အညွှန်းသီးသန့် ချန်နယ်

Description
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 year, 4 months ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 10 months, 3 weeks ago

hace 1 año

Children Who Chase Lost Voices (2011)

Asuna ဆိုတဲ့ကောင်မလေးတစ်ယောက် ထူးဆန်းတဲ့သီချင်းသံကို သူ့အဖေဆီကလက်ဆောင်ရခဲ့တဲ့ ရေဒီိယိုတစ်လုံးနဲ့ နားထောင်နေခဲ့ပါတယ် အာ့ကနေအိမ်ပြန်လမ်းမှာ မကောင်းဆိုးဝါးတစ်ကောင်တိုက်ခိုက်တာခံရတဲ့အချိန် Agartha ကလာတဲ့ Shun ဆိုတဲ့ကောင်လေးတစ်ယောက်က ဝင်ကယ်သွားပါတယ်။ Shun ပျောက်သွားတဲ့အခါ Asuna က သူ့ကိုပြန်တွေ့ရဖို့ Morisaki ဆိုတဲ့ ဆရာတစ်ယောက်နဲ့ Agartha လို့ခေါ်တဲ့နေရာကို ခရီးထွက်ခဲ့ပါတော့တယ်။ Agartha မှာ သွားရင်းလာရင်းနဲ့ Agartha ရဲ့အလှအပတွေ ရက်စက်ကြမ်းကြုတ်ပုံတွေ အဆုံးရှုံးခံရတာတွေကို မျက်မြင်ကြုံတွေ့ရမယ့်ဇာတ်လမ်းလေးပါ။ သူမ Shun ကို ထပ်တွေ့နိုင်ဦးမှာလား။ Agartha ကဘယ်လိုနေရာလဲ ကြည့်ရှူခံစားကြပါ။

hace 1 año

The Garden of Words (2013)

ဇာတ်ကားနာမည်လေးက မြန်မာလိုဆို “စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်” တဲ့
ဇာတ်လမ်းလေးက “မမနဲ့မောင်လေး” ပုံစံ ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး…အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်..
ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့
အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်..
ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ…
တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့…
စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်…
နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်

hace 1 año

Ponyo (2008)

ပွန်ညို.......ဆိုစူကီ.........ပွန်ညို........ဆိုစူကီ ဟုတ်ပါတယ် ဒီတစ်ခါဇာတ်ကားလေးကတော့အသက်ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်ကိုချစ်မိသွားတဲ့ငါးမလေးပွန်ညိုအကြောင်းပါ ဒီကားလေးက Disney ကနေရိုက်ကူးထားတဲ့ Anime ဇာတ်ကားကောင်းလေးတစ်ကားပါ ဒီကားထဲမှာတော့ဆိုစူကီဆိုတဲ့ကောင်လေးက ပင်လယ်ကမ်းစပ်မှာဆော့နေရင်းပွန်ညိုဆိုတဲ့ငါးမလေးကိုအမှတ်မထင်တွေ့ခဲ့ပါတယ် ဒီလိုနဲ့ပဲမွေးထားမယ်ဆိုပြီးအိမ်ကိုခေါ်လာခဲ့ပါတယ် တခဏအတွင်းမှာပဲဆိုစူကီရဲ့ဂရုစိုက်မှုတွေကြောင့် ပွန်ညိုဟာကောင်လေးကိုသံယောဇဉ်ဖြစ်ပြီးသူနဲ့အတူနေနိုင်ဖို့် လူသားတစ်ယောက်ဖြစ်အောင်ကြိုးပမ်းတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလည်းဆိုတာကတော့ ဒီponyoဆိုတဲ့ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ပါဉီးခင်ဗျာ

hace 1 año

Master Ji Gong (2021)

၂၀၂၁ ရုံတင် animation ဇာတ်ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
အခုလိုကာလမှာ ပုံဆွဲတာ ပန်းချီလေ့လာသူတွေများတော့ inspiration ရမယ်လို့လည်း
ထင်လို့ ကာတွန်းလေး တင်ပေးတာပါ။ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။
ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။
နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရော ဇာတ်လမ်းက အတော်တော့ ရှုပ်သား။
ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။
နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။
ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။
ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။
ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲ
ဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားလိမ့်မယ်

hace 1 año

New Gods: Nezha Reborn (2021)

ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ နီကျား ဒီခေါတ်မှာ လူပြန်ဝင်စားတဲ့ကားလေးပါ
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က နီကျားဟာ အရှေ့ပင်လယ်နဂါးမင်းရဲ့တတိယသားကို သတ်ခဲ့ပြီး သူ့ရဲ့ဝိညာဉ်ဟာလူ့ပြည်ကို လွတ်မြောက်လာခဲ့တာပါ
အခုခေါတ်အချိန်ခါမှာ နီကျားဟာ ပို့ဆောင်ရေးလုပ်နေတဲ့ ဆိုင်ကယ်ပြိုင်ပွဲဝါသနာအိုး လူငယ် လီယွင်ရှန်းအနေနဲ့ လူပြန်ဝင်စားခဲ့ပါတယ် ရန်သူဟောင်းအရှေ့ပင်လယ် နဂါးမင်းနဲ့ သူ့သားကို ပြန်တွေ့ရတဲ့အခါမှာ သူချစ်ရသူတွေကို ကာကွယ်ဖို့အတွက် သူ့စွမ်းအားတွေကိုပြန်ရှာရဖို့ဖြစ်လာပါတော့တယ်
အဲ့နောက်မှာတော့ နီကျားအနေနဲ့ ဘယ်လိုကံကြမ္မာတွေကိုရင်ဆိုင်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်

hace 1 año

Ne Zha (2019)

ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့နီကျား ဆိုတဲ့ မီးခြေနင်း စီးပြီး မီးလှံ ကိုင်တဲ့ကြာဖူးနတ်သား ကို မှတ်မိကြသေးလား
၂၀၁၉ ခုနှစ်မှာပဲ Ne Zha ဆိုတဲ့ Animation ရုပ်ရှင်ကားကိုတရုတ်နိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ်…
တရုတ်နိုင်ငံရဲ့ Animation ရုပ်ရှင်တစ်ကားအတွက် Box Office မှာ
ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်
ငယ်ငယ်က ကြည့်ဖူးတဲ့ နီကျား နဲ့ ဇတ်လမ်းပုံစံ နဲနဲလေးကွဲသွားမယ်လို့
ထင်ရပေမဲ့ ငယ်ဘ၀ အငွှေ့အသက်လဲ မပျောက်သလိုဒီဇတ်လမ်းက အတော်လေး ကောင်းလွန်းပါတယ်
Animation မှာလဲ အရမ်းကို ကောင်းမွန်လွန်းတယ်
Action ခန်းတွေ တစ်ဝကြီး ကြည့်ချင်တဲ့သူတွေအကြိုက်ပါလှပသေသပ်လွန်းပါတယ်
ဒီဇာတ်လမ်းမှာတော့ နီကျား ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ်

hace 1 año, 1 mes

" ကောင်းကင်ဘုံရဲ့ချစ်သက်သေ "

Mhom Ped Sawan (2024)

‌အိမ်ရှေ့စံကို အလုပ်အကျွေးပြုနေကြတဲ့ ရံရွေတော်တွေဖြစ်တဲ့ ရံရွေတော်ခမ် နဲ့ ရံရွေတော်စု တို့နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ် မေတ္တာရှိကြပေမဲ့ အများအမြင်မှာ မသင့်တော်မှာစိုးတာကြောင့် ထုတ်ဖော်ပြတာမျိုးမရှိဘဲ အဝေးကနေ ဂရုစိုက်ပေးရင်းနေထိုင်လာကြရာမှာ အိမ်ရှေ့စံ နတ်ရွာစံပြီးနောက် ရံရွေတော်စု ဟာ နန်းတွင်းမှာ အလုပ်အကျွေးပြုဖို့ဖြစ်လာပါတယ်။

အထက်အမိန့်ကို လွန်ဆန်ဖို့မဖြစ်နိုင်တာကြောင့် ရံရွေတော်စု ဟာ နန်းတွင်းမှာ အလုပ်အကျွေးပြုဖို့သွားချိန် ကျန်ခဲ့တဲ့ ရံရွေတော်ခမ် ဟာ မွေးရပ်မြေကိုပြန်ပြီး ဖခင်ဖြစ်သူနဲ့အတူနေထိုင်ပြီး မုန့်ရောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။

အစကတည်းက ဘေးလူတွေရဲ့အမြင် နိုင်ငံရဲ့ဥပဒေကြောင့် မနီးစပ်နိုင်တဲ့ သူမတို့နှစ်ယောက် ပြန်လည်ဆုံတွေ့နိုင်ပါ့မလား... တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာတရားက အနိုင်ယူနိုင်မလားဆိုတာကို ထိုင်းရာဇဝင်မှတ်တမ်းတွေကိုအခြေခံရိုက်ကူးထားတဲ့ Thai PBS channel ရဲ့ LGBTQ Drama series တစ်ခုဖြစ်ပါတယ်။

hace 1 año, 1 mes

“ ချစ်သောသူရဲ့ညှို့ရနံ့ ”

The Scent Of Hers (2024)

The Scent of Hers (2024)

စီရင် အဖြစ် Pancake Khemanit Jamikorn
ဂျင် အဖြစ် Gee Sutthirak Subvijitra
အရာယာ အဖြစ် Tuck Naphatsaran Mittiraroch
ချရန် အဖြစ် Nike Nitidon Pomsuwan
ခရစ် အဖြစ် Pete Thongchua

ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်တော့ စီရင် ဆိုတဲ့ အမျိုးသမီးဟာ မုဆိုးမလေးလည်းဖြစ် အိမ်ထောင်တွေလည်း ခဏခဏကွဲပေမယ့် သူ့ကို အရူးအမူး တန်းတန်းစွဲဖြစ်နေတဲ့ အရာယာ၊ ဂျင် ၊ ချရန် နဲ့ ခရစ်...

