Unlock a World of Free Content: Books, Music, Videos & More Await!

Saw Ba Maung

Description
မွန်/ကရင် သတင်းများနှင့် သတင်းစုံ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

2 weeks, 2 days ago
Saw Ba Maung
2 weeks, 2 days ago
Saw Ba Maung
2 weeks, 2 days ago
Saw Ba Maung
3 weeks, 2 days ago

မြဝတီမြို့ပေါ်တွင် ပုံမှန်အတိုင်း တည်ငြိမ်နေလျက်ရှိပြီး BGF နှင့် DKBA အဖွဲ့များက ကင်းလှည့်သွားလာမှုများရှိနေဟု ဒေသခံများဆို
18/04/2024 15:15
 747

မြူနစ် (NP News) - ဧပြီ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပုံမှန်အတိုင်း တည်ငြိမ်နေလျက်ရှိပြီး BGF နှင့် DKBA လက်နက်ကိုင်အဖွဲ့များက ကင်းလှည့်သွားလာမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့ခံများအနေဖြင့် ယနေ့(ဧပြီ ၁၈ ရက်)တွင် မြို့အတွင်းမှထွက်သွားရန် ကောလာဟ လများထုတ်လွှင့်ကာ ပြောဆိုရေးသားမှုများရှိနေသော်လည်း ပုံမှန်အတိုင်းသာ လည်ပတ်နေ လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း၌ မြဝတီမြို့တွင် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်သည့်မြို့ခံများအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်မှုများရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

“မြို့ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ ပုံမှန်ပါပဲ။ လူငယ်တွေရော၊ လူကြီးတွေရော ပုံမှန်ပဲ သွားနေကြတာပဲ။ အခုမြို့ပေါ်မှာတော့ BGF နဲ့ DKBA နဲ့ပဲတွေ့တယ်။ သူတို့ပဲ လှုပ်ရှားနေတယ်လေ။ အရင်ရက်ကတော့ BGF က ကြေညာတာရှိတယ်။ သူခိုးတွေ (၃)ရက်အတွင်း ထွက်ပါဆိုပြီးတော့ ကြေညာတယ်။ တကယ်လို့ မိလို့ရှိရင် ပြင်းထန်စွာအရေးယူမယ်ဆိုပြီးတော့ပေါ့” ဟု မြဝတီမြို့ခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် မြဝတီမြို့ပေါ်၌ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးရယူထားသည့်အခြေ အနေမျိုးကို မတွေ့ရကြောင်းလည်း မြို့ခံများက ပြောသည်။

“ကျွန်တော် သွားနေတာတော့ မြို့ပေါ်မှာ စစ်သားတွေ၊ ဘာတွေ မတွေ့ဘူး။ ရဲကတော့ ရဲစခန်းထဲမှာ ရှိတယ်။ အရပ်ဝတ်တွေနဲ့ပဲ စခန်းထဲမှာ နေတယ်။ ရဲလည်း မြို့ထဲကို လှည့်တာမတွေ့ဘူး”ဟု မြဝတီမြို့ခံတစ်ဦးက ဆက်လက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များ သည် ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ မြဝတီမြို့အနီးရှိ ခလရ (၂၇၅)ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့၏ အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့သို့ စစ်ကူပေးရန် လာရောက်နေသည့် တပ်မတော်၏ စစ်ကြောင်းကို ကော့ကရိတ်နှင့် သင်္ဃန်းညီနောင်ကြားရှိ ဒေါနတောင် ကြောတစ်ဝိုက်တွင် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

3 weeks, 2 days ago
Saw Ba Maung
3 weeks, 2 days ago

ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေဟု နစက အကြီးအကဲဆို
18/04/2024 11:34
 157

မြူနစ် (NP News) - ဧပြီ ၁၈

နိုင်ငံ၏ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက ဧပြီ ၁၇ ရက်တွင် ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နှစ်ဆန်းတစ်ရက်၌ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းစကားပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ ကြုံတွေ့ခဲ့ရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး ယခုနှစ်သစ်တွင်လည်း အစိုးရအနေဖြင့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်ရန် ဆက်လက်ရင်ဆိုင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

“ယခုနှစ်သစ်မှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ယုံကြည်ချက်တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်သူအားလုံး လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့် မတ်ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု နစကအကြီးအကဲက ပြောသည်။

ထို့ပြင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးရန်လည်း မေတ္တာရပ်ခံထားသည်။

အလားတူ နိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌက အခက်အခဲအကျပ် အတည်းမျိုးစုံကြားမှ နိုင်ငံ့စီးပွားကို အတိုင်းအတာတစ်ခုအထိ တိုးတက်ရန် ဆောင်ရွက်နိုင်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

“အခက်အခဲအကျပ်အတည်းမျိုးစုံကြားက နိုင်ငံ့စီးပွားအတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပိတ်ဆို့တားဆီးမှုအပါအဝင် အခက်အခဲအချို့သာမရှိခဲ့ရင် နိုင်ငံ့စီးပွားဟာ ဒီထက်မက များစွာတိုးတက်နေမှာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားထားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်း ချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမြော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ကြောင့် အချို့သော ကိုယ်ကျိုးအတ္တလွန်ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်းထဲရောက်အောင် တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်တာကြောင့် အရှည်ကိုမြော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေတာကို ကျွန်တော်တို့အားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့ တုံ့ပြန်ပြသဖို့ လိုပါတယ်” ဟု ဆက်လက်ပြောသည်။

ထို့ကြောင့် လာမည့်နှစ်သစ်တွင် နိုင်ငံတော်အတွင်း၌ တည်ငြိမ်အေးချမ်းပြီး ဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေ စီလမ်းကြောင်းကို တိုင်းရင်းသားအားလုံးက ပူးပေါင်းကြိုးစားပေးရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ပြီးခဲ့သော မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်(ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်)အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နေရာဒေသအချို့၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန်းဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ဆုတ်ခွာပေးခဲ့ရသည့်စခန်းအများအပြားလည်း ရှိခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုအများအပြားသည် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသကဲ့သို့ ၎င်းတို့၏ စည်းစိမ်ဥစ္စာ၊ နေအိမ်များသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

1 month ago

**ဒီနေ့က အစ္စလာမ် ဘာသာဝင်တွေရဲ့ အီးဒ်နေ့ ဖြစ်ပါတယ်။

NUG /PDF တွေအနေနဲ့ ဒီနေ့ကို နိုင်ငံတော်ကြီး စစ်အာဏာရှင်လက်အောက်ရောက်နေလို့ ဝတ်မပြုရဘူး ဆုမတောင်းရဘူး လို့ ပြောသံ မကြားမိပါဘူး....။ ဗလီတွေနားမှာလည်း ဗုံးကွဲသံ ၊ ဒရုန်း တွေ၊ Drop bomb တွေ ကျတာ မကြားမိပါဘူး ။

အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့ကိုတောင် နားလည်ပေးနိုင်တဲ့ ခင်များတို့တော်လှန်ရေးက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ထုံးတမ်းဓလေ့ရိုးရာတွေအပေါ်မှာ နားလည်မှု မထားနိုင်ကြဘူးလား...?

ဘာလို့လဲ...? ခင်များတို့ တော်လှန်ရေးက ဗုဒ္ဓဘာသာကို သီးသန့် တိုက်ခိုက်ဖျက်ဆီးတဲ့ တော်လှန်ရေးလား...?

ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်မြတ်နေ့ထူးနေ့မြတ်တွေမှာတော့ နိုင်ငံရေး အကြောင်းပြပြီး ဘုရားမသွားရဘူး။ ယနေ့ ဘုရားပိတ်သည်။ စသဖြင့် မျိုးစုံ ကန့်လန့်တိုက် အနှောက်ယှက် ပြုခဲ့ကြတာဟာ ဗုဒ္ဓဘာသာတစ်ခုတည်းကိုပဲ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလား...? လို့ မေးချင်ပါတယ် ။

မကြာခင် ကျရောက်တော့မယ့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေသာမက မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဘာသာတိုင်း၊လူမျိုးတိုင်းနဲ့ သက်ဆိုင်တဲ့ ပွဲတော်ပါ။

အီးဒ်နေ့ ကို နားလည်မှု ရှိသလို မြန်မာ့ရိုးရာ အတာသင်္ကြန်ကို နားလည်မှုမရှိ ဖျက်ဆီးကြမယ်ဆိုရင်တော့...ခင်များတို့တော်လှန်ရေးက တစ်ဖက်စောင်းနင်းသပ်သပ် ဗုဒ္ဓဘာသာနဲ့ မြန်မာ့ရိုးရာတွေ ကွယ်ပျောက်သွားအောင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြတယ်ဆိုတာ... ဝန်ခံလိုက်ကြပေါ့...။

သဇင်ဦး (ရွှေဆည်သူ)**https://t.me/Thazinoo969

1 month ago
***တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ နဲ့ အညာပဒက်သီးလေးတွေက တလ …

***တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ နဲ့ အညာပဒက်သီးလေးတွေက တလ ၁ သိန်းခွဲတောင် နပ်မမှန်ရှာဘူး...။

ဝံကြီးဆိုသူတွေကတော့ ပြည်ပမှာ တိုက်နဲ့ကားနဲ့ ညနေအချိန်မှန် အရက်ကလေးနဲ့ တလ သိန်း ၁၅၀?

ဘဝတွေက ကွာတယ်နော်
ဦးနှောက်ရှိတာ မရှိတာနဲ့***

1 month ago
ရေးမြို့နယ်၊ မာန်အောင်တောင်ကြောမှာ ခွေးဘီလူးအဖွဲ့များ စခန်းချနေကြောင်း တာဝန်သိ ပြည်သူများရဲ့ …

ရေးမြို့နယ်၊ မာန်အောင်တောင်ကြောမှာ ခွေးဘီလူးအဖွဲ့များ စခန်းချနေကြောင်း တာဝန်သိ ပြည်သူများရဲ့ သတင်းပေးပို့ချက်အရ လုံခြုံရေးအဖွဲ့ဝင်များ သွားရောက် ရှင်းလင်းစဥ်-
အကြမ်းဖက် ခွေးဘီလူးအဖွဲ့များ လက်နက်များထားခဲ့ကာ ဝရုန်းသုန်းကားဖြင့် ထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက် ခွေးဘီလူးအဖွဲ့ထံမှ-
- M-4 သေနတ် ၂ လက်
- AK-47
- 12V သေနတ် ၁ လက်
- လက်လုပ် သေနတ် ၁ လက်
- ကျည်အိမ် ၄ ခု
- ကျည်မျိုးစုံ ၃၅ တောင့်
- KNU ဘတ်တံဆိပ်ပါ အခြောက်ဝတ် ယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်..

Saw Ba Maung

3 months ago

၂၀၂၄ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား သဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို ပေးပိုသည့်သဝဏ်လွှာအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖတ်ကြား

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago