Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)

Description
Mdy-PDF ၏ သတင်း နှင့် စစ်ရေးထုတ်ပြန်ချက်များ ကို တင်ပြသွားပါမည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)
1 year, 1 month ago
Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)
1 year, 2 months ago

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၃၀)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစ်စိုက်မတ်မတ် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဖြစ်သည်။

၂။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း အကြမ်းဖက် စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ်ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ပါသည်။

၃။ မိမိတို့အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်သည်။

၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

#MDY_PDF

1 year, 4 months ago
Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)
1 year, 4 months ago
Mandalay People’s Defence Force(ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး)
1 year, 4 months ago

သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ၊ အောက်တိုဘာ (၃၀)ရက်

၁။ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ (၃၀) ရက်နေ့ မနက်(၁:၀၀)အချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်။

၂။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ဗိုလ်မှုးတစ်ဦးအပါအဝင် (၄)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး ရှိခဲ့သည်။

၃။ အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်သည်။

စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

#MDY_PDF
#1027_Part2

1 year, 9 months ago

သူတတောင့် … ကိုယ်တတောင့်

ကျည်တတောင့် … ရန်သူတစ်ယောက်

စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့ အချိန်ကျရောက်ပါပြီ..

တပ်ပုံကျကျ စစ်စည်းကမ်းကောင်းကောင်း
ဂန်းအပြည့်အစုံနဲ့ ဖက်ဆစ်စစ်တပ်ကို
ဖြုတ်ချချင်တယ်ဆိုရင်တော့ ကျွန်တော်တို့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က
အစဉ်သဖြင့် ဖိတ်ခေါ်ကြိုဆိုလျှက်ပါ …