Why Pay for Entertainment? Access Thousands of Free Downloads Now!

အညွှန်းသီးသန့် ချန်နယ်

Description
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 month, 1 week ago

မြန်မာစာတန်းထိုးဇာတ်ကားများတင်ပေးပါသည်💁

👉မိမိလုပ်ငန်းကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️
@Kavel_63
@Kavel_63

Last updated 2 months ago

3 weeks, 6 days ago

" Blank The Series " Season 2 (2024)

GAP novelရဲ့ Author Chao Planoyရဲ့လက်ရာတစ်ခုဖြစ်တဲ့ Blank novelကို ပုံဖော်ရိုက်ကူးမယ့် GL series သစ်လေး ဒီနေ့မှာထွက်ရှိလာပါပြီ။ Novel မှာတော့ age gapကွာလွန်းတာကတစ်ချက် FLတစ်ယောက်က ကျောင်းသူဖြစ်နေတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းရဲ့သမီးဖြစ်နေတယ်စသဖြင့် ဝေဖန်မှုတွေများပြားနေတော့ ဒီစီးရီးလေးရော ဘယ်လိုလာမလဲ သိချင်သူတွေအတွက် Ash မှာ ongoingအမီတင်ဆက်မှာဖြစ်လို့ stay tunedပါနော်။

ဇာတ်လမ်းအကျဉ်း...

Confident ရှိတဲ့working womanပီပီ စံနှုန်းတွေမြင့်နေလို့ အချစ်ရေးမှာ အဆင်မပြေမှုတွေတွေ့ပြီး ဒီလောကမှာ သူကချစ်တဲ့ သူ့ကိုချစ်တဲ့ သူနဲ့ထိုက်တန်တဲ့သူဆိုတာ မရှိဘူးလို့ တထစ်ချမှတ်ယူထားတဲ့ တစ်ကိုယ်တည်းတောက်ပမယ့် အပျိုကြီးမမဖြစ်တဲ့ ခွန်နွန်(Faye Peraya)

တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲနေတတ်တဲ့ နွန်ရဲ့ဘဝထဲကို အားနွန်ကိုမှချစ်ပါတယ်လို့ တဖွဖွပြောပြီး ဝင်ရောက်လာတဲ့သူကတော့ တက်ကြွတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်(Yoko Apasra)၊ တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကိုမှမချစ်ပါဘူး ဘယ်သူ့ကိုမှ ရင်မခုန်ပါဘူးဆိုတဲ့ မမကြီးရဲ့စံနှုန်းတွေကို ရိုက်ချိုးပြီး အိပ်ပျော်နေတဲ့ မမရဲ့နှလုံးသားကို ခုန်နှိုးစေတဲ့အခါ...

လူကပ်တာကို မကြိုက်တဲ့ Daddy typeနဲ့မမနွန်က သူနဲ့ပုံစံသိပ်တူလွန်းပြီး တက်တက်ကြွကြွနဲ့ ချစ်ဖို့ကောင်းပြီး သူ့ကိုပက်ကျိလိုတွယ်ကပ်နေတတ်တဲ့ ဘေဘီလေးကိုမှ အကြင်နာတွေပိုမိလေတော့...

အချစ်ဟာမျက်ကန်းဆိုပြီး လူတွေပြောကြပေမဲ့၊ အချစ်နဲ့ပတ်သက်ရင် အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါလို့ ပြောတတ်ပေမဲ့ ကွာဟလွန်းတဲ့ အသက်အရွယ်နဲ့ သူတို့ရဲ့ပတ်ဝန်းကျင်ကရော တီတီနဲ့မီးမီးရဲ့အချစ်ကို လက်ခံနိုင်မှာလား။

အချစ်စစ်မှန်ရင် ဆူးညှောင့်ခလုတ်တွေရှိစမြဲဆိုတဲ့အတိုင်း ကြုံလာရမယ့်အဟန့်အတားတွေကို ဒီနှစ်ယောက် ကျော်လွှားနိုင်မလား။

GAP series နဲ့လည်း ဆက်စပ်မှုရှိတယ်ဆိုတဲ့ rumors တွေကြောင့် GAP fanတွေကပါ စိတ်ဝင်စားနေတာဆိုတော့ Teaserမှာတင် အတော်လေးလိုက်ဖက်နေတဲ့ Fayeနဲ့ Yoko တို့ရဲ့မမနဲ့ညီမလေးရဲ့ အချစ်ဇာတ်လမ်းလေးကို အရိုအချိုကြိုက်တဲ့ သက်တံ့လေးတွေ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။

4 weeks ago

IMDB 7 နဲ့ Rotten Tomatoes 88% ရထားတဲ့ ဒီဇာတ်ကားကတော့
ကျွန်တော်တို့မြင်တွေ့နေကျ Justice League မဟုတ်ဘဲ
တခြားစကြာဝဠာက Justice League အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဒီစကြာဝဠာမှာ Superman က
Jor-El နဲ့ Lara တို့ရဲ့သားမဟုတ်ဘဲ General Zod က အဖေဖြစ်နေပါတယ်။
Batman ဟာလည်း လမ်းကြားထဲမှာအသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲ
သွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို Wonder Woman ဟာလည်း
အမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲ
မုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။
Lex Luthor ကလည်း Justice League ကိုအမြဲဒုက္ခပေးဖို့
ကြိုးစားနေတဲ့လူတစ်ယောက်မဟုတ်တာကြောင့်
တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။
Superman, Batman နဲ့ Wonder Woman ဟာ Luthor နဲ့ပြည်သူတွေဆန္ဒပြနေတဲ့ကြားက
Justice League ကိုဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာ
တရားဥပဒေဘောင်ကိုကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်တယ်ဆိုပေမဲ့
သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့်
အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။

ဒါပေမဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းကိုသဘောမကျလို့ ဆန္ဒပြတာတွေများလာသလို
ပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံးသိပ္ပံပညာရှင်တွေကို
သတ်တာကို Justice League ကလုပ်တယ်ဆိုပြီး ချောက်ချခံရပါတယ်။

ဒါကြောင့်ပဲ သမ္မတကြီးက သူတို့ကိုဖမ်းဖို့အမိန့်ချမှတ်လိုက်တဲ့အချိန်မှာ
သူတို့သုံးယောက်က အဖမ်းမခံရအောင်ကြိုးစားကြရင်း
တရားခံအစစ်ကိုဖော်ထုတ်ကြတာကို
တခြား Justice League ဇာတ်ကားတွေနဲ့မတူတဲ့
အရသာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

4 weeks ago

Wendell & Wild (2022)

IMDb Rating – 6.5/10
ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before
Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး
ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion
animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ်‌
စက်စက်လေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့
ကလေးမလေးကို ကက်သလစ်‌ကျောင်းအုပ် ဖာသာတစ်ယောက်က
သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး
စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ
သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့
မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ
တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင်
သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။
အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင်
ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး
ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို
ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက်
ကြည့်ရှုပေးလိုက်ကြပါဦး။

1 month ago

Gurren Lagann the Movie: The Lights in the Sky Are Stars (2009)

Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ ” The Lights in the Sky are Stars ”
ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင်
ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။
” အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန်
ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ ” …… အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့
အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာ
ကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ်
ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ Kamina City ကတော့ နေ့နေ့ညည အသက်ဝင်လို့
နေပါတယ်။ လွတ်လပ်ရေးဆောင်ကျဉ်းသူ Dai-Gurren အဖွဲ့ဝင်တွေထဲမှာ မြို့သစ်၊ ပြည်
သစ်ရဲ့ အစိုးရအဖွဲ့သားတွေဖြစ်လာကြသူတွေရှိသလို သာမန်ဘဝလေးကို ရွေးချယ်သွားကြ
သူတွေလည်း ရှိကြတာပေါ့။
Kamina မရှိတော့တဲ့နောက်မှာ အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ရတာကတော့ Simon ပါပဲ။
တစ်မြို့လုံးရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ Dai Gurren အဖွဲ့သား
တွေရဲ့ တစ်ချိန်က တိုက်ပွဲဝင်ဖော်ဝင်ဖက် Gunmen တွေလည်း ငြိမ်းချမ်းတဲ့ကာလရဲ့ အရိပ်
အောက်မှာ အနားယူနေဆဲပေါ့။ ဒီလိုအပူအပင်ကင်းတဲ့ ခေတ်ကာလမှာ Gunmen တွေ မြေ
ပြင်ပေါ်ပြန်ရောက်မယ့် အရေးကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ကြ
ပါဘူး။ ဒီလိုနဲ့ Spiral King ရဲ့ သတိပေးချက် အမှန်ဖြစ်လာမယ့်‌ တစ်နေ့မှာတော့ …. ” လက်
ထပ်ရအောင် နိယ ” ရယ်လို့ Simon ရဲ့ အရဲစွန့်ခွင့်ပန်စကားလေး အဖြေကြားလိုက်ရချင်းမှာ
တင် ရုတ်တရက်ပြောင်းလဲသွားတဲ့ နိယရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် …. Happy ending
နဲ့ စခဲ့တဲ့ဇာတ်လမ်းဟာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ Rating
ကောင်းတွေကိုယုံပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါလို့ပဲ Suggest လုပ်ချင်ပါတယ်။

1 month ago

Gurren Lagann the Movie: Childhood’s End (2008)

2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Anime လေးပဲဖြစ်ပါတယ်။ Action
mecha anime ဖြစ်တဲ့အပြင်ကိုမှ Art style နဲ့ Animation quality
အရမ်းကောင်းပြီး Screen transition တွေ Smooth ဖြစ်တဲ့အချက်နဲ့ပါ
နာမည်ကြီးခဲ့တဲ့ Anime movie တစ်ခုဆိုရင်လည်း မမှားပါဘူး။
ဇာတ်အိမ်ကောင်းမွန်မှုကြောင့် Netflix ရဲ့ Second Best Anime လည်း
ဖြစ်ခဲ့ပါသေးတယ်။
” ကောင်းကင်ဘုံကိုဖောက်မယ့်လွန်သွား ” ဆိုတာကတော့ ….. Giha ရွာက
အညတရ မိဘမဲ့လေး Simon ကို ညီအစ်ကိုလိုနေလာတဲ့ ဘဝတူချဉ်ဖတ်
Kamina အားပေးနေကျစကား။ လူသားတွေအားလုံး မြေပြင်ပေါ်ကနေ
အပြီးအပိုင်နှင်ထုတ်ခံလိုက်ရပြီး မြေအောက်မှာပဲ တွင်းတွေတူး၊ ရွာလေး
တွေတည်ပြီးနေနေကြရတဲ့ အကြောင်းအရင်းကို ဘယ်သူမှသေချာမသိကြ
ပါဘူး။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ” မြေပေါ်ကို တက်လို့မဖြစ်ဘူး ”
ဆိုတဲ့ အမှာစကားတစ်ခုပဲ ကျန်ခဲ့တဲ့အပြင် ဘယ်သူကမှလည်း ရွာရဲ့မျက်နှာ
ကျက်ကိုဖောက်ပြီး ဘာတွေရှိမှန်းမသိတဲ့ မြေမျက်နှာ​​​ပြင်ဆိုတာကြီးပေါ်ကို
တက်ဖို့စိတ်ကူးမရှိကြပါဘူး။
အကြောင်းအရင်း ဂဃနဏမသိရဘဲ မရှိတဲ့အရာကို မှန်းကြောက်ပြီး မြေအောက်
ထဲမှာပဲ ပိန်းပိတ်ပုန်းကွယ်နေရတဲ့ဘဝကနေ လွတ်​မြောက်ဖို့ကြိုးစားနေတာ
ကတော့ Kamina ပါ။ Kamina တစ်​ယောက် ဘာမထီလောင်းကျော်လုပ်လို့
ကောင်းနေပေမယ့် Simon ကတော့ ငလျင်ကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရသူ
ပီပီ စိတ်ဒဏ်ရာကြီးသလို အကြောက်လည်းကြီးပါတယ်။ တစ်နေ့မှာတော့ Simon
လွန်သွားကိုအားကိုးပြီး မြေပေါ်ကိုဖောက်တက်ဖို့လုပ်လို့ ရွာလူကြီးနဲ့ Kamina
တို့တစ်သိုက် အချေအတင်ဖြစ်နေတုန်း စက်ရုပ်မျက်နှာကြီးတစ်ခုက ရွာပေါ်ကို
ဖောက်ဝင်ချလာပါတော့တယ်။ မျက်စိပိတ်နားပိတ်နေခဲ့ကြရလို့ စက်ရုပ်လား၊
သရဲလားမကွဲဖြစ်နေကြ ချိန်မှာ မြေပေါ်ကနေ လက်နက်ဆန်းနဲ့ မိန်းကလေးတစ်
ယောက်ရောက်လာပြီး Kamina တို့နဲ့အတူ စက်ရုပ်ကြီးကို ကူတိုက်ပေးပြီးတဲ့
နောက် မြေပေါ်မှာ ရွာသားတချို့ရှိကြောင်းနဲ့ စက်ရုပ်ကြီးတွေကို “Gunmen”
လို့ခေါ်ကြောင်းပါ ပြောပြပါတယ်။ သူစိမ်းမိန်းက​လေး Yoko နဲ့အတူ မြေပေါ်ကို
လိုက်လာပြီး ကောင်းကင်နဲ့ လေထုကို မြည်းစမ်းကြည့်ဖူးသွားတဲ့ Kamina နဲ့
Simon တို့ လွတ်လပ်မှုအတွက် အားမမျှတဲ့ရန်သူကို တိုက်ထုတ်ရင်းနေသွားကြဖို့
ဖြစ်လာပါတော့တယ်။
ဒီကားလေးနဲ့ Genre တူ “Gundam” နဲ့ “Darling in the franxx” fan တွေ ကြိုက်
နှစ်သက်ကြလောက်မယ့် Movie လေးဖြစ်လို့ Brotherhood ၊ Romance ၊ Action
နဲ့ Comedy ရသစုံတဲ့ Sci-fi လေးကို Try ကြည့်ကြဖို့ Recommend ပေးချင်ပါတယ်။

1 month ago

Rio (2011)

ဘလူးလို့ခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ
သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူ
မင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။
လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့
နောက်ကျန်တဲ့အကောင်လို့ သိထားပါတယ်။
ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကို
ရီယိုမြို့မှာ ရှာတွေ့ထားတယ်လို့ သိလိုက်ရချိန်မှာတော့…

1 month, 1 week ago

DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။
အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။

1 month, 1 week ago

ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။
အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood (Lord of the ring ထဲက Frodo) က မန်ဘယ်အဖြစ်၊ Robin Williams (JumanJi 1995) က ရေမွန်နဲ့ Lovelace ဂုရုကြီးအဖြစ်၊ အဆိုတော်နဲ့သရုပ်ဆောင် E.G. DAILY က အဲရစ်ခ်အဖြစ်၊ Brad Pitt (World War Z/Bullet Train) က ပုစွန်ဆိတ်ကလေး ဝယ်လ်အဖြစ်၊ အဆိုတော် Pink က ဂလော်ရီယာအဖြစ် အသီးသီး ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့ သီချင်းမဆိုတတ်ပေမဲ့ အကနဲ့တင် အလှတရားလေးဂလော်ရီယာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ဘယ်က သူနဲ့တူတဲ့ သားလေးအဲရစ်ခ်အတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပုံကနေ စခဲ့ပါတယ်။ သွေးကစကားပြောတယ်ဆိုရမလားမသိ၊ သူ့သားလေး အဲရစ်ခ်က တခြားပင်ဂွင်းငယ်လေးတွေလိုမဟုတ်ဘဲ သီချင်းမဆိုတတ်သလို အကမှာလည်း သူ့လိုမျိုး ကျွမ်းကျင်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တာပါ။
ဒီလိုနဲ့ အဲရစ်ခ်က မန်ဘယ့်သူငယ်ချင်း ပင်ဂွင်းပုလေး ရေမွန့်နောက်ကိုလိုက်ရင်း အိမ်ပြေးလုပ်ဖို့ကြိုးစားတာမို့ သူက လိုက်ခေါ်ပြီး အပြန်လမ်းမှာတော့ သူတို့ပင်ဂွင်းတွေအတွက် မျိုးတုံးလုနီးနီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ ရေခဲတောင်ကြီးတွေ ရွေ့လျားပြိုကျပြီး သူတို့နေတဲ့အင်ပါယာနယ်မြေတစ်ခုလုံးဟာ ရေခဲတောင်တွေကြား လေးဖက်လေးလံလုံးမှာ ပိတ်မိသွားရတာပါပဲ။ သူတို့ အင်ပါယာပင်ဂွင်းတစ်စုလုံး ပိတ်မိနေခဲ့ပြီး လွတ်နေတာဆိုလို့ သူတို့ သားအဖနှစ်ယောက်နဲ့ အဲရစ်ခ်ရဲ့သူငယ်ချင်းလေးတွေပဲရှိချိန်မှာ ဒီဒုက္ခဘေးကနေ လွတ်အောင် သူတို့ဘယ်လိုရုန်းထွက်ကြမလဲ… တကယ်ရော ရုန်းထွက်နိုင်မှာလား… ဘယ်လိုနည်းလမ်းမျိုးနဲ့များ ရေခဲတောင်တွေကြားက လွတ်အောင်ရုန်းထွက်ကြမလဲဆိုတာကိုတော့ လှုပ်လှုပ်ရွရွ ကာတွန်းကာရိုက်တာလေးတွေနဲ့ သာယာဖွယ် သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။

1 month, 1 week ago

Kurt Turns Evil (2008)
IMDb – 6.3/10
၂၀၀၈ခုနစ်ကထွက်ရှိခဲ့တဲ့ နော်ဝေသရီးဒီကာတွန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။
သားသမီးသုံးယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့အတူ နေထိုင်နေပေမဲ့
ဖော့ကလစ်မောင်းတဲ့ ကာ့တ်ကို မိသားစုဝင်တစ်ယောက်ကမှ အထင်မကြီးကြပါဘူး။
ဒီကြားထဲ ဘေးအိမ်ကို ဆရာဝန်တစ်ယောက်ပြောင်းလာတဲ့အခါမှာတော့
မိသားစုဝင်တွေအကုန်လုံးက စကားပြောတိုင်းမှာ ဆရာဝန်ရဲ့နာမည်မပါမပြီးဖြစ်နေကြရော။
ဒီမှာပဲ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့အရေး
နည်းအမျိုးမျိုးနဲ့ ကြံဆောင်ရာကနေ အလွဲတွေဖြစ်ပါတော့တယ်။
ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့ကြိုးစားမှု
အောင်မြင်မလားဆိုတာကြည့်ရမဲ့ ကာတွန်းရုပ်ရှင်လေးပါ။

1 month, 2 weeks ago

အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။
ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။
ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။
ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့
ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။
ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။

ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာ
ငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။
သူ့နာမည်ကတော့ ချက်စတာဗွီပါ။
ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့
စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။
ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ကျွန်းပေါ်က
ဒေသခံတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့တယ်။
ဒါပေမဲ့ တကယ်တမ်းမှာ ချက်စတာဗွီက
ဖလင့်ရဲ့ အစားအသောက်ဖန်တီးစက်ကို လိုက်ရှာချင်ခဲ့တာပါ။
ဒါပေမဲ့လည်း အသက်ဝင်နေတဲ့ အစားအသောက်တွေကြောင့်
သူထင်သလို အလွယ်မရှာနိုင်ခဲ့ဘူး။
အဲဒီအခါမှာ ချက်စတာဗွီက ဖလင့်ကို သူ့အစား စက်ကိုလိုက်ရှာဖို့
လှည့်ကွက်တွေ ထုတ်သုံးတော့တယ်။
ဖလင့်ကလည်း ချက်စတာဗွီကို နဂိုကတည်းက လေးစားအားကျခဲ့တာမလို့
သူ့ရဲ့ အလိမ်အညာတွေထဲ နစ်သွားခဲ့တော့တာပါ။
ဖလင့်တစ်ယောက် သူ့ရဲ့စက်ကို ကျွန်းဆီ ပြန်သွားရှာတဲ့အခါ
ဘယ်လိုအန္တရာယ်တွေ စွန့်စားခန်းအသစ်တွေကို ကြုံတွေ့ရမလဲ၊ ချက်စတာဗွီကရော
ဒီစက်ကိုယူပြီး ဘာလုပ်ဖို့ ကြံစည်ထားတာလဲဆိုတာကိုတော့
ဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာလိုက်ကြပါနော်။

ဇာတ်ကားထဲမှာက သူငယ်ချင်းတွေရဲ့ အရေးပါပုံတွေ၊ ကိစ္စတစ်ခုကို ပုံသေမမှတ်ဘဲ
ရှုထောင့်နှစ်ခုကနေ သုံးသပ်ကြည့်ရှုသင့်ပုံတွေကို တင်ဆက်ထားတာမလို့
အထူးသဖြင့် ကလေးငယ်တွေကို ပြသင့်တဲ့ ကာတွန်းကားကောင်းလေးတစ်ခုပါ။
ဇာတ်လမ်းကလည်း ပထမကားလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာမလို့
မိသားစုနဲ့အတူ အချိန်ပေးကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 month, 1 week ago

မြန်မာစာတန်းထိုးဇာတ်ကားများတင်ပေးပါသည်💁

👉မိမိလုပ်ငန်းကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️
@Kavel_63
@Kavel_63

Last updated 2 months ago