Shwe Pyi Taw

Description
အမုန်းမပွား သတင်းများ ဖြန့်ဝေကြမယ်
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

4 weeks, 1 day ago

17.12.2024 - K Comedy

4 weeks, 1 day ago

တရုတ်နဲ့ဆွေးနွေးခဲ့တဲ့အကြောင်း KIA ဘက်က ဖွင့်ဟချက်၊ MNDAA နဲ့ နစက ရဲ့ကူမင်းဆွေးနွေးပွဲ ကောင်းသလား/ဆိုးသလား၊ UNOCHA ရဲ့ပြတိုက်ထဲမှာ ပြစားခံနေရတဲ့ မြန်မာငါးသန်းခွဲ၊ မြန်မာငွေ ဖောင်းပွမှု ၂၇ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ခဲ့ပြီ (17.12.2024)

https://npnewsmm.com/videos/6761986f1c20bc1e6b2b9203

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ် ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)

4 weeks, 1 day ago

ပြည်သူပေးပို့သော သတင်း

၁၇ - ၁၂  -၂၀၂၄

ပဲခူးတိုင်း အရှေ့ ခြမ်း
ညောင်လေးပင်ခရိုင်
ကျောက်တံခါးမြို့

၁၆ - ၁၂  -၂၀၂၄  ရက်နေ့  ည တွင်
အကြမ်းဖက် ဒုန်း အဖွဲ့  ၂၀ ယောက်
သမအင်းကုန်းရွာ အုပ်စုထဲသို့
ရောက်ရှိနေပါပြီ

ပဲနွယ်ကုန်း
သူဌေးကုန်း
လမ်းကြောင်းများအား ပိတ်ပြီး
ကျောက်တံခါးမြို့အား ဝင်စီးမည် ဟု သိရပါသည်။

တောင်ခင်အုပ်စု ထဲတွင်  အင်အား ၂၀၀

သမအင်းကုန်းရွာ
ခိုလိုရွာ
ဖျံတလင်းရွာ
တလိုင်းခင်ရွာ
ဖွတ်တရွာ
ချောင်းဝ ရွာ
များထဲတွင် အင်အားများ ဖြန့်ထားပါပြီ ။

(သတင်းမှန်သည်/မှားသည်ဆိုတာထက်
မိမိတို့ဖက်မှသတိမပေါ့ဖို့လိုပါသည်)

1 month ago

လောက်ကိုင်မကျခင် MNDAA က ဘယ်လို တိုက်လဲ ဆိုတော့ ဘေးပတ်ပတ်လည် အကုန်သိမ်းတယ်။ နောက်ဆုံး လားရှိုးအဝ နားထိ ထောက်ထားတယ်။ ဘေးက ကွတ်ခိုင်၊ သိန်းနီ အကုန် ပတ်ပတ်လည် သိမ်းပြီးမှ လောက်ကိုင်ကို စနိုက်ပါနဲ့ ပစ်လိုက်၊ လက်နက်ကြီးနဲ့ ပစ်လိုက်နဲ့ စစ်ကစားတယ်။ အထဲမှာ အရပ်ဖက် ဝန်ထမ်းတွေရှိတယ်။ တပ်မိသားစုတွေရှိတယ်။ စစ်ကူလည်း မလာနိုင်။ ထွက်ဖို့လည်း ခက်တဲ့အခြေအနေတစ်ခုမှာ လောက်ကိုင်ကျတာပဲ။

လားရှိုးလည်း ထိုနည်းတူစွာပဲ။ TNLA က အနောက်ဘက်က အီနိုင်း တံတားတွေ ချိုးထားတယ်။ (ခုကျ ပြင်လို့တောင်ပြီးသွားပြီ) အောက်ဘက်က နောင်ချို၊ ကျောက်မဲကို စစ်ကစားထားတယ်။ အပေါ်က သိန်းနီနဲ့ကွတ်ခိုင်က ရန်သူ့လက်အောက်ဆိုတော့ ရန်သူရဲ့ စစ်ကူက ဒ‌လဟောပဲ။ ကိုယ်တွေကသာ ပြင်ဦးလွင် ဝက်ဝံဂိတ်လောက်ကနေ ရှေ့မတတ်နိုင်တော့တာ။ လေဆိပ်လည်း ကျရော။ တိုင်းလည်း မခံနိုင်တော့ဘူး။

ခုလက်ရှိ အမ်းလည်း မြောက်ပိုင်းမှ တိုက်ပွဲ စဖြစ်ကတည်းက ဘာတွေ ပြင်ဆင်နေလည်းတော့မသိဘူး။ မကွေး-အမ်းလမ်း၊ တောင်ကုတ်လမ်းတွေ ထိန်းချုပ်ခံနေရမှတော့ အမ်းကို ဘယ်က စစ်ကူပို့တော့မလဲ။ ရန်သူက သံတွဲ လောက် ဧရာဝတီနဲ့ နီးနီးကပ်ကပ် စစ်ဖြစ်နေတာတောင် တဘို့တည်းကြည့်၊ လာဒ်စားပြီး ဆန်၊ ဆီ၊ ဆားတွေ လွှတ်ပေးနေတဲ့ ဖရဲသီးဌာနဆိုင်ရာတွေကလည်း အများကြီး။

ခုလည်း နခခ က မြောက်ပိုင်းရဲ့ တခုတည်းသော လက်ကျန် စစ်မျက်နှာ စခန်းတစ်ခုက မျက်မြင်ပဲ ကျပြီပေါ့။ မြင်ရသလောက် လက်နက်လည်း များနေသေးတယ်။ လူအင်အားလည်း ရှိနေသေးတယ်ဆိုပေမယ့် သူတို့ တိုက်နေတာလည်း လနဲ့ချီ ကြာခဲ့ပြီ။ ဘယ်သူ၊ ဘယ်သူ့ကို အပြစ်ပြောဖို့တောင် အတော်လေး ခက်တဲ့ အနေအထား။ နခခ ကို ရဖို့ ရန်သူက အမျိုးသမီးတွေပါ မချန် တက်လုံးတာ လို့လည်း ကြားနေရတယ်။ အစောကတည်းက ဒီစစ်ပွဲဟာ လူမျိုးရေးကို ဦးတည်တဲ့ စစ်ပွဲ။ ၂၁ ရာစုမှာ ရခိုင်လူမျိုး သီးသန့်နေချင်တဲ့ ပြည်နယ် လာထောင်လို့ကို မရဘူး။ ရခိုင်မှာ ရခိုင်လူမျိုး အပြင် ဗမာနဲ့ ချင်း အနည်းစုပဲ ရှိတယ်။ တခြားမျိုးနွယ်စုကလည်း လက်တဆုပ်စာပဲ။ ဗမာဆိုတာကလည်း ဝန်ကြီးဌာနတွေ ရှိလို့သာ ရှိနေကြတဲ့သဘော။ ပြည်နယ်တခုကို ကိုယ့်လူမျိုး အပိုင်ဆိုတဲ့ မြင်နေတဲ့ အမြင်ကို လက်စတုန်းပြစ်ဖို့ လိုလိမ့်မယ်။

ကိုယ်တွေကတော့ မြင်နေတဲ့အပေါ် သုံးသပ်ပြရုံလောက်ပါပဲ။  ရခိုင်မှာ စနိုက်ပါလိုတယ်။ ဒရုန်းလိုတာလည်း ရေးပြပြီးပြီ။ တကယ်လုပ်နေရတဲ့သူတွေကတော့ ပိုသိမှာပေါ့။ မီးချောင်းမင်း ရေခင်းတော့မပြချင်ပါဘူး။ ငြိမ်းချမ်းရေးအကြောင်းပြ ဆွေးနွေးရင်တောင် နယ်မြေ လက်လွှတ်ထားရပြီးမှ အောက်ကနေ ဆွေးနွေးရမယ့် အဖြစ်မျိုးတော့ အဖြစ်မခံစေချင်ပါဘူး။ စစ်ဖြစ်နေကြတာပဲ။ ရန်သူလည်း သူအားသာတဲ့ လက်နက်သုံးသလို၊ ကိုယ်လည်း ကိုယ်အားသာတဲ့ လက်နက်တွေသုံးပေါ့။

ရခိုင်ပြည်နယ်က အရေးကြီးတယ်။ လက်ရှိဖြစ်နေတဲ့ ဆီးရီးယားရဲ့ ဂိုလန်တောင်ကုန်းဆိုတာ ရခိုင်ပြည်နယ်နဲ့ နှိုင်းရင် ဘာမှ မဟုတ်လောက်ဘူး။ တူရကီကနေ ခွဲထွက်ချင်တဲ့ ကာဒ့်လူမျိုးတွေကလည်း ရတဲ့နယ်မြေ ကုပ်ကပ် ယူနေကြတာ။ ဆိုလိုတာက ....ရခိုင်ပြည်နယ်ကို အကြောင်းပြုပြီး ရှုပ်ရှုပ်ရှက်ရှက်တွေ နောင် ဖြစ်လာရင် အရမ်းရှင်းရခက်လာလိမ့်မယ်။

TNLA လည်း သူတို့ဌာနချုပ်၊ ဒါမှမဟုတ် နမ့်ဆန်လောက် ပြာချရင်ကို ရှေ့က တိုက်နေတဲ့သူတွေ စိတ်ဓာတ်ကျလာပါလိမ့်မယ်။ MNDAA လည်း အတူတူပါပဲ။ လားရှိုးပျက်ခြင်း မပျက်ခြင်းက သူတို့အတွက်အရေးမပါပါဘူး။ အချိန်တန်ရင် လောက်ကိုင်၊ ကုန်ကြမ်း အခြေပြန်ပြုရမှာ‌ပါ။ ခုဟာက လောက်ကိုင်လည်း သာသာယာယာပါပဲ။
ရခိုင်လည်း အတူတူပဲ။ အမ်းမတိုက်ခင်ကတည်းက သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေ အကုန်သာဗုံးကြဲ။ ဘာကိုင်းဖျား ကိုင်းနား တွေ လုပ်မနေပါနဲ့တော့။ အထိနာရင် ငြိမ်းချမ်းရေးအကြောင်း ပြောလာပါလိမ့်မယ်။ ကိုယ်တွေကတော့ ဒီလိုပဲ မြင်ပါတယ်။ တာဝန်ရှိတဲ့သူတွေကတော့ ပိုသိကြမှာပါလေ။

(နရီမိုး)

1 month ago

.

☯️

(    ကျင့်ဝတ်   )

နေရာတိုင်းမှာကျင့်ဝတ်ရှိသလို
ပရော်ဖက်ရှင်နယ်တိုင်းမှာလဲ ကျင့်ဝတ်တွေရှိကြရတယ်၊

လူနဲ့တိရစ္ဆာန်ကို ခွဲခြားပေးလိုက်တာက ကျင့်ဝတ်ပဲ၊

.........

မိတ်ဆွေတဦးက ပို့ပေးလို့ သတင်းဆိုတဲ့ ရုပ်သံဖိုင်ကိုကြည့်လိုက်ရတယ်၊

သတင်းကိုပြောနေတာလား
ငါးစိမ်းသည်လို ပြောချင်တာပြောနေတာလား မသဲကွဲဘူး၊ အခြားသတင်းကြေငြာနေတဲ့ ရုပ်သံတွေကို လေ့လာသင့်တယ်၊ တလောကလုံးကိုပါတ်ရမ်းနေတာ မြင်မကောင်းဘူး၊
ရန်သူများလိုက်တာ၊ အန္တရယ်များလိုက်တာ၊

ကံ တွေကမနေဘူး

............

မြန်မာတွေလဲ
ဆဲရင်း.... ဆဲရင်းနဲ့ ဆင်ရဲသွားကြတာ သတိမမူမိကြသေးဘူး၊ ဆဲကောင်းတုန်း၊ ဆဲမဝတုန်း ရှိနေကြသေးတယ်၊

..............

ဆီးရီးယားကျသွားတယ်
HTS ခေါင်းဆောင်က အဆောက်အဦးကို မဖျက်ဆီးခဲ့သလို၊ ဝန်ထမ်းတွေကိုလဲ ဘာမှ အန္တရာယ်မပြုသွားဘူး၊

နိုင်ငံပြန်လည်တည်ဆောက်ရေးစကားကိုပဲပြောသွားတယ်၊

ဒီမှာ ခေါင်းဖြတ်သတ်နေတဲ့ vd ဖိုင်တက်လာတယ်၊ အဆောက်အဦးတွေ ဖျက်တယ်၊ အစိုးရဝန်ထမ်းဆိုရင် သတ်တယ်၊ ဘယ်လောက်ကွာသွားသလဲ ❗️

............

ဆရာတယောက်ရေးတာကို
နောက်တယောက်က ကူးတင်တယ်၊ ခရက်ဒစ်မပေးဘူး၊
ခရက်ဒစ်မပေးရင် ကိုယ်တိုင်ရေးလို့သတ်မှတ်ရတယ်၊

အဲ့ဒီဆရာနာမယ်ကို မဖေါ်ပြရင်တောင်မှ "ခရက်ဒစ်" လို့ဘေးမှာရေးသင်ါတယ်၊ ကိုယ်ပိုင်မဟုတ်ဘူးလို့ ပြောလိုက်တာမျိုး၊
အဲ့ဒါဟာ ကျင့်ဝတ်ပဲ

..........

ဘိုင်ဒင်ကိုဝေဖန်တယ်၊ ထရမ့်ကိုဝေဖန်တယ်၊
အမှားကို ထောက်ပြတာမျိုးပဲဖြစ်သင်ါတယ်၊ ဆဲနေတာမျိုး ဖြစ်လို့မရဘူး၊

မြန်မာ့ယဉ်ကျေးမှုမှာ " မောင်""ကို""ဦး" ဆိုပြီး အရွယ်အရ၊ တာဝန်အရ ရှေ့က ခံပေးရတယ်၊ ဒါဟာ ယဉ်ကျေးမှုလဲဖြစ်သလို ကျင်ဝတ်လဲဖြစ်တယ်၊

President Trump, President Biden လို့ရေးရင်ပိုကောင်းတယ်၊ သူတို့ယဉ်ကျေးမှုအရ မရေးရင်လဲရတယ်၊ ဒါပေမဲ့ Fucking Trump, Fucking Biden လို့တော့ ရေးလေးမရှိဘူး၊

" အောင်ဆန်း" " စုကြည်" လို့ သုံးဖို့မသင့်သလို
အပြန်အလှန်အားဖြင့် " နေဝင်း" " သန်းရွှေ" " သိန်းစိန်" " မင်းအောင်လှိုင်" စသဖြင်လဲ မသုံးသင့်ဘူး၊

သုံးတော့ ဘာဖြစ်သလဲလို့ မေးရင် ... ဘာမှမဖြစ်ဘူး၊ ကိုယ့်အဆင့် ကိုပြတာပဲလိုပဲ ဖြေရလိမ့်မယ်၊

ကြိုက်တာ၊ မကြိုက်တာ ရှိနှိုင်တယ်
ရိုင်းဖို့တော့မသင့်ဘူး၊

မြန်မာ မှန်ရင်မရိုင်းကြဘူး
ရိုင်းရင်လဲ မြန်မာမဟုတ်ဘူး၊

BaMg ☯️

.

1 month ago

*** နှလုံးသားနဲ့ ရင်းထားတဲ့ နိုင်ငံ *

တစ်နိုင်ငံလုံးမှာ နိုင်ငံအတွက်
တကယ့်ကို မရှိမဖြစ်တဲ့ အခြေခံအဆောက်အဦတွေရဲ့ ၉၉%  လောက်ကို  ခေတ်အဆက်ဆက်က နိုင်ငံကို ခေါင်းဆောင်ခဲ့ကြတဲ့ တပ်မတော်သား စစ်သားရင့်မာကြီးတွေ တည်ဆောက်ခဲ့ကြတာ...
သာသနိက အဆောက်အအုံတွေ ၊ လမ်းတွေ၊ တံတားတွေ ၊ ဆေးရုံတွေ ၊ စာသင်ကျောင်းတွေ ၊ အစိုးရရုံးဌာနတွေ ၊ တက္ကသိုလ်တွေ ၊ ကောလိပ်တွေ ၊ ပန်းခြံ ၊ ကစားကွင်း ၊ လေယာဥ်ကွင်း ၊ အဝေးပြေးကွင်း ၊ တာဝါတိုင်တွေ ၊ ရထားသံလမ်းတွေ ...စသည်  စသည်ဖြင့်ပေါ့ ။

စစ်သားကြီးတွေရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ကြတဲ့
အမိမြန်မာနိုင်ငံတော်ကြီး...

အခုလိုအချိန်မျိုး... ဘက်ပေါင်းစုံ စစ်မျက်နှာပေါင်းစုံကနေ စစ်ရေး အမြတ်ထုတ်နေကြတဲ့ သူပုန်တွေကို  ရှိသမျှလက်နက်တွေနဲ့ အမှုန့်ချေလို့ ရပေမဲ့...

နှလုံးသားနဲ့ ရင်းပြီး တည်ဆောက်ထားခဲ့ကြရတဲ့ အရာတွေအားလုံး သဲထဲရေသွန်ဖြစ်မှာစိုးလို့ အထိအခိုက် အပျက်အဆီး အနည်းဆုံးဖြစ်အောင် လုပ်နေကြတာကို ပြည်သူအများစု သတိမပြုမိကြဘူး ထင်ပါရဲ့ ။

ဥပမာ...ရန်သူက လားရှိုးကို သိမ်းလိုက်ပြီဆိုရင် အဲ့ဒီ လားရှိုး တစ်မြို့လုံး ခြေချစရာ မရှိအောင် ဗုံးကြဲပစ်လိုက်လို့ သိပ်ရတာပေါ့ ဗျာ ။

လောက်ကိုင်ကိုလဲ ပြားပြားဝပ်သွားအောင် ကြဲလို့ ရတယ်။  ဘာမှ  မခက် ။
စစ်သား တစ်ယောက်မှ သေစရာတောင် မလိုဘူး ။

ဘာလို့ မလုပ်လဲ  ?    Why   ?

နှမြောလို့ ဗျ  ...  စစ်သားရင့်မာကြီးတွေရဲ့ နိုင်ငံ့အပေါ်ထားတဲ့ စိတ်ထား ဗျ ။

နောင်နှစ်ပေါင်းများစွာ ပြန်ပြီး တည်ဆောက်ကြရမှာ ...
အမိ မြန်မာနိုင်ငံတော်ကြီး အစ ကနေ  ပြန်စ နေရမှာစိုးလို့  ရန်သူအပေါ် မပြတ်သားနိုင်ကြတဲ့ စစ်သားကြီးတွေအဖြစ်နဲ့ပဲ  ပြည်သူက မြင်နေကြပြီပေါ့ ။

အကြမ်းဖက်အဖွဲ့ ကြေငြာခံထားရတဲ့ သူပုန်က သေမထူး၊ နေမထူး ဆိုတော့  မြို့ပဲ ပျက်ပျက် ၊ ရွာပဲ ပျက်ပျက်  သူတို့အတွက် အရေးမှ
မကြီးတာ ။

ပြီးတော့...ဒါတွေအားလုံး သူတို့ သူပုန်တွေ တည်ဆောက်ခဲ့ကြတာမှ မဟုတ်တာ ။
နှမြောရကောင်းမှန်း ၊ တန်ဖိုးထားရကောင်းမှန်း သူတို့ မသိဘူး ။

သူတို့ သူပုန်တွေက နိုင်ငံ့မျက်နှာ
မကြည့်ကြဘူး။
သူတို့သူပုန်တွေရဲ့အမြင်က မျက်တောင်မွှေး တဆုံးစာပဲ
မြင်တာ ။

စစ်သားကြီးတွေရဲ့ နောက်ဆုတ်လိုက်တဲ့ ခြေတစ်လှမ်းတိုင်းမှာ
နိုင်ငံချစ်တဲ့စိတ်တွေ ပါနေကြတယ်။

စစ်သားကြီးတွေ ပေးဆပ်လိုက်တဲ့ အသက်ဝိဉာဥ်တွေတိုင်းက
မှုန်ဝါးသွားမဲ့ နိုင်ငံကို အရောင်တင်ပေးခဲ့ကြတာ ဖြစ်တယ် ။

ကျုပ်တို့ စစ်သားကြီးတွေရဲ့ နှလုံးသားနဲ့တူတဲ့ မြို့/ရွာတွေကို
သူပုန်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်နှက်နေတဲ့ ရှော့တိုက်ဒုံးနဲ့ တစ်ချက်ပစ်လိုက်တိုင်း တဆစ်ဆစ် နာကျင်ရပါတယ် ။

နိုင်ငံ့တိုးတက်မှု နှေးသထက် နှေး ၊ လေးသထက် လေး သွားမှာ စစ်သားကြီးတွေ သိပ် စိုးရိမ်တယ် ။

အဲ့ဒီ စိုးရိမ်စိတ် ၊ မျိုးချစ်စိတ် ကို အခွင့်ကောင်းယူနေကြတဲ့ သူပုန်က ... နိုင်ငံ ကောင်းစားရေးလို့ ပြောလိုက်တိုင်း  ဘယ် ဘာသာနဲ့ ရယ်ရမှန်းတောင် မသိတော့ဘူး ဗျို့ ... ။

# စစ်နေဝန်း**

1 month, 1 week ago

ဈေးဝယ်ပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦး PDF များမှ သေနတ်ဖြင့်ပစ်ခတ်

ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့၊ ဆင်မြူးအောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအကျော်တွင် ဈေးဝယ်ပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့မှ မော်တော်ယာဉ်ဖြင့် ဈေးဝယ်ပြီးပြန်လာသည့် အုပ်ချုပ်ရေးမှူး ဦးလှဝေကို PDF များမှ ဆင်မြူးအောင်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ စောင့်ဆိုင်းပြီး ထိုအုပ်ချုပ်ရေးမှူးကို ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ပစ်ခတ်သွားကြောင်း သိရသည်။

PDF များ၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဆင်ပေါင်ဝဲမြို့၊ ဆင်မတောင်ကျေးရွာရှိ အသက် (၄၆) နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးလှဝေဖြစ်ကြောင်း သိရသည်။

1 month, 1 week ago

လက်ရှိတောင်ကိုရီးယားရဲ့ ပြဿနာက သမ္မတနဲ့ ပါလီမန်တို့ရဲ့ အားပြိုင်မှုတစ်ခုပါ။ မြန်မာနိုင်ငံမှာလည်း သမ္မတကြီး ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း ကြားမှာ ဒီလို ပြဿနာ ပွတ်တိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။ တောင်ကိုရီးယားလောက်တော့ ပြင်းပြင်းထန်ထန် မဖြစ်ခဲ့ဖူးပေါ့။
---
ခု တောင်ကိုရီးယားမှာလည်း သမ္မတရဲ့ ကာကွယ်ရေးဘတ်ဂျက်ကို လွှတ်တော်က အတည်မပြုဘဲ လျှော့ချချင်တဲ့ ပွတ်တိုက်မှုကနေ စတင်တယ်လို့ပဲ အကြမ်းဖျင်း နားလည်ပါတယ်။ ဒါကို သမ္မတက မကျေနပ်ပေမယ့် လွှတ်တော်ထဲမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်သူကမှ Check and Balance မလုပ်နိုင်ပြန်ပါဘူး။
----
သမ္မတကတော့  မာရှယ်လော ထုတ်လို့ကောင်းအောင် ကာကွယ်ရေး ဘတ်ဂျက်လျှော့ချတာဟာ မြောက်ကိုရီးယားကို ရင်ဆိုင်ဖို့ အခက်တွေ့အောင် လုပ်တာဆိုပြီး အကြောင်းပြပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ သမ္မတရဲ့ အရေးပေါ် ကြေညာချက်ဟာ လုပ်ပိုင်ခွင့် ဘောင်ကို ကျော်နေတယ်ဆိုပြီး အကြောင်းပြ ထားတာတွေ့ရတယ်။ လက်ရှိ သိရသလောက်ကတော့ သမ္မတက လက်ဦးမှု ရယူပြီး လွှတ်တော်ကို စစ်တပ်နဲ့ စီးထားတဲ့ ပုံပဲ။
----
ဘာကို သွားသတိရသလဲဆိုတော့… မကြာသေးခင်ကမှ ရုပ်ရှင်ဆုပေးပွဲမှာ 12:12 Day က  ရုပ်ရှင်ထူးချွန်ဆုတွေ ရသွားတာကို ပြန်သတိရမိစေတယ်။ သမိုင်းနဲ့ချီပြီး ဇာတ်လမ်းတွေ ရှိခဲ့တော့ ဒီအဖုအထစ်က ဘယ်လောက်ကြီးသွားမယ်ဆိုတာ မသိနိုင်ပြန်ဘူး။ သို့သော် လည်း ဒီမိုကရေစီနိုင်ငံတွေမှာတောင် ဒီလိုဖြစ်ပါ့လားဆိုတဲ့ သံဝေဂ တော့ ရမိတယ်။

(နရီမိုး)

1 month, 1 week ago

3.12.2024 - K Comedy

1 month, 2 weeks ago

ပြည်သူ့အသံ

ဒီမှာကြည့်...ဟုတ်တယ်ဟုတ်
ဒါပေမဲ့အဲ့ဘက်မှာလိုရက်လွန်ဒဏ်ကြေးက
၂၀၀၀မဟုတ်ဘူး၊၃၀၀၀နော်၊ဒီဒဏ်ကြေးကနိုင်ငံတော်ငွေစာရင်းဝင်မဝင်ဘယ်မ​​......မှမစီစစ်ဘူး၊ပြည်သူကိုလည်းဒဏ်ကြေးပေးဆောင်ရကြောင်းတရာဝင်ဖြတ်ပိုင်းမပေးဘူး၊မမေးရင်ဒါတရားမဝင်ဘူးပေါ့ဟုတ်တယ်မို့လား၊ဒါတွေကကြာပြီကွာ၊ပြည်သူတွေခံနေရမှန်းသိတယ်
ဘယ်အကောင်ကိုပြောလို့
ဘယ်အကောင်ကအရေးယူမှာလဲ၊တိုင်ရင်တောင်ပြသာနာတက်နိုင်သေးတယ်
လာပြီမီတာခဆိုးတဲ့မီးသုံးစွဲခ
ဒီ၂၀၂၄ခုနစ်နိုဝင်ဘာလပေးဆောင်ရတဲ့မီတာသုံးစွဲခကဗြုန်းစားကြီးထပြီးတက်လိုက်တာဟာအခြေခံလူတန်းစားနဲ့အငြိမ်းစားတွေကြား
မျက်လုံးမျက်စိပြူးခဲ့ရတယ်...
အပေါ်ကပြေစာဆိုဒါအကို့အိမ်၊မြေဝယ်ပြီအိမ်စဆောက်ပါပြီဆိုကတည်းက
Aircomမရှိ၊အဝတ်လျှော်စက်မရှိပြတ်တောင်းပြတ်တောင်းလာတဲ့မီးနဲ့နေတာ၃နှစ်
လတိုင်း၃၅၀၀၀၊၄၀၀၀၀ဘဲ
ဟောအခုကြည့်..၆၀၀၀၀သောင်းပြည့်ဘို့၃၀၀ဘဲဲလိုတယ်၊
ပြောချင်နေတာကိုယ့်လိုအဲယားကွန်း၊အဝတ်လျော်စက်မရှိတဲ့အိမ်တွေမှာမီတာခတွေစွတ်ကျနေပြီအဲယားကွန်း၂လုံး၊၃လုံးတပ်၊အဝတ်လျော်စက်တွေသုံးနေတဲ့အိမ်ကမီတာ၁၅၀၀၀၊၂၀၀၀၀ဆိုတာကယုတ္တိတန်ရဲ့လားပေါ့
(ဘယ်အိမ်တွေလဲပြောလေလို့မမေးနဲ့epcကကောင်တွေသိတယ်)၊တချို့များဆိုဘယ်မှပြောခွင့်လဲမရ၊အိမ်ငှားနေရတဲ့ဘဝပါဆို
၇သောင်း၊၁၅၀.၀၀ဝဆိုတာဘာနဲ့ဆောင်ကြမလဲဘယ်လိုစားမလဲ..မီတာတိုင်းထွာတဲ့စက်တွေကမှန်ရဲ့လား၊ဘယ်ကောင်မှမစစ်သလို့ကွန်ပလိန်းလုပ်ချင်လို့ရုံးကိုသွားတိုင်epcမြို့နယ်မန်နေဂျာဆိုတဲ့ကောင်ကိုတခါမှမတွေ့ရဘဲအောက်ကစောက်ရေးမပါ၊ပြည့်ပြည့်စုံစုံမဖြေရှင်းနိုင်တဲ့ဝန်ထမ်းတွေနဲ့ချည်တွေ့နေရတယ်..ကဲ
ထပ်ပြောရင်ခံစားချက်တွေပါလို့အခုရေးတာထက်ပိုပြင်းသွားနိုင်တယ်
အဘလက်ထက်ကအဆိုးဆုံးပါ၊အဂတိလိုက်စားမှုကဘယ်သူမှအရေးမယူမဖယ်ရှားတော့ပိုပိုဆိုးလာတာ၄နှစ်ပြည့်တော့မယ်
အဘဆင်းသွားမှာတောင်ကြောက်နေကြတဲ့လာဘ်စားဝန်ထမ်းတွေကတနိုင်ငံလုံးလိုလိုဘဲ
ကောင်းပါတယ်
စားဝတ်နေရေးကြပ်တည်းမှုကုန်စျေးနှုန်းကြီးမြင့်မှုကြီး
လုပ်ခလစာဘယ်တော့မှမမြင့်တက်မှုကြီးတွေ
အခွန်အတုတ်ကြီးမြင့်မှု
လူနေမှုဘဝနိမ့်ကျမှု
ဘယ်သွားသွားမှတ်ပုံတင်အပြင်ပုံဆိုးပန်းဆိုးစမတ်ကဒ်ကြီးဆောင်သွားရ၊ခရီးသွားထောက်ခံစာကို၃၀၀၀ပေးလုပ်ရမှု
လမ်းပန်းဆက်သွယ်ရေးမလုံခြုံမှု
ဘယ်နေ့လာဆွဲမလဲကြောက်နေရတဲ့စစ်မှုထမ်းကိစ္စ(ကိုတွေကတော့မပေးရပါဘူး..(တလ၃၀၀၀၀ဆိုလားတချို့ရပ်ကွက်တွေပေးနေရသတဲ့)..

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago