မင်းပြောတဲ့ကဗျာဆိုတာဒါလား

Description
ငါတင်တဲ့ကဗျာကငါ့ဦးနှောက်Levelပဲ
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 6 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 6 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 4 months ago

hace 1 año, 6 meses

ဘယ်လေတိုက်တိုက် ဘယ်အရွက်ကများ နွေကိုစိတ်နာဖူးလို့လည်း အတူမရှိသေးတဲ့နှစ်တွေထဲ အတူတစ်ကွဆိုတဲ့ အိပ်မက်တွေ မေတ္တာနဲ့သာနိုင်နိုင် ပျိုးနေရတယ် ။

-ရွက်လှေ

hace 1 año, 6 meses

နှုတ်ဆက်ပါတယ် အချစ်ရေ
မင်းလည်း မင်းချစ်ရသူနဲ့မင်း
ငါလည်း ငါ့ဒဏ်ရာနဲ့ငါ
မမှီတဲ့ပန်းကို
မွှေးတယ်၊နံတယ်…မဝေဖန်လိုတော့။

•ခန့်သွယ်
မေသံဓိဌာန်မှ

hace 1 año, 6 meses

မောင်က
လိုက်ခဲ့ဟု
ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျွန်မပါသည်

မောင်က
နေရစ်ခဲ့ဟု
ဆိုပြန်တော့လည်း
မောင် စိတ်အနှောက်အယှက်ဖြစ်မည့်
စာတစ်စောင်
စကားတစ်ခွန်းမျှ
မောင် မကြားစေရဘဲ
ကျွန်မ ငြိမ်သက်စွာ
နေရစ်ခဲ့တာ အမှန်ပါပဲ

အဲ့သည်အထိ
ကျွန်မ မောင့်ကို
ချစ်မြတ်နိုးခဲ့ပါသည် မောင်

-ဂျူး

hace 1 año, 8 meses

မြတ်နိုးရသူတမ်းချင်း

ရေးသားသူ-ဖြိုးဇာခြည်ကို
ရွတ်ဆိုသူ-ဖြိုးဇာခြည်ကို

hace 1 año, 8 meses
hace 1 año, 8 meses
hace 1 año, 9 meses

အပြစ်တွေ ဆေးကြောလို့ရမလား
ကိုယ်ခွဲခဲ့တဲ့ အသည်းတွေအတွက်
ပြန်ပေးဆပ်ချင်တယ်

နောက်ထပ်ကြုံမယ့်
အချစ်ရေးမှာ
၀ဋ်တွေမလည်ချင်ဘူး ။

-ဘုန်းစစ်သွေး

hace 1 año, 9 meses

တိမ်တွေဆီရေးတဲ့စာ။

အကိုသာ ဟစ်တလာဖြစ်ခဲ့ရင် မင်းဆံနွယ်တွေကို အရင်ကျူးကျော်မိမှာ ခေတ်ရဲ့ စနစ်ဟာ ဒီနိုင်ငံပေါ် အက်ကြောင်းထပ်နေတာ အရာရာကို တရားနဲ့ဖြေပါ မိန်းကလေး နေခြည်ထွေးမှ နွေးမဲ့သူမို့ မမြင်ခင်ကတည်းက ကြင်နာရပါတယ်။

လောကဓံရေစီးလှိုင်းထဲ မင်းမျက်၀န်းတွေ မပြိုစေနဲ့ စိတ်အားငယ်တဲ့အခါ တိမ်တွေက်ိုကြည့် ၀မ်းနည်းပြိုလဲချင်လာတဲ့အခါ ဒီလူ့ပုခုံးပေါ်ခေါင်းလေးမှီ နိဗ္ဗာန်ထက် အေးချမ်းစေရပါမယ်။

ဗုဒ္ဓကအစွဲကိုပယ်တယ် ငါမှာမင်းကလွဲပြီး အရာအားလုံးကိုပယ်ချတယ် အဲ့မှာစပြီး ဗုဒ္ဓနဲ့ငါလွဲတယ် ဘ၀တစ်ခုနဲ့အချစ်တစ်ခု ထမ်းပိုးချင်တဲ့အခါ ပထမဆုံး ပြေးမြင်တာ မင်းမျက်နှာ။

မင်းငိုရင်ငရဲ မင်းပြုံးရင်နိဗ္ဗာန်  ၃၁ဘုံ ဘယ်အရပ်မှာ နေချင်သလည်း မမေးစမ်းနဲ့ကွယ် မင်းနေထိုင်ရာအရပ်ခြေဦးလှည့်သူပါ။

ကမ္ဘာပျက်ဟောကိန်းတွေကြား ကိုယ်ပိုင်ကမ္ဘာသစ် တည်ဆောက်မယ် မင်းနာမည်နဲ့ ပွင့်တဲ့ပန်းတိုင်းသင်းပျံ့ပါစေ။

ဒီကမ္ဘာမှာ လိင်စိတ်ကိုရှေ့တန်းတင်ပြီး ချစ်ခြင်းမေတ္တာကိုခံစားကျတယ်တဲ့ ကိုယ့်မှာဖြင့် ချွေးသိပ်စေတဲ့ ပုဝါပါး လေးရှိရုံ ဆံနွယ်တွေကြားထဲ တိုးဝှေ့ရုံနဲ့ ပြီးပြည့်စုံလှပါပြီ။

အချစ်ရယ် မမြင်သာလို့ မကြင်နာတာလား မတွယ်တာလို့ မခေါ်ငင်တာလား ငါ့ရပ်၀န်းမှာတော့ မင်းနဲ့" ဆိုတဲ့အိမ်မက်တွေ တစ်ပုံတစ်ပင်။

-ရွက်လှေ

hace 1 año, 9 meses

တစ်ယောက်နဲ့တစ်ယောက် ကြည့်မရပေမဲ့
လက်တွေ့ဘ၀မှာ ပြုံးပြနေကြတာက
လူ့သဘောသဘာ၀ပဲ မဟုတ်လား။

တစ်ခါတလေကျ ရီရတယ်
ကိုယ့်ကိုစော်ကားနေမှန်းသိသိကြီးနဲ့
အလိုက်သင့် စီးမြော‌ပေးနေတာက
အားနာတာမဟုတ်ဘူး...
၀ဋ်နာကံနာတစ်ခုပဲ ။

•ခန့်သွယ်
လူ့ဘောင်လောက

hace 1 año, 12 meses

ဖတ်မိပါစေ...
————-
ခု ရက်ပိုင်း
အမှန်တရား ပျောက်နေသလားလို့
ပြီးခဲ့တဲ့ရက်တွေကရော
မတွေ့မိပါဘူး
ကမ္ဘာအစကရော
တွေ့တယ် မကြားဖူးပါဘူး
ဒီကဗျာကို
အမှန်တရား ဖတ်မိပါစေ။

သုခမိန်လှိုင်

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 6 months ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 6 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year, 4 months ago