MFSD

Description
- မီးဘေးလုံခြုံရေး။
- သဘာဝဘေးအန္တရာယ် ကာကွယ်ရေး။
- ရှာဖွေကယ်ဆယ်ရေး။
- ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago

၂၈.၁၂.၂၀၂၄ ရက်နေ့၊ ၁၅ ၂၀ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ကန်ပန်ရပ်ကွက်၊ မြို့ဉီးဘုန်းကြီးကျောင်းရှေ့ ဘောလုံးကွင်းအတွင်း၌ Hino(၁၂)ဘီး အမျိုးအစား(အဖြူရောင်)ဆီဘောက်ဆာယာဉ်ပေါ်ရှိ ဓာတ်ဆီများအား Nissan(၁၂)ဘီး (ဖြူ/စိမ်း)ယာဉ်ပေါ်ရှိ သံပီပါများအတွင်းသို့ ဆီဖြည့်စဉ် ဆီနော်ဇယ်ပိုက်ခေါင်းနှင့် ပီပါများပွတ်တိုက်မိပြီး မီးပွားများမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကျေးသီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၆ ၁၀ အချိန် မီးငြိမ်းပါသည်။

1 year, 1 month ago

၂၈.၁၂.၂၀၂၄ ရက်နေ့၊ ၀၉ ၄၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်စခန်းနှင့် ပုသိမ်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်(၅)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ ၀၅ အချိန် မီးငြိမ်းပါသည်။

1 year, 1 month ago

၂၇.၁၂.၂၀၂၄ ရက်နေ့၊ ၂၃ ၀၂ အချိန်ခန့်၊ ရန်ကုန်တိုင်ဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးလူညှပ်နေကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ Towing vehicle (၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ တောင်ဥက္ကလာမြို့နယ်မီးသတ်စခန်းမှ Lifiting vehicle (၁)စီးထွက်ခွာလျက်ရှိပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာမစိုးရိမ်ရတို့အား သွေးဒါနမျိုးဆက်လူမှုကူညီးရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

1 year, 1 month ago

၂၂.၁၂.၂၀၂၄ ရက်နေ့၊ ၁၃ ၀၀ အချိန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာ၊ မြို့ပတ်(၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကျွဲကူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၃ ၂၈ အချိန် မီးငြိမ်းပါသည်။

1 year, 1 month ago

၂၁.၁၂.၂၀၂၄ ရက်နေ့၊ ၀၁ ၁၅ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ (၅)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၁ ၃၅ အချိန် မီးငြိမ်းပါသည်။

1 year, 2 months ago

၁၉.၁၂.၂၀၂၄ ရက်နေ့၊ ၁၄ ၄၃ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပန်းချီကျေးရွာအနီး စစ်ကိုင်း-မန္တလေးလမ်းဟောင်းရှိ စက်သုံးဆီဆိုင်ရှေ့တွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်သမန်ကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုံးအိုးကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှမ်းကလေးကျွန်းကျေးရွာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၅ ၀၀ အချိန် မီးငြိမ်းပါသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဉ်မောင်းကျား(၁)ဦး မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)အား လူငယ်အားမာန်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် အမရပူရမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

1 year, 2 months ago

၁၄.၁၂.၂၀၂၄ ရက်နေ့၊ ၁၉ ၅၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်၊၊Update
၂၀ ၀၅အချိန်တွင် ယာဉ်အတွင်းညပ်နေသောကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား We Love Care ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်၊၊

1 year, 2 months ago

၁၄.၁၂.၂၀၂၄ ရက်နေ့၊ ၁၃ ၁၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့်(၅)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၁၃ ၁၆ အချိန် မီးငြိမ်းပါသည်။

1 year, 2 months ago

၁၃.၁၂.၂၀၂၄ ရက်နေ့ ၊ ၁၄ ၃၅ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့၊ အမှတ် (၃)ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်းတုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၄ ၄၅ အချိန်မီးငြိမ်းပါသည်။

1 year, 2 months ago

၁၂.၁၂.၂၀၂၄ ရက်နေ့၊ ၁၄ ၂၉ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီးတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
Update
၁၄ ၅၀ အချိန် မီးထိန်းပါသည်။
Update
၁၅ ၅၀ အချိန် မီးငြိမ်းပါသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago