Unlock a World of Free Content: Books, Music, Videos & More Await!

PDF Loikaw Official

Description
Official telegram channel of PDF Loikaw
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

2 months, 3 weeks ago

တိုက်ပွဲကာလ (၁) လ ဝန်းကျင်ကြာမြင့်ပြီးချိန်တွင် ကရင်နီပြည်၊ ရှားတောမြို့အတွင်းတွင် နှစ်ပေါင်းများစွာ အခိုင်အမာတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများအားလုံးကို မိမိတို့ Loikaw PDF အပါအဝင် KA / KNDF တို့မှ အပြီးသတ်ချေမှုန်းနိုင်ခဲ့သည်။

တိုက်ပွဲကာလတစ်လျှောက်လုံးတွင် အကြမ်းဖက်စစ်ကောင်စီ ရာထူးအဆင့်ဆင့်မှ အယောက် ၁၆၀ ကျော်ကို ခြေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် (၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက်၊ ဆက်သွယ်ရေးစက်များ၊ စစ်ကောင်စီယာဉ်များ၊ ခဲယမ်းကျည်ဆံများ စသည့် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

မိမိတို့ Loikaw PDF သည် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ပြီး အခုအခါတွင် ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားသည့် ရှားတောမြို့သိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့သည်။ Loikaw PDF ၏ drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ယခု ရှားတောမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့နေအိမ် ၅၀ ဝန်းကျင်ကို ဖျက်ဆီးခဲ့ပြီး အရပ်သား ၇ ဦးထပ်မနည်းကို သတ်ဖြတ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကို ရာချီ ကျူးလွန်ခဲ့ပြီး မိမိတို့ တော်လှန်ရေးရဲဘော်တစ်ချို့ မြင့်မြတ်စွာ အသက်ပေးအပ်ခဲ့ရသည်။

မိမိတို့ လွိုင်ကော် PDF သည် အကြမ်းဖက်စစ်ကောင်စီ ကရင်နီဒေသမှ အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားသည်ထိ၊ အရေးတော်ပုံ အောင်မြင်သည်ထိ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားဦးမည်ဖြစ်ကြောင်း အများပြည်သူရှေ့တွင် ဂတိပြုအပ်ပါသည်။

--------
ပြန်ကြားရေး
ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်)

2 months, 3 weeks ago
PDF Loikaw Official
2 months, 3 weeks ago
PDF Loikaw Official
4 months, 3 weeks ago
" အညတရ " fund raising team …

" အညတရ " fund raising team မှ အထူး ကူညီစီစဉ်ပေးသည့် " ရဲဘော်အသက်ကယ်ကမ်ပိန်း " မှ ကျပ်ငွေ ၆၉,၈၆၆,၀၂၂ ကို မိမိတို့ Loikaw PDF မှ ဝမ်းမြောက်စွာ လက်ခံရရှိရပါသည်။

ယခု ကမ်ပိန်းအား ဖြစ်မြောက်စေခဲ့သည့် " အညတရ " အား မိမိတို့ Loikaw PDF မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

-----

Loikaw PDF

5 months, 1 week ago

ရဲဘော်တွေရဲ့ အသက်ကို ပြည်သူတွေ ကိုယ်တိုင် ကယ်တင်နိုင်ပါတယ် 👇

https://m.facebook.com/story.php?story_fbid=pfbid022RidJftUGhdUqQVCPCUF81rAohgQ5mVGo4QMx6Ncwn2TvaMvQcXQsrfGztt2wsjwl&id=100069559384402&mibextid=Nif5oz

Facebook

Log in to Facebook

Log in to Facebook to start sharing and connecting with your friends, family and people you know.

5 months, 1 week ago
စစ်ကောင်စီရဲ့ လွိုင်ကော်မြို့အခြေစိုက် ခလရ ၅၄တပ်အတွင်းမှာရှိတဲ့ လက်နက်တိုက်ကို မြေပုံပေါ်မှ …

စစ်ကောင်စီရဲ့ လွိုင်ကော်မြို့အခြေစိုက် ခလရ ၅၄တပ်အတွင်းမှာရှိတဲ့ လက်နက်တိုက်ကို မြေပုံပေါ်မှ ဖျောက်ဖျက်ပစ်လိုက်ပြီဖြစ်ပါတယ်

အောက်ပါ မှတ်တမ်းဓာတ်ပုံကတော့ Loikaw PDFနဲ့ Falcon Wings တို့ရဲ့ ဒရုန်းဖြင့် တိုက်ခိုက်ပြီးတဲ့နောက် မီးလောင်ပြီး ပြာပုံအတိ​​ဖြစ်သွားတဲ့ စကစရဲ့ လက်နက်တိုက်အဆောက်အအုံ ဖြစ်ပါတယ်။

စစ်ရေးအရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ ထောက်ပို့ပြည်သူတို့ရဲ့ ထောက်ပို့အားတွေကိုလည်း များစွာလိုအပ်လျက်ရှိနေပါတယ်ခင်ဗျာ။ နောက်ထပ်လုပ်ဆောင်မယ့် mission များအတွက်ထောက်ပို့ပေးကြပါဦးလို့ တိုက်တွန်းပါရစေ။

#ဒရုန်းနဲ့ပုန်ကန်_အဆုံးသတ်တော်လှန်
#falconwings #loikawpdf #ဝေဟင်စစ်သည်များ

6 months ago
PDF Loikaw Official
6 months ago
PDF Loikaw Official
6 months ago

ဘန်ကောက်မြို့ကြီးမှာ ကွန်ဒို တစ်ခန်းသာ အပိုင်ရသွားခဲ့ရင် . . . ဘာဆက်လုပ်မလဲ? ကျွန်တော်တို့လို အိမ်တစ်လုံး အပိုင်မရှိတဲ့သူတစ်ယောက်အဖို့ကတော့ ဘဝရဲ့ အပြောင်းအလဲကြီးပါပဲ။

ကွန်ဒိုကံစမ်းမဲ ဝယ်ယူနိုင်ဖို့ ဒီမှာ စုံစမ်းပါ 👇

https://m.facebook.com/story.php?story_fbid=pfbid02tFWfUEYMUJscLbNCByWE2Wcz2ocm47E1JNVZARtDLy6bNjUhNyifqZMJHNoH1WUPl&id=100091580064847&mibextid=Nif5oz

Facebook

Log in or sign up to view

See posts, photos and more on Facebook.

7 months, 1 week ago

ကရင်နီ ရှေ့တန်းတစ်နေရာတွင် ဆောင်ရွက်သည့် Drone mission တစ်ခု၏ မှတ်တမ်း video ဖြစ်ပြီး Loikaw PDF နှင့် Falcon Wings တို့၏ ပူးပေါင်းတိုက်ပွဲဝင်မှု စစ်ရေးအစီအစဉ်တစ်ခုလည်း ဖြစ်သည်။ ဤ video တွင် အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်များ မရှုမလှ ဆုတ်ခွါပြေးကြသည့် မြင်ကွင်းကို ရယ်ရမောရ မြင်တွေ့ရမည်ဖြစ်သည်။

ယခုအခါ video တွင် မြင်တွေ့ရသကဲ့သို့ drone mission များ လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေများ နည်းသထက် နည်းလာပြီဖြစ်သည်။ ထို့ကြောင့် မိမိတို့ Loikaw PDF နှင့် Falcon Wings ကို ပြည်သူ့အားနှင့် အလှူငွေများ ကူညီပံ့ပိုးပေးပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

Drone mission များသည် စစ်ကောင်စီကို အထိနာဆုတ်ခွါစေသည့်အပြင် ရဲဘော်များ၏ အသက်ကို ကယ်တင်နိုင်သည်အထိ စွမ်းအားမြင့်သည်။

ဆက်သွယ်လှူဒါန်းရန် fb စာမျက်နှာ >> https://www.facebook.com/loikawpdf2021?mibextid=ZbWKwL

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago