အပျိုကညာတစ်ဦးနှင့်ကျွန်တော်

Description
ကဗျာရေးတာကျွန်တော့်ဝါသနာပါ။
#စောကြည်ဖြူ
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 9 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 9 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 7 months ago

2 years ago

**အသက်ရှုကြပ်တယ့်နှစ်တွေ (သို့) အသက်ရှုမရတယ့်နှစ်တွေ

ပြက္ခဒိန်တွေကို မမြင်ချင်လောက်အောင်မုန်းတယ်
နေ့စွဲတွေဟာ သားတို့ဘဝမှာရှိမနေခဲ့သင့်ဘူး
ပြည့်စုံတယ့်ဘဝတွေဆိုတာ
ပြဒါးတစ်လမ်း သံတစ်လမ်းပါ အမေ
ဘယ်ဘုရားကိုမှ အပြစ်မတင်ချင်ခဲ့ဘူး
ကိုယ့်ဒူးကိုယ်ချွန်တယ့် ခေတ်မှာ
လူညံ့တစ်ယောက်ဖြစ်ခဲ့တယ့်အတွက်
သား တောင်းပန်ပါရစေ
အိပ်နေရင်းကနေ
ထာဝရ အိပ်စက်သွားရင်
ကောင်းမယ်လို့ တွေးမိတဲ့ရက်တွေပါ
ငိုလဲ ငိုချင်ပီ ပြိုလဲပြိုချင်ပီ
ဒီရပ်ဝန်းက ရုန်းလေးနစ်လေပဲလား အမေ
ဒီအရွယ်နဲ့ ဒီဖိစီးမှူတွေမခံနိုင်ဘူး
အမေက သည်းခံထားပါလို့
မှာကြားထားလို့သာ မဟုတ်ရင်
ကိုယ့်ကိုယ်ကို သတ်သေမိမလား
မသိတဲ့အဖြစ်ကနေ သေသွားရင်ကောင်းသားလို့
တွေးမိတဲ့အထိ ပြိုလဲချင်ခဲ့
င်ိုလဲငိုချင်ခဲ့
စီးကရက်တွေမသောက်ဖို့
အမေ မှာထားပေမယ့်
စိတ်ထွက်ပေါက်ဟာ ဒါပဲရှိတာမို့
အမေ့စကား နားမထောင်တဲ့သားမိုက်
ခွင့်လွတ်ပါလို့ မတောင်းဆိုတော့ပါ။

-အဏ္ဏဝါချို**

2 years ago

"အချစ်ရူးတစ်ယောက်၏ဖွင့်ဟဝန်ခံချက်"

နွေရောက်ပြန်တော့မယ် နွေဒါရီ။
လွမ်းစေတီပေါ်ကမျှော်သမား ပိတောက်ဝါတွေအား ​ကြည့်ရင်းလွမ်းပြန်ရပေ​တော့မယ်။
ဒါဟာ ကျုပ်ဘဝရဲ့ဝဋ်ကြွေး တစ်ခုလို့ပဲ ယူဆလိုက်ပါ့မယ် နွေဒါရီ။
နွေဦးမှာလဲ လေရူးကတသွင်သွင် ပူပေမယ့်လဲ ဆက်သည်းခံနေဆဲပါပဲ နွေဒါရီ။ အံကိုကြိတ်နေရင်းနဲ့ နွေဒါရီ့ရဲ့နဂါးမျက်စောင်းလေးတော့လွမ်းမိသား။ အတိတ်ကအရိပ်လိုအမြဲခြောက်လန့်နေတော့လဲ ကဗျာနဲ့ပြေးပေါက်ရှာရတာပါပဲ။ ပြန်မလာသူဟာ ကြင်နာခဲ့သူ နွေဒါရီပါ။ စောင့်နေသူဟာ နေပူမိုးရွာမရှောင်စောင့်နေဆဲပါပဲ။ သူ့အရပ်နဲ့သူ့ဇာတ်ကတော့ဟုတ်နေတာပဲဗျို့။ ဒီအကြောင်းကိုကမ္ဘာသာသိရင် နွေဒါရီဟာနစ်နာသူပါလို့ ကျုပ်ကိုယ်တိုင်သက်သေလိုက်ပေးပါ့မယ်။ တွေးမကြောက်ပါနဲ့ နွေဒါရီ ကျုပ်ဟာမစားကောင်းတဲ့အသီးကိုစားခဲ့မိလို့ရခဲ့တဲ့ ပြစ်ဒဏ်လို့ပဲခံယူလိုက်ပါ့မယ်။ သံသရာသာတစ်ပတ်ပြန်လည်ခဲ့ရင် နွေဒါရီ့ကိုပဲ နောင်တမရှိပြန်ချစ်ပါ့မယ်။ ဒါဟာကျုပ်လိုအချစ်ရူးတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ပါ နွေဒါရီ။

- ရဲရင့်ဟေသာနှင့်စောကြည်ဖြူ
(Poet Collaboration)

2 years ago

"အမှတ်ရစရာနေ့ရက်များ"

သူပြန်မလာတာ လတွေချီနေပါပြီ။ အရင်လိုစာတွေလဲမပါးတော့ပျော်စရာတွေလဲရှားကုန်တာပေါ့အချစ်ရယ်။ ဒါဟာကိုယ့်အပြစ်တဲ့လား သိပ်ရူးမိုက်ခဲ့မိတာပဲ။ လူဆိုတာအမှားသိမှအမှန်ကိုမြင်မှာလေ။ အမှန်သိလို့ ပြန်တောင်းပန်နေတဲ့အချိန်မှာ မင်းရင်ခွင်ဟာဆိုင်သူရှိနေခဲ့လေပြီပေါ့။ မလွမ်းတဲ့နေ့မရှိပါဘူးအချစ်ရယ်။ ကိုယ့်မှာစိတ်နာချင်တာတောင်မနာရက်ပါဘူး တစ်နေ့တစ်နေ့ မင်းပြန်လာမလားစောင့်နေရတာကလဲ ဝဋ်ကြွေးတစ်ခုပါလားကွယ်။ မင်းပြန်ဆပ်ဖို့မလိုပါဘူး။ ရထားတစ်စင်းဟာသူရောက်ရမယ့်အချိန်ထက် နှစ်နာရီနောက်ကျမှရောက်လဲ ဒီဘူတာပဲ၊ နှစ်နာရီစောရောက်လဲဒီဘူတာပဲလေ။ အဓိကက စောင့်နေတဲ့လူရဲ့အပြစ်တွေပါပဲ အချစ်ရယ်။ မင်းကငါ့ဘဝရဲ့လွတ်မြောက်ခြင်းတရားပါ ဒါက်ိုမင်းနားမလည်ခဲ့ဘူး။ ပြန်လာခဲ့ပေမယ့် စောင့်နေမယ့်သူမရှိဘူးလေ။ အဝေးကပဲငေး အမှတ်တရနဲ့ပဲဆွေးနေပါ့မယ်။ နိဗ္ဗာန်ကိုသွားဖို့ထက် မင်းနဲ့ပဲနောက်တစ်ခါပြန်ချစ်ပါရစေ။ ကံတရားနဲ့ကိုယ်ဟာရန်သူပါပဲ။ ငရဲကိုခံပြီိး မင်းအနားမှာပဲစံပါရစေ။ ဒါဟာငါ့ဘဝရဲ့မပြည့်ခဲ့တဲ့ဆုတောင်းတစ်ခုပါပဲ အချစ်ရယ်။

-စောကြည်ဖြူ

2 years ago

"သမိုင်းဆိုင်ရာရုပ်ဝါဒ"

သို့သော် ကျွန်မ ကိုအောင်ချိမ့်ကို"မေတ္တာ"မမျှနိုင်ပါ။

2 years ago

"မောင်စောနှင့်အချစ်"

အချစ်ဆိုတာဘာမှန်းလဲတောင်ရေရေရာရာမသိပါဘူး။လူတိုင်းမှာသူတို့အယူနဲ့သူတို့ခွဲခြားထားတာပဲလေ။ကျုပ်အချစ်အကြောင်းပြောရရင် မျက်မှန်အောက်ကမျက်ဝန်းလေးတစ်စုံပေါ့။ ပြောရင်းနဲ့တောင်ရင်တွေခုန်ပါတယ်။ သူ့ရဲ့အလှကို သီချင်းရေးရင် ဘယ်ပန်းချီရေးလို့မမှီ။ ကဗျာရေးရင် နွေဒါရီ။ စာနဲ့ရေးရင် အဆုံးမရှိ။ ကျုပ်အယူအဆပါ။ ဖော်မပြတတ်ပေမယ့် ကျုပ်နှလုံးသားကတော့ ထပ်ခုန်မိပြန်ပြီထင်ပါရဲ့။ သူ့အပြုံးလေးကိုမြင်လိုက်ရတဲ့တစ်ခဏကတော့ ကမ္ဘာလောကကြီးရပ်တန့်သွားသလိုပါပဲ။ ခေါင်းထဲမှာလည်းသီချင်းသံတွေဆူညံလာတယ်။ ဆရာစံလင်းရဲ့ ကဗျာမမှီစာမမှီ ဆိုတဲ့သီချင်းကိုအရင်ပြေးကြားမိတာဗျ။ သူ့ရယ်သံက ကျုပ်ဘဝရဲ့သံသရာမှအကျွတ်တရား။ သူ့အကြည့်ကကျုပ်ကမ္ဘာရဲ့လည်ပတ်မှု။ သူ့မျက်စောင်းကကျုပ်ကမ္ဘာပျက်ကိန်း။ သူ့အလှတရားကကျုပ်ဘဝရဲ့အချစ်ကဗျာ။ သူ့စကားအသံကျုပ်အကြိုက်ဆုံးတေးသွားတစ်ပုဒ်။ ကျုပ် သူ့ကိုပိုင်ဆိုင်ရဖို့ ဘုရားနဲ့လဲပြန်ဆက်သွယ်နေပါပြီ။ အပေးအယူတစ်ခုထပ်ပိုပါတယ်။ တစ်ယူသန်တဲ့အချစ်မျိုးပေါ့ဗျာ။ ယောင်္ကျားတို့ဇွဲသေခါမှလျော့ဆိုတဲ့အတိုင်း ကြိုးစားသွားမှာပါ။ ချစ်ရသူလေးပြန်ကြင်နာရင် ကျုပ်ရဲ့ကဗျာပန်းခင်းကြီးကပြန်လည်အသက်ဝင်လာမယ်လို့ယုံကြည်ပါတယ်။ ပြန်ကြင်နာပေးဖို့လဲမျှော်လင့်ပါတယ်။ဝိုင်းဝန်းဆုတောင်းပေးကြပါ။

-စောကြည်ဖြူ

2 years ago

ဆူး
`တစ်ချို့ဒုက္ခတွေက
ငါ့လက်ညိုးမှာလာဆူးတဲ့
ခပ်သေးသေးညှောင့်လေးလို

နုတ်လို့လည်းမရ
ဖိသွင်းရအောင်လဲမဟုတ်
တိုးလို့တန်းလန်းနဲ့

မင်းလားကွ အချစ်ဒုက္ခ
မင်းလားကွ အချစ်ဒုက္ခလို့
အော်အော်ပြီးတော့
လက်ညိုးကိုသာ
ဖြတ်လိုက်ချင်‌တော့တယ်။`

ခြေဦးတည့်ရာ ဇေး

2 years ago

**အိမ်မက်သူခိုး

အိမ်မက်သူခိုး ရောက်နေပါတယ်
ထမင်းလုံးတစ္ဆေကိုပဲ ပြန်ခေါ်ပေးကြပါ
သူကမှ နိုးလာရင် အလွတ်ပေး‌သေး။

မင်းနဲ့မပေါင်းရတဲ့
ငါ့အိမ်မက်တွေကတော့
နိုးလာတာတောင်
ခြေချော်ကြနေတုန်းပဲ
ထမင်းလုံးတစ္ဆေကိုပဲ ပြန်ခေါ်ပေးကြပါ။

ခြေဦးတည့်ရာ ဇေး**

2 years ago

ခေတ်

`ခေတ်အကြောင်းပြောရင်
ခြေဗလာနဲ့ လမ်းလျှောက်နေရတဲ့
လူငယ်တွေကို အသံသွင်းပြီး
ဖိနပ်နဲ့ လူကြီးတွေဆီက သမိုင်းကို
စပ်စပ်စုစုမေးရမယ်။

နွေမှာ ရွာတဲ့မိုး
မိုးမှာ သည်းတဲ့မိုး
ဆောင်းမှာ ငိုတဲ့မိုး
သောကမိုးတွေက
ခေတ်အဆက်ဆက်က လူတွေရဲ့
ခြေထောက်ကိုရွှံ့ပေစေတုန်းပဲ။

တရားလည်း ကျပါတယ်
တရားလဲ မရနိုင်ဘူး
တရားနဲ့ဖြေဖို့
တရားမှုကို လိုက်ရှာရင်း
ပုရစ်အော်သံကြား ညဉ့်နက်ခဲ့ရတယ်။

ခေတ်ကို အပြစ်တင်နေတဲ့လူတွေက
ခေတ်ကို ပြင်နေတဲ့လူတွေကို
ခေတ်အကြောင်းပြောရင်း၊ ခိုညည်း ညည်းရင်း
တရားပြန်ပြကြတယ်

စာနာမှုက ခေတ်နဲ့မဆိုင်ကြောင်း
တရားပြန်ချလိုက်ရင်
ဝရုန်းသုန်းကားပြေးကြတယ်
ရွှံ့တွေက ကြမ်းပြင်မှာ
အုံလိုက်ကျင်းလိုက်။ ။

ဇေး`

2 years ago

ငြိမ်းချမ်းရေး

စစ်ဆိုတာကို မုန်းလို့
အချစ်မှာ လက်ပစ်ကူးလိုက်တာ
ငြိမ်းချမ်းရေးဟာ ငှက်အရှင်တစ်ကောင်လို
ငါ့ဆီကနေ‌ ပြေးထွက်သွားတယ်။ ။

ဇေး

2 years, 1 month ago

ကဗျာဆရာတွေ reactမရလို့ suicideပြီ။

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 9 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 9 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 7 months ago