𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)

Description
🎖️𝐒𝐄𝐂 𝐏𝐫𝐨𝐯𝐢𝐝𝐞 𝐅𝐫𝐞𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 & 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐀𝐥𝐥 𝐎𝐯𝐞𝐫 𝐭𝐡𝐞 𝐖𝐨𝐫𝐥𝐝 🌍
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year, 7 months ago

1 year, 7 months ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
1 year, 7 months ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
1 year, 8 months ago

🇨🇳100% Fully Funded China Scholarship အကြောင်း
CSC Scholarship (China Scholarship Council) ဆိုတာ 🇨🇳တရုတ်နိုင်ငံမှာ ပညာသင်ကြားလိုသူတွေအတွက် နိုင်ငံတကာကျောင်းသားတွေကို ပေးအပ်တဲ့ ပညာသင်ဆုတစ်မျိုးဖြစ်ပါတယ်။🌍

ဒီပညာသင်ဆုကို တရုတ်အစိုးရက နှစ်စဉ်ချီးမြှင့်ပြီး ဘွဲ့ကြို၊ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေအတွက် လျှောက်ထားနိုင်ပါတယ် ✨

CSC Scholarship အမျိုးအစားများ 🏅

  1. အစိုးရပညာသင်ဆု (Chinese Government Scholarship)
    -တရုတ်အစိုးရက တိုက်ရိုက်ပေးတဲ့ ပညာသင်ဆုဖြစ်ပြီး ကျောင်းလခအပြင် နေထိုင်စရိတ်၊ ကျန်းမာရေးအာမခံနဲ့ လစဉ်ထောက်ပံ့ကြေးတွေ ပါဝင်ပါတယ်။✨

  2. တက္ကသိုလ်အလိုက်ပညာသင်ဆု (University Scholarship)
    -တရုတ်နိုင်ငံရဲ့ အချို့တက္ကသိုလ်တွေက သူတို့ရဲ့ ပညာသင်ဆုတွေကို CSC မှတစ်ဆင့် ပေးအပ်ပါတယ်။✨

  3. ပူးပေါင်းဆောင်ရွက်မှုပညာသင်ဆု (Bilateral Program)
    -တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုအရ ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။✨

CSC Scholarship အတွက် လိုအပ်ချက်များ 📋

  1. ✅ပညာရေးအရည်အချင်း
    -ဘွဲ့ကြိုအတွက်: အထက်တန်းအောင်မြင်ရမယ်။
    -မဟာဘွဲ့အတွက်: ဘွဲ့ရရှိထားရမယ်။
    -ပါရဂူဘွဲ့အတွက်: မဟာဘွဲ့ရရှိထားရပါမယ်။

  2. ✅အသက်အရွယ်ကန့်သတ်ချက်
    -ဘွဲ့ကြို: အသက် ၂၅ နှစ်အောက် -မဟာဘွဲ့: အသက် ၃၅ နှစ်အောက်
    -ပါရဂူဘွဲ့: အသက် ၄၀ နှစ်အောက်

  3. ✅ဘာသာစကားလိုအပ်ချက်

-Chinese Language 🇨🇳နဲ့ တက်မယ်ဆိုရင် HSK စာမေးပွဲအောင်ရမယ်။
-English Language 🇺🇲နဲ့ တက်မယ်ဆိုရင် IELTS/TOEFL ရမှတ်လိုအပ်ပါတယ်။

  1. ✅ကျန်းမာရေးစစ်ဆေးချက်-ကောင်းမွန်တဲ့ Result တစ်ခုရှိရပါမယ်။

CSC Scholarship အတွက် လျှောက်ထားနည်း 🖥️

  1. တရုတ်နိုင်ငံရဲ့ CSC website မှာ အကောင့်ဖွင့်ရပါမယ်

CSC Scholarship Website
Link-> https://www.csc.edu.cn
မှာအကောင့်ဖွင့်ပြီး လျှောက်လွှာဖောင်ကို ဖြည့်ပါ။

  1. တက္ကသိုလ်ရွေးချယ်ပါ

CSC ပညာသင်ဆုကို ပေးတဲ့ တက္ကသိုလ်တွေထဲက မိမိစိတ်ဝင်စားရာ 🏢တက္ကသိုလ်ကို ရွေးချယ်ပါ။

  1. လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြင်ဆင်ပါ

📝ပညာရေးအောင်လက်မှတ်များ
📝ဘာသာစကားစာမေးပွဲရမှတ်နှင့်လက်မှတ်များ
📝Recommendation Letters
📝Research Proposal
📝ကျန်းမာရေးစစ်ဆေးထားသောစာရွက်စာတမ်း

  1. လျှောက်လွှာတင်ပါ

💻အွန်လိုင်းကနေ လျှောက်လွှာတင်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပေးပို့ရပါမယ်။

CSC Scholarship ရဲ့ အားသာချက်များ✨

🍀ကျောင်းလခကင်းလွတ်ခွင့်
🍀လစဉ်ထောက်ပံ့ကြေး
(ဘွဲ့ကြို: ၂,၅၀၀ RMB)
(မဟာဘွဲ့: ၃,၀၀၀ RMB)
(ပါရဂူဘွဲ့: ၃,၅၀၀ RMB)
🍀နေထိုင်စရိတ်နဲ့ ကျန်းမာရေးအာမခံပါဝင်ခြင်း
🍀တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့်

လျှောက်ထားချိန်ကာလ:
နှစ်စဉ် ဇန်နဝါရီလမှ မတ်လအတွင်း

📝လျှောက်လွှာတွေကို သေချာစွာဖြည့်ပြီး စာရွက်စာတမ်းတွေ ပြည့်စုံအောင် ပြင်ဆင်ထားသင့်ပါတယ်နော်✨

ပညာသင်ဆုရပြီးရင် 🇨🇳တရုတ်နိုင်ငံမှာ ပညာသင်ကြားဖို့ နောက်တစ်ဆင့်ဗီဇာကို လျှောက်ထားရတော့မှာဖြစ်ပါတယ်

CSC Scholarship ဟာ 🌍နိုင်ငံတကာကျောင်းသားတွေအတွက် ပညာရေးအခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး လူငယ်တွေရဲ့ 🍀အနာဂတ်ကို ဖန်တီးပေးနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာမို့လို့ အားလုံးပဲ လက်လွှတ်မခံကြပါ‌နော်။ ✨****

ဒါဆိုရင် 🇨🇳CSC scholarship အကြောင်း သေချာလေးသိရှိပြီးသွားပြီလို့မျှော်လင့်ပါတယ်၊ နောက်ထပ် Scholarships အကြောင်းများစွာနဲ့ ပြန်လည်‌တွေ့ပါမယ်ရှင့်🩷။

⭐️Star's Facebook:
https://www.facebook.com/share/18kVFjLgGJ/

⭐️Star's Telegram:
https://t.me/StarsEducationCentre

*🎖SEC Provide Free Education & Knowledge All Over the World 🌍***
#StarsEducationCentre #SEC #ChinaScholarshipCouncil #CSC

1 year, 10 months ago

?စာဖတ်ခြင်းရဲ့ အကျိူးကျေးဇူး ၇ ခု

?️ Mordern ခေတ်နဲ့အညီ လူတိုင်းနီးပါး social platform တွေပေါ်မှာပဲ အချိန်တွေကုန်ဆုံးတာများလာတာနဲ့သမျှ စာဖတ်ခြင်းဆိုတဲ့ အလေ့အထတစ်ခုကို ပိုပိုပြီး ဂရုစိုက်လေ့ကျင့်ဖို့လိုအပ်လာပါတယ်‼️?

?ဒါကြောင့် စာဖတ်ဖို့ပျင်း‌ရိနေကြတဲ့ stars လေးတွေအတွက် စာဖတ်ခြင်းဟာ ဘယ်လိုကောင်းကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်?

1.? ဖြန့်ကျက်တွေးတောတတ်လာခြင်း

??စာတွေဖတ်ပြီးတဲ့ အခါမှာ စာအုပ်ထဲကအကြောင်းအရာတွေကို လိုက်ပြီးအနက်နဲဆုံးအထိ တွေးမြင်ကြည့်ကြတတ်သလို၊ " ကိုယ်သာဆိုရင် " ဆိုတဲ့ အတွေးနဲ့ ပြန်လည်စဉ်းစားတတ်လို့ စာဖတ်များသူတွေဟာ
ဘက်‌ပေါင်းစုံကနေ ဖြန့်ကျက်တွေးတောတတ်လာတတ်ပါတယ်✨

2.? စကားပြောစွမ်းရည်မြင့်မားလာခြင်း

??စာအုပ်ဖတ်သူအများစုဟာ ဖတ်ပြီးသားစာအုပ်များကို ပြန်လည်မျှဝေချင်တဲ့စိတ်ပြင်းထန်သလို စကားပြောတဲ့အခါမှာလည်း စာအုပ်ဖတ်တဲ့ အသိဉာဏ်ဗဟုသု‌တွေကြောင့် အကြောင်းအရာအချိတ်အဆက်မိမိနဲ့ စကားပြောကြွယ်ဝလာကြပါတယ်??

3.? ချင့်ချိန်တတ်ခြင်း

??စာအုပ်ဖတ်တာကြာလာတာနဲ့အမျှ စာအုပ်ထဲက အကြောင်းအရာ တွေဟာ ယုတ္တိရှိ ၊မရှိ ချင့်ချိန်ပြန်လည်စဉ်းစားတတ်သလို၊ လက်တွေ့ ဘဝမှာလည်း ပြဿနာများနဲ့ကြုံလာချိန်မှာ ချင့်ချိန်စဉ်းစားတတ်ကြပြီး အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်နိုင်တတ်ကြပါတယ်✅

4.?စိတ်မြန်လက်မြန်စိတ်များ နည်းပါးလာခြင်း

??စာအုပ်ဖတ်ရတာ ကြိုက်ကြသူအများစုဟာ အေးအေးဆေးဆေး နည်းမှန်လမ်းမှန်ကို အသိဉာဏ်ဗဟုသုတဖြင့် ရှာဖွေတွေ့ရှိတတ်ကြပြီး စကားပြောတဲ့အခါမှာလည်း အေးဆေးစွာ ဖြည်းဖြည်းမှန်မှန်သာ ပြောဆိုတတ်ကြပါတယ်?

5.? တိတ်ဆိတ်နေရတာ သဘောကျလာခြင်း

??စာအုပ်တွေ ဖတ်တာကြာလာတာနဲ့အမျှ အချိန်ရရင် ရသလို တခြားအလုပ်တွေအစား အေးအေးဆေးဆေး ရှိတဲ့နေရာလေးမှာပဲ တစ်ယောက်ထဲစာထိုင်ဖတ်ရတာ ပိုသဘောကျတတ်ပြီး ငြိမ်သက်အေးချမ်းတဲ့ နေရာတွေကြောင့် တစ်ယောက်တည်း တိတ်ဆိတ်စွာနေရတာကို သဘောကျတတ်ကြပါတယ်⭐

6.? အသိမိတ်ဆွေများပေါ်မှ လေးစားမှုများ ရရှိလာခြင်း

??စာဖတ်များတဲ့ သူအများစုနဲ့ စကားလက်ဆုံပြောကြတဲ့အခါ စကားအပြောအဆိုဟာ နူးညံ့ကြပြီး ပညာသားပါပါပြောတတ်တာကြောင့် အသိမိတ်ဆွေများမှလည်း လေးစားရတဲ့ တစ်ယောက်ဖြစ်တတ်ကြပါတယ်?

7.? စိတ်ထားနူးညံ့ကြင်နာတတ်လာခြင်း

??စာအုပ်တွေနဲ့ ယဉ်ပါးလာသူအများစုသည် စကားအပြောအဆိုတွင် ကြွယ်ဝယုံမက အနေအထိုင်တွေကလည်း နူးညံ့လာတတ်ပြီး ဗဟုသုတအသိပညာပြည့်စုံကြသဖြင့် စိတ်သဘောထားများပြည့်ဝလာပြီး ကိုယ်ချင်းစာစိတ်လည်းအပြည့်အဝရှိတတ်လာကြပါတယ်?

✅ အခုမျှဝေပေးသွားတဲ့အချက်လေးတွေကတော့ စာဖတ်ခြင်းကြောင့် တိုးတက်‌‌ပြောင်းလဲ ရရှိလာမယ့် ကောင်းမွန်တဲ့အကျင့်စရိုက်လေးတွေဖြစ်ပါတယ် stars လေးတို့လည်း အခုပဲ Online ကနေဖြစ်ဖြစ် အိမ်မှာရှိတဲ့စာအုပ်တစ်အုပ်ကိုပဲဖြစ်ဖြစ် စဖတ်လိုက်ဖို့ အကြုံပြုပါရ‌စေနော်??

??‍♂️??‍♀️လတိုင်း အခမဲ့ ဘာသာစကားသင်တန်းလေးတွေကို ဖွင့်လှစ်ပေးသွားမယ့်အပြင် ဗဟုသုတရစေမယ့် content လေးတွေကို မျှဝေ‌ပေးသွားမှာမို့လို့ like & follow လုပ်ပြီး စောင့်ကြည့်ဖို့မမေ့နဲ့နော်???

?Official Tiktok

https://www.tiktok.com/@stars.education.c?_t=8mrPFT7GGkD&_r=1

?Official Telegram Channel

https://t.me/StarsEducationCentre

#StarsEducationCentre #SEC #Knowledge #Sharing #Reading #Benefits

1 year, 10 months ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
1 year, 10 months ago

?November လအတွက် အခမဲ့ပညာဒါနသင်တန်းများ ??‍♀️??Hello, Star's Education Centre ကနေ ? ပညာဒါနသင်တန်းတွေဖွင့်လှစ်လာတာ နှစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ် ဒီနေ့မှာတော့ ⭐️ Stars လေးတို့အတွက် ??တရုတ်၊??ကိုရီးယား၊ ၊??ဂျပန်စာ အခြေခံပညာဒါန သင်တန်းများကို အခမဲ့ ဖွင…

1 year, 11 months ago

We are honored to have reached ⭐ 8888 subscribers. ??? Time to celebrate with you all! Let's keep the good times rolling!

@StarsEducationCentre

1 year, 11 months ago

*?November လအတွက် အခမဲ့ပညာဒါနသင်တန်းများ*

??‍♀️??Hello, Star's Education Centre ကနေ ? ပညာဒါနသင်တန်းတွေဖွင့်လှစ်လာတာ နှစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်

ဒီနေ့မှာတော့ ⭐️ Stars လေးတို့အတွက် *??တရုတ်၊??ကိုရီးယား၊ ၊??ဂျပန်စာ အခြေခံပညာဒါန သင်တန်းများကို အခမဲ့ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်? (အလုပ်နဲ့တစ်ဖက် ကျောင်းသားများသည့်အတွက် Video class ကိုစီစဉ်ထားပါတယ်)?*

?ဒါဆိုရင် အတန်းအပ်ဖို့ဘာတွေလိုအပ်မလဲ ?

1. ယခု Post ကို Facebook မှာ Public Share ပေးပါ
2. Comment တွင် မိမိတတ်ရောက်လိုသော အတန်းနာမည်ကိုရေးပေးပါ

(??Chinese /??Korean/??Japanese)

?ထို့နောက် အောက်ပါ Telegram Channel Link ကို Join ပေးပါ (အတန်းအပ်ပြီးမှသာ Join ပေးပါရန်)

✅SEC B2 Main Room

https://t.me/+kTQrQ-76PCFiYjFl

‼️ ကျောင်းသားတစ်ဦးလျှင် အတန်းတစ်ခုတည်းကိုသာ ရွေးချယ်ပေးပါရန် (အိမ်စာရှိပါသည်/စာလိုက်လုပ်နိုင်ရပါမည်?)

မကြာခင်မှာ China အစိုးရရဲ့ Fully Cover Scholarship နဲ့ အတူ ပြန်လည်တွေ့ဆုံပါမယ်‌‌ဗျာ?

✨SEC‌ကျောင်းကနေ လတိုင်းလိုလို ပညာဒါနအခမဲ့သင်တန်းလေးတွေကို ဖွင့်ပေးနေမှာမို့လို့ စောင့်မျှော်‌ဖို့မမေ့နဲ့နော်

*?Telegram Main Channel*https://t.me/StarsEducationCentre

#StarsEducationCentre #SEC #FreeClass #Free #Onlineclass

1 year, 11 months ago
𝐒𝐭𝐚𝐫'𝐬 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐒𝐄𝐂)
1 year, 11 months ago

?? ဥရောပမှာရှိတဲ့ အာတိတ်ကျွန်းစုတွေထဲမှာ အခမဲ့ကျောင်းတတ်ကြမယ်?

ဒီနေ့မှာတော့ Stars လေးတို့အတွက် ? အာတိတ်ကျွန်းစုတွေကြားထဲက ကမ္ဘာ့ပညာရေးအဆင့် 13 မှာရှိတဲ့ နိုင်ငံတစ်ခုမှာ ? Scholarship လျှောက်နည်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်

Norway နိုင်ငံမှာ English နဲ့ Norwegian ဆိုပြီးတော့ Scholarship လျှောက်လို့ရနိုင်တဲ့ Taught Program နှစ်ခုရှိပါတယ်

?ဒါဆို ဘယ်လို Scholarship အမျိုးအစားတွေ Norway နိုင်ငံမှာလျှောက်လို့ရလဲ??

✅ Government Scholarships
✅ University Scholarships
✅ Private Scholarships
✅ Research Scholarships

ဆိုပြီး ၄မျိုးရှိတဲ့ထဲကနေ ⭐Stars လေးအတွက် ?? University Scholarships အကြောင်းကို အဓိကထားပြီးပြောပြပေးသွားမှာပါ?

? University Scholarships ဆိုတာဘယ်လိုမျိုးလဲ?

? University Scholarships ဆိုတာက ကိုယ် အထူးပြုရွေးချယ်ထားတဲ့ဘာသာရပ်ပေါ်မူတည်ပြီးလျှောက်ထားရတဲ့ Scholarship ကို ရည်ညွန်းတာဖြစ်ပါတယ်

? Scholarship လျှောက်ဖို့ အသက်ကန့်သတ်ချက်?

ကိုယ်ရွေးချယ်တဲ့ Scholarship ပေါ်မူတည်ပြီး အသက်ကန့်သတ်ချက်ကရှိနိုင်ပေမဲ့ ? သတင်းကောင်းလေးကတော့ ?? နိုင်ငံရဲ့ တော်တော်များများ University တွေက အသက်ကန့်သတ်ထားတာမရှိပါဘူးနော်

? Myanmar နိုင်ငံ ရဲ့ ၁၂ တန်းအောင်လက်မှတ်ကို Norway University တွေက လက်ခံသလား??

?? နိုင်ငံရဲ့ Education အရ
University တွေက‌နေ ?? နိုင်ငံ ၁၂ တန်းအောင်လက်မှတ်ကိုလက်မခံသေးပါဘူးဗျ

? Norway နိုင်ငံမှာ University Scholarship လျှောက်ဖို့ဘယ် Highschool degree နဲ့ ရမှတ်ဘယ်လောက်လိုအပ်လဲ? ?

✅ IELTS/TOELF - Band 7 or Higher
✅ GED - 600 or Higher
✅ IGCSE - All A star needs
✅ SAT - 1300 or higher
✅ ACT - 27 or higher

?? Scholarship အတွက် ဖော်ပြပါ Highschool Degree တွေထဲက တစ်ခုနဲ့ ပြဒါန်းထားတဲ့ ရမှတ်တွေအထိ အနည်းဆုံး Stars လေးတို့မှာရှိဖို့လိုအပ်ပါတယ်နော်❗

?? University ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ ရမှတ်တွေက မတူတာမလို့ Stars လေးတို့အနေနဲ့ ရွေးချယ်စရာပိုများများရနိုင်အောင် အမှတ်အမြင့်ကြီးရှိထားဖို့လိုအပ်ပါတယ်ဗျ??

? Norway Visa ကြေး + လေယာဉ်ကြေး + extra fees ကုန်ကြစရိတ်ခန့်မှန်းခြေ? (ပြင်ဆင်ချိန်အတွင်း၌သာ)

?€ 2000 ကနေ ? €3000 အတွင်းကုန်ကျနိုင်ပါတယ်ဗျ (Scholarship ရထားမှသာပါ)

?ကျောင်းလျှောက်ဖို့အချက်အလက်ပြည့်စုံသွားပြီဆိုရင် ? Scholarship လျှောက်ရမယ့် နေရာ?

https://www.wemakescholars.com/scholarships-for-burmese-students-to-study-in-norway

ဒီ Website ထဲမှာ အသေးစိတ် Scholarships info တွေနဲ့ update တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

Stars လေးတို့အနေနဲ့ ?? Norwayနိုင်ငံမှာ Scholarship ရပြီး ကျောင်းပျော်ပျော်တတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ?

မကြာခင်မှာ နောက်ထပ် Scholarships တွေနဲ့ အတူ ပြန်လည်တွေ့ဆုံပါမယ်‌‌ဗျာ?

✨SEC‌ကျောင်းကနေ လတိုင်းလိုလို ပညာဒါနအခမဲ့သင်တန်းလေးတွေကို ဖွင့်ပေးနေမှာမို့လို့ စောင့်မျှော်‌ဖို့မမေ့နဲ့နော်

?Telegram Main Channel

https://t.me/StarsEducationCentre

#StarsEducationCentre #SEC #Norway #Scholarship #NorwayScholars #StudyinNorway #University

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 1 year, 7 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year, 7 months ago