Perfect Family ( 2024 )/ DNA Lover ( 2024 )

Description
We recommend to visit

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2009_bot

Last updated 9 months, 3 weeks ago

Last updated 1 year, 2 months ago

မိတ်ဆွေအရင်းမှာ စာအုပ်၌ ရှိနေသည် ...

မင်းတို့ရဲ့တစ်နေ့တာဘ၀အမောတွေကို...ခံစားချက်တစ်ချို့နဲ့ဖြေဖျောက်ကြမလား။

မပိုင်ဆိုင်တော့တဲ့လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတကြမလား။
ဒါမှမဟုတ် စီးကရက်တိုကိုဟန်ပါပါရှိုက်ရင်း သတိရစိတ်တွေကိုလျစ်လျူရှူကြမလား..

Last updated 9 months, 1 week ago

1 Jahr, 2 Monate her

**Summer Night : EP 6 ( 1080P )

ဇာတ်လမ်းတွဲကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးတွေကို Join ထားပေးကြပါအုံးနော် ⬇️t.me/addlist/43SAvNGGjGExNWVl 18+ ချန်နယ်များ⬇️**t.me/addlist/O6NMTCakPzI2OGQ1

1 Jahr, 2 Monate her

**Summer Night : EP 5 ( 1080P )

ဇာတ်လမ်းတွဲကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးတွေကို Join ထားပေးကြပါအုံးနော် ⬇️t.me/addlist/43SAvNGGjGExNWVl 18+ ချန်နယ်များ⬇️**t.me/addlist/O6NMTCakPzI2OGQ1

1 Jahr, 2 Monate her

**သူငယ်ချင်းတွေ စနိုက်ကျော်တာကိုကြည့်ရမယ့်

Summer Night ?*?* အထက်တန်းကျောင်းပိတ်ရက်ရှည်တွေမစခင် တစ်ညအလိုမှာ ကျောင်းတော်ရဲ့ချစ်သည်းညှာ မင်းသမီးလေးတစ်ပါးဖြစ်တဲ့ Star နဲ့ ရည်ငံခဲ့မိတဲ့ Lune ဟာ သူငယ်ချင်းဖြစ်သူ White ရဲ့ Star အပေါ်မှာ ထားရှိတဲ့ခံစားချက်ကြောင့် သူ့ရဲ့အချစ်ရေးကို ဖုံးကွယ်ထားမိရာက စခဲ့တဲ့ အရှုပ်တော်ပုံတစ်ရပ်ဟာ သူငယ်ချင်းဆက်ဆံရေး၊ အချစ်ရေးနဲ့အမုန်းတရားတွေရောပြွမ်းနေတဲ့ ခံစားချက်မျိုးစုံနဲ့ အ ခြေအနေ တွေကို စတင်စေခဲ့တဲ့ ကနဦးအစဖြစ်ခဲ့ပါတယ်။

သိုဝှက်ထားခဲ့တဲ့ ဆက်ဆံရေးတစ်ခုပေါ်လွင်သွားတဲ့နောက်မှာ Lune နဲ့ White ကြားက သူငယ်ချင်းဆက်ဆံရေးကရော ရေရှည်တည်မြဲသွားနိုင်လိမ့်မလား။

ကြုံလာမဲ့ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကိုရော Lune နဲ့ Star တိုရဲ့ဆက်ဆံရေးက ကြံ့ကြံ့ခံရင်ဆိုင်နိုင်မလား...**

1 Jahr, 7 Monate her

**My Precious EP4 - 1080P

ဇာတ်လမ်းတွဲကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးတွေကို Join ထားပေးကြပါအုံးနော် ⬇️t.me/addlist/43SAvNGGjGExNWVl 18+ ချန်နယ်များ⬇️**t.me/addlist/O6NMTCakPzI2OGQ1

1 Jahr, 7 Monate her
**My Precious အပိုင်း (၄)**

My Precious အပိုင်း (၄)

1 Jahr, 7 Monate her

**" Love At First Night : EP 5 ( 1080P )

" ရင်ခုန်သံ အချစ်ည ? "

ဇာတ်လမ်းတွဲကောင်းလေးတွေ ကြည့်ဖို့ Main Channel လေးတွေကို Join ထားပေးကြပါအုံးနော် ⬇️t.me/addlist/43SAvNGGjGExNWVl 18+ ချန်နယ်များ⬇️**t.me/addlist/O6NMTCakPzI2OGQ1

1 Jahr, 9 Monate her

Orion and the Dark (2024)

~ IMDb – 6.7/10, RT – 87%, Meta – 74% ~

မိတ်ဆွေတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။

အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။

နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။

အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။

တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။လူတိုင်းမှာ အကြောက်တရားရှိကြတယ်။

ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။

ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။

အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။

ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။

အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။

အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။

ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။

အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။

အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။

ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။

ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။

ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။

သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။

ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။

လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။

ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။

တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။

အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။

ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။

Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

#Credit

2 Jahre her

Happy Merry Ending [2023]

အားလုံးစောင့်နေကြတဲ့ ဒီ BL Series လေးမှာဆိုရင် SS501 အဖွဲ့ဝင်
Kyu Jong တစ်ယောက်
Main Role ကနေပါဝင်သရုပ်ဆောင်ထားပါတယ်..

ဇာတ်လမ်းကတော့ အီဆွန်းဂျွန်းဟာ မင်္ဂလာခန်းမတစ်ခုမှာ မင်္ဂလာဂုဏ်ပြုတေးသီဆိုပေးရတဲ့အလုပ်ကိုလုပ်နေတဲ့ သာမန် ခပ်အေးအေးကောင်လေးတစ်ယောက်ပါ

ဒီအလုပ်တစ်ခုတည်းကိုပဲနှစ်နဲ့ချီပြီးလုပ်လာရတဲ့ အချိန်မှာ တဖြည်းဖြည်းနဲ့ မင်္ဂလာဆောင်နေကြတဲ့
အတွဲတွေအတွက်အချစ်ကိုပုံဖော်
စိတ်ကူးမြင်ယောင်ရင်း ဂုဏ်ပြုသီ
ဆိုပေးဖို့တောင် ခက်ခဲလာတဲ့အထိ သူ့ရဲ့အလုပ်အပေါ်ကို စိတ်ဝင်စားမှုနည်းလာပါတော့တယ်

ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့မင်္ဂလာခန်းမကို ပီယာနိုတီးပြီးဖျော်ဖြေမယ့် ဆုန်းဂျယ်ဟျွန်းဆိုတဲ့ကောင်လေးရောက်လာတဲ့ အခါမွာတက်တက်ကြွကြွသွက်သွက်လက်လက်ရှိတဲ့ ဂျယ်ဟျွန်းနဲ့ အေးတိအေးစက်ဆွန်းဂျွန်းတို့ ကြားကသံယောဇဉ်၊ ခင်မင်ရင်းနှီးမှူတို့က မင်္ဂလာပွဲတစ်ခုပြီးတိုင်း ပိုပိုလာရပါတော့တယ်...

ဒီလိုနဲ့နောက်ဆုံး သံယောဇဉ်တိုးရင်း ဘယ်လောက်အခြေအနေထိရောက်ကြမလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစရာ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်....

2 Jahre, 1 Monat her

Wuthering Heights (2011)Wuthering Heights ဆိုကထဲက ၉တန်း(အရင်သင်ရိုး ၁၀တန်း)ကျောင်းသား အရွယ်က သင်ကြားခဲ့ရတဲ့ သင်ခန်းစာလေးဆိုတာကို နည်းနည်းတော့မှတ်မိကြဦးမယ်ထင်ပါတယ် Liverpool မြို့လေးမှာ
“Cathy or Catherine, Hindley, Heathcliff Earnshawမိသားစု”ပါဝင်ခဲ့တဲ ဒီဇာတ်လမ်းလေးဟာ ကစားဖို့ မုန့်စားဖို့ ရုပ်ရှင်ကြည့်ဖို့လာသိတဲ့ ကလေးအရွယ် ကျွန်တော်တို့နှလုံးသားကိုတောင် ခပ်စပ်စပ် ရိုက်ခတ်နိုင်စွမ်းရှိခဲ့တယ် အရွက်ရောက်လာတော့လည်း အနည်ထိုင်စပြုနေတဲ့ ကျွန်တော့တို့နှလုံးသားကို ဒုတိယံပိ ပြန်လည်လှုပ်နှိုးခံလိုက်ရတယ် အဲ့ဒါကတော့စာရေးဆရာ ကျော်လှိုင်ဦးဘာသာပြန်ထားတဲ့ လေထန်ကုန်းဆိုတဲ့စာအုပ်လေးကြောင့်ပါ…. ဟော အခု ရုပ်ရှင်အသွင်နဲ့ပြန်ကြည့်ရတော့ ဘယ်ပြောကောင်းမလဲဗျာ…. နောက်တော့မှသိလာရတာက Wuthering Heights ကို Emily Btonyရေးသားပြီး ဒီစာအုပ်ဟာ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးသော ဂန္တဝင်ဝတ္ထုစာရင်းဝင်ခဲ့ပါတယ်…. လူရဲ့ကိုယ်ကျင့်တရား…မျိုးဆက်သစ်ပြုစုပျိုးထောင်မှုရဲ့အရေးပါပုံ…စာပေသင်ကြားခွင့်ဆုံရှုံးခြင်းဟာ လူ့ဘဝရဲ့အကြီးမားဆုံးသော ဆုံးရှုံးမှု ဆိုတာတွေကို ဒီကားမှာတွေ့နိုင်ပါတယ် ……***
မေ့နေတဲ့သူတွေအတွက် နည်းနည်းနွှေးရင်းဇာတ်လမ်းလေးအကြောင်းပြောပြပါ့မယ် Mr.Earnshaw ကြီးက Heathcliff ဆိုတဲ့ လမ်းပေါ်ကမိဘမဲ့ကောင်လေးတစ်ယောက်ကိုအိမ်ခေါ်လာပြီးမွေးစားခဲ့ပါတယ် အဲ့ဒီကောင်လေးဟာ မိမရှိဖမရှိ စကားတောင်ယဉ်ယဉ်ကျေးကျေးမပြောတတ်တဲ့ကောင်လေးဆိုတော့လည်း အိမ်သားတွေကမကြည်ဖြူဘူးပေါ့ Mr Earnshaw ကြီးမှာ Hindley နဲ့ Cathy ဆိုပြီးသားသမီးနှစ်ယောက်ကလည်းရှိပါတယ် သားဖြစ်တဲ့ Hindley ကတော့ လမ်းပေါ်ကကောင်လေး Heathcliff ကိုအမြင်ကတ်တဲ့ပုဒ်မနဲ့ အမြဲလိုလို ရန်ရှာခိုင်းစေတတ်ပါတယ် နှိမ်တယ် Cathyကတော့နူးညံ့တဲ့နှလုံးသားပိုင်ရှင်မိန်းကလေးပီပီ Heathcliffကိုသူငယ်ချင်းတစ်ယောက်လိုပဲမခွဲမခြားဆက်ဆံပါတယ်ဒါပေမယ့်လည်း ဂုဏ်ပကာသန ဆိုတာလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ အဆင်တန်ဆာတစ်ခုဖြစ်နေလေတော့ ချမ်းသာတဲ့Linton မိသားစုဝင်တစ်ဦးဖြစ်တဲ့ Aggar နဲ့ Catherine ကလက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာ Heathcliff အတွက် ခိုကိုးရာမဲ့သူသလိုဖြစ်သွားတယ်… ရှားရှားပါးပါးသူ့ကိုကြင်နာဂရုစိုက်ဆက်ဆံတတ်တဲ့သူကဂုဏ်သိက္ခာအဆင့်အတန်းတွေကြောင့်သူ့ဘေးနားကထွက်ခွာသွားရမယ်ဆိုတဲ့နာကျည်းမှုတွေက သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေဖို့အတွက် အဝေးတစ်နေရာကိုထွက်ပြေးသွားစေတဲ့အထိဖြစ်ခဲ့ပြီးသူ့ဘဝလည်းပြောင်းလဲလာခဲ့ပါတယ် ချမ်းသာမှု မိမိကိုယ်ကိုယုံကြည်မှုတွေနဲ့ ကျားရဲတစ်ကောင်လိုပြန်လာခဲ့တယ်.. ဒါပေမယ့်သူပြန်လာတဲ့အချိန်မှာအခါနှောင်းသွားခဲ့ပါပြီ …… ရှေ့ဆက်ဖြစ်မဲ့ဟာတွေတော့ အပြည့်အဝကြည့်ရှုရင်းခံစားလိုက်ပါဦး… ကိုင်းပြိတ်သတ်ကြီးရေ….အနည်ဆိုတာမျိုးကတစ်ခုခုနဲ့ထိခိုက်မိရင် ပြန်လှုပ်ခပ်ရိုးမဟုတ်လား …ခင်ဗျားတို့ရင်ထဲမှာအနည်ထိုင်ခဲ့တာကို အပြင်းစားရိုက်ချက်ကြီးနဲ့ ပြန်လည် လှုပ်ခတ်ခံရမှာကြောက်နေတယ်ဆိုရင်တော့ …… သဘောရှိပါဗျား…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ

2 Jahre, 1 Monat her

Thirupaachi [2005]

ဒီကားကတော့ ဗီဂျေးရဲ့ အောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်...

ဘယ်လောက်အထိလဲဆိုရင် တမီးလ်နာဒူးပြည်နယ်မှာ ရက်ပေါင်း (၂၀၀) လောက် ရုံတင်ပြသခဲ့ရလို့ Box Office မှာ ဝင်ငွေစံချိန်တင်ခဲ့တဲ့ ကားပါတဲ့...

ဆီဗာဂီရိ(ဗီဂျေး)နဲ့ ကာပါဂမ်(မလိခ) တို့က အရမ်းချစ်ကြတဲ့ မောင်နှမတွေဖြစ်ပြီး ဓားလုပ်ငန်း လုပ်ကိုင်မှုနဲ့ နာမည်ကြီးတဲ့ ရွာတစ်ရွာမှာ နေထိုင်ကြသူတွေပါ...

အကိုကြီးအဖအရာဆိုသလို ညီမလေးရဲ့ နောင်ရေးကောင်းစားဖို့ ဆီဗာဟာ သူ့ညီမလေးကို အိမ်ထောင်ချပေးပြီး မြို့မှာ သွားနေစေချင်သူပါ...

ကံအကြောင်းတိုက်ဆိုင်ချင်တော့ သူတို့ရွာလေးကို လာလည်တဲ့ မြို့ကြီးသားတစ်ယောက်က ကာပါဂမ်ကို သဘောကျပြီး လက်ထပ်ခွင့်တောင်းတာနဲ့ ပေးစားလိုက်ပါတယ်...

ဒီလိုနဲ့ ညီမဖြစ်သူ ရှိတဲ့ ချန်နိုင်းကို အလည်အပတ်သွားရင်း တရားခွင်မှာ တရားလိုဘက်က မျက်မြင်သက်သေဖြစ်တဲ့ လူတစ်ယောက်ကို ချန်နိုင်းမြို့က လူမိုက်ကြီး ပတ္တာလူးဘာလူလက်ကနေ ကယ်လိုက်ပါတယ်...

ဒီကြားထဲမှာပဲ ယောက်ဖဖြစ်သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ဟန့်တား အနှောက်အယှက်ပေးနေတဲ့ ပတ္တာလူးဘာလူရဲ့ လူတစ်ယောက်ကိုလည်း ဆီဗာက ပညာပေးလိုက်ပါသေးတယ်...

အဲ့ဒီကစလိုက်တဲ့ ရန်ညှိုးကြောင့် ပတ္တာလူဘာလူတို့ လူမိုက်အုပ်စုလက်ကနေ ညီမဖြစ်သူနဲ့ ယောက်ဖဖြစ်သူကို ကာကွယ်ပေးရတဲ့ အထိ ဖြစ်လာပါတယ်...

ဗီဂျေးရဲ့ မှတ်တိုင်ဖြစ်ခဲ့တဲ့ကားဆိုတော့ မကောင်းမှာတော့ မပူပါနဲ့...

We recommend to visit

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2009_bot

Last updated 9 months, 3 weeks ago

Last updated 1 year, 2 months ago

မိတ်ဆွေအရင်းမှာ စာအုပ်၌ ရှိနေသည် ...

မင်းတို့ရဲ့တစ်နေ့တာဘ၀အမောတွေကို...ခံစားချက်တစ်ချို့နဲ့ဖြေဖျောက်ကြမလား။

မပိုင်ဆိုင်တော့တဲ့လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတကြမလား။
ဒါမှမဟုတ် စီးကရက်တိုကိုဟန်ပါပါရှိုက်ရင်း သတိရစိတ်တွေကိုလျစ်လျူရှူကြမလား..

Last updated 9 months, 1 week ago