CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago
မင်းငြင်းမယ်မှန်းကြိုသိခဲ့ရင်
ငါမစောင့်ခဲ့ပါဘူး...
ဘာတွေဘဲလုပ်ခဲ့"ခွင့်လွှတ်တယ်
မင်းချန်ထားခဲ့တဲ့နေရာမှာဘဲရပ်ကျန်ရစ်ပီးစောင့်နေမှာမို့
သတိရရင်ပြန်လာခဲ့ပါ။ ။
-ဂျူး
ဖေဖော်ဝါရီ ၁၄
ပန်းတွေဟာ အစွမ်းကုန်မွှေးနေ ချောကလက်တွေဟာ အစွမ်းကုန် ချိုမြနေပါတယ်
ချစ်ရသူအမျိုးသမီးလေးလဲ အစွမ်းကုန်လှနေပါလိမ့်မယ်
ကမ္ဘာတစ်ဝန်းလုံး အချစ်ရဲ့အငွေ့အသက်တွေ ပန်းတို့ရဲ့မွှေးရနံ့တွေ လွှမ်းခြုံနေပါလိမ့်မယ်
ချစ်သူနှစ်ဉီးကြားကချစ်ခြင်းတရားတွေ မယိုင်လဲ ခိုင်မြဲကြမယ်
ပျော်စရာတွေမျှဝေကာ အခက်ခဲတွေကြားမှာလဲ လက်တွဲထားကြမယ် ။
-အိုဗင်
အခုနောက်ပိုင်း ကိုယ်ဟာ ဘေးနားမှာ
လူတွေအများကြီးရှိဖို့ မတောင်းတတော့ဘူး။
စကားပြောလိုက်ရင် စိတ်သက်သာရာရမယ့်လူရယ် ၊ အကျိုးမလိုပဲ ခင်မင်တဲ့သူရယ် ၊ ကိုယ်ခေါ်ရင် ပျော်နေတယ်ဆိုတဲ့ သူလောက်ပဲလိုချင်တော့တယ်။
-crd
လူတယောက်ကို
အချိန်အကြာကြီးချစ်ချင်တယ်။
ဒီလောက်လေးတော့ မျှော်လင့်ချင်တယ်။
ဒီလောက်လေးပါပဲ
ကိုယ့်ဘေးမှာပဲ သူ့ကိုရှိစေချင်တယ်။
သူ့ဘေးမှာလဲ ကိုယ်ပဲရှိနေချင်တယ်။
??
-ခက်နှောင်း ၊
တစ်ချို့အရာတွေ ဆုံးရှုံးသွားရပုံက
သိပ်အံ့သြဖို့ကောင်းတယ်...။
မင်းနေရာမှာ မင်းနဲ့ပြန်အစားထိုးရင်တောင်
ပြန်မရတော့မယ့် အရာမျိုးတွေရှိတယ်။
-ပြည့်စုံဝင်း
အထောက် အထားပြစရာ မရှိပါဘူး
ထပ်ခါ ထပ်ခါ ချစ်မိနေခြင်းရဲ့
နောက်ကွယ်မှာ
ထပ်ခါ ထပ်ခါ နာကျင်ရစမြဲပါ။။
#သစ်လွင့်
ပိုင်ဆိုင်စရာမလိုဘူး
မင်းပျော်နေရင်ရပြီဆိုပေမယ့်
မင်းကိုပျော်အောင်လုပ်ပေးတဲ့သူက
ငါဖြစ်ချင်တဲ့အတ္တလေးတော့ရှိသေးတယ်။
-အဲလက်စ်
အင်း...နေသားကျသွားမှာပေါ့ ။ ဒီနေ့လား ။
မနက်ဖြန်လား။ ဒါမှမဟုတ်ခဲ့ရင်လည်း တရက်ရက်ပေါ့။
အစကပြန်ပြီးမှတ်မိနေတတ်တဲ့ မှတ်ဉာဏ်အပိုင်းအစတချို့နဲ့ အမှတ်တရတချို့ ၊အတူတူနားထောင်ခဲ့ဖူးတဲ့ သီချင်းတချို့နဲ့ အတူတူရယ်မောခဲ့ကြတဲ့နေ့ရက်တချို့နဲ့
ညနေခင်းတချို့၊ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့ လမ်းလွဲမှုတချို့နဲ့ ပြန်မရနိုင်တော့တဲ့ နေ့ရက်တချို့။ အကုန်လုံးဟာ သူ့နည်းသူ့ဟန်နဲ့ နေသားကျသွားမှာ။
- ခက်နှောင်
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago