Unlock a World of Free Content: Books, Music, Videos & More Await!

3 Brotherhood Alliance (AA+MNDAA+TNLA)

Description
Military Alliance
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

1 month, 4 weeks ago

CDMဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်သည့် နမ္မတူ ပြည်သူ့ဆေးရုံ

နမ္မတူ၊ မတ်လ ၁၆ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့၊ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်သည်။

နမ္မတူပြည်သူ့ဆေးရုံအား ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီး
အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ ပါဝင်သည်။

PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချို့နှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို (၂၄)နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက််လျက်ရှိသည်။

ထို့ကြောင့် နမ္မတူမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့အတွက် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်မှ CDMပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဖြစ်သည်။

“ အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ကျနော်တို့ ကြိုးစားနေပါတယ်၊ အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်၊ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ”ဟု PSLF/TNLA ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLAက ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်ခဲ့သည့် မြို့လည်း ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

1 month, 4 weeks ago
3 Brotherhood Alliance (AA+MNDAA+TNLA)
1 month, 4 weeks ago
3 Brotherhood Alliance (AA+MNDAA+TNLA)
2 months ago

ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၈/၉) ရက်

ရက္ခိုင့်တပ်တော်သည် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်ကြီးများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေဆဲဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် ယခုရက်သတ္တပတ်အတွင်း စခန်းအချို့ဆုံးရှုံး လက်လွှတ်ခဲ့ရသော နေရာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာဆီသို့ လွတ်မြောက်ရန်ကြိုးစားနေကြသောကြောင့် အဆိုပါပြန့်ကြဲ ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့ မှ တစ်ယောက်မကျန် ဖမ်းဆီးရမိစေရန် လိုက်လံကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်များထဲတွင် အုပ်စုငယ်များ အနေနှင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ရှိနေနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထားသွားလာကြရန်၊ လုံခြုံရေးသတိ ထားကြရန် အသိပေးလိုက်ပါသည်။

ကျောက်တော်၊ တပ်မဌာနချုပ် နှင့် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း (အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း) အပါအဝင် အခြားသောနေရာများမှ ထွက်ပြေးကာ လွတ်မြောက်ရန်ကြိုးစားနေကြသောသူများထဲမှ အချို့ကို နေ့စဉ်နှင့်အမျှ မိမိတို့မှ ဖမ်းဆီးရမိလျက်ရှိသည်။ တိုင်းဗဟို (၉) မှ ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ (၂၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပြီး အဆိုပါဓားစာခံများကို မိမိတို့ ရက္ခိုင့်တပ်တော်မှ ကယ်တင်နိုင်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရပါက သီးသန့်သတင်းအဖြစ် တင်ဆက်ပေးသွားပါမည်။ ဓားစာခံများကို ဦးဆောင်ခေါ်ယူသွားသော တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူးဖြစ်သော ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အသေဖမ်းဆီးရမိခဲ့သည်။

မတ်လ (၉) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ သည် စစ်တွေမြို့မှ ရသေ့တောင်မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရသည်။ ထို့အပြင် ရမ်းဗြဲမြို့အားလည်း အကြမ်းဖက်စစ်ကောင်စီသည် နေဗီပေါ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့အပြင် ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့်ပစ်ခတ်ခြင်းတို့ကို တစ်နေကုန်ပြုလုပ်နေခဲ့သည်။

ရက္ခိုင်ဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မနှောင်းခင် လက်နက် ချရန်၊ အလံဖြူထောင်ရန် ထပ်မံသတိပေးလိုက်သည်။ စောစီးစွာ လက်နက်ချပါက စောစီးစွာ အသက်ရှင်ခွင့် ရမည်ဖြစ်သည်။ လက်နက်ချအညံ့ခံရန်ပြောသော်လည်း အညံ့မခံသော စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

2 months ago
3 Brotherhood Alliance (AA+MNDAA+TNLA)
2 months ago
3 Brotherhood Alliance (AA+MNDAA+TNLA)
4 months ago
3 Brotherhood Alliance (AA+MNDAA+TNLA)
4 months ago
3 Brotherhood Alliance (AA+MNDAA+TNLA)
4 months ago

မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ဒုတိယအကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်

တအာင်းပြည်နယ်၊ ဇန်နဝါရီ ၈ ရက်
၁၀၂၇ စစ်ဆင်ရေး

တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်မှ  လေကြောင်းတိုက်ခိုက်မှု Jet Fighter ဖြင့် ဒုတိယအကြိမ် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယမန့်နေ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် (၂း၃၅)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ မြို့သစ်ကျေးရွာတွင် Jet Fighter ဖြင့် (၂)ကြိမ်၊ ဗုံး (၅)လုံးဖြင့် ပြည်သူလူထုများကို ဦးတည်ပစ်ခတ်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော ဗုံးသီး ကြောင့် မြို့သစ်ကျေးရွာ စာသင်ကျောင်းနှင့် လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ စာသင်ကျောင်းအတွင်း TNEC ကျောင်းဆရာ/ဆရာမ လွေးလှာမျံမ်၊ လွေးနန်းဒီတ်၊ လွေးမိုးအေး၊ မိုင်းအမှုန်း၊ မိုင်းယဲထိုည် တို့ စုစုပေါင်း (၅)ဦး သေဆုံးခဲ့ပြီး၊ ယာအေနေ၊ ယာအေမို၊ ယာမူ၊ လွေးမျစိန်၊ တာဆိုမြတ်၊ တာကျော်လွန်တို့ စုစုပေါင်း (၆)ဦး ကျည်စထိမှန် ဒဏ်ရာပြင်းထန်ရခဲ့သည်။ ထိုပြင် စာသင်ကျောင်းနှင့် လူနေအိမ် (၇)လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ မြို့သစ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူ (၂)ဦးသေဆုံးခဲ့ပြီး၊ ပြည်သူ (၇)ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်။ လူနေအိမ် (၂)လုံးလည်း မီးလောင်ပျက်စီခဲ့ပြီး၊ လူနေအိမ် (၂၃)လုံး ကျည်စထိမှန် ပျက်စီးခဲ့သည်။  

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

6 months ago
3 Brotherhood Alliance (AA+MNDAA+TNLA)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago