Unlock a World of Free Content: Books, Music, Videos & More Await!

Well, you should talk abt more than 8 letters

Description
တင်ချင်ရာ တင်မယ်
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 месяц, 3 недели назад

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

India movie Channel gives credit to original websites and translators.

If you own the copyrights of any stuff, we will remove it within 24 hours.

Last updated 6 месяцев, 2 недели назад

3 weeks, 2 days ago
3 weeks, 4 days ago
3 weeks, 4 days ago
1 month ago
1 month ago
1 month ago
1 month, 1 week ago
1 month, 1 week ago
1 month, 1 week ago
1 month, 2 weeks ago

ကျေးဇူးပြုပြီး ငါ့ကို ဂရုစိုက်ပါကွာ -

ငါက လူအဖြစ်မှာ
အကြိမ်ကြိမ် ကျကွဲခဲ့ရဖူးတယ်၊
အချိန်ယူပြီး မွေးမြူထားမိခဲ့တဲ့
စိတ်ရဲ့ အနာတရတွေနဲ့ ကောင်ပါ၊
တစ်ခုခုကို အရမ်း လိုအပ်နေရင်
ငါ့ရဲ့ အသက်ကယ်ကြိုးတွေ အကုန်
ပြုတ်ထွက်ကုန်တော့မှာ၊
ငါ့ကို ဂရုစိုက်ပါကွာ ။

ကိုယ်တိုင်က တည်ရှိနေရင်းတောင်
စိတ်က ငါ့ဆီကနေ လွင့်ပျောက်သွားနေတာပေါ့၊
မင်းမသိတဲ့ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဆိုတာ
မင်းသိခဲ့တဲ့ ငါ့ရဲ့အားနည်းမှုတွေပဲ၊
ဆုံးရှုံးရမှာတွေ
သေမလောက် ကြောက်ခဲ့ရတာတောင်
ငါ့မှာ အထပ်ထပ် ဆုံးရှုံးနေရတုန်း၊
ငါ့ကို ဂရုစိုက်ပါကွာ ။

အချိန်တွေအကြာကြီးပဲ
အနာတရတွေ အများကြီးနဲ့ ထိတွေ့ခဲ့ရတယ်၊
ကိုယ့်အမာရွတ်တွေ ကိုယ်ပြန်
ပွတ်သပ်နေရင်းတောင်
အခြား လူတစ်ယောက်ကို စိတ်ပူလို့
တိတ်တိတ်လေး အော်ငိုမိနေခဲ့တာ မျိုးတွေ၊
ဒါကြောင့်ပဲ ငါ့ရဲ့စိတ်တွေက လုံးဝ
ထုံကျဉ်သွားခဲ့ရတာ၊ငါ့ကို ဂရုစိုက်ပါကွာ ။

ငါ့ခန္ဓာကိုယ်ထဲမှာ လျှပ်စစ်ဓာတ်
ဘယ်လောက် ရှိနေခဲ့တယ်ဆိုတာ ငါမသိဘူး၊
မင်းမျက်နှာ ဖြတ်ခနဲမြင်ယောင်လာတာနဲ့
တဆတ်ဆတ် တုန်ရီနေရတာ ငါ့မှာ၊
ငါမင်းကို စောက်ရမ်းတွေ လိုအပ်နေလို့
ရှော့ ရသွားနိုင်တယ်ဆိုတာ သိရဲ့လား၊
ကျေးဇူးပြုပြီး ငါ့ကို ဂရုစိုက်ပါကွာ ။

ငါက ကိုယ့်ကိုကိုယ်
လုံခြုံအောင် မထုပ်ပိုးတတ်သေးဘူး၊
မင်း ငါ့အနားမှာရှိနေမှ နွေးထွေးနေမယ်လို့
ငါ့မှာ ထင်ထင်နေရတာ၊
ကိုယ့်နာမည်ကိုယ် အသံထွက် ဖတ်မိရင်တောင်မှ
မင်းအသံကပဲ ငါ့နားထဲမှာ လာလာမြည်နေတယ်၊
ငါ့ကို ဂရုစိုက်ပါကွာ ။

တစ်စုံတစ်ရာက ငါလက်ထဲရောက်ရင်
အလိုလို လွတ်ကျ ကွဲ သွား တော့ တာ ပဲ၊
ဝေးကွာခြင်း နိမိတ်ပုံတွေက
ငါ့ပတ်ဝန်းကျင်မှာ အမြဲယိုစိမ့်စီးကျနေခဲ့တာ၊
ငါ့မှာ ငါ့နာမည်အရင်းထက်
မင်းကိုပိုပြီး သတိရနေမိတာကို ပျော်ရွှင်နေမိတာမျိုး၊
ကျေးဇူးပြုပြီး ငါ့ကို ဂရုစိုက်ပါကွာ ။

အခုချိန်ထိ မနေ့ကလို့ ထင်ထားခဲ့တဲ့
နေရာတွေဆီ အဆက်အသွယ် လုပ်မိနေတုန်းပဲ၊
မင်းမရှိလည်း အသက် ဆက်ရှင်နေနိုင်ပါတယ်၊
မင်းမရှိပဲနဲ့ အသက် ဆက်ရှင်မနေချင်တော့တာ၊
ဖြစ်နိုင်ရင် နည်းနည်းလောက်ဖြစ်ဖြစ်
ငါ့ကို ဂရုစိုက်ပေးပါကွာ၊ ငါ့ကို ဂရုစိုက်ပါ ။

- Chucky

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 месяц, 3 недели назад

Animeများကို မြန်မာစာတန်းထိုးဖြင့် ကြည့်နိုင်ပါသည်။

ကြော်ငြာများထည့်သွင်းလိုပါက @OnichanAnimeMyanmar ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

India movie Channel gives credit to original websites and translators.

If you own the copyrights of any stuff, we will remove it within 24 hours.

Last updated 6 месяцев, 2 недели назад