ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 months, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 month, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 2 months, 3 weeks ago
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့
နိုဝင်ဘာ ၁ ၊ ၂၀၂၄
ဒီနေ့ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (မ.က.ဒ.တ) (ကျောင်းသားတပ်မတော်) (ABSDF) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ (၃၆) နှစ်ပြည့်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ ယခုလိုနေ့ထူးမှာ ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင်ကြီးများ၊ ဦးဆောင်ဗဟိုကော်မတီဝင်များနဲ့ အဖွဲ့ဝင်ရဲဘော်ရဲဘက်များ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သတယ်လို့ ဖော်ပြထား ပါတယ်။
ယနေ့နွေဦးတော်လှန်ရေး ခရီးလမ်းတွင်လည်း ကျောင်းသားတပ်မတော်(မ.က.ဒ.တ) အနေဖြင့် ပြည်သူနဲ့ အတူတကွ တသားတည်း ပြတ်ပြတ်သား ရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနဲ့ အတူပူးပေါင်း ကာ ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည် တိုက်ပွဲဝင်နေတာကို လေးစားဂုဏ်ယူစွာဖြင့် သမိုင်းမှာ မော်ကွန်းတင်ထားမယ်လို့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။
ကျောင်းသားတပ်မတော် (ABSDF) (မ.က.ဒ.တ)နဲ့ မြန်မာပြည်သူတရပ်လုံး မျှော်မှန်းတဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် (မ.က.ဒ.တ) ညီလာခံမှ ခေါင်းဆောင်ကြီး များ ညီညွတ်စွာ ချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက်များနဲ့ ရပ်တည်ချက်များကို ကိုင်စွဲလျက် နွေဦးတော်လှန်ရေး ခရီးဆုံးပန်းတိုင်ရောက်တဲ့အထိ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနဲ့ လက်တွဲကာ စစ်အာဏာရှင်မျိုးဆက် ကုန်ဆုံးတဲ့အထိ ဦးဆောင် ဦးရွက်ပြုတော်လှန်ကာ အောင်ပွဲဆင်နိုင်ရ မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကျောင်းသား တပ်မတော်နဲ့ ထပ်တူဆန္ဒပြုထားပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ကျောင်းသား တပ်မတော်မှ ခေါင်းဆောင်ကြီးများနဲ့ ရဲဘော်ရဲဘက်အပေါင်းအား လေးမြတ်စွာ ဂုဏ်ပြုဦးညွတ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် က တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးစတဲ့ နိုင်ငံရေးရည်မှန်းချက်မူများကို ကိုင်စွဲလျက် (၁၉၈၈ ) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်မှာ ကျောင်းသား ၊ အလုပ်သမား ၊ လယ်သမားနဲ့ လူငယ်များ စုစည်းပြီး ကော်သူလေးပြည်နယ်၊ ကောမူးရာစခန်းမှာ ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။
ကျောင်းသားတပ်မတော် (ABSDF) (မ.က.ဒ.တ) က (၁၉၈၈) သမိုင်းဝင်လူထုအရေးတော်ပုံကြီးနဲ့ တွဲချိတ် မွေးဖွားလာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ ကျောင်းသားကိုယ်စားပြုတပ်အဖြစ် ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ သမိုင်းဝင်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
#PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
၁၀၂၇ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှု ဂျပန်နိုင်ငံမှာ ပြုလုပ်
အောက်တိုဘာ ၂၇ ၊ ၂၀၂၄
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အကြမ်းဖက် စစ်ကောင် စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ် နဲ့ အထင်ကရနေရာတွေ ရေဘဝဲ (ပြည်သူ့အကျိုး ပြု လူငယ်အဖွဲ့အစည်း) နဲ့ Revolution Tokyo Myanmar - R.T.M တို့ပူးပေါင်းကာ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းပါအင်္ကျီများဝတ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်း ဖက်စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို အထူးအလေးအနက်ထားအရေးယူဖို့ လွတ် မြောက်ဒေသ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ဆန့်ကျင်တိမ်း ရှောင်နေကြသူတွေ၊ အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားေတွ၊ မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတွေနဲ့ ရန်ကုန်ရှိမိဘပြည်သူများအားလုံး ရန်ကုန်မှာ ပြန်ဆုံကြစေဖို့၊ ရေဘဝဲရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြဖို့ ရည်ရွယ်ပြီး "ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုကို ရန်ကုန်မှ တိုကျိုကို ဆောင်ယူခဲ့ခြင်းဖြစ်တာလို့ ဆိုပါတယ်။
"ရန်ကုန်မှာပြန်ဆုံမယ်" လှုပ်ရှားမှုကို ရေဘဝဲမှ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းမှာ စတင်ခဲ့ပြီး မြို့လယ်ရှိအထင်ကရနေရာတွေကို လက် နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
အဲဒီလှုပ်ရှားမှုတွေကို ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ရေဘဝဲရဲဘော် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦးနှင့် ဆက်စပ် (၂) ဦးကို စစ်တပ်က အကျဥ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားတာလည်းဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
#PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
"အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်တပ် ကျရှုံးရေးဆန္ဒပြသပိတ်ပြုလုပ်
အောက်တိုဘာ ၂၀ ၊ ၂၀၂၄
ယင်းမာပင်မြို့နယ်မှာ "အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း" က အကြမ်းဖက် စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း" နဲ့ "Our Ambassador Myanmar’s Voice” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြား ထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
ရေးမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ လိုက်ပါကူညီပေးတဲ့ အကြမ်းဖက်စစ်တပ်ခန့် ရပ်ကွက် ရာအိမ်မှူးကို ရေးဘီလူးအဖွဲ့က ဖမ်းဆီး
အောက်တိုဘာ ၁၃ ၊ ၂၀၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာ ရပ် ကွက်မှာ သန်းခေါင် စာရင်း ကောက်ယူဖို့ လိုက်ပါကူညီပေးခဲ့တဲ့ အကြမ်းဖက် စစ်တပ်ခန့် ရာအိမ်မှူးကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရေးဘီလူးက PVTV ကိုပြောပါတယ်။
“သူအလာကို သတင်းရလို့ စောင့်ဖမ်းခဲ့တာ၊ သေချာစစ်ဆေးပီး ရင်တော့ အပြစ်အတိုင်းဆောင်ရွက်မယ်လို့” ရေးဘီလူးက ပြောပါတယ်။
ရန်သူစစ်တပ်ခန့် ရာအိမ်မှူးကို အောက်တိုဘာ ၁၂ ရက်၊ နေ့လည် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
နောက်ထပ် သတင်းရထားပြီးပြီဖြစ်တဲ့ ၊ အကြမ်း ဖက်စစ်ကောင်စီရဲ့ လက်ပါးစေတွေကို အရှင်ဖမ်းဆီးသွားမယ်လို့ ပြောပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 months, 1 week ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 month, 2 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 2 months, 3 weeks ago