ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot
Last updated 1 year, 7 months ago
ချစ်ရင် အတွေးမလွန်နဲ့
အတွေးလွန်ရင် မချစ်နဲ့
အဲလိုပြောရမလားပဲ
ဒါပေမဲ့ လူသားတိုင်း မကင်းနိုင်တာကတော့
ချစ်ခြင်းမေတ္တာတွေပဲ
အဲမှာလေ ဘယ်လိုလူတွေက
ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုတွေ ( ကောင်းတာရော၊ ဆိုးတာရော)ကို
ပိုခံစားရလဲဆိုရင်
အတွေးလွန်တဲ့သူပဲ
အတွေးမလွန်တဲ့သူက မခံစားရဘူးလား
အဲလိုလည်းမဟုတ်ပါဘူး
အတွေးလွန်တော့ အချစ်ကြောင့်
ပျော်ရသည် ဖြစ်စေ
ဝမ်းနည်းရသည် ဖြစ်စေ
ဒါကြီးကို အချိန်တိုင်းတွေးနေတော့
ပျော်ရွှင်မှုတွေကို တွေးမိရင် ဘာမှမဖြစ်ပေမဲ့
ဝမ်းနည်းစရာတွေကို တွေးမိရင်တော့
တစ်ဆစ်ဆစ်နဲ့ နာကျင်ရတာပဲ
ဘယ်လိုသိလဲ မမေးပါနဲ့
ကိုယ်တိုင် လက်တွေ့ကြုံဖူးလို့ပါ🥲
ပြောချင်တာက ချစ်ပါ
ဒါပေမဲ့
အတွေးမလွန်ပဲ ချစ်ပါ
လွတ်လပ်စွာ ချစ်ပါ
ကိုယ့်ရဲ့ အချစ်ကြောင့် ဘယ်သူ့ကိုမှ
မထိခိုက်စေပဲ ချစ်ပါ
ခွင့်လွှတ်နားလည်နိုင်မှ ချစ်ပါ
အဲလိုမှမဟုတ်ရင် ပိုနာကျင်ရပါတယ်
- 31.1.2025
ဘလိမ်းတာမဟုတ်ဘူးကွာ
မြန်မာနိုင်ငံက ဒါရိုက်တာတွေ အကုန်နီးပါး ဒါမျိုးဇာတ်လမ်းတွေပဲ ရိုက်တတ်ကြတော့တာလားမသိဘူးနော်
တစ်ယောက်အပိုင်လို့တစ်ယောက်သတ်မှတ်ထားတာကို အချင်းချင်း အပြန်အလှန် ခိုးနေကြတာတွေ ဖောက်ပြန်တဲ့ဇာတ်လမ်းတွေက များနေတာဗျာ
ကြည့်တဲ့သူတွေက ကလေးတွေများတယ် အသက်က ၁၀ ကျော်ကျော်လေးတွေ (ကိုယ်ပိုင်ဖုန်းမရတဲ့အရွယ်တွေ)
ဒါမျိုးတွေရိုက်မဲ့အစား တရားတော်တွေပဲ ချန်နယ်တိုင်းကနေလွှင့်နေတာမှ အရေးတိုက်ဆိုင်
ရင် တရားရ အုံးမယ် ☘️
ကိုယ်တိုင်မြင်မိတာလေး 🤌☘️
#Hatsuki
Photo Credit
ကောင်းမွန်သော ညချမ်းအခါသမယလေး ဖြစ်ကြပါစေ...***?***
မနက်ခင်းလေးကို စိတ်ကြည်လင်စွာနိုးထနိုင်ဖို့ဆိုရင် ညဘက်မှာ စိတ်ကြည်လင်စွာအိပ်စက်ဖို့ကလည်း အရေးကြီးပါသတဲ့....***?******?***
"ချစ်တယ်'' ဆိုတဲ့စကားက
ဒီဘက်ခေတ် လူတော်တော်များများအတွက်
ခိုးကူးခွေတွေလိုပဲ
အရည်အသွေးတော့မရှိဘူး
ခဏတာတော့အဆင်ပြေတယ်''
-တာရာမင်းဝေ
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot
Last updated 1 year, 7 months ago