Unlock a World of Free Content: Books, Music, Videos & More Await!

Channel B Movie 1(CB)

Description
Advertising
We recommend to visit

ҚР Төтенше жағдайлар министрлігінің әлеуметтік желілері:

https://www.facebook.com/qrtjm?mibextid=LQQJ4d

https://instagram.com/tjm_mchs?igshid=YmMyMTA2M2Y=

www.tiktok.com/@tjm_mchs

Last updated 3 days, 21 hours ago

Павлодар облысы білім беру басқармасы

Last updated 2 months, 3 weeks ago

Бәріңе сәлем, мен PUBG MOBILE ойынында тиктокер әрі стример - Қазанбас! Есімім Жанболат (Жанбо), Алматы қаласынан боламын. Менімен әрқашан байланыста болу үшін телеграм канал аштым.
Ал Қош келдің ❤️✊🇰🇿

Last updated 1 week ago

1 month, 1 week ago
Channel B Movie 1(CB)
1 month, 1 week ago
Channel B Movie 1(CB)
1 month, 2 weeks ago

The Escape of the Seven (Season 2)

ဒီည စထွက်မှာနော် 😍

တင်ပေးမဲ့ချန်နယ် ❤️👇

https://t.me/Channel_B_CB_Main/1027?single
https://t.me/Channel_B_CB_Main/1027?single

Channel B ပရိသတ်ကြီးတို့ အားပါးတရလောင်ခဲ့ရတဲ့
‘The Escape of the Seven’ ဟာဆိုရင်
March လ 29 ရက်ဆိုရင် Season 2 ထွက်ရှိတော့မှာပဲဖြစ်ပါတယ်
cast အသစ်အနေနဲ့ CNBLUE’s Lee Jung Shin ပါ
ပါဝင်ထပ်တိုး သရုပ်ဆောင်ထားတာဖြစ်ပြီး
ကျန်တဲ့ cast တွေကတော့ မပြောင်းမလဲပါပဲ

မိန်းကလေးတစ်ယောက်ရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ လူ ၇ ယောက်ရဲ့ အရှုပ်တော်ပုံနဲ့
သူတို့တွေ ဘယ်လို ရှင်သန်လွတ်မြောက်အောင်
ကြိုးစားကြသလဲဆိုတာကို Penthouse Cast တော်တော်များများပါဝင်ထားတဲ့ The Escape of the Seven က Season 1 မှာ ပရိသတ်ကြီးတို့ကို
လောင်စေခဲ့ပြီးပါပြီ
အခုတစ်ခါထွက်ရှိတော့မယ့် Season 2 မှာလည်း
Poster ကအစ အရမ်းကို dark theme နဲ့ပုံဖော်ထားပြီး အလယ်မှာ အခေါင်းနဲ့ ဘေးမှာ အနက်ရောင်
ဝတ်စုံအသီးသီးနဲ့ S1 Poster လိုပဲ အပေါ်ကို
မော့ကြည့်နေကြတာကိုတွေ့ရပါတယ်

Poster နဲ့တင် တော်တော်ကြက်သီးထဖို့ကောင်းနေပြီမို့ ထွက်ရှိမယ့်ရက်လေးကို အတူရင်ခုန်ပြီးစောင့်မျှော်ကြရအောင်နော်

Channel B မှ  ဘာသာပြန်တင်ဆက်သည်📺📺

Website 👇👇
channelbmovie.com

ကြော်ငြာကိစ္စများ ဆက်သွယ်လိုပါက

@barmetom137016  or

Viber no - +959757831225 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်📣

3 months, 1 week ago
မင်မင်ပြောသလို ဦးကမသေပါဘူးနော်***❤️******😍***

မင်မင်ပြောသလို ဦးကမသေပါဘူးနော်❤️😍
Season 2 လာပါဦးမယ်😲❤️

Season 1(စ-ဆုံး) လင့်❤️👇
https://t.me/Channel_B_CB_Main/798

Fb Link ❤️👇

https://www.facebook.com/61550324743755/posts/122172151652010824/?app=fbl

#Channel B(CB) မှဘာသာပြန်တင်ဆက်သည်
#ashopforkillers

Website Link ❤️👇

www.channelbmovie.com

Channel B (CB) ရဲ့ဘာသာပြန်ဇာတ်လမ်းတွဲတွေ မှာ လူကြီးမင်းတို့၏စီးပွားရေးကြော်ငြာများ ထည့်သွင်းနိုင်ပါပြီ
Phone -09987368297
Telegram -@ChannelBads

3 months, 1 week ago
အကောင်းဆုံး သူငယ်ချင်းတွေဖြစ်တဲ့

အကောင်းဆုံး သူငယ်ချင်းတွေဖြစ်တဲ့
ဂျင်မန်းနဲ့ ပါရှင်း
Season 2 မျှော်နေပါပြီ🥺😍

ဇာတ်ကားကောင်းတွေကြည့်ဖို့
Page ကို Follow ထားကြကွာ❤️👇

https://www.facebook.com/profile.php?id=61550324743755

#Channel B(CB) မှဘာသာပြန်တင်ဆက်သည်
#ashopforkillers

Website Link ❤️👇

www.channelbmovie.com

3 months, 1 week ago
Channel B Movie 1(CB)
5 months, 1 week ago
Channel B Movie 1(CB)
5 months, 1 week ago

Plan B (2021 )
Genre: Thriller
IMDB:6.2/10

Channel အရင် Join ပေးပါ❤️👇
https://t.me/+4CstD-3JZ7FkNDdl

ဇာတ်ကားလင့်❤️👇

https://t.me/c/2072852978/115
https://t.me/c/2072852978/115

အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့Thriller အမျိုးအစား တယ်လဂူ ဇာတ်ကားတစ်ကားပါ။

ဇာတ်အိမ်က တစ်လိမ် နှစ်လိမ် ပွေလိမ်ရှုပ်သလို ရှုပ်ထွေးထွေးလေး ရိုက်ပြထားပါတယ်။ အစပိုင်းမှာတင် တချို့ ပရိသတ်များက လူသတ်တရားခံက ဘယ်သူလဲဆိုတာ သိလာနိုင်ပြီးတော့ ဘယ်လိုမျိုးကြောင့် တရားခံ ဖြစ်သွားတာလဲဆိုတာ သိရဖို့အတွက်သာ ဇာတ်ရှိန်ပေါ်လိုက်ပြီး ဆက်ကြည့်ရှုရမယ့် ဇာတ်လမ်းမျိုးပါ။

ဇာတ်လမ်းအစမှာ ကြည့်ရှုခံစားရမှာကတော့ အမျိုးသားသုတ်ပိုးအားနည်းမှုကြောင့် ကလေးမမွေးနိုင်တဲ့ ရွာငယ်လေးတစ်ရွာက ရွာသားအပေါင်းကို ကယ်တင်ပေးခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်း။

တစ်ရွာလုံး ဆေးစွမ်းပြပြီး ကိုယ်ဝန်ဆောင်လာနိုင်ကြပေမယ့်လည်း သူ့ဆေးအစွမ်း ဘယ်လိုနည်းနဲ့မှ မသက်ရောက်တဲ့အတွက် ဖန်ပြွန်သန္ဓေသား ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ လင်မယားနှစ်ယောက်။

ဆရာဝန်နဲ့ ကျေးရွာနေ လင်မယားစုံတွဲတစ်တွဲ။ ဒီလို မတူညီတဲ့ ဘက်နှစ်ခြမ်းက လူသားတွေကြားမှာ ဘယ်လို ဆက်စပ်မှုမျိုး ဝင်ရောက်လာပြီး ဘယ်လို အံ့ဖွယ်ဖြစ်ရပ်မျိုး ဖြစ်လာစေမလဲဆိုတာကို ဇာတ်လမ်းဆုံးလာလေလေ ရုပ်လုံးပေါ်လာလေလေ အနေအထားနဲ့ ကြည့်ရှုခံစားကြရမှာပါ။

တစ်ဖက်မှာလည်း ရဲမှူး ဗီကရာနဲ့ သူ့လက်ထောက် ဗီရှနူးတို့ နှစ်ဦးဟာ ဟိုက်ဒရာဘတ်မြို့မှာရှိတဲ့ ရှေ့နေဖြစ်သူ ဗီရှိူနာ့သ် သေဆုံးမှုနဲ့ပတ်သတ်ပြီး နောက်ကွယ်က လူသတ်တရားခံကို ခေါင်းချင်းရိုက်ကာ ရှာပုံတော် ဖွင့်ရင်းက နောက်ထပ် ဘယ်လို လျှို့ဝှက်ချက်တွေကို ထပ်သိလာရမလဲ။

ဇာတ်လမ်းတစ်ခု ကြည့်ကောင်းတယ် မကောင်းဘူးဆိုတာက ဇာတ်ကား အသစ်ဖြစ်တာ အဟောင်းဖြစ်တာ နာမည်ကြီးသရုပ်ဆောင် ပါဝင်တာ မပါဝင်တာတွေနဲ့ မသက်ဆိုင်ပါဘူး။ အဓိကအားဖြင့်  ကြည့်ရှုတဲ့ပရိသတ်ရဲ့ နှစ်သက် ခံစားမှုအရသာ၊ တွေးမြင်ယူဆတဲ့ သုံးသပ်မှုအပေါ် မှာသာ မူတည်တာပါ။

ဒီဇာတ်လမ်းအဆုံးသတ်ချိန် ဇာတ်ကွက်အားလုံး ရုပ်လုံးပေါ်သွားချိန်မှာလည်း ဪ ဒါရိုက်တာက ဒီလို ဒီလိုတွေ လုပ်သွားတာပါလားဆိုပြီး ထပ်ပြီးကြည့်ချင်သူလည်း ရှိနိုင်သလို မကြည့်ချင်တော့သူလည်း ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ထပ်မကြည့်ချင်တဲ့သူပါ။ ဘာလို့လဲဆိုတော့ အကြိမ်ကြိမ် အရှေ့ကြည့် အနောက်ကြည့် အစ အလယ် အနောက် ရစ်ကြည့်ပြီး ဘာသာပြန်ထားရတာမလို့ပါ 😆

ဇာတ်ကားကတော့ သူ့အရှိန်လေးနဲ့သူရှိပြီး ကြည့်ရအပျင်းပြေစေမှာမလို့ တဒင်္ဂ အချိန်ပေးပြီး ကြည့်ရှုလိုက်ကြပါဦးခင်‌ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပျက်တာတွေ ပြန်ဒေါင်းဖို့
Channel B Website ❤️👇
www.channelbmovie.com

5 months, 2 weeks ago

Killers of the flower moon (2023)
Genre:Crime, Western
IMDB:8 /10

Channel အရင် Join ပေးပါ❤️👇
https://t.me/+Bq5xfwipxVVjMjc1

ဇာတ်ကားလင့်❤️👇

https://t.me/c/2084130051/15
https://t.me/c/2084130051/15

Channel B ပရိသတ်ကြီးအတွက် ဇာတ်ကားကောင်းတစ်ခုကိုတင်ပေးချင်ပါတယ်။
ဒီ ဇာတ်ကားဟာ IMDB Rating 8.0 ထိရရှိခဲ့တာဖြစ်ပြီး လီယိုနာဒိုမင်းသားကြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ဒီဇာတ်ကားထဲမှာတော့ မင်းသာအားနက်စ်က စစ်တပ်ထဲမှာထမင်းချင်လုပ်ခဲ့ရာမှ အကြောင်းအမျိုးမျိုးကြောင့် ဦးလေးဖြစ်သူဆီကို ပြန်လာခဲ့ပါတယ်
သူ့ဦးလေးဆီကနေ ကားမောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေပြီး နေထိုင်နေခဲ့ပါတယ်
ထိုမြို့မှာ အိုဆေးဆိုတဲ့လူမျိုးစုတစ်စုကလည်းနေထိုင်ကြပြီး သူတို့လူမျိုးစုတွေကကြမ်းတမ်းရက်စက်ကြပါတယ်။

တစ်နေ့မှာတော့ မင်းသားဟာ အိုဆေးလူမျိုးဖြစ်တဲ့ မိုလီကိုကြိုက်နှစ်သက်ပြီး လက်ထပ်ယူခဲ့ပါတယ်
မိုလီတို့မိသားစုဟာ ထိုမြို့မှ အိမ်ခြံမြေအများစုကိုလည်းပိုင်ဆိုင်ပြီး ချမ်းသာကြသူတွေဖြစ်ပါတယ် သူတို့လူမျိုးစုတွေကအသက်၅၀လောက့ထိသာရှင်သန်ကြတယ်လို့ ဆိုရိုးစပါးရှိခဲ့ပါတယ်
မိုလီတို့မိသားစုမှာ အမေရယ် သူ့ညီမသုံးယောက်နဲ့ မိသားစုဝင်ပေါင်း၅ယောက်သာရှိပါတယ် သူ့အမေကလည်းရောဂါဖြစ်နေတာဖြစ်ပြီး သူကိုယ်တိုင်ကလည်းဆီးချိုရောဂါကိုခံစားနေရတာဖြစ်ပါတယ်
သူ့ညီမဖြစ်သူမီနီဟာသိပ်မကြာခင်မှာပဲ ဖျားနာမှုကြောက့်ဆုံးသွားခဲ့ပြီး နောက်ထပ်ညီမဖြစ်သူ အန်နာကလည်း ရက်စက်စွာအသတ်ခံခဲ့ရပါတယ်
အိုဆေးတို့လူမျိုးစုတွေ သေဆုံးမှုကြောင့် လူသတ်တရားခံကိုရှာဖွေစုံစမ်းဖို့ဖြစ်လာပါတော့တယ်
လီယိုနာဒိုမင်းသားနဲ့ မင်းသမီးမိုလီတို့က နောက်ဆုံးမှာ လူသတ်တရားခံကိုရှာတွေ့မှာလားဆိုတာ
ဇာတ်အိမ်အေးအေးလေးနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်❤️👇

ပျက်တာတွေ ပြန်ဒေါင်းဖို့
Channel B Website ❤️👇
www.channelbmovie.com

5 months, 2 weeks ago

I Am Number Four(2011)
Genre: Action,Sci-fi

ဇာတ်ကားကြည့်ရန်
Channel အရင် Join ပါ❤️👇
https://t.me/+KXAt1cGKMZ1lMjA1

ဇာတ်ကားလင့်❤️👇

https://t.me/c/2069889697/27
https://t.me/c/2069889697/27

ဒီတစ်ခါ Channel B ပရိသတ်ကြီးအတွက် မင်မင်ကိုယ်တိုင် မြန်မာစာတန်ထိုး ကြည့်ချင်နေတဲ့
သိပ္ပံစွမ်းအားရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်❤️
ဒီကားမှာ
UFO တွေတကယ်တည်ရှိနေလားဆိုတဲ့ အကြောင်းကို ရိုက်ကူးထားပြီးစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သူတို့နေထိုင်တဲ့ ဂြိုလ်ကို မိုဂိုဒေါလို့ခေါ်တဲ့ဂြိုလ်သားတွေဖျက်ဆီးခြင်းခံလိုက်ရပြီး အသက်ရှင်ကျန်ခဲ့တဲ့ကလေးကိုးယောက်အပါအဝင်သူတို့ကိုကာကွယ်ပေးတဲ့ အစောင့်အရှောက်တွေပဲ အသက်ရှင်ခဲ့ပြီး ကမ္ဘာမြေပေါ်မှာလာရောက်နေထိုင်ပြီးပုန်းခိုခဲ့ပါတယ်။
မိုဂိုဒေါဂြိုလ်သားတွေဟာ အသက်ရှင်ကျန်သူတွေကို လိုက်လံသတ်ဖြတ်ရင်း နောက်ဆုံးလေးယောက်မြောက်ကိုရောက်ရှိလာပါတော့တယ်
နံပါတ် ၄ယောက်မြောက်ဖြစ်တဲ့ ဂျွန်စမစ်က တစ်နေရာနဲ့တစ်နေရာပြောင်းရွှေ့နေထိုင်ခဲ့ရမှ သူ့ရှေ့မှာရှိနေတဲ့ သုံးယောက်ကအသတ်ခံလိုက်ပြီးနောက်ဆုံးသူအလှည့်ရောက်တဲ့အချိန်မှာ မိုဂိုဒေါတွေဆီကနေ ဘယ်လိုမျိုးလွတ်မြောက်သွားမလဲ
သူအပါအဝင်အခြားကျန်နေတဲ့သူတွေရောပြန်လည်ရှာတွေ့မလား
သူတို့ရဲ့အစွမ်းတွေကကောဘာတွေဖြစ်မလဲဆိုတာ ရိုက်ကူးထားတဲ့ သိပ္ပံဇာတ်ကားကောင်းလေးဖြစ်ပါတယ်

ပျက်တာတွေ ပြန်ဒေါင်းဖို့
Channel B Website ❤️👇
www.channelbmovie.com

We recommend to visit

ҚР Төтенше жағдайлар министрлігінің әлеуметтік желілері:

https://www.facebook.com/qrtjm?mibextid=LQQJ4d

https://instagram.com/tjm_mchs?igshid=YmMyMTA2M2Y=

www.tiktok.com/@tjm_mchs

Last updated 3 days, 21 hours ago

Павлодар облысы білім беру басқармасы

Last updated 2 months, 3 weeks ago

Бәріңе сәлем, мен PUBG MOBILE ойынында тиктокер әрі стример - Қазанбас! Есімім Жанболат (Жанбо), Алматы қаласынан боламын. Менімен әрқашан байланыста болу үшін телеграм канал аштым.
Ал Қош келдің ❤️✊🇰🇿

Last updated 1 week ago