ဒါပေမယ့် ဒီမိန်းကလေးရဲ့အလှအပဟာ ကြေကွဲဖွယ်သေခြင်းတရားတွေဆီကို ဦးတည်လာခဲ့တယ်

စီရင် ရဲ့ ဘဝထဲကို ဝင်ရောက်လာပြီးတဲ့လူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ထူးခြားဆန်းကြယ်စွာ အသတ်ခံရလာပြီး လူသတ်သမားဟာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့အတွက် ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့တဲ့အချိန်မှာတော့....

ဘယ်လိုမှုခင်းတွေ ဆက်ဖြစ်လာမလဲ လူသတ်သမားကိုရော ဘယ်လိုရှာဖွေဖော်ထုတ်ကြမလဲ လူသတ်သမားကရော ဘယ်သူဖြစ်မလဲ...

ဒီ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် The Scent of Hers ဇာတ်လမ်းတွဲလေးကို အပတ်စဉ် စနေ နဲ့ တနင်္ဂနွေတိုင်းမှာ Ash Channel မှ တင်‌ဆက်ပေးတော့မှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူခံစားအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်

( ဇာတ်လမ်းအကျဉ်းကို Shwe Sin Htun မှ ရေးသားပေးထားပါတယ် )

Subtitle By - Ash Team
Encode By - Little

Ash Channel ( Ash ) မှ ဘာသာပြန်တင်ဆက်သည်

#ချစ်သောသူရဲ့ညှို့ရနံ့
#AshChannel #Ash
#AshThai #AshOngoing
#AshOngoing2024

hace 1 año, 1 mes

" နယ်မြို့လေးရဲ့ချစ်တေးသွား "

Kham Khuen Kaeo Chaos (2024)

မျက်သစ်ဒါရိုက်တာရဲ့ ဇာတ်ကား(အိုက်မန်)
စွယ်စုံရသရုပ်ဆောင်များရဲ့ သီချင်းကောင်းလေးများပါဝင်ပြီးတော့
ထိုင်းနိုင်ငံမှာ နံပါတ်တစ် ဟာသမောင် သုံးယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသကားလေးပါ...

မိသားစုနှစ်ခုမှ မိဘတွေရဲ့ ပဋိပက္ခတွေကြားကနေ သားသမီးတွေမှ ဘယ်လိုညှိနိူင်းပြီး ချစ်ဇာတ်လမ်းတွေဖြစ်လာမလဲဆိုတာ ဟာသနှောလေးတွေနဲ့ ကြည့်ကြရအောင်ပါရှင့်...

hace 1 año, 1 mes

“ ကိုကိုရေးတဲ့ချစ်ပုံပြင် "

Dangerous Innocent (2024)

“ဟိင်"ဟာ အိမ်ဖော်ရဲ့သားဖြစ်ပြီး သူဌေးသမီး"ကျာ" ဆိုတဲ့ခေါင်းမာတဲ့ကောင်မလေးရဲ့ပြိုင်ဘက်ဖြစ်ပါတယ်။ "ကျာ" ဟာ အငယ်ဆုံးသမီးဖြစ်ပြီး အမြဲတမ်းအလိုလိုက်ခံရတာကြောင့် အချိန်မရွေးစိတ်တိုင်းမကျရင်ပေါက်ကွဲနိုင်တဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ "ကျာ" ရဲ့ဖခင်ဟာ ဇနီးသစ်နဲ့သူမရဲ့မသန်စွမ်းသမီးကို အိမ်ခေါ်လာတဲ့ချိန်မှာ ရုံးရင်းဆန်ခတ်မှုတွေစတင်ပါတော့တယ်။ အမြဲတမ်းအလိုလိုက်ခံရပြီး အချစ်ခံရတဲ့ "ကျာ" ဟာ မိထွေးရဲ့မသန်စွမ်းသမီး သူမထက်အလိုက်ခံရတာမြင်ပြီး စိတ်တိုင်းမကျ ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်တဲ့အကြောင်းအရာတစ်ခုကြောင့် သူမဟာလူတိုင်းအမြင်မှာဗိလိန်ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ "ကျာ"ဟာ နိုင်ငံခြားမှာ ပညာသင်ဖို့ပို့ခံရပြီး ၂နှစ်အကြာမှ သူမပြန်လာတဲ့အချိန်မှာ မသန်စွမ်းတဲ့မိထွေးသမီးဟာ ကုသမှုခံယူပြီး "ကျာ" ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ပြီး ဟိင်နဲ့ ပတ်သတ်နေမှန်းသိတဲ့ချိန်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ပြဿနာတွေဖြစ်လာမလဲဆိုတာ Ash နဲ့အတူစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 year, 4 months ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 10 months, 3 weeks ago