The official Telegram on Telegram. Much recursion. Very Telegram. Wow.
Last updated 1 week, 4 days ago
🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️
Bots: https://t.me/iPapkornBots/2
Last updated 1 day, 18 hours ago
Breaking News | Observing world events unfold in the grand theater of our time.
Last updated 1 week, 6 days ago
မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့ ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ်-၂ဝ၂၄ အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ဒီဇင်ဘာ ၂၃
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင်ကျင်းပမည့် နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် (Military Music Exchange-2024) သို့ ဝင်ရောက်ဖျော်ဖြေရန် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်တင်ဇော်လတ်ဦးဆောင်သည့် စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှထွက်ခွာရာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးကြသည်။
အဆိုပါ နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် ၂၀၂၄ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟံနွိုင်းမြို့ရှိ Imperial Citadel of Thang Long ၌ ကျင်းပပြုလုပ်ရာ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဗိုလ်ချုပ်ကြီး Nguyen Tan Cuong (Member of the Party Central Committee ၊ Member of the Central Military Commission ၊ Chief of the General Staff of the Vietnam People's Army ၊ Deputy of Minister of National Defence)မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အိမ်ရှင်ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ စစ်တီးဝိုင်းအဖွဲ့(၁၁)ဖွဲ့နှင့် အတူတက်ရောက်ခဲ့သည်။ မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် Imperial Citadel of Thang Long ခံတပ်တွင်အောင်လံဝေဝေ (ကြည်း/ ရေ/ လေ)၊ အောင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ မြန်မာပြည်သား၊ Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် တီးမှုတ်ဖျော်ဖြေခဲ့သည်။
ထို့နောက် ကျန်အဖွဲ့များနှင့်အတူ ခံတပ်မှ သတ်မှတ်ပေးထားသော လမ်းကြောင်းအတိုင်း လီနင်ရုပ်ထုသို့အထက်ပါ စစ်ချီသီချင်းများဖြင့် ချီတက်ဖျော်ဖြေရာ ဗီယက်နမ်ပြည်သူများက လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။
မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင် ဟနွိုင်းမြို့၊ Long Bein ခရိုင် Gai Lam Airport ၌ ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံတကာကာကွယ်ရေးပြပွဲ (Vietnem Defence Expo 2024)တွင် နိုင်ငံတကာမှ စစ်တီးဝိုင်းအဖွဲ့(၅)ဖွဲ့နှင့် အိမ်ရှင်ဗီယက်နမ် ပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းအဖွဲ့(၆)ဖွဲ့နှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့ပြင် မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် ညပိုင်းတွင် ဟနွိုင်းမြို့လယ်ရှိ Sword Lake ရေကန် ပတ်လမ်းတစ်လျှောက်တွင် ဖိတ်ကြားထားသော နိုင်ငံတကာမှ စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ လမ်းလျှောက်ချီတက်ကာသတ်မှတ်ပေးထားသော နေရာ(၄)နေရာတွင် အောင်လံဝေဝေ (ကြည်း/ ရေ/ လေ)၊ အာင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ မြန်မာပြည်သား၊ The Ballad of Ho Chi Minh Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ရာ ပြည်သူများမှ တစ်ခဲနက်လိုက်လံသီဆိုအားပေးခဲ့ကြသည်။
ဒီဇင်ဘာ၂၂ ရက်နေ့ညပိုင်းတွင် ဟနွိုင်းမြို့ရှိ Military History Museum ၌ နိုင်ငံတကာတပ်မတော်များ၏ တေးဂီတဖလှယ်ရေးအစီအစဉ် ၂၀၂၄ ပိတ်ပွဲအခမ်းအနားကို ပြုလုပ်ရာ မြန်မာတပ်မတော်စစ်တီးဝိုင်းအဖွဲ့သည် နိုင်ငံတကာတပ်မတော်များမှ စစ်တီးဝိုင်းအဖွဲ့များနှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်မှ စစ်တီးဝိုင်းများနှင့်အတူ အောင်လံဝေဝေ (ကြည်း/ ရေ/ လေ)၊ အောင်လံလွှင့်မဲ့ဒို့တပ်မတော် စစ်ချီသီချင်း၊ စည်းလုံးချင်းအတွက်သီချင်း တစ်ပုဒ်၊ Hat Mai Khuc Quan Hanh ဗီယက်နမ်စစ်သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Nghia (Deputy Cheif of the General Staff of the Vietnam People's Army ၊ Head of the Organization Committe of the Military Music Exchange)မှ ပိတ်ပွဲအခမ်းအနား မိန့်ခွန်းပြောကြားပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။
နိုင်ငံတကာတေးဂီတဖလှယ်ရေးအစီအစဉ် (Military Music Exchange -2024) သို့ဝင်ရောက်ဖျော်ဖြေခဲ့သော မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်တင်ဇော်လတ် ဦးဆောင်သည့် စစ်တီးဝိုင်းအဖွဲ့သည် ဒီဇင်ဘာ ၂၃ ရက်တွင် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ရှိ နိုဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် ၀၉ ၅၀ အချိန်တွင် ပြန်လည်ထွက်ခွာလာရာ မြန်မာနိုင်ငံဆိုင်ရာ (ကြည်း/ ရေ/ လေ) စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်နှင့် အဖွဲ့များက လိုက်လံပို့ဆောင်နှုတ်ဆက်ကြပြီး မြန်မာနိုင်ငံနေပြည်တော်လေဆိပ်သို့ ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၃
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) မြ၀တီခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်တိုးဝင်းနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်တွင် နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က ကျောင်းဆင်းဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်သည်။
ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပြန်တမ်း၀င်အရာရှိခန့်အပ်ခြင်းအခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ပေးအပ်ခြင်းဖြစ်သည်။ ဘွဲ့ရအမျိုး သမီးဗိုလ်လောင်းသင်တန်းအား တပ်မတော်အတွက်အရည်အချင်းပြည့်၀သည့် ဦးစီးအရာရှိများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ၂၀၁၄ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခုအခါဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၁)အထိ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် သင်တန်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များတွင် အသီးသီးတာ၀န်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
နေပြည်တော် ဒီဇင်ဘာလ ၂၃
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈)တွင် ပါဝင်တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းများသည် အရည်အချင်းကိုက်ညီသူ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၈) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၈)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၌ ပြည်နယ်အစီ အစဉ်ဖြင့် ဧရာဝတီရှုခင်းသာ အများပြည်သူအပန်းဖြေစခန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် စီတာပူရပ်ကွက်၊ မနောကွင်းအရှေ့ဘက်ရှိ ဧရာဝတီမြစ်ဆိပ်နေရာသို့ သွားရောက်ပြီး စည်ပင်သာယာရေးအဖွဲ့မှ ကမ်းနားအဆင်း ကွန်ကရစ်လမ်းသစ် ဖောက်လုပ်နေမှု အခြေအနေများ၊ မြေယာရှုခင်းပြုပြင်ခြင်း လုပ်ငန်းများ၊ အင်ဂျန်းခချောင်းပေါ်တွင် ဝါးတံတားတည်ဆောက်ပြီးစီးမှုအခြေအနေများ၊ မြစ်ကမ်းဘေးတစ်လျှောက် ကျောက်တုံး၊ ကျောက်ခဲများဖြင့် ပုံဖော်အလှဆင်လျက် ရှိသည့် လုပ်ငန်းများ၊ ရိုးရာတဲအိမ်များ တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ နေပြည်တော်၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီး ပြန်လည်ရောက်ရှိလာကြသော ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ လက်ဝှေ့၊ ရေကူး၊ ကိုယ်ကာယကြံ့ခိုင်မှု၊ ဘောလုံး၊ မြန်မာ့သိုင်း အားကစားသမားအချို့အား ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားသမားများ၏ မိဘများနှင့် ညီအစ်ကိုမောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာအဖွဲ့နှင့်အတူ ဂုဏ်ပြုပန်းကုံးဖြင့် လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ အားကစားအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် မိမိအနေဖြင့် ပြည်နယ်သူ/ ပြည်နယ်သားများ ကိုယ်စား များစွာ ဂုဏ်ယူပါကြောင်း၊ ထို့အပြင် လာမည့်ပြိုင်ပွဲများ တွင်လည်း ပြည်နယ်အတွက် ယခုကဲ့သို့ ဂုဏ်ယူရသည့် လူငယ်များအဖြစ် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားပြီး အားကစားနည်းအလိုက် အုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် ခဲ့ရသည့် အတွေ့အကြုံများနှင့် ဆုတံဆပ်ဆွတ်ယူရရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြ မှုအပေါ် အားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အနေဖြင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း (၂၃)နည်းအနက် အားကစားနည်း (၂၁) နည်းတွင် ပြိုင်ပွဲဝင်ဦးရေပေါင်း(၃၈၀)ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင် လျက်ရှိပြီး ယနေ့ ရောက်ရှိလာသော အားကစားသမားများသည် သက်ဆိုင်ရာပြိုင်ပွဲများအပြီး ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် အမျိုးသားအားကစားပွဲတော်တွင် ၁၆-၁၂- ၂၀၂၄ ရက်နေ့အထိ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၉ ခု နှင့် ကြေးတံဆိပ် ၁၆ ခု ရရှိထားကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
ကချင်ပြည်နယ်ဝန်ကြီးချုပ် ရိုးပြတ်ကျန် မိုးစပါးစိုက်ကွင်းများအတွင်း လယ်သီးထပ် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
မြစ်ကြီးနား ဒီဇင်ဘာ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းရရှိစေခြင်းဖြင့် ဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းရရှိစေရေး ဦးတည်ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း ၉ နာရီက မြစ်ကြီးနားမြို့ ပလန(၂) ကံကော်မြိုင်ကျေးရွာ၊ ကွင်းအမှတ် (၄၅) ကံကော်မြိုင်ကွင်းအတွင်း လယ်သီးထပ်ဆောင်း သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူအသိပေးဆွေးနွေးပွဲနှင့် ထယ်ရေးထွန်ယက်ပွဲအား တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ထပ်သီးထပ်ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသတွင်း စားဆီဖူလုံမှု အနေဖြင့် ရာခိုင်နှုန်း (၄၀)ကျော်သာရှိသည့်အတွက် စားဆီဖူလုံရေးကို မိမိတို့ကိုယ်တိုင် တိုးမြှင့်စိုက် ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် လယ်သီးထပ်ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည့် သွင်းအားစုများ၊ ဌာနဆိုင်ရာများအနေဖြင့်လည်း စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီမှုပေးသွားမည်ဖြစ်သည့် အတွက် ယနေ့ တောင်သူများအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြိုစားပေးကြရန် အလေးအနက် ထားတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများက လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များနှင့် ပေါင်းစပ်ချိတ်ဆက်ကူညီပေးနိုင်သည့် ကိစ္စရပ်များကို အသီးသီးအသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသည့် မိုးစပါးစိုက်တောင်သူများက ၎င်းတို့၏ လယ်များအတွင်း ဆောင်းသီးထပ် အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို တင်ပြဆွေးနွေးကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ထယ်ရေးအချိန်မီထွန်ယက်ပေးနိုင်ရေး၊ ချောင်းရေ၊ မြေအောက်ရေမှတစ်ဆင့် စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက် ရေဆင်း(၃)စပ်မျိုးနေကြာမျိုးစေ့အိတ်များ၊ ရေဆင်း(၅) ပဲပုပ်မျိုးစေ့အိတ်များနှင့် သဘာ ဝမြေသြဇာအိတ်များကို ပံ့ပိုးပေးအပ်ခဲ့သည်။
ထို့နောက် မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန်လယ်၌ စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများနှင့်အတူ ရေဆင်း (၅)ပဲပုပ် မျိုးစေ့များ တောင်သူအသိပညာပေး ကြဲပက်စိုက်ပျိုးပေးခဲ့ကြပြီး အဆိုပါကံ့ကော်မြိုင်ကွင်း မိုးစပါးစိုက်လယ် ၁၉၉ ဧကအား စက်မှုလယ်ယာဦးစီးဌာနက လယ်ထွန်စက်များဖြင့် ထွန်ယက်ပေးနေမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ စိုက်ကွင်း၏ အဓိကရေအရင်းမြစ်ဖြစ်သည့် ပလန(၂)ချောင်းအား ချောင်းရိုးတစ်လျှောက် ရေစီးရေလာကောင်းမွန် ရေးနှင့်လယ်ရေရရှိရေးအတွက် ပြုပြင်ဖောက်လုပ်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက် အတွင်းရှိ ဗလမင်းထင်စံပြကွင်းသို့သွားရောက်ပြီး လယ်သီးထပ် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ကွင်းအတွင်းထယ်ရေးဝင်ရောက်နိုင်ခြင်းမရှိသေးသည့် ရေဝပ်လယ်များအား အချိန်မီ ထွန်ယက်နိုင်ရေး အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စက်ယန္တရားများဖြင့် လယ်ကြားမြေသားမြောင်းတူးဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ထယ်ရေးထွန်ယက်ပြီးစီးသည့် လယ်ဧကများအား လှည့်လည်ကြည့်ရှကြည့်စစ်ဆေးခဲ့ကြပြီး တိုးချဲ့စိုက်ပျိုးမည့် လယ်သီးထပ်စိုက်ဧက ၁၀၀ ကျော်အား အချိန်မီကြဲပက်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်
---------------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။ ကျန်မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အနည်းငယ် ဖြစ်ထွန်းမည်။
Ref: မိုး/ဇလ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာကြသည့် ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို
မြစ်ကြီးနား ဒီဇင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အား နေပြည်တော်၌ ဒီဇင်ဘာ ၉ ရက် မှစတင်၍ ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် အားကစားနည်း(၂၃)နည်းအနက် အားကစား(၂၁)နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားနည်းများအနက် ပြိုင်ပွဲအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော အားကစားအဖွဲ့များအား ယမန်နေ့ ညနေ ၇ နာရီက မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် လေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားသမားများ၏ မိဘများနှင့် ညီအစ်ကို မောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများက ဘင်ခရာအဖွဲ့နှင့်အတူ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသော ဖူဆယ်ဘောလုံး(ကျား၊ မ)အသင်းများ၊ ဘတ်စကတ်ဘော၊ ဘောလီဘော (ကျားနှင့်မ)အသင်းများ၊ လက်ဝှေ့၊ ကြက်တောင် စသည့် အားကစားအသင်းများအား ဂုဏ်ပြုပန်းကုံးဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့သည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ အားကစားအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်က ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် မိမိအနေဖြင့် ပြည်နယ်သူ/ ပြည်နယ်သားများ ကိုယ်စားဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆုတံဆိပ်ရရှိခဲ့သည့် အားကစားအသင်းများကို ဂုဏ်ပြုသကဲ့သို့ ဆုမရရှိသော်လည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့မှုအပေါ်၌လည်း ဂုဏ်ပြုကြိုဆိုပါကြောင်း၊ လာမည့်ပြိုင်ပွဲများတွင်လည်း ပြည်နယ်အတွက် ယခုကဲ့သို့ ဂုဏ်ယူရသည့် လူငယ်များအဖြစ် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ အားကစားနည်းအလိုက် အုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲများအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့် ဆုတံဆိပ်ရရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် နောင်လာမည့် ပြိုင်ပွဲများတွင် ယခုကဲ့သို့ ပြည်နယ်အတွက် ဂုဏ်ယူရသည့် ပါရမီပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်၍ စနစ်တကျလေ့ကျင့်ထားရှိရေး တိုက်တွန်အားပေးခဲ့ပြီး ကြိုဆိုဂုဏ်ပြုခဲ့ကြသည့် ဘင်ခရာအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ယနေ့ ပြန်လည်ရောက်ရှိလာသော အားကစားအသင်းများအနေဖြင့် အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားဦးရေ စုစုပေါင်း (၆၉)ဦးဖြစ်ပြီး အဆိုပါ အားကစားအသင်းများအနက် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းအနေဖြင့် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ဘတ်စကတ်ဘောအသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီးဘောလီဘောအနေဖြင့် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲဝင် ငွေတံဆိပ်တစ်ခုကိုလည်းကောင်း ပြည်နယ်ဂုဏ်ဆောင်ရရှိခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကိုရီးယားနိုင်ငံ ဗဟိုဘဏ် (Bank of Korea)နှင့် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ (The SEACEN Center) တို့မှ ကြီးမှူးကျင်းပသည့် (၆၀)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများကွန်ဖရင့်၊ အဆင့်မြင့်အရာထမ်းများ ဆွေးနွေးပွဲနှင့် (၄၄)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌ အစည်းအဝေးသို့ တက်ရောက်
The official Telegram on Telegram. Much recursion. Very Telegram. Wow.
Last updated 1 week, 4 days ago
🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️
Bots: https://t.me/iPapkornBots/2
Last updated 1 day, 18 hours ago
Breaking News | Observing world events unfold in the grand theater of our time.
Last updated 1 week, 6 days ago