Why Pay for Entertainment? Access Thousands of Free Downloads Now!

Khaing Thu Kha

Description
Spokesperson of ULA/AA
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 3 days ago

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 6 days, 2 hours ago

1 day, 1 hour ago

ရက္ခိုင်ဒေသ အတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မေလ (၄) ရက်

ရက္ခိုင်ဒေသအတွင်း၌ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ နှင့် အာရက္ခတပ်တော် ( Arakan Army) တို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလသည် ခြောက်လနီးပါးခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ မိမိတို့အနေဖြင့်လည်း ထိုးစစ်အား တစ်ရက်မှ ရပ်တန့်ခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော တပ်ရင်း၊ တပ်မ၊ စကခဌာနချုပ်၊ နပခ ဌာနချုပ်များကို ယနေ့အချိန်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉) ကျောက်တော်နှင့် စကခ (၁၅) ဘူးသီးတောင်တို့သည် ရက္ခိုင်ဒေသအတွင်း၌ ရှိကြသည်။ အဆိုပါ စကခ သုံးခုထဲမှ တစ်ခုဖြစ်သော စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်းများ အားလုံးကို အာရက္ခ တပ်တော် မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ တစ်ခုမကျန် အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်သည်။

ထို့အတူ လက်ကျန် စကခ နှစ်ခုထဲမှတစ်ခုဖြစ်သော "စကခ (၁၅) ဘူးသီးတောင်"လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် "ဘူးသီးတောင်ဗျူဟာ"လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈) တို့ကို အာရက္ခတပ်တော် မှ တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး လက်ရှိအချိန်တွင် ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) နှင့် စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ် စခန်းတို့အား မိမိတို့မှ အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်သည်။ ထို့အတူ မိမိတို့သိမ်းပိုက်ရယူရန်ကျန်ရှိနေသေးသော လက်ကျန်စခန်းများကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိသည်။

(၁) ခမရ (၅၅၂) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင်လည်းကောင်း၊
(၂) ခမရ (၅၆၄) တပ်ရင်းအား ဧပြီလ (၅) ရက်နေ့တွင်လည်းကောင်း၊
(၃) ခမရ (၅၆၅) တပ်ရင်းအား ဧပြီလ (၂၄) ရက်နေ့တွင်လည်းကောင်း၊
(၄) စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင်လည်းကောင်း၊
(၅) ခမရ (၅၅၁) တပ်ရင်းအား မေလ (၃) ရက်နေ့တွင်လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိထားပြီး ဖြစ်သည်။

ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများ ကို ဖမ်းဆီး ရမိထားသည်။ စကခ (၁၅) တပ်မဌာနချုပ် အား အာရက္ခတပ်တော်မှ ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ (၁၂) ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ခမရ (၅၅၁) နှင့် စကခ (၁၅) တပ်မဌာနချုပ်မှ ထွက်ပြေးနေသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။ ထို့အတူ စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများသည် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများရှိခဲ့သော်လည်း မိမိတို့မှ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့၍ ရန်သူ့ဖက်မှ ထိခိုက်၊ သေဆုံးမှုများ များပြားခဲ့သည်။

ဤထိုးစစ်များနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ကိုယ်လက်အင်္ဂါများကို ပေးဆပ်စွန့်လွှတ် ခဲ့ရသော အာရက္ခ စစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ရှိသည့်အပြင် ထိုးစစ်တိုက်ပွဲများ အတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ ကြီးကြပ်ကွပ်ကဲ နိုင်ကြသော အဆင့်ဆင့်သော အာရက္ခစစ်သည်တော်များကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ထို့အတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။

ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက် ရန်သူ့စခန်းများဖြစ်ကြသော တာဝါတိုင် စခန်းကုန်း၊
(၆) မိုင်စခန်းကုန်း တို့အပြင် နခခ-၁ (ကျီးကန်းပြင်)
နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာ အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

5 days, 4 hours ago
1 week, 1 day ago

Curfew statement

April 26, 2024

In the Arakha region, ongoing clashes persist between the terrorist fascist military council and the Arakha Army, notably escalating in Buthidaung, Maungdaw, Ann, and Thandwe cities. The intensification of hostilities in Buthidaung Township is particularly concerning, attributed to the continued efforts to secure control over the Military Operation Command Center (MOC - 15).

Amidst the fierce fighting and the imminent defeat of the terrorist fascist military council, they are resorting to inciting communal conflict among various communities in the Arakha region, exploiting differences in religion and nationality. Additionally, there is obvious manipulation by the terrorist fascist’s military council, evident in their deliberate training of Muslim extremists to stoke communal tensions and arming terrorist groups within the Muslim community, all aimed at furthering their agenda during the ongoing conflict.

Conversely, Muslim terrorist factions, whether acting independently or in collaboration with the military council, have initiated a series of attacks against the Arakha Army. Additionally, these groups have engaged in criminal activities such as theft and vandalism of non-Muslim public property, posing a grave threat to the lives and security of residents in the Arakha region. Incidents, including house burnings and direct threats to civilians, have become increasingly prevalent, particularly in the Buthidaung and Maungdaw areas. In response to these escalating threats, a curfew was imposed from 7:00 PM to 6:00 AM starting April 26, 2024.

Residents of the Buthidaung and Maungdaw areas are urged to strictly adhere to the curfew from its initiation until further notice. Non-compliance will result in appropriate disciplinary measures. Residents must notify the nearest ULA administrative authorities for necessary travel and secure permission.

United Leauge of Arakan

DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.

1 week, 4 days ago
Khaing Thu Kha
1 week, 5 days ago
1 week, 5 days ago
2 weeks, 2 days ago

၁၉/၀၄/၂၀၂၄

ဇော်မင်းထွန်းရဲ့စွပ်စွဲပြောဆိုချက်က - ဒါကတော့ သူခိုးက လူပြန်ဟစ်တာဖြစ်တယ်ဗျ။ အကြမ်း‌ဖက် ဖက်ဆစ်စစ်ကောင်စီဟာ ရက္ခိုင်စစ်မျက်နှာမှာ သူတို့ရဲ့ရှုံးနိမ့်မှုတွေကိုဖုံးကွယ်ဖို့အတွက်ကြိုးစားတဲ့အခါတိုင်း ကျနော်တို့အဖွဲ့အစည်းအပေါ်မှာ  ယုတ်ညံ့အောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနှင့် တောက်လျှောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ 
လက်ရှိအခြေအနေမှာ အာရက္ခဒေသက တဆင့်ချင်းနယ်မြေလက်လွှတ်ဆုတ်ခွါနေရတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ အာရက္ခဒေသမှာ ဘာသာရေးလူမျိုးရေးပဋိပက္ခတွေဖန်တီးထားခဲ့ဖို့ကောက်ကျစ်စဉ်းလဲစွာလုပ်ဆောင်နေတာတွေ့ရပါတယ်။

အခုလက်ရှိမှာ အာရက္ခပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်စစ်ကောင်စီဟာ မူဆလင်ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA နှင့် အခြားစွန်းရောက်မူဆလင်တွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်။ ဒီမူဆလင်အစွန်းရောက်အဖွဲ့တွေနှင့်စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ဘူးသီးတောင်မြို့ထဲက ရက္ခိုင်လူမျိုးတွေရဲ့အိမ်တွေ၊ တခြားဘာသာဝင်တွေရဲ့အိမ်တွေကို ဖောက်ထွင်းခိုးယူတာ မီးရှို့ဖျက်စီးတာတွေကိုလုပ်ဆောင်နေပါတယ်။ ဒါဟာ မူဆလင်တွေနှင့် တခြားဘာသာဝင်တွေကြား လူမျိုးရေးဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနှင့်ဖန်တီးနေတာဖြစ်ပါတယ်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ 2017 တုန်းက ဒေသတွင်းပဋိပက္ခတွေဖန်တီးဖို့ သူတို့အားပေးအားမြှောက်ပေးခဲ့တဲ့ အကြမ်းဖက်အဖွဲ့တွေကို သူတို့စစ်ကောင်စီအကျိုးအတွက်ထုတ်သုံးလာပြီဖြစ်ပါတယ်။ အခြားတဖက်မှာ 2017တုန်းက သူတို့ Genocide အလုပ်ခံရပါတယ်လို့ ICJ ထိတက်ရောက်တရားစွဲခဲ့တဲ့သူတွေက သူတို့ကိုသတ်ခဲ့တဲ့ လူသတ်သမား ရာဇဝတ်ကောင်တွေနှင့်ပေါင်းသွားပြီ။ ဒါဟာ SAC နှင့် ARSA, ARA စတဲ့အကြမ်းဖက်သမားတွေအကြား သူ့အကျိုးစီးပွားနှင့်သူ ယာယီပေါင်းစည်းသွားကြတာဖြစ်ပါတယ်။ ဒါဟာ ဒီအကြမ်းဖက်အဖွဲ့တွေရဲ့သရုပ်မှန်ပေါ်လာတာလဲဖြစ်ပါတယ်။
တဖက်မှာ ဗမာစစ်ကောင်စီအကြမ်းဖက်အဖွဲ့အစည်းဟာ ARSA, ARA အဖွဲ့တွေကို အသုံးချပြီး Bangladesh သို့မူးယစ်ဆေးဝါးတင်ပို့မှုတွေကို ရေရှည်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေဟာ ရက္ခိုင်ဒေသအပါအဝင် မြန်မာတပြည်လုံးနှင့် ဒေသတွင်းနိုင်ငံတွေအနေနှင့်အားလုံးသတိထားရမဲ့ကိစ္စ၊  ဒေသတွင်းလုံခြုံရေးကိုထိခိုက် ခြမ်းခြောက်လာမဲ့ကိစ္စဖြစ်ပါတယ်။

မြန်မာအကြမ်းဖက်စစ်ကောင်စီကတော့ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုမျိုးစုံကို ဘယ်တော့မှဝန်ခံတယ်ဆိုတာသမိုင်းမှာမရှိပါဘူး။ တကယ်တော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့မူးယစ်ဆေးဝါးတွေဟာ မြန်မာစစ်တပ်ကိုယ်တိုင် သူတို့ရဲ့ပြည်သူ့စစ်နယ်မြေတွေမှာစိုက်ပျိုးထုတ်လုပ်ပြီးတော့ သူတို့ကိုယ်တိုင် နိုင်ငံတကာကို ဖြန်းဖြူးတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်တွင်းက မူးယစ်ဆေးဝါးကိစ္စ၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုတွေအားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကထိန်းချုပ်လုပ်ကိုင်‌ေနတာဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေဟာလဲ မူးယစ်ဂိုဏ်းရဲ့ Gangstar တွေဖြစ်ပါတယ်။

ကျနော်တို့ ULA/AA အနေနှင့်ကတော့ အကြမ်းဖက် စစ်ကောင်စီနှင့်အပေါင်းပါ အကြမ်းဖက်အဖွဲ့တွေရဲ့ အာရက္ခပြည်သူတွေအပေါ်မှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအားလုံးကို သေသေချာချာ မှတ်တမ်းတင်ထားပါတယ်။ ပြစ်မှုကျူးလွန်သူ ရာဇဝတ်ကောင်တွေအားလုံးကိုလဲ အရေးယူအပြစ်ပေးနိုင်ရေးအတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အပြစ်မဲ့ပြည်သူတွေကိုတော့ ဘာသာလူမျိုးမခွဲခြားဘဲ တတ်နိုင်သမျှကူညီကာကွယ်ပေးသွားမှာဖြစ်ပါတယ်။

2 weeks, 4 days ago
Khaing Thu Kha
2 weeks, 4 days ago
**MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ် …

MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ် (၃) ဖွဲ့တို့မှ “ဝ” ပြည်နယ်၏ (၃၅) နှစ်မြောက် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၇) ရက်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 3 days ago

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 6 days, 2 hours ago