Paradise Literature

Description
One of the Paradise Channels
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 1 month ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago

12 months ago

*အရင်တိုင်းလေးပါပဲ

ဒီနေရာရောက်ရင်

ဒီသံစဉ်နဲ့ ဒီခံစားချက်ဟာ

မပြောင်းလဲလျက်

နွေဦးရဲ့ညတွေကို

ထုံးစံအတိုင်း နက်စေတုံးပေါ့*

-ဘန်နီ
18th February, 2025

1 year ago

နှုတ်ဆက်စကားပြောခဲ့ပေမဲ့
နှလုံးသားကလက်မခံနိုင်သေးပါဘူး

နှလုံးသားရေးရာမှာ ဦးနှောက်နဲ့သာ
ဆုံးဖြတ်ခဲ့တဲ့ကိုယ်ပဲမလား
ဦးနှောက်မှာ လက်လွှတ်နိုင်ခဲ့သော်
နှလုံးသားမှာ အခုထိပူနေရတုန်း

ညတွေမှာနက်သာလာတယ်
အချိန်တွေသာပြောင်းလာတယ်
ကိုယ့်ရဲ့နှလုံးသားမှာ သတိရနေစဲပါ

ဂီတာသံတွေ သီချင်းဆိုသံတွေက
အရင်ကထက်ပိုဆွေးလာရတယ်
ညနေပိုင်းတွေက အလွမ်းပိုလာရတယ်
နေ့ရက်တိုင်းမှာ နှလုံးသားကထောင်ကျရသလိုပါပဲ

ကိုယ်ရွေးခဲ့တဲ့လမ်းဆိုတော့လည်း
အဆုံးထိလျှောက်ရတာပေါ့လေ

-ဘန်နီ
14th February, 2025

1 year ago

Hello everyone🔥!!!

Welcome To '' GYS (Grow Your Socials) '' Channal💓💓.

ကျွန်တော်ဒီနေ့ပြောပြချင်တယ့်အကြောင်းအရာလေးကတော့ Tiktok မှာ views တေတက်ချင်တာပဲဖစ်ဖစ်.follower တိုးချင်တာပဲဖစ်ဖစ်.likes တေများချင်တာတွေအတွက်(( GYS ''Grow Your Socials'' )) Channal မှ Tiktok နဲ့ပတ်သတ်တယ့် service လေးတွေကို စျေးနှုန်းသက်သာစွာဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖစ်ပါတယ်။

// ကျွန်တော်တို့ စပီး Servie ပေးတယ့်အနေနဲ့ promotion 1000 likes အတွက် --- 1000 viewsကို free ပေးသွားမှာဖစ်ပါတယ်။

//နောက်တစ်ခုက ကျွန်တော်တို့ Servie အတွက် အနည်းဆုံး (1) လ အာမခံထားသောကြောင့် အကြောင်းအမျိုးမျိုးကြောင့် error ဖစ်လာခဲ့ရင် ကျွန်တော်တို့ဘက်ကပြန်လည်တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

//နောက်ပီး ကျွန်တော်တို့ Service တစ်ခုစီတိုင်းအတွက် စျေးနှုန်းချိုသာစွာဖြင့် လူကြီးမင်းတို့စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးမှာဖစ်တာကြောင့် စိတ်ချယုံကြည်စွာနဲ့ လာရောက်ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျ။

// ဝယ်ယူအားပေးတယ့်အခါမှာ ကြာချိန်ကိုတော့ ကျွန်တော်တို့ဘက်က ဒီလိုသတ်မှတ်ထားပါတယ် ---
[ Views --- 15 မိနစ်ခန့်
[ Likes --- 1 ရက်ခန့်
[ Followers --- 2 ရက်ခန့် နှင့်အထက်
((((( ဒီသတ်မှတ်ချိန်ထပ်စောပီးလဲရနိုင်တာမလို့ )))))
'''' promotion ချတုန်း '''' မြန်မြန်လေးသာလာဝယ်ကြတော့နော်
🔥*🔥🔥

// //ဝယ်ယူအားပေးချင်တာသော်လည်းကောင်း၊ service အကြောင်းမေးမြန်းချင်သောလည်းကောင်း အောက်က admin တွေဆီမှာ လာရောက်မေးမြန်းနိုင်ပါတယ်ဗျ။
👉🏻 @Bhonepyaesone9
👉🏻@Owen_2kk

1 year, 2 months ago

ချစ်သူကို စိတ်ကောက်အောင် ပြုလုပ်ခြင်းသည် နိုင်ငံတော်ပုန်ကန်မူအရတဲ့
ဒီလိုဆို ကိုကိုရယ်
နှလုံးသားနဲ့ ပြောမယ်
‌နှလုံးသားနဲ့ လေးနက်စွာ နားထောင်
မိသားစုဆိုတဲ့ ကျွန်းလေးမှာနေပြီး
ကိုကို့ရင်ခွင် အခြေချနေနိုင်မဲ့ ပြစ်မူကို ခံယူပေးပါ။

-ရှင်လွန်းညို

1 year, 2 months ago

ချစ်သူသို့(၂)

ဒိုက်သရောမှတ်ဉာဏ်တွေကို
ချစ်သူရဲ့ ချစ်ခြင်းတရားနဲ့
ဖြေဖျောက်စေနိုင်ခဲ့တာပါ။

တူနှစ်ကိုယ် သံယောဇဉ်လေးရစ်ဖွဲ့လို့
နှလုံးသားလမ်းညွှန်မြေပုံလေးဆီ
ရဲရဲလှမ်းကြစို့လားကွယ်။

-ရှင်လွန်းညို
(၂၀၂၄..ဒီဇင်ဘာ)

1 year, 2 months ago

ချစ်သူသို့(၁)

ကမ္ဘာကျော်အဆိုအမိန့်‌တွေလောက်
အဖိုးတန်တဲ့ ချစ်သူ့စကားသည်သာ
ဘဝလိူင်းတံပိုးဒဏ်ကို
ဖြေဖျောက်စေနိုင်တာပါ။

ချစ်သူရဲ့ယုယမူတွေသာလျှင်
သည်လူကို ကမ္ဘာကုန်ကျယ်စေခဲ့တာပါကွယ်။

-ရှင်လွန်းညို
(၂၀၂၄..ဒီဇင်ဘာ)

1 year, 4 months ago

မလွဲချင်ဘူး အချစ်ရယ်
ဘယ်ဘဝရောက်ရောက်
ခွဲခွာရခြင်း ဒုက္ခမှ
ကင်းလွှတ်ပါရစေ။

-ရှင်လွန်းညို

1 year, 5 months ago

မတည်မြဲချင်းနိယာမကို
လက်ကိုင်စွဲထားတဲ့ကိုယ်က

မင်းရဲ့ထာဝရအချစ်အကြောင်းကို နားထောင်မိတိုင်း ပြုံးမိတယ်

လူဆိုတာ တွေ့ဆုံကြုံကွဲပဲမို့
တွေ့ဆုံတုန်းကလဲဝမ်းမသာသလို
ခွဲခွာရတဲ့အခါလည်းထူးပြီး ဝမ်းမနည်းပါဘူး

ဒီလိုပြောလို့ ကိုယ်ဟာခံစားချက်မရှိဘူးလို့ပြောရင်တော့
ကိုယ်ရဲ့ ကဗျာဆန်တဲ့စိတ်က ရယ်သွမ်းလျက်ပါ

ပဋိပက္ခတွေ များပြားတဲ့ကိစ္စတွေကြားဝင်မပါချင်ရုံကြောင့်သာ
ကိုယ့်ရဲ့နှလုံးသားကို ဒဏ်ခက်ခဲ့တာပါ

တစ်ခါတစ်လေ ပြစ်ဒဏ်ကကြီးလေးတော့ ပင်ပန်းရမိတယ်
ဒါပေမဲ့ မတတ်နိုင်ပါ
ရွေးချယ်ခဲ့တာကိုယ်တိုင်မို့
ကိုယ်ပဲ အဆုံးထိတာဝန်ယူသွားရမှာပါပဲ

-ဘန်နီ ( ဒိုင်ယာရီထဲက စာတစ်ချို့ )
11st September, 2024

#Bunny ?

1 year, 5 months ago

*မမေ့နိုင်တဲ့စကားတွေနဲ့
အိပ်မရတဲ့ဒီညကိုမုန်းလိုက်တာ

တော်ရုံမေ့လွယ်တဲ့ကိုယ်က
မင်းကိုတော့ မေ့မရဖြစ်နေတယ်

စကားသံတွေကပြန်ကြားယောင်ပြီး
ရင်တွင်းလဲဗလောင်ဆူနေရတယ်

ကျေးဇူးပြုပြီး
တရေးလောက်အိပ်ပျော်ပါတော့*

-ဘန်နီ
11st September, 2024

#Bunny ?

1 year, 5 months ago

"မိုးညအလယ်က ခြေရာ"

လွတ်လပ်သွားတာလား လွတ်ထွက်သွားတာလားမသိတဲ့ စိတ်‌တွေနဲ့ ထွက်ပြေးခဲ့တဲ့ ညတွေဟာ အစိုးမရတော့တဲ့ မျက်ရည်တွေကို အလံဖြူပြနေတဲ့ မျက်ဝန်းတွေအပေါ် ခိုကိုးနေတယ်

အတွေးလွန်ခြင်း မီးတိုင်အောက်က စိတ်စေရာ ပိုးဖလံငယ်တွေ တစ်ဖြေးဖြေး အတောင်တွေကို မီးလောင်ကြွမ်းစေပြီးတော့ သေဆုံးခြင်းလမ်းကို ရွေးနေသလိုမျိုး

တစ်လောကလုံးနဲ့ တစ်ယောက်လဲခဲ့တာလည်းကိုယ်၊ ခံစားချက်တွေ မပြင်းထန်စေချင်ခဲ့တာလဲ ကိုယ်

လွှတ်ထုတ်လိုက်တဲ့ ခံစားချက်တွေဟာ အသက်ရှူသံနဲ့တစ်ကွ လေပြည်ကို ဆိုတယ် ငါ ဒီလူ့ခန္ဓာထဲမှာ ရှိခဲ့တာ ဖိအားများလိုက်တာတဲ့

ရေမွှေးနှင်းဆီနံ့ ရတယ်၊ ပိတ်လှောင်ပစ်တော့မယ့် အရာကို နောက်ဆုံးအကြိမ်နှင်းဆီတွေနဲ့ နှုတ်ဆက်နေပါလား

ဘယ်သူပိတ်လှောင်ခံရမှာလဲ၊ မြေစာပုံထဲကို ‌တစ်ဖြေးဖြေးဝင်တော့မယ့် ခြေလှမ်းတွေ ကျွန်တော် သဲနွန်မှာ နစ်တယ်

အကောင်းဆုံးအရာတွေကို မျှော်လင့်ထားသလို အဆိုးဆုံးအရာကိုလည်း လက်ခံထားပါတယ်၊ ငါဘယ်အချိန် ထွက်ခွါရတော့မလဲ ဆိုတာလည်း ခံစားမိတယ်

ငါ့ရှင်သန်ချိန်တွေ တိုလှတယ်...

#Rei

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 1 month ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago