ချစ်သင့်လွင်ပြင် 🤍

Description
ကဗျာများသာ စိတ်ဖြေရာ
လူငယ်ဆိုတာ အနာဂတ်

ကြော်ငြာအတွက် သိလိုလျှင် Dm - @mumuxaz

Join - https://t.me/Ch_by_Poem
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated hace 1 año, 5 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 1 año, 10 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated hace 1 año, 5 meses

1 year, 6 months ago

ဘယ်တတ်နိုင်မလဲလို့သာညည်းရင်း
ငါရှေ့ဆက်လျှောက်ခဲ့တယ်ဟေသာ
ဝဋ်ကြွေးတစ်ခုလို့သာယူပါရစေ
ငါပင်ပန်းလှပြီ ပန်းတွေလဲနွမ်းလှပြီ။

-နယ်သာပို

1 year, 6 months ago

လူတွေကသိပ်ခက်တယ်
အရွယ်ရောက်လာလေ
လူတွေအကြောင်း ပိုသိလေလေပဲ
သိပ်ခက်လှတဲ့လောကကြီးအလယ်မှာ
ကျွန်တော်လူဝင်ဆံ့အောင်
ကြိုးစားပြီး ဖြစ်သလို နေနေရတယ်

-မေလွန်း

1 year, 6 months ago

မပိုင်ဆိုင်ခဲ့ရတဲ့ ပန်း

လှပသောအဆင်းသဏ္ဏန်ရှိနေမှတော့
ဆူးရှိနေရင်တောင် ကို့ဘက်က
ဒဏ်ရာတွေပွေ့ပိုက်ကာ ဆက်လက်
ညှိတွယ်နေမှာပါ မခင်နှင်းဆီ..

ပန်းတို့ဂုဏ်နဲ့တင်နိူင်းရသလောက်အောင်
‌ကို့အချစ်က ကဗျာလည်းမဆန်ခဲ့သလို
ပကာသနတွေလည်း မပါခဲ့ပါဘူး ..

ကို့မှာ အလွမ်းညတာကို ကျော်ဖြတ်ဖို့
ဒီည ကို့အိပ်ချိန်တွေဟာ
သန်းခေါင်ယံထက်
ညနက်နိုင်ပါ့အုံးမလား မခင်နှင်းဆီ

ခုကော ကိုမေ့နိုင်သွားပီများထင်ခဲ့သလား
ကိုမြတ်နိုးစွာ ပျိုးထောင်ခဲ့‌ပေမဲ့
မပိုင်ဆိုင်ခဲ့ရတဲ့ပန်းလေးမို့
ကို မင်းကို သိပ်ချစ်ခဲ့ရပါတယ်
သိပ်ပီးတော့ချစ်ခဲ့ရပါတယ် မခင်နှင်းဆီ....

-ဇေယံ(အရိပ်)
-ချစ်သင့်လွင်ပြင်admဝင်ခွင့်

1 year, 6 months ago

ညနက်နက်အချိန်မှာ
အရင်အနာဟောင်းက
ယွပိုးထိုးလာပြန်လာတယ်
ပြောချင်တဲ့စကားနဲ့
မပြောလိုက်ရတဲ့စကားက
လွဲရင် ကျန်တာက
အကုန် မေ့ပစ်လိုက်ပေါ့လေ

ရင်ထဲက လူတစ်ယောက်ကိို
မမေ့နိုင်​သေးရင်
အပြင်မှာနောက်တစ်ယောက်
မထားရဘူး အညိုရဲ့

နစ်နာသူမဟုတ်ရင်
ဟန်မဆောင်ပါနဲ့ အညို
ပုံမကျပန်းမကျ ပျက်စီးနေတဲ့
နှလုံးသားကလွဲရင်
အကုန်လုံးဟာ သာမန်ပါပဲ။

သန်းခေါင်ယံ
သောက်တဲ့ ဆေးလိပ်က
ပိုချိုသလို
စိတ်ထဲထင်မှတ်စေတာပဲ
စွဲလမ်းမှုရဲ့အလွန်မှာ
ဘယ်အရာများရှိပါ့မလဲပေါ့။

-Zenith?

1 year, 6 months ago

ဆွေးနေကြမှာဆိုလို
ဘယ်ဟာသမှ မတိုးလဲ
အနည်းငယ် သက်သာအောင်

ဟာသလေတွေ တင်ပေးမယ်

Join > @Ch_By_Us

#???

1 year, 6 months ago

ဇာက်သိမ်းခန်းမလှတဲ့ ပြဇာက်တွေထဲ
ဆက်မကချင်တော့ဘူး
ငါ့ဒဏ်ရာ ငါပဲသိတယ်။

ဆေးလဲမမှီ ဘေးမှာလည်းသူမရှိတော့ဘူး။
ကြွင်းသာတူးထားလိုက်ပါ
အရာအာလုံးကို နှုက်ဆက်ပီးရင်
ငါလာခဲ့မယ်။

ဖယောင်း

1 year, 9 months ago

မင်းရဲ့အမှားကို ငါဘက်က အကြိမ်ကြိမ် သည်းခံခွင့်လွှတ်ပေးခဲ့ပေမယ့် အမှတ်မရှိ အဖြစ်မရှိတဲ့ ငါနှလုံးသားကိုယ်တိုင်က မင်း ဆိုရင် အမြဲလက်ခံချင်နေမိတယ် ။

#Zee [ကောင်းမြတ်]

1 year, 9 months ago

ဒုက္ခနဲ့ပဲ တွေ့တွေ့ သောကနဲ့ပဲ တွေ့တွေ့
မေမေရင်ခွင် ပြေးဝှေ့ချင်တယ်
တေလေငှက်ဆိုပေမယ့်
အိပ်တန်းတော့ လွမ်းတာပါပဲ အမေရယ် ။

မင်းဧကရာဇ်

1 year, 9 months ago

11:11 ❤️?

မမကို သတိရသလားဆိုရင် သိပ်ကိုသတိရမိတာပေါ့ ဒါပေမယ့် မမ နဲ့ မောင်က မသက်ဆိုင်တော့တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်သွားပါပြီလေ
မမရဲ့ အပြုံးတစ်ပွင့်ကို ဝေးတကာဝေးဆုံးကနေပဲ လှမ်းမျှော်ကြည့်နေပါတော့မယ် မမရယ် ။

#Zee [ကောင်းမြတ်]

1 year, 9 months ago

ဒီတစ်ကြိမ်လည်း
အရင်လိုပါပဲ
ကျွန်မ အနိုင်လဲမယူနိုင်သလို့
တာဝန်လဲမယူနိုင်ခဲ့ပါဘူး ။

-နုနု

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated hace 1 año, 5 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated hace 1 año, 10 meses

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated hace 1 año, 5 meses