Bollywood Cinema

Description
For Ads Contact 📌 @Alexic56
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 11 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 11 months, 2 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 9 months, 3 weeks ago

10 months ago
**Rumble in the Bronx (1995)** *****😍***** …

Rumble in the Bronx (1995) *😍* ၁၉၉၅ ခုနစ်မှာရိုက်ကူးခဲ့တဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းအဟောင်းလေးပါ ထုံးစံအတိုင်းပဲ ဟာသ အက်ရှင် စတန့်ပေါင်းများစွာနဲ့Jackie Chan ပရိတ်သတ်တွေအကြိုက်တွေ့ကြမှာကျိန်းသေပါတယ် ဒေါ်လာ ၇သန်းခွဲအကုန်အကျခံရိုက်ကူးခဲ့ပြီး
သန်း ၃၂၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ နာမည်ကျော်ဇာတ်ကားကောင်းတခုလဲဖြစ်ပါတယ်ဟောင်ကောင်ကကွန်ဖူးချန်ပီယံကောင်လေးတယောက်ဟာအမေရိကန် နယူးယောက်မှာအခြေချနေတဲ့ဦးလေးဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုအလည်လာရင်း နယူးယောက် ရဲ့ ဘရွန့်စ်ရပ်ကွက်ထဲက လမ်းသူရဲများနဲ့ပြသနာဖြစ်မိရာကနေ ပိုကြီးတဲ့ ပြဿနာတောထဲရောက်သွားရာက သူဘယ်လို ရင်ဆိုင်မလဲဆိုတာ ကို စတန့်တွေ အထိုးအကြိတ် အက်ရှင်တွေ နဲ့ သွက်သွက်လက်လက် ရှုစားရမှာဖြစ်ပါတယ်

Video Link**https://t.me/biscopei00/1999

10 months ago
Barefoot (2014)

Barefoot (2014)

ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် မင်းသားဂျေးကတော့အိမ်က ပိုက်ဆံရှိချမ်းသာပေမယ့်တခြားမြိုမှာ မိန်းမရှုပ် လောင်းကစားလုပ်နဲ့မူးရူးသောင်းကျန်းနေတဲ့ လူ့ဘောကျော့တယောက်ဖြစ်တယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် စိတ္တဇဆေးရုံမှာ လူမှုရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ဖိုအမိန့်ချခံလိုက်ရတယ်။ ထိုအချိန်မှာပဲ ဆေးရုံလာတက်တဲ့စိတ်ဝေဒနာရှင်မင်းသမီးဒေစီနဲ့ စတင်တွေ့ဆုံပါတော့တယ်။ ဒေစီဟာ ဂျေးကို မြင်မြင်ချင်းသံယောဇဉ်ဖြစ်သွားပြီနေရာတကာတကောက်ကောက်လိုက်တယ်။ အကြွေးတွေဆပ်ဖိုပိုက်စံလည်းလို…ညီရဲ့မင်္ဂလာဆောင်ကလည်းရှိ…အဖေကလည်းဂျေးကိုချစ်သူတယောက်ခေါ်ပြီး အိမ်ကိုပြန်ဖိုပြောတဲ့အချိန်မှာ…ချစ်သူကလည်းရှာမရကြံရာမရတဲ့အဆုံးစိတ်ဝေဒနာရှင်ဒေစီကိုပဲ ချစ်သူအဖြစ်ဟန်ဆောင်ပြီး မိသားစုနဲ့သွားတွေ့တဲ့အချိန်မှာပဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသမီးဒေစီရဲ့ innocent ဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင် ဇာတ်ကားဟာ ရသမြောက်ခဲ့ပါတယ်

📌 Movie link 🍿
https://t.me/mmchannel2/827

10 months ago
10 months, 1 week ago
Geostorm (2017)

Geostorm (2017)

၂၀၁၉ ခုနှစ်မှာ ကမ္ဘာတ၀ှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီး အဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်​ချ်​ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်

ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ်ကစနစ်ကို နာဆာ လက်အောက်မှတဆင့်ဦးဆောင်ရင်း ၃နှစ်ခန့်ကြာသောအခါမှာတော့နာဆာရဲ့ဒက်​ချ်​ဘွိုင်း ဂြိုလ်တုတစ်ခုဟာအာဖဂန်နစ်စတန် ရဲ့သဲကန္တာရတစ်ခုထဲကမြို့အပေါ်ကျခဲ့ပြီးတစ်မြို့လုံးရေခဲပြီးအကုန်အေးခဲသေသွားကြတယ်

ဂျိတ် တစ်ယောက်နာဆာမှတဆင့် အာကသထဲက ဒက်​ချ်​ဘွိုင်းစနစ်တည်ရှိရာစခန်းသို့ရောက်သွားချိန်မှာတော့သူ့ညီမတ်ထင်နေခဲ့သလိုဒက်​ချ်​ဘွိုင်း ရဲ့စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေ၀သ ထိန်းချုပ်တဲ့စက်အပေါ်လူသတ်လက်နက်အဖြစ်အသုံးချနေတဲ့ အဖြစ်မှန်းသိရှိသွားခဲ့သောအခါ

? Movie link ?
https://t.me/mmchannel2/805

10 months, 1 week ago
**Wild Things: Diamonds in the Rough …

Wild Things: Diamonds in the Rough (2005) *?* Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။သုံးကားမြောက်ဇာတ်ကားဖြစ်တဲ့ Wild Things: Diamonds in the Rough မှာတော့ မာရီဆိုတဲ့ သူဌေးသမီးလေးနဲ့သူ့ပထွေးဖြစ်သူဂျေးတို့ဟာမာရီအတွက် သူ့မိခင်ချန်ထားခဲ့တဲ့ အမေနဲ့သမီး အမည်ရှိ ဒေါ်လာသန်းချီတန်စိန်နှစ်ပွင့်ကိုရဖို့ တရားရုံးမှာအမှုရင်ဆိုင်ဆဲဖြစ်နေတာကိုတွေ့ကြရမှာပါ။အဲ့ဒီမှာမှ မာရီနဲ့လုံး၀မတည့်တဲ့ သူတို့ကျောင်းကို ဒီနှစ်မှရောက်လာတဲ့ ဆင်းရဲသားရပ်ကွက်က ကောင်မလေး အယ်လီနာက သူ့ပထွေးဂျေးကို မုဒိမ်းမှုနဲ့တရားစွဲပါတော့တယ်။ပြောင်းလဲသွားတဲ့ အခြေအနေဟာ မာရီဘက်က အသာစီးရဖို့ဖြစ်လာခဲ့ပြီး အဲ့ဒီအခွင့်အရေးကိုဘယ်လိုအသုံးချအနိုင်ယူမလဲ?ဖြစ်စဉ်တွေဟာ အမြင်အတိုင်းရိုးရှင်းပါရဲ့လားဆိုတာ ထုံးစံအတိုင်းလှည့်ကွက်တွေအပြည့်နဲ့ရှုစားရမှာပါ၊ အရင်ကားတွေပုံစံအတိုင်း မိန်းမလှလေးတွေ၊ဘီကနီတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေအများကြီးပါဝင်တဲ့အတွက် ဆယ့်ရှစ်နှစ်အောက်မကြည့်ရဇာတ်ကားပဲဖြစ်ပါတယ်။

Video Linkhttps://t.me/biscopei00/1907 ----------------------------------------------*?*?*?*Ads Section*?*?*?* ----------------------------------------------

HOK နဲ့ Frozen ရဲ့အလန်းစား Collaboration ??

Frozen ထဲကဇာတ်ကောင် Skin တွေနဲ့ HOK ထဲမှာ
မြန်မာလိုကြီးတီးနိုင်ပါပြီနော် ???

အခုလိုမျိုး Esports နဲ့ပက်သက်တဲ့ Up to Date News တွေကို ဖတ်ရှုပြီး Esports အသင်းတွေရဲ့ Official Jersey
တွေကို Eternity App မှာဝင်ရောက်ကြည့်ရှုပြီး အလွယ်တကူ ဝယ်ယူနိုင်ပါတယ်ဗျ‼️

Download Eternity App on IOS - https://shorturl.at/foP12 Download HOK -** https://honorofkings.live/download

10 months, 1 week ago
1 year ago
**The Karate Kid (2010)**

The Karate Kid (2010)

ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်

ပတ်ဝန်းကျင် အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်

မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက်ခန်းရဲ့ အောက်နားမှာနေပြီးအင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့  သူတစ်ယောက်ဖြစ်ပါတယ်

ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်..

ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်းမကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကိုရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်

မိသွားလို့ ဝိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း)ရောက်လာပြီး ကလေးတွေကိုဝင်တားလိုက်ရပါတယ်

ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ သိုင်းသင်တန်းကျောင်းကအတော်ဆုံး
ကလေးတွေဆိုတာပါပဲ

နဂါးနီသင်တန်းကျောင်းဆရာ နဲ့ မစ္စတာဟန်တို့ထိုကိစ္စအတွက်ကြောင့်ကတောက်ကဆဖြစ်ပြီး လူငယ်သိုင်းပြိုင်ပွဲမှာ ဒရေကိုလာရောက်ယှဉ်ပြိုင်ဖို့စိန်ခေါ်ခဲ့ပါတယ်..

? Movie link ?
https://t.me/mmchannel2/334

1 year ago
**Independence Day: Resurgence(2016)** *****?***** **ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ …

Independence Day: Resurgence(2016) *?* ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ
ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလို
မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် …ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက်သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည်ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။

Video Link**https://t.me/biscopei00/374

1 year ago
Evan Almighty [2007]

Evan Almighty [2007]

ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။

အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။

အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို အကြောင်းဖန်လာပါတယ်။

ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။
ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ပူပူနွေးနွေး အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်လေး အီဗန် ဘတ်စ်တာကို ခေတ်သစ် နောဧအဖြစ် ဘုရားသခင်က ရွေးချယ်လိုက်တဲ့အခါမှာတော့ ပေါက်ကရ ရယ်စရာအဖြစ်တွေ ပေါ်ပေါက်လာပါတော့တယ်။

မိသားစုကြည့် ရယ္စရာ ပညာပေးကားတစ်ကားဖြစ်ပြီး ဝါးလုံးကွဲရယ်ရတာမျိုးမဟုတ်ဘဲ တပြုံးပြုံးနဲ့ ဇာတ္ကားဆုံးတဲ့အထိ ထိုင်ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။

? Movie link ?
https://t.me/mmchannel2/331

1 year ago
Toilet: Ek Prem Katha (2017)

Toilet: Ek Prem Katha (2017)

IMDB (7.2/10)

ကဲကဲ Rating မြင်တာနဲ့တင်ကြည့်ကိုကြည့်သင့်တယ့်ကား
ကုလားကားထဲမှာဆိုရင် လွန်ပြိးကောင်းနေတယ့်ကားဆိုလဲမမှားဘူး
လူလဲအမေးများနေလို့တင်ပေးလိုက်ပြီနော်

Video Link
https://t.me/biscopei00/251

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 11 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 11 months, 2 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 9 months, 3 weeks ago