CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago
အောင်စည်တော် စစ်ဆင်ရေး
ကြေညာချက်( ၀၂၅/၁၂/၂၀၂၄)
ရက်စွဲ။ဒီဇင်ဘာလ၊ ၂၁ရက်၊၂၀၂၄ခုနှစ်
ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သော ဒလန်ငမျိုးအား သတင်းအရ ASTမှအနီးကပ်စောင့်ကြည့်ခဲ့ရာ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၁၉ရက်နေ့၊ ညနေ ၅နာရီအချိန်က စစ်ကိုင်းရွှေပုတီး(ပျူကတုံး)ဆရာတော်ဆီသို့ ရောက်ရှိနေကြောင်းသတင်းအရ ငမျိုးကို AST ၏ မိတ်ဖက်ဖြစ်သော"အရှေ့တောကျား NDA(MDY) " မှ ASTနှင့် ချိတ်ဆက်ကာ အနီးကပ် ရှင်းလင်းခဲ့ပါသည်။
ငမျိုးသည် အကြမ်းဖက်စကစ၏ ဒေါက်တိုင် သတင်းပေး ဒလန်သစ္စာဖောက်လည်းဖြစ်၊ ၂၀၂၂ ခုနှစ် မန္တလေးတွင်တော်လှန်ရေးအဖွဲ့များအား ပစ်မှတ်ထားသတ်ဖြတ်ခဲ့သောအနီရောင်စစ်ဆင်ရေးအဖွဲ့တွင် ပါဝင်ခဲ့သူ ၊ NLD မန်းနာယက ဦးကိုလေး၏ ဇနီးကိုရက်စက်စွာသတ်ဖြတ်ခဲ့သူ၊မန်းUG နဂါးလေး(Dragon Worrier)ကို ဖမ်းဆီးပေးခဲ့သူ၊မန်းPDF ကိုတာယာနှင့် PDFရဲမေ ဝတ်ရည်ချိုတို့ကိုသတင်းပေးတိုင်တန်းခဲ့သူလည်းဖြစ်သည်။
ပြည်သူ့ရင်မှ ပေါက်ဖွားလာသော ပြည်သူ့သားများသည် ပြည်သူမျက်နှာကိုသာ အဓိကရှေ့ရှုလျက် ပြည်သူများပေးပို့လာသော စစ်ရေး ပစ်မှတ်များအား တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အောင်စည်တော် AST-MDY
အရှေ့တောကျားNDA(MDY)
အောင်စည်တော် စစ်ဆင်ရေး
ကြေညာချက်အမှတ်။( ၀၂၃/၀၂၄/၄/၂၀၂၄)
ရက်စွဲ။ ဧပြီလ၊ ၁၀ရက်၊ ၂၀၂၄ခုနှစ်
မန္တလေးမြို့မှ မိဘပြည်သူများမှာ စစ်မှုထမ်းဥပဒေကြောင့် ပူဆွေးဝမ်းနည်းနေကြရသဖြင့် ငွေအလွန်ညစ်ကာ သောင်းကျန်းနေသော အုပ်ကြီးများနှင့် ရုံးများအား သတင်းပေးပို့ထားသည်များအနက်
ယနေ့ နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ် ၈၇လမ်း၂၃×၂၄ကြားအကွက်(၁၈၉)ရှိ သီရိမာလာအရှေ့ရပ်ကွက်ရုံး နှင့် နေ့ခင်းပိုင်းအချိန်တွင် ချမ်းမြသာစည်မြို့နယ် စစ်ကိုင်းလမ်းခွဲ ဦးပွါးဂုံးကျော် အရှေ့ဘက်အဆင်းလမ်းထိပ်ရှိ ချမ်းမြသာစည်တောင်ရပ်ကွက်ရုံးအား တစ်ရက်တည်းမှာပင် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသည်။
လက်ရှိအနေအထားတွင် အင်အားချည့်နှဲ့နေသော စကစသည် မြို့ပေါ်တွင် ပျူခွေးများကို အယောင်ပြအင်အားချကာ မြို့ပေါ်အား ထိန်းချုပ်ထားသယောင် ပြုလုပ်လျက်ရှိနေသည်။
ထိုအခွင့်အရေးကို လူ့ငနွားများဖြစ်သည့် အုပ်ချုပ်ရေးမှုးများနှင့် ၎င်းတို့ နေ့စားပေးနောက်လိုက် လူမိုက် ယောင်ယောင်ကျွန်နောက်လိုက်များမှ ပြည်သူများအား လက်နက်ပြခြိမ်းခြောက် ငွေညှစ်နေသည်ကိုလည်း သိရှိပြီးဖြစ်သည်။
ယခုကာလသည် တော်လှန်ရေးရေချိန်အမြှင့်ဆုံးကာလပင်ဖြစ်သည်။ မိမိ လုပ်နိုင်သည်ကို အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီကာ တော်လှန်ရေးမှာ ပါဝင်ကြစေလိုကြောင်း ပြည်သူများအား တိုက်တွန်းလိုပါသည်။
ထိုmission ဆောင်ရွက်မှုများအား ကျွန်ုပ်တို့ အောင်စည်တော် AST -MDY နှင့် STF-MDY ရဲဘော်များမှ ဖောက်ခွဲခဲ့ခြင်းဖြစ်ပါသည်။
ပြည်သူ့ရင်မှ ပေါက်ဖွားလာသော ပြည်သူ့သားများသည် ပြည်သူမျက်နှာကိုသာ အဓိကရှေ့ရှုလျက် ပြည်သူများပေးပို့လာသော စစ်ရေး ပစ်မှတ်များအား တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အောင်စည်တော် AST-MDY
Facebook link -
https://www.facebook.com/61550295789726/posts/pfbid023c2i7atwScdjVcNFACPBnu6moqh7yBzeR1yJZiYzLJtvPWW4vi5jJkHC8TDhLnP9l/
Log in or sign up to view
See posts, photos and more on Facebook.
အထူး သတိပေးကြေငြာချက်
ကြေညာချက်အမှတ်။( ၀၂၂/၄/၂၀၂၄)
ရက်စွဲ။ ဧပြီလ၊ ၉ရက်၊ ၂၀၂၄ခုနှစ်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃လမ်း ၁၀၅×၁၀၆ကြားရှိ မအလပိုင် Mingalar Hotel နှင့် ခွေးလက်စွဲစည်ပင်တို့ပူးပေါင်းလုပ်ဆောင်သည့် ဗဟိုမဏ္ဍာပ်ထက်ပင် ခန်းနားစွာတည်ဆောက်ထားသော Mingalar Mandalay မဏ္ဍာပ်အား ကျွန်ုပ်တို့ အောင်စည်တော် AST -MDY နှင့် STF-MDY ရဲဘော်များ မှ မိုင်းခွဲကာ သင်္ကြန်အကြို လက်ဆောင်အဖြစ်သတိပေး ဖောက်ခွဲခဲ့ပါသည်။
ရေပေါ်ဆီများကိုလည်း သတိပေးချင်သည်။ စစ်ကိုင်းမြို့ကျော်လျှင်ပင် စစ်မီးတောက်နေကာ လေဟာပြင်မီးလောင်ပြင်ဖြစ်နေပြီကို သိရှိကြပါလျှက် တစ်မြေထဲနေတစ်ရေထဲသောက်တွေတောင် စစ်ဘေးရှောင်နေရချိန် ကိုယ်နဲ့ရွယ်တူအသိမိတ်ဆွေတွေ တော်လှန်ရေးတိုက်ပွဲမှာဝင်တိုက်နေကြချိန် ပျော်တာကို လွပ်လပ်ခွင့် ရပိုင်ခွင့်နဲ့ရောချနေသည်မှာ သင်တို့၏ ကိုယ်ချင်းစာတရားမရှိသည့်အကျင့်စာရိတ္တနှင့် ခံယူချက်ပင်ဖြစ်သည်။
ဤမဏ္ဍပ်တွေသည် ဘယ်ကလာလဲ ဘယ်သူတွေလုပ်လဲ သိပါလျက်နဲ့ ဘာအတွက်လုပ်နေကြလဲသိပါလျက်နဲ့ ဝင်ပျော်နေကြခြင်းသည် လက်ရှိတော်လှန်ရေးအခြေအနေအား မသိကျိုးကျွံပြုလွန်းနေသည့်အတွက် ကျွန်ုပ်တို့မှလည်း စကစထောက်တိုင်များအား ညှာတာတွေးတောပေးရန် အကြောင်းမရှိပါ။ လူစည်ကားနေသည့် မဏ္ဍာပ်များ အထူးသတိထားပါ။
ထိုကဲ့သို့သော စကစနှင့် ပတ်သက်နေသည့်မည်သည့်ပစ်မှတ်မဆို တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မန်းသူမန်းသားများအနေဖြင့်လည်း တော်လှန်ရေးရေချိန်မြင့်တင်ကြပါရန် အသိပေး ကြေညာအပ်ပါသည်။
အောင်စည်တော် AST-MDY
Special Task Force Mandalay (STF-MDY)
Facebook Link -
https://www.facebook.com/61550295789726/posts/pfbid023c2i7atwScdjVcNFACPBnu6moqh7yBzeR1yJZiYzLJtvPWW4vi5jJkHC8TDhLnP9l/
Log in or sign up to view
See posts, photos and more on Facebook.
အောင်စည်တော် စစ်ဆင်ရေး
ကြေညာချက်အမှတ်။( ၀၂၁/၄/၂၀၂၄)
ရက်စွဲ။ ဧပြီလ၊ ၅ရက်၊ ၂၀၂၄ခုနှစ်
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် (၁)လမ်းရှိ မဟာအောင်မြေ ခရိုင်လဝကရုံးအား ကျွန်ုပ်တို့ အောင်စည်တော် နှင့် Special Task Force Mandalay( STF-MDY) ရဲဘော်များ မှ မိုင်းခွဲကာ အထူးသတိပေးခဲ့ပါသည်။
စစ်ရေးပစ်မှတ်ဖြစ်သည့်အတွက် ကျွန်ုပ်တို့မှာ ရွေးချယ်စရာအခြေအနေ များစွာမရှိပါ။ အကောင်းဆုံး ရွေးချယ်မှုအဖြစ် ပြည်သူများနားနေနိုင်သည့် ထမင်းစားချိန်ကိုသာ အတတ်နိုင်ဆုံး ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါသည်။
လဝကရုံးများသည် စစ်မှုထမ်းရန်အတွက် လူစာရင်းကောက်ခံခိုင်းနေသည့် အဓိက ပင်မကျောရိုးများဖြစ်သောကြောင့် ယခုလို တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပါသည်။တိုက်ခိုက်မှုအတွင်း ဒုလဝကမှုး သော်ဇင်ဦးအပါအဝင် (၉)ဦး ထိခိုက်ဒဏ်ရာရကာသေဆုံးသူ(၂)ဦး ရှိခဲ့ပါသည်။ စစ်ဆင်ရေးလုပ်ဆောင်ချိန်တွင် သတိပေးထားသည့်အတိုင်း စကစထောက်တိုင် ပစ်မှတ်နေရာများအား ကျွန်ုပ်တို့မှ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် ပစ်မှတ်မှာ စကစသာလျှင် အဓိကဖြစ်ပါသည်။
မန္တလေးတော်လှန်ရေးအင်အားစုများမှ စစ်မှုထမ်းခြင်းနှင်ပတ်သက်၍ ကြေငြာခဲ့ထားခဲ့သည့်အတိုင်းပင် ဆက်လက်လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ သတိပေးလိုက်သည်။
ပြည်သူများအနေဖြင့်လည်း မိမိတို့ရဲဘော်များနှင့်အတူ အသံကို နားစွင့်ကာ ရန်သူ့လှုပ်ရှားမှုများအား စောင့်ကြည့်ကာကွယ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် အထူးတောင်းဆိုအပ်ပါသည်။
စစ်ရေးဆိုင်ရာ ပစ်မှတ်များအား တိုက်ခိုက်မှုများကို အချိန်အခါကောင်းကောင်းတွင် သတိကြီးကြီးဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အောင်စည်တော် AST-MDY
Special Task Force Mandalay (STF-MDY)
Facebook Link -
https://www.facebook.com/61550295789726/posts/pfbid023c2i7atwScdjVcNFACPBnu6moqh7yBzeR1yJZiYzLJtvPWW4vi5jJkHC8TDhLnP9l/
Log in or sign up to view
See posts, photos and more on Facebook.
မန္တလေး တော်လှန်ရေး အင်အားစုများမှ စကစ၏ စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်နှင့်အတူ ခွေးကျွန်များမှ စီးပွါးဖြစ် ငွေညှစ်နေခြင်းများအား ပြင်းပြင်းထန်ထန် ရှုံ့ချသတိပေးချက် ထုတ်ပြန်ပါသည်-
-မန္တလေးမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် စကစမှ ထုတ်ပြန်ချက်ပေါ်လာပြီးသည့်နောက် မြို့ပေါ်ပြည်သူများအား အခွင့်ကောင်းယူကာ ငွေညှစ်နေသော မြို့နယ် ခုနှစ်မြို့နယ်မှ လဝက၊ထွေအုပ်၊ရပ်ကျေး ရာအိမ်မှုး ဆယ်အိမ်မှုများနှင့် ခွေးကျွန်နောက်လိုက်များ သိစေရန်-
သင်တို့သည် ပြည်သူလူထုအား နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်အရေးယူကာ ပြည်သူများအား မတရားခြိမ်းခြောက် ငွေညှစ်ထုတ်ကာ အကျိုးစီးပွါးရှာနေကြသည်ကို သိရပြီးဖြစ်သည်။ သင်တို့ အမည်လိပ်စာ နှင့်အတူ မိသားစုစာရင်းများပါ ကျွန်ုပ်တို့ထံ ရောက်နေပြီဖြစ်သည်။
တိုင်းပြည်အတွက် အသက်ပေး တိုက်ပွဲဝင်နေရသည့် ရဲဘော်များနှင့် ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခရောက်နေရသူများကို လစ်လျူရှုကာ မိမိကိုယ်ကျိုးစီးပွါးကိုသာ ရှေ့တန်းတင်နေသော သင်တို့အား တော်လှန်ရေး အဖွဲ့အစည်းများမှ သတိပေးလိုက်သည်။
အချိန်တစ်ခုအတွင်း မိမိလုပ်ရပ်များအတွက် ပေးဆပ်ဖို့ ပြင်ဆင်ထားကြပါ။ ကျွန်ုပ်တို့ အနေဖြင့် သင်တို့အား နေရာစုံမှ မျက်ခြေမပြတ် စောင့်ကြည့်နေပါသည်။
ယခုလုပ်ရပ်များအား ပြည်သူမှ အမည်တပ်ကာ ထပ်မံတိုင်တန်းလာပါက အမည်ထွက်လာသူကိုယ်တိုင် သွေးကြွေးဆပ်ရမည်ဖြစ်သည်။
မတရားလာရောက်ဖမ်းဆီးလာပါက လူစာရင်းအား နာမည်နှင့်တကွ ကျွန်ုပ်တို့ထံ media များမှတဆင့် ပေးပို့နိုင်သည်။
ယခုတင်ပြထားတော့ မဟာမိတ် အဖွဲ့အစည်းများထံသို့လည်း ထိုလူများ၏ လှုပ်ရှားမှုများကို ပေးပို့နိုင်ပါသည်။
သင်တို့ရှိနေသည့် ရပ်ကွက်တိုင်းတွင် ကျွန်ုပ်တို့အဖွဲ့များ၏ နား၊မျက်စိ များ အမြဲစောင့်ကြည့်နေသည်ကို သိစေအပ်သည်။
စကစ၏ အသေခံ လူသစ်အင်အားဖြည့်စုဆောင်းလိုခြင်းအတွက် အလိမ်အညာ စစ်မှုထမ်းဥပဒေအား ကျွန်ုပ်တို့ မန်းတော်လှန်ရေး အဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် ရှုံ့ချအပ်ပါသည်။
ဟု ထုတ်ပြန်ထားပါသည်။
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago