UPDATE - အညွှန်းသီးသန့်

Description
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

9 months, 2 weeks ago

Chapelwaite ဆိုတဲ့ 2021 အသစ်ထွက် American Horror TV- series ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်
Season 1 မှာ အပိုင်း 10 ပိုင်း ပါဝင်မယ်လို့ သိရပြီး လက်ရှိမှာ 4 ပိုင်းထွက်လာပြီးတဲ့ Ongoing Series တစ်ခုပဲ ဖြစ်ပါတယ်
IMDb rating 7.5 ထိ ရထားပါတယ်
ဒီဇာတ်လမ်းကိုတော့ အမေရိကန် စာရေးဆရာ Stephen King ရဲ့ Jerusalem’s lot ဆိုတဲ့ ဝတ္တုတိုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ
ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ရမယ် ဆိုရင်ဖြင့်…
ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အစွဲအလမ်းတစ်ခုကြောင့် စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ချားစ်ဘွန်းဆိုသူဟာ ကုန်းမြေနဲ့ ဝေးရာကို ထွက်ပြေးရင်း ဘဝတလျှောက်လုံး ပင်လယ်ထဲမှာ အချိန်ကုန်ခဲ့သူပါ
သ‌င်္ဘောပေါ်မှာပဲ အိမ်ထောင်ကျ သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်
ဇနီးဖြစ်သူ ဆုံးရှူံးသွားရပြီးနောက် အမွေရတဲ့ Maine က စံအိမ်ကြီးကို သားသမီး ၃ ယောက်နဲ့ အတူ ပြန်လာတာကနေ ဇာတ်လမ်းစထားပါတယ်
သူတို့ စံအိမ်ကို ရောက်လာတဲ့အခါ ကျိန်စာသင့်သလို ဖြစ်နေတဲ့ ပရီချာကော်နာမြို့သူမြို့သားတွေက ဘွန်းမျိုးနွယ်ကြောင့်ဆိုတဲ့ စိတ်နဲ့ သူတို့ သားအဖတွေကို ဝိုင်းကျဉ်ခံရပါတယ်
ဘာအကြောင်းကြောင့်ဆိုတာ သေချာမသိရ မြို့ထဲမှာလည်း လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောဂါနဲ့ သေဆုံးနေကြတာကို သိရပြန်ပါတယ်
ဒါတွေကို မယုံကြည်တဲ့ စာရေးဆရာမလေး ရေဗက္ကာကတော့ ချားစ်ရဲ့ ကလေး ၃ ယောက်ကို စာသင်ပေးဖို့ သဘောတူပြီး ချက်ပယ်ဝိတ်စံအိမ်ကို ရောက်ရှိလာပါတယ်
ချက်ပယ်ဝိတ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်တာထက် ပိုကောင်းမယ့် ဇာတ်လမ်းမရှိနိုင်ဘူးဆိုတဲ့ ခံယူချက်နဲ့ ရောက်လာတာပါ
သူရော ချက်ပယ်ဝိတ်ရဲ့ လျှို့ဝှက်ချက်ကို တကယ်ဖော်ထုတ်နိုင်ပါ့မလား….
မြို့ထဲက ရောဂါဆိုးက တကယ်ပဲ ဘွန်းတွေကြောင့် ဖြစ်တာလား…
ချားစ်အတွက် အိမ်ကြီးကို အမွေပေးခဲ့တဲ့ ဦးလေးဖြစ်သူ ဖိလစ်ဘွန်းနဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ စတက်ဖန်ဘွန်းရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ…
သူတို့က ပရီချာကော်နာကလူတွေအပေါ် ဘာအမှားလုပ်ခဲ့လို့ ဘွန်းမျိုးနွယ်ကို မုန်းတီးနေကြတာလဲဆိုတာတော့ ဆက်လက်စောင့်ကြည့် အားပေးကြပါနော်
Chapelwaite ကတော့ မြှုပ်ကွက်တွေ အများကြီးနဲ့ သည်းတထိတ်ထိတ် ရင်တဖိုဖို ကြည့်ရမယ့် ရှားပါး horror စီးရီးထဲက တစ်ခုလို့ ညွှန်းပါရစေ

9 months, 2 weeks ago

သားမျိုးနွယ်တွေကို မျိုးတုံးသတ်ဖြတ်စေဖို့ အမိန့်ပေးလိုက်တဲ့ ဘုရင်ဟစ်ပီးယန်း ..

ဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့

သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်း

တစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲ

ဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့

ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းက

အစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲ

ပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်

ကလည်း ဝင်ကူညီရခက်နေကြပါတယ်။

9 months, 2 weeks ago

RRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့
မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ
ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။

RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့
ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….
ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ
အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ
ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။
မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့
ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..

12 months ago

Cinderella ဇာတ်အိမ်ကိုမှ Horror
ဆန်ဆန်ကြည့်ရှုရမဲ့

Cinderella (2021)မြန်မာစာတန်းထိုး

ဒီနေ့ပဲထွက်ရှိလာတဲ့ IMDb 8.3 ရထားတဲ့ တမီးလ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။တကယ်ဆို ကျွန်တော်တို့ဟာ စင်ဒရဲလားတို့ စနှိုးဝိုက်တို့နဲ့ပက်သက်ရင် အရမ်း fairy tales ဆန်ချင်ခဲ့ကြလို့ fairy tales တွေနဲ့ပဲညားခဲ့ရတယ်မလား။ တကယ့် စင်ဒရဲလား၊ စနိုးဝိုက်ဇာတ်လမ်းတွေဟာ တကယ့်အပြင်လောကမှာ ကျွန်တော်တို့သိတဲ့ဇာတ်လမ်းလေးတွေထဲကလိုဟုတ်နိုင်ပါ့မလားပေါ့လေ။
တကယ့်ကမ္ဘာ့လောကကြီးဟာ တွေးကြည့်ရင်တွေးကြည့်သလောက် အရမ်းရက်စက်ကြမ်းကြိုက်တယ်မလား။ ဒီတော့ ဒီတမီးလ်စင်ဒရဲကားလေးကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ရိုက်ထားတယ်ဆိုတာတော့လုံးဝအာမခံပါတယ်ခင်ဗျာ။ဒီတော့တစ်ချို့ဘောလိဝုဒ်ကားကောင်းတွေနဲ့ကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်စင်ဒရဲလားကားလေးကိုလည်း ရှုစားရင်ခုန်ပေးလှည့်ပါဦး

12 months ago

Beauty and The Beast (2017)

ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး

မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။

ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။

အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။

အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။

Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး

Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?

12 months ago

Titanic (1997)

1997 ခုနှစ်က ထွက်ရှိထားပြီး သူခေတ်သူအခါ အတော်လေး အောင်မြင်‌ကျော်ကြားခဲ့တဲ့အပြင် လူတိုင်းရင်ဖက်ထဲမှာလည်း နေရာတစ်ခုယူနိုင်တဲ့အထိ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အချစ်ရုပ်ရှင်ကို ပြောပြချင်ပါတယ်။မင်းသားကြီး Leonardo DiCaprio နှင့် မင်းသမီး Kate Winslet တို့က အံ့၀င်ဂွင်ကျ သရုပ်ဆောင်ထားကြတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ဇာတ်နိမ့်အမျိုးထဲက ကောင်လေးတစ်ယောက် နှင့် အထက်တန်းစား မိသားစုက ကောင်မ‌လေးတို့ရဲ့ တိုက်တန်းနစ် ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး ‌သင်္ဘော ပေါ်က ၀မ်းနည်းဖွယ်ရာ အဆုံးသတ်နဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တော်တော်များများလည်း ကြည့်ဖူးထားကြတော့ ဇာတ်ညွှန်းကတော့ ဒါထက်ပိုပြီး ပြောပြမနေတော့ပါဘူး။နောက်ထပ် ဒီရုပ်ရှင်ထဲက စိတ်၀င်စားလေးတွေအနေနဲ့ မပါမဖြစ် Titanic သင်္ဘောကြီးဘဲဖြစ်ပါတယ်။သူ့ခတ်သူ့အခါမှာတော့ အကြီးဆုံး နှင့် Luxury အဆန်ဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတာပေါ့။နောက်ထပ်ကတော့ အဲ့အချိန်က အမျိူသမီးတွေကို နိမ့်ချတဲ့ အတွေးခေါ်တွေ လွှမ်းမိုးနေပါတယ်။အမျိုးသမီးတွေဟာ လင်ယူသားမွေး အဆင့်လောက်ဘဲ ရှိပြီး အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမရရှိခဲ့ကြပါဘူး။

1 year ago

ကြမ်းမှကြိုက်တယ်ဆိုသူများအတွက် အက်ရှင်ကားကောင်းလေးတစ်ကားပါ…

Raja The Great (2017) သည် IMDb 6.6/10 Google users 90%  ဒါရိုက်တာ  Anil Ravipudi

ကိုယ်တိုင်ရေးသားရိုက်ကူးထား၍  သရုပ်ဆောင် Ravi Teja, Mehreen Pirzada, Vivan Bhatena တို့ ပါဝင်သရုပ်ဆောင်ထားသော Action ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…

ရာဂျာဆိုတဲ့ မွေးကတည်းက မျက်မမြင်အဖြစ်မွေးလာတဲ့ သူတစ်ယောက်ဟာ  ထူးခြားတဲ့ အာရုံခံမှု ရှိပြီး သေချာလေ့ကျင့်ထားတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ကာ ကောင်မလေးတစ်ယောက်ကို ကယ်ဖို့ တာဝန်ပေးခံရတဲ့အခါ ဘယ်လို အက်ရှင်တွေ ကြုံရမလဲ ဇာတ်ကားမှာ ကြည့်ကြပါခင်ဗျာ…

1 year ago

Scent Of a Ghost (2019)

သရဲကားလည်း ကြည့်ချင် ကြမ်းကြမ်းတမ်တမ်းတွေဆိုရင်လည်း ကြည့်ရမှာ ကြောက်တဲ့သူတွေအတွက် ရိုတဲ့ သရဲကားလေး တင်ဆက်ပေးလိုက်ပါတယ်
သူဌေးသားလေး ချားဒုန်ဆော့ဟာ အနုပညာတက္ကသိုလ်က Queen လေး ဂျီယွန်းကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့ပါတယ်
ဂျီယွန်းနဲ့နီးစပ်အောင် ကံကြမ္မာက ဖန်တီးပေးခဲ့ပေမယ့် နဂိုကတည်းက အမေရိကမှာ ပညာသွားသင်ဖို့ စီစဉ်ထားတဲ့ ဒုန်ဆော့ဟာ ဂျီယွန်းနဲ့ ခွဲရဖို့ ဖြစ်လာပါတယ်
ခြောက်လပဲ စောင့်ပေးပါ ခြောက်လပြည့်ရင် သူပြန်လာပြီး ဂျီယွန်းနဲ့အတူတူ နေပါ့မယ်ဆိုပြီး ဒုန်ဆော့က ကတိပေးခဲ့ပါတယ်
သွားမယ့်ည နှုတ်ဆက်ပါတီကို ဂျီယွန်းကတော့ ရောက်မလာခဲ့ပါဘူး
ခြောက်လပြည့်လို့ ဒုန်ဆော့ ပြန်လာတဲ့အခါမှာ ဂျီယွန်းနဲ့ အတူတူနေခွင့်ရမလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်.....

1 year ago

Lawless (2012)

ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက် တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေ ကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ

ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ် ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့ လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။ အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ

ဒီဇာတ်လမ်းဟာ.. 1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အ မေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့
ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူ တွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်

ဒီရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။

1 year ago

Ayali (2023)

IMDb-8.9/10

၁၄ ရာစုက ပန်နီယာဆိုတဲ့ရွာလေးဟာ အာရာလီအရှင်မရဲ့ကောင်းချီးပေးမှုတွေနဲ့
သာယာ၀ပြောနေခဲ့တယ် အပျိုစင်နတ်ဘုရားမဖြစ်တဲ့အတွက်
အပျိုစင်မိန်းကလေးတွေသာ ထိတွေ့ဆုတောင်းခွင့်ရတဲ့အချိန်မှာ
အပျိုစင်တစ်ယောက်ဟာ သူ့ကျောင်းတော်လာရင်း တစ်ခြားရွာက
လူတစ်ယောက်နဲ့ ချစ်ကျွမ်း၀င်ပြီး ရွာကထွက်ပြေးခဲ့လို့အမျက်ထွက်ပြီး
ရွာကပ်ဘေးဆိုက်ပျက်စီးခဲ့ရတယ်

ရွာသစ်ပြန်တည်ပြီးချိန်မှာတော့ ဒီလိုမျိုးထပ်မဖြစ်ရဖို့ ရွာမှာရှိတဲ့
မိန်းကလေးတွေကို အပျိုဖော်၀င်တာနဲ့ပေးစားခဲ့ကြတယ်
အဲဒီချိန်တည်းက နှစ်ပေါင်း ၅၀၀ ကြာပြီးသည်ထိ
ဒါကိုအစဉ်အလာတစ်ခုလိုထိန်းသိမ်းလာခဲ့တယ်

တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ အိမ်ထောင်တစ်ခုကို
စောစောစီးစီးမထူထောင်ချင်သူ ပညာဆက်လက်သင်ကြားချင်သူ
မိန်းကလေးတွေရှိလာချိန်မှ….

ယခုဇာတ်ကားလေးဟာအိန္ဒိယရုပ်ရှင်ဇာတ်ကားတို့ ထုံးစံအတိုင်း
စနစ်တွေ ထုံးတမ်းတွေကို ထိထိမိမိတိုက်ခိုက်ဝေဖန်ထောက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး
ယခုကားထဲမှာ ကျားမလူတန်းစားခွဲခြားမှု ရှေးရိုးစွဲအစဉ်အလာများကို မျက်ကန်းဖက်တွယ်မှုတွေကို
အကွက်ကျကျထည့်သွင်းဖော်ပြဝေဖန်ထားပါတယ်

တိုးတက်ပြောင်းလဲချင်သူတွေနဲ့ အစဉ်အလာကိုပဲ
ဆက်လက်ထိန်းသိမ်းချင်သူတွေကြား
ဘယ်လိုတွေအားပြိုင်အနိုင်ယူကြမလဲ ခံစားကြည့်ပါဦး

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago