Myanmar Military Power

Description
"တပ်မတော်သားများ၏လစာနှုန်းထားခံစားခွင့်များ၊ပင်စင်လစာနှုန်းထားများ၊တပ်မတော်ဂုဏ်ပြုတေးသီချင်း၊ဇာတ်လမ်းများ၊တပ်မတော်သားများ၏လေ့ကျင့်မှုမှတ်တမ်းများအားဤchannel မှတင်ဆက်သွားပါမည်
🇲🇲💚🇲🇲💚🇲🇲💚🇲🇲💚🇲🇲💚🇲🇲
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

3 weeks, 1 day ago
**ဘာလည်း ကြောက်နေကြလို့လား..?

**ဘာလည်း ကြောက်နေကြလို့လား..?

ဘာမှတောင် မလုပ်ရသေးဘူး တွေးကြောက်နေကြပုံပဲ။

😂😂😂😂

မှိုင်းဝေ**

3 weeks, 1 day ago

**ပြည်ထောင်စုလှေကြီး၊မဖျက်ဆီးကြစေလို

အကြမ်းဖက်သူပုန်တွေကတော့စကားလုံးလှလှနဲ့ဗမာလူငယ်တွေကိုစည်းရုံးတယ်။ဘာတဲ့စစ်အာဏာရှင်ကိုတော်လှန်နေခြင်းဖြစ်တယ်။ငါတိုတစ်ဖွဲထဲအတွက်တိုက်နေတာမဟုတ်ဘူးဘာဘူးညာဘူးနဲ့။အာဏာရှင်လက်အောက်ကဗမာတိုင်းရင်းသားတွေအတွက်အထူးအလေးထားစဉ်းစားတယ် ဘာညာဘာလာပေါ့။

အေးးးမင်းတိုကအသိဥာဏ်နည်းတဲ့ဗမာpdfတွေကိုသည်းခြေကြိုက်မက်လုံးတွေပေးမြှောက်ပင့်ပေး၊မူးယစ်ဆေးကျွေးပီးရှေ့ဆုံးကချည်းသေခိုင်းနေတာလက်တွေ့။

အကယ်၍(အကယ်၍များဆိုပါ​စို)မင်းတိုEAOတွေဝိုင်းတိုက်လိုဒီတိုင်းပြည်စစ်တပ်ကြီးပြိုကွဲပီးနိုင်ငံတော်ဆိုတဲ့အချုပ်အခြာအာဏာမရှိတော့ဘူးဆိုတဲ့နေ့၊အဲ့ဒီနေ့များအကယ်၍ရောက်ခဲ့ရင်၊
နေ့ချင်းမကူးဘူး၊စောင့်​ကြည့်အမဲဖျက်ချင်နေတဲ့၊အိမ်နီးချင်းနိုင်ငံကြီးတွေကချက်ချင်းကျူးကျော်ဝေစုခွဲကြလိမ့်မယ်ဆိုတာမယုံမရှိနဲ့။(နမူနာလက်တွေ့ဆီးရီးယားနိုင်ငံကိုအခုဘဲကြည့်ထားလိုက်😏)

နိုင်ငံအဆင့်မဟုတ်တဲ့ဘယ်သူပုန် လက်နှက်ကိုင်အဖွဲကိုမဆို၊
အင်အားကြီးနိုင်ငံကြီးတွေရဲ့စစ်တပ်တွေကရက်ပိုင်းအတွင်းချေမှုန်းပြီးကျွန်ပြုလိုက်မယ်ဆိုတာ အသေအချာပဲ။မင်းတိုပထွေးအင်အားကြီးလှပါတယ်ဆိုတဲ့UWSAဝတောင်ထိုင်းနိုင်ငံရဲ့ရာဇသံကိုအာခံရဲကြသလား။

ခုဖြစ်နေတဲ့ပြည်တွင်းစစ်ကမင်းတိုရဲ့ကျဉ်းမြောင်းတဲ့လူမျိုးရေးဝါဒနဲ့ဗမာမုန်းတီးရေးသွတ်သွင်းခြင်းကအခြေခံလာတာပဲ။ဒီဝါဒမှိင်းကိုဘယ်ကမြစ်ဖျားခံသလဲဆိုရင်၊
တိုင်းပြည်ကိုပြိုကွဲစေလိုတဲ့နိုင်ငံကြီးတွေဆီကပဲ။တိုင်းပြည်ရဲ့သယံဇာတကိုသူခိုးဈေးပေးပီးလက်ဝါးကြီးအုပ်ချင်နေတဲ့ဒီနိုင်ငံကြီးတွေကပဲမင်းတိုကိုမြှောက်ပင့်​ထောက်ပံ့သူပုန်ထခိုင်းနေတာ။

ဒါကိုများနိုင်ငံထူထောင်ဖိုစေတနာထားကူညီပေးနေတယ်ထင်နေသရွေ့တော့မိုက်တွင်းနက်နေကြအုံးမှာပဲ။နိုင်ငံခြားသားတွေမင်းတို အပေါ်ကူညီနေတယ်ဆိုတာဒီယုံ​မြင်လိုဒီခြုံထွင်နေတာပါ။သူတိုအပိုင်မရသေးလိုကောင်းနေတယ်မှတ်ပါလေ။

ဆိုတော့ကားဒီကနေ့EAOအဖွဲအားလုံးရဲ့လုပ်ရပ်ကပထွေးကိုဖအေရင်းထက်ပိုကောင်းမယ်ထင် နေကြတာ။တိုင်းသူပြည်သားတိုင်းရင်းသားအားလုံးနိုင်ငံသားအားလုံးကျွန်မြန်မြန်ဖြစ်ရေးကိုအသက်တွေပေးပီးလုပ်နေကြတယ်ဆိုတာလေးလေးနက်နက်စဉ်းစားတတ်ကြစမ်းပါ။

မင်းတိုလုပ်ရပ်ကိုဥပမာပေးရရင်ပင်လယ်သမုဒ္ဒရာခရီးကြမ်းမှာပြည်ထောင်စုဆိုတဲ့လှေအကြီးကြီး နဲ့သွားမှသာဘေးရန်ကင်းနိုင်တာကို၊သိသိကြီးနဲ့လှေကြီးကိုဖျက်လှေငယ်ကလေးတွေကိုယ်စီနဲ့ခရီးနှင်ချင်နေကြတာကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့မတူဘူးလားတိုင်းရင်းသားညီနောင်အပေါင်းတိုရေ။

အမြင်မှန်ရပီးပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတဲ့အရိပ် အောက်မှာတန်းတူရည်တူ၊ ဥမကွဲသိုက်မပျက်၊သွေးရင်း သားရင်းညီနောင်ရင်းတွေအဖြစ်ခရီးဆက်ကြရင်မကောင်းဘူးလား။ဒီမိုကရေစီစနစ်မှာတိုင်းရင်းသားတွေရဲ့လိုလားချက်တွေကိုလွှတ်တော်မှာဆွေးနွေးရင်းနိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာကြပါစိုလား။

(စေတနာဒေါသအလျှောက်စကားလုံးကြမ်းတမ်းမှုများကိုသီးခံဖတ်ပေးပါရန်တောင်းပန်အပ်ပါသည်။)
# Crd**

3 weeks, 1 day ago

**စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊အမှတ်(၃၅)၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သည် ရုံးလုပ်ငန်းများလုပ်ဆောင်​နေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားစဉ် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း အုပ်ချုပ်ရေးမှူး ဦးစန်းငွေ တစ်ဦးတည်းသာရှိကြောင်း ဒဏ်ရာရရှိသူ ဦးစန်းငွေမှာ သေနတ်ဖြင့် ပစ်ခတ် ခံရမှုကြောင့် ဝဲဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ဒါဏ်ရာ ရရှိခဲ့ပြီးရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ပို့ဆောင်ထားကြောင်းသိရပါတယ်။

အဆိုပါဖြစ်စဥ်အားတာဝန်ရှိလုံခြုံရေးအဖွဲ့တို့က တရားခံရှာဖွေ ဖော်ထုတ်ဖမ်းဆီးရေးအသေးစိတ်ဆောင်ရွက်လျှက်ရှိပါတယ်။**#YT

4 weeks ago
***🇲🇲******🇲🇲******🇲🇲******🇲🇲******🇲🇲******🇲🇲******🇲🇲******🇲🇲******🇲🇲******🇲🇲***

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🌾💐🌷🌹🌼🌸🌹🌷💐🌾
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
စင်္ကြာဝဠာ အနန္တ၌ ရှိကြကုန်သော လူနတ်ဗြမ္ဟာသတ္တဝါတို ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ

မြန်မာနိုင်ငံကြီး အေးချမ်းသာယာပြီး အမြန်ဆုံးဖွံဖြိုးတိုးတက်လာပါစေအားလုံး ကျန်းမာချမ်းသာကြပါစေစည်းလုံးညီညွတ်ပြီး ထာဝရငြိမ်းချမ်းရေးရပါစေသဘာဝဘေးကပ်သုံးပါးဘေး ကင်းဝေးကြပါစေ
ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

4 weeks ago

မတ္တရာမြို့အခြေအနေ

ဒေသနေ၏ ပေးပို့မှု။ သတင်းတိုင်က အဆင့်ဆင့် စိစစ်ကြရပါတယ်။လိုအပ်လျှင်

မူရင်းအတိုင်းဖော်ပြပါသည်။

"ဒရုန်းလွှတ်တဲ့ ကွန်ပြူတာ ဘောက်တွေကို ဆိုင်ကယ်ပေါ်တင်ပြီး ဝန်စုဘတ် ဆင်းသွားတယ် မနက်ဖြန်တိုက်တော့မည်ဟု ကြားသိရ. ဥဒိန်နဲ့ မြွေပုသိမ်မှာရှိတဲ့ စစ်ကြောင်းကို မြွေတလိုင်း နဲ့ မြွေထိန်ပင်စောက်နဲ့ ညှပ်ပြီးတိုက်လိမ့်မယ် မနက်ကလည်း ကားတွေနဲ့ မြေတလိုင်းဘတ်ကို လိမ့်ဆင်းနေတယ် ဆည်တော်ကြီးက လာတဲ့ချောင်းရေက. နည်းသွားပြီ အနစ်ကသုံးပေလောက်ဘဲရှိတော့တယ် ဒါကို စစ်သားတွေမသိလောက်ဘူး နောက်ပြီး တံငါတောင်ဘတ် ဘောင်ကြီးတံတားကိုလည်း ဝန်စု ရေချောင်းဘို တောင်တံငါ ဝိုင်းညှပ်ပြီးတိုက်လိမ့်မယ် အထူးသတိပြုပါ"

4 weeks, 1 day ago

မောင်တောမြို့ပြန်တိုက်မခံရရေးအတွက်ဟုဆိုက AA သောင်းကျန်းသူများမှ နတ်မြစ်ကမ်းစပ်ကရွာတွေကို မီးလိုက်ရှို့နေလို့ တစ်ညနေလုံးမီးလောင်ကျွမ်းနေကြောင်း သိရပါတယ်

1 month ago

ဘာဖြစ်စေချင်နေပြီး
ဘာအတွက် စတေးခံခိုင်းနေရတာလဲဗျာ ဘာဖြစ်လို့
လေယဥ်နဲ့စိစိညက်ညက်ကြေအောင် မလုပ်ပစ်ရတာလဲကွာ

1 month ago

အများကြီးစိတ်ထဲရှိသလိုရေးလိုက်ချင်ပေမဲ့ ရင်ဘတ်ထဲကပဲကျိတ်မှိတ်မြိုသိပ်နေရတယ်ဗျာ
ဘာဖြစ်လို့အရက်စက်ဆုံးအပြင်းထန်ဆုံးအပြတ်သားဆုံးမလုပ်နိုင်ရတာလဲဗျာ ဘာတွေကိုငဲ့ညှာပြီးဘာတွေကိုထောက်ထားနေရတာလဲ
#MyanmarMilitaryPower

1 month ago

လောက်ကိုင်မကျခင် MNDAA က ဘယ်လို တိုက်လဲ ဆိုတော့ ဘေးပတ်ပတ်လည် အကုန်သိမ်းတယ်။ နောက်ဆုံး လားရှိုးအဝ နားထိ ထောက်ထားတယ်။ ဘေးက ကွတ်ခိုင်၊ သိန်းနီ အကုန် ပတ်ပတ်လည် သိမ်းပြီးမှ လောက်ကိုင်ကို စနိုက်ပါနဲ့ ပစ်လိုက်၊ လက်နက်ကြီးနဲ့ ပစ်လိုက်နဲ့ စစ်ကစားတယ်။ အထဲမှာ အရပ်ဖက် ဝန်ထမ်းတွေရှိတယ်။ တပ်မိသားစုတွေရှိတယ်။ စစ်ကူလည်း မလာနိုင်။ ထွက်ဖို့လည်း ခက်တဲ့အခြေအနေတစ်ခုမှာ လောက်ကိုင်ကျတာပဲ။

လားရှိုးလည်း ထိုနည်းတူစွာပဲ။ TNLA က အနောက်ဘက်က အီနိုင်း တံတားတွေ ချိုးထားတယ်။ (ခုကျ ပြင်လို့တောင်ပြီးသွားပြီ) အောက်ဘက်က နောင်ချို၊ ကျောက်မဲကို စစ်ကစားထားတယ်။ အပေါ်က သိန်းနီနဲ့ကွတ်ခိုင်က ရန်သူ့လက်အောက်ဆိုတော့ ရန်သူရဲ့ စစ်ကူက ဒ‌လဟောပဲ။ ကိုယ်တွေကသာ ပြင်ဦးလွင် ဝက်ဝံဂိတ်လောက်ကနေ ရှေ့မတတ်နိုင်တော့တာ။ လေဆိပ်လည်း ကျရော။ တိုင်းလည်း မခံနိုင်တော့ဘူး။

ခုလက်ရှိ အမ်းလည်း မြောက်ပိုင်းမှ တိုက်ပွဲ စဖြစ်ကတည်းက ဘာတွေ ပြင်ဆင်နေလည်းတော့မသိဘူး။ မကွေး-အမ်းလမ်း၊ တောင်ကုတ်လမ်းတွေ ထိန်းချုပ်ခံနေရမှတော့ အမ်းကို ဘယ်က စစ်ကူပို့တော့မလဲ။ ရန်သူက သံတွဲ လောက် ဧရာဝတီနဲ့ နီးနီးကပ်ကပ် စစ်ဖြစ်နေတာတောင် တဘို့တည်းကြည့်၊ လာဒ်စားပြီး ဆန်၊ ဆီ၊ ဆားတွေ လွှတ်ပေးနေတဲ့ ဖရဲသီးဌာနဆိုင်ရာတွေကလည်း အများကြီး။

ခုလည်း နခခ က မြောက်ပိုင်းရဲ့ တခုတည်းသော လက်ကျန် စစ်မျက်နှာ စခန်းတစ်ခုက မျက်မြင်ပဲ ကျပြီပေါ့။ မြင်ရသလောက် လက်နက်လည်း များနေသေးတယ်။ လူအင်အားလည်း ရှိနေသေးတယ်ဆိုပေမယ့် သူတို့ တိုက်နေတာလည်း လနဲ့ချီ ကြာခဲ့ပြီ။ ဘယ်သူ၊ ဘယ်သူ့ကို အပြစ်ပြောဖို့တောင် အတော်လေး ခက်တဲ့ အနေအထား။ နခခ ကို ရဖို့ ရန်သူက အမျိုးသမီးတွေပါ မချန် တက်လုံးတာ လို့လည်း ကြားနေရတယ်။ အစောကတည်းက ဒီစစ်ပွဲဟာ လူမျိုးရေးကို ဦးတည်တဲ့ စစ်ပွဲ။ ၂၁ ရာစုမှာ ရခိုင်လူမျိုး သီးသန့်နေချင်တဲ့ ပြည်နယ် လာထောင်လို့ကို မရဘူး။ ရခိုင်မှာ ရခိုင်လူမျိုး အပြင် ဗမာနဲ့ ချင်း အနည်းစုပဲ ရှိတယ်။ တခြားမျိုးနွယ်စုကလည်း လက်တဆုပ်စာပဲ။ ဗမာဆိုတာကလည်း ဝန်ကြီးဌာနတွေ ရှိလို့သာ ရှိနေကြတဲ့သဘော။ ပြည်နယ်တခုကို ကိုယ့်လူမျိုး အပိုင်ဆိုတဲ့ မြင်နေတဲ့ အမြင်ကို လက်စတုန်းပြစ်ဖို့ လိုလိမ့်မယ်။

ကိုယ်တွေကတော့ မြင်နေတဲ့အပေါ် သုံးသပ်ပြရုံလောက်ပါပဲ။  ရခိုင်မှာ စနိုက်ပါလိုတယ်။ ဒရုန်းလိုတာလည်း ရေးပြပြီးပြီ။ တကယ်လုပ်နေရတဲ့သူတွေကတော့ ပိုသိမှာပေါ့။ မီးချောင်းမင်း ရေခင်းတော့မပြချင်ပါဘူး။ ငြိမ်းချမ်းရေးအကြောင်းပြ ဆွေးနွေးရင်တောင် နယ်မြေ လက်လွှတ်ထားရပြီးမှ အောက်ကနေ ဆွေးနွေးရမယ့် အဖြစ်မျိုးတော့ အဖြစ်မခံစေချင်ပါဘူး။ စစ်ဖြစ်နေကြတာပဲ။ ရန်သူလည်း သူအားသာတဲ့ လက်နက်သုံးသလို၊ ကိုယ်လည်း ကိုယ်အားသာတဲ့ လက်နက်တွေသုံးပေါ့။

ရခိုင်ပြည်နယ်က အရေးကြီးတယ်။ လက်ရှိဖြစ်နေတဲ့ ဆီးရီးယားရဲ့ ဂိုလန်တောင်ကုန်းဆိုတာ ရခိုင်ပြည်နယ်နဲ့ နှိုင်းရင် ဘာမှ မဟုတ်လောက်ဘူး။ တူရကီကနေ ခွဲထွက်ချင်တဲ့ ကာဒ့်လူမျိုးတွေကလည်း ရတဲ့နယ်မြေ ကုပ်ကပ် ယူနေကြတာ။ ဆိုလိုတာက ....ရခိုင်ပြည်နယ်ကို အကြောင်းပြုပြီး ရှုပ်ရှုပ်ရှက်ရှက်တွေ နောင် ဖြစ်လာရင် အရမ်းရှင်းရခက်လာလိမ့်မယ်။

TNLA လည်း သူတို့ဌာနချုပ်၊ ဒါမှမဟုတ် နမ့်ဆန်လောက် ပြာချရင်ကို ရှေ့က တိုက်နေတဲ့သူတွေ စိတ်ဓာတ်ကျလာပါလိမ့်မယ်။ MNDAA လည်း အတူတူပါပဲ။ လားရှိုးပျက်ခြင်း မပျက်ခြင်းက သူတို့အတွက်အရေးမပါပါဘူး။ အချိန်တန်ရင် လောက်ကိုင်၊ ကုန်ကြမ်း အခြေပြန်ပြုရမှာ‌ပါ။ ခုဟာက လောက်ကိုင်လည်း သာသာယာယာပါပဲ။
ရခိုင်လည်း အတူတူပဲ။ အမ်းမတိုက်ခင်ကတည်းက သိမ်းထားပါတယ်ဆိုတဲ့ မြို့တွေ အကုန်သာဗုံးကြဲ။ ဘာကိုင်းဖျား ကိုင်းနား တွေ လုပ်မနေပါနဲ့တော့။ အထိနာရင် ငြိမ်းချမ်းရေးအကြောင်း ပြောလာပါလိမ့်မယ်။ ကိုယ်တွေကတော့ ဒီလိုပဲ မြင်ပါတယ်။ တာဝန်ရှိတဲ့သူတွေကတော့ ပိုသိကြမှာပါလေ။

(နရီမိုး)

1 month, 1 week ago
Myanmar Military Power
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago