CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 year, 2 months ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 year, 2 months ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 1 year, 1 month ago
နေပူချက်ကတော့
တစ်ကိုယ်လုံး ပျော်မကျအောင်
အတော်လေး ဂရုစိုက်နေရတယ်
ပန်းချီကြိုးဝိုင်း
တစ်နေကုန်ထိုင်ပြီး
ပန်းချီရေးနေသူကို
မပျင်းဘူးလားလို့
သွားမမေးလိုက်ပါနဲ့။
တကယ်တော့ပျင်းဖို့
နေနေသာသာဗျာ
ကျနော့်အတွက်တော့
ပန်းချီရေးနေရတာက
One Championship
ထိုးနေရသလိုပါပဲ။
ပန်းချီကားနဲ့ကျနော်
အပြန်ပြန်အလှန်လှန်
နပန်းလုံးနေကြရင်း
ဆေးစက်တွေက
ပြန်ကျဲလွင့်စင်လို့။
ငွေလသာ(4.4.2024)
???
စနေတနင်္ဂနွေရက်တွေမှာ
ပန်းချီသင်တန်းကို
ပြန်ဝင်သင်သွားမှာမို့
လိုအပ်တာလေးတွေ
ပြင်ဆင်ထားကြနော်
သည်ကနေ့ဆိုရင်
ပန်းချီလောကထဲကို
ကျနော်ဝင်ရောက်လာခဲ့တာ
(၇) နှစ်ပြည့်ခဲ့ပြီ
နေ့ရက်တွေတိုင်းမှာ
ဆေးရောင်တွေစုံလိုက်
ဖျက်ရာတွေပြင်ရာတွေနဲ့
အချိန်တွေဖြတ်ကျော်ခဲ့ပြီ။
အဆိပ်
အစကတည်းက
ခါးပြလိုက်ပါလားဗျာ
ဘာလို့များချိုမြနေခဲ့တာလဲ
အစကတည်းက
စိမ်းကားပစ်လိုက်ပါလားဗျာ
ဘာလို့များဖေါ်ရွေနေခဲ့တာလဲ
အစကတည်းက
အကျည်းတန်ခဲ့ပါလားဗျာ
ဘာလို့များလှပနေခဲ့တာလဲ
အားလုံးလက်လွန်ကုန်မှ
အားလုံးစွဲလမ်းကုန်မှ
အားလုံးစီးဝင်ကုန်မှ
အန်ထုတ်လို့မရ
ဖောက်ထုတ်လို့မထွက်
သိပ်ခက်တဲ့အဆိပ်ခွက်ပဲ
ငွေလသာ(1.4.2024)
ခင်ဗျားသိပ်စွမ်းတယ်ဗျာ
အရက်သောက်သူကိုမုန်းခဲ့တဲ့ကျနော်
အဖေအရက်သောက်လို့
အမြဲစိတ်ညစ်ရတဲ့အရှိန်ရယ်
နည်းပညာကျောင်းသားဘဝက
အဖြစ်ပျက်ဆိုးရယ်ကြောင့်
အရက်သောက်သူမိန်းခလေးတွေကို
ကြည့်မရခဲ့ပေမယ့်
ခင်ဗျားကိုချစ်မိခဲ့ချိန်ကစပြီး
ကျနော့်စိတ်တွေပြောင်းလဲသွားလိုက်ပုံများ
ခင်ဗျားသောက်တာကို
မမုန်းတဲ့အပြင်
ခင်ဗျားအနားလိုက်ပီး
စောင့်ရှောက်မယ်ဆိုတဲ့အထိ
ပြောင်းပြန်ဖြစ်ကုန်တယ်
ခင်ဗျား သိပ်စွမ်းတာပဲဗျာ
ငွေလသာ(31.3.2024)
မနှစ်ကတော့
သည်လိုရက်
သည်လိုအချိန်တွေ
ပုံရေးရင်း
စိတ်တွေပျော်ရွှင်ကြည်နူးနေခဲ့ရတယ်
ခုနှစ်တော့လည်း
နွေဟာပိုခြောက်သွေ့ပြီး
ပိုပူလောင်နေလိုက်တာဗျာ
ငွေလသာ(31.3.2024)
မီးသတ်ပွဲ
မီးစလောင်ချိန်
ငါနဲ့မဆိုင် ဘေးထိုင်နေသူတွေ
နေသာသလိုနေခဲ့သမျှ
အသေနာကြပြီ။
ကိုယ့်အထုပ်ကိုယ်ပြင်
ကိုယ့်အိမ်ကိုယ်သာ
ကာကွယ်လာကြရင်း....
တစ်စစနဲ့
လောင်လာလိုက်တာ
ကိုယ့်အိမ်မီးစွဲမှ
အော်သူကအော်
ငိုသူကငို
အပိုတွေသိပ်လုပ်မနေကြနဲ့
မီးကိုမသတ်သ၍
အားလုံးအလောင်ခံရမယ်။
အဝေးအိမ်လောင်နေလည်း
ကိုယ်နဲ့ဆိုင်တယ်
ဘေးအိမ်လောင်လည်း
ကိုယ်နဲ့ဆိုင်တယ်
တစ်ချို့ကတော့
လောင်တာသတ်တယ်
တစ်ချို့ကတော့
လောင်စာထည့်တယ်
လောင်တာသတ်မှာလား
လောင်စာထည့်မှာလား
နားလည်သင့်ပြီမို့
ဝိုင်းဝန်းတူညီ
မီးငြိမ်းသတ်ကြစို့။
-----ငွေလသာ(22.3.2024)
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 year, 2 months ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 year, 2 months ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 1 year, 1 month ago