMDB (8.7)*?* Channel အရင် Join ပါhttps://t.me/+kCL2wmUR_sY4NjNl? ဇာတ်ကား Linkhttps://t.me/c/2274736087/999 Review
----------
2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ် ကားအပါအဝင်ပါ... ဒါရိုက်တာကလည်း Christopher Nolanဆိုမှ တော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ ပါတယ် 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်.....(Background music) တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲ နေပါလိမ့်မယ်…
ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့… 21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါးခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ် အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာ တယ်... ၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့ မယ် ကတိအထပ်ထပ်ပေးရင်းပေါ့...
ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင် ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကို အန်တုရင်း ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား… ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား...ဆိုတာကို...Visual Effectsကောင်းကောင်း ရှုစား ကြရမှာဖြစ်ပါတယ်.. ..ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး. ..ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ဝါကျ တည်ဆောက်ပုံခပ်ညံညံအောက်မှာ ဘောင်ကွပ် လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ.. .အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင် ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်....**#uploadbykevinaris
❗️❗️❗️❗️❗️**Forrest Gump (1994)
IMDB (8.8/10)*?*Channel အရင် join ပါ။https://t.me/+kCL2wmUR_sY4NjNl?*ဇာတ်ကား link*https://t.me/c/2274736087/998 Review
---------
ဒီကားမှာ visual effects တွေကလည်း အံ့ချီးလောက်စရာပါ။ ဒီကားမှာ Forrest Gump ရဲ့ဘဝဖြစ်စဉ်တွေကို ၂၀ရာစုနှောင်းပိုင်း အမေရိကန် ရဲ့ကျော်ကြားတဲ့အဖြစ်အပျက်တွေနဲ့ချိတ်ဆက်ပေး ထားတာမို့ အမေရိကန် အထင်ကရ ပုဂ္ဂိုလ်ကြီးတွေနဲ့ Forrest တို့တွေ့ဆုံတဲ့အခန်းတွေပါဝင်ပါတယ်
ရုပ်ရှင်တစ်ကားရဲ့ကောင်းခြင်းအ ဖြာဖြာနဲ့ပြည့်စုံတဲ့အကြောင်းအပြင် Forrest Gump ဆိုတဲ့ Character ကိုလည်းစိတ်ဝင်စားမိ လို့ပါ။ Tom Hanks ကအင်တာဗျူးတစ်ခုမှာပြောခဲ့ သလို Forrest ရဲ့ခေါင်းထဲမှာ သူ့အမေနဲ့ Jenny တို့ ပဲရှိတယ်။ အမုန်းတရားတွေ၊ သူ့အပေါ်မကောင်းကြံ တာတွေ၊ မလိုမုန်းထားတာတွေကို သူ့မှာခွဲခြားသိနိုင် တဲ့ ဉာဏ်ရည်မရှိဘူး။ ဒါ့ကြောင့် သူ့ဘဝဟာပကတိ အေးချမ်းလှတယ်လို့ ထင်မိပါတယ်။ ဇာတ်ကားထဲမှာ အဓိကပေးချင်တဲ့ Main Theme Dialogue ကိုလဲသဘောကျမိပါတယ်။
" ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဘယ်အချိန်ဘာဖြစ် မယ်လို့တိတိကျကျသတ်မှတ်ပြီးသားလား၊ ဒါမှ မဟုတ် ရည်ရွယ်ရာမရှိဘဲ လေယူရာတိမ်းနေရတာ လား၊ နှစ်မျိုးလုံးတစ်ပြိုင်တည်းဖြစ်နေတာ လား...ကျွန်တော်တော့ စဉ်းစားလို့ ဉာဏ်မမီပါ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် သေချာတာကတော့ ကျွန်တော်တို့မှာစီရင်ပိုင်ခွင့်မရှိတာပါပဲ။"နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်လို့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးရှင်**#uploadbyhsukaykhaing
SORA Entertainment လုပ်ငန်းတွင် Social Media Admin နှစ်ဦး အလိုရှိသည်
SORA Entertainment သည် ရုပ်ရှင်နှင့်ဆက်စပ်သော Entertainment များ လုပ်ဆောင်သော လုပ်ငန်းဖြစ်ပါသည်
လုပ်ငန်းအတွေ့အကြုံရှိသူများအပြင် လုပ်ငန်းအတွေ့အကြုံမရှိသူများလဲ လျှောက်ထားနိုင်ပါသည်
Requirement
- အသက် ၁၈ မှ ၂၅နှစ်အတွင်း
- Movie ကြည့်ခြင်းကို အထူးနှစ်သက်သူ
- Mobile App များ အထူးကျွမ်းကျင်ပြီး Computer Basic အနည်းငယ်အသုံးပြုတတ်ရမည်
- ကိုယ်ပိုင် Laptop ရှိရပါမည်
JD
- Trend ဖြစ်သော Movie များရှာဖွေရမည်
- Content Writing & Uploading လုပ်ငန်းစဉ်များပါဝင်မည်
- Movie Recommendation များ ပြုလုပ်ရမည်
- Original View များလာအောင် လုပ်ဆောင်ရမည်
Company မဟုတ်ပါ .... လုပ်ငန်းအသေးစားသာ ဖြစ်ပါသည် .... လုပ်ငန်းအစဖြစ်သည်နှင့်အမျှ Challenging များစွာရှိပါမည်
အစမ်းခန့်ကာလ - ၁လ
Working Time
8am to 4:30pm ( Break - 30min )
Off Day
Sat ( Half ) - Sunday & Public Holiday
Basic Salary
200k + Travel Allowance 1k/Daily
( တာဝန်ယူ လုပ်ဆောင်နိုင်သည့်ပေါ် မူတည်ပြီး လစာအပြောင်းအလဲရှိမည် )
Address
သင်္ဃန်းကျွန်းမြို့နယ် - ရန်ကုန်မြို့ - လေးထောင့်ကန်လမ်း - အသင်းတိုက်မှတ်တိုင်အနီးတွင် တည်ရှိသည်
အလုပ်လျှောက်ထားရန်
t.me/sorapostcreator
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago