CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc👉 @khanthtookyaw2001
Last updated 2 days, 11 hours ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 5 days, 14 hours ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 4 weeks, 1 day ago
မြတ်နိုးရသူတမ်းချင်း
ရေးသားသူ-ဖြိုးဇာခြည်ကို
ရွတ်ဆိုသူ-ဖြိုးဇာခြည်ကို
အပြစ်တွေ ဆေးကြောလို့ရမလား
ကိုယ်ခွဲခဲ့တဲ့ အသည်းတွေအတွက်
ပြန်ပေးဆပ်ချင်တယ်
နောက်ထပ်ကြုံမယ့်
အချစ်ရေးမှာ
၀ဋ်တွေမလည်ချင်ဘူး ။
-ဘုန်းစစ်သွေး
တိမ်တွေဆီရေးတဲ့စာ။
အကိုသာ ဟစ်တလာဖြစ်ခဲ့ရင် မင်းဆံနွယ်တွေကို အရင်ကျူးကျော်မိမှာ ခေတ်ရဲ့ စနစ်ဟာ ဒီနိုင်ငံပေါ် အက်ကြောင်းထပ်နေတာ အရာရာကို တရားနဲ့ဖြေပါ မိန်းကလေး နေခြည်ထွေးမှ နွေးမဲ့သူမို့ မမြင်ခင်ကတည်းက ကြင်နာရပါတယ်။
လောကဓံရေစီးလှိုင်းထဲ မင်းမျက်၀န်းတွေ မပြိုစေနဲ့ စိတ်အားငယ်တဲ့အခါ တိမ်တွေက်ိုကြည့် ၀မ်းနည်းပြိုလဲချင်လာတဲ့အခါ ဒီလူ့ပုခုံးပေါ်ခေါင်းလေးမှီ နိဗ္ဗာန်ထက် အေးချမ်းစေရပါမယ်။
ဗုဒ္ဓကအစွဲကိုပယ်တယ် ငါမှာမင်းကလွဲပြီး အရာအားလုံးကိုပယ်ချတယ် အဲ့မှာစပြီး ဗုဒ္ဓနဲ့ငါလွဲတယ် ဘ၀တစ်ခုနဲ့အချစ်တစ်ခု ထမ်းပိုးချင်တဲ့အခါ ပထမဆုံး ပြေးမြင်တာ မင်းမျက်နှာ။
မင်းငိုရင်ငရဲ မင်းပြုံးရင်နိဗ္ဗာန် ၃၁ဘုံ ဘယ်အရပ်မှာ နေချင်သလည်း မမေးစမ်းနဲ့ကွယ် မင်းနေထိုင်ရာအရပ်ခြေဦးလှည့်သူပါ။
ကမ္ဘာပျက်ဟောကိန်းတွေကြား ကိုယ်ပိုင်ကမ္ဘာသစ် တည်ဆောက်မယ် မင်းနာမည်နဲ့ ပွင့်တဲ့ပန်းတိုင်းသင်းပျံ့ပါစေ။
ဒီကမ္ဘာမှာ လိင်စိတ်ကိုရှေ့တန်းတင်ပြီး ချစ်ခြင်းမေတ္တာကိုခံစားကျတယ်တဲ့ ကိုယ့်မှာဖြင့် ချွေးသိပ်စေတဲ့ ပုဝါပါး လေးရှိရုံ ဆံနွယ်တွေကြားထဲ တိုးဝှေ့ရုံနဲ့ ပြီးပြည့်စုံလှပါပြီ။
အချစ်ရယ် မမြင်သာလို့ မကြင်နာတာလား မတွယ်တာလို့ မခေါ်ငင်တာလား ငါ့ရပ်၀န်းမှာတော့ မင်းနဲ့" ဆိုတဲ့အိမ်မက်တွေ တစ်ပုံတစ်ပင်။
-ရွက်လှေ
တစ်ယောက်နဲ့တစ်ယောက် ကြည့်မရပေမဲ့
လက်တွေ့ဘ၀မှာ ပြုံးပြနေကြတာက
လူ့သဘောသဘာ၀ပဲ မဟုတ်လား။
တစ်ခါတလေကျ ရီရတယ်
ကိုယ့်ကိုစော်ကားနေမှန်းသိသိကြီးနဲ့
အလိုက်သင့် စီးမြောပေးနေတာက
အားနာတာမဟုတ်ဘူး...
၀ဋ်နာကံနာတစ်ခုပဲ ။
•ခန့်သွယ်
လူ့ဘောင်လောက
ဖတ်မိပါစေ...
————-
ခု ရက်ပိုင်း
အမှန်တရား ပျောက်နေသလားလို့
ပြီးခဲ့တဲ့ရက်တွေကရော
မတွေ့မိပါဘူး
ကမ္ဘာအစကရော
တွေ့တယ် မကြားဖူးပါဘူး
ဒီကဗျာကို
အမှန်တရား ဖတ်မိပါစေ။
သုခမိန်လှိုင်
မနေ့ကပဲငိုငို ဒီနေ့မှာပဲငိုငို စိတ်ဟာကြေမွသွားရင် မနက်ဖြန်တွေမှာလည်း အက်ကြောင်းတွေထပ်သွားနိုင်တယ် ဘယ်ကမ္ဘာမှာဖြစ်ဖြစ် လူသားအားလုံး လွတ်လပ်စွာ အသည်းကွဲခွင့်ရှိကျပါတယ်။
-ရွက်လှေ
အိမ်အပြန် ကဗျာ
ဘဝထဲမှာ မျက်ရည် ထည့်ထားလို့
ရုပ်ရှင်ထဲမှာ လူဆိုးတွေ ထည့်ထားလို့
ပင်လယ်ထဲမှာ ဆား ထည့်ထားလို့
အသက်ထဲမှာ သေခြင်း ထည့်ထားလို့
ကမ္ဘာထဲမှာ
အလေးချိန်တွေရှိခဲ့တာ။
ကြွပ်ကြွပ်အိတ်ထဲမှာ
ကမ္ဘာကြီးကိုဆွဲပြီး
ငါလည်း အိမ်ပြန်ခဲ့ပါပြီ။
စက်တင်ဘာ၊၂၀၀၆
#crd to owner
@DM
21ရာစု ကဗျာဆရာ
မှန်သည်မှားသည် မသိ သူတို့သိတာ သူတို့လုပ်သည်
အောက်ခြေကနေမတက် အလယ်လမ်းကလိုက်သည်
ဟိုကဗျာ ခိုးချ ဒီကဗျာကူးချ ငါဟဲ့ကဗျာဆရာ။
ခေတ်ပြိုင်ကဗျာကောက်ကြောင်းထဲ ဆရာယောင်သမာယောင်ပေါ်လာတယ် စစ်မစစ်ကို ရေရောရုံနဲ့ မသိနိုင်တော့ဘူး ငါ့ညီတို့ရေ ကဗျာရေးတိုင်း ကဗျာဆရာမဖြစ်နိုင်ဘူးကွ မင်းလှမ်းကြည့်လိုက်စမ်း မင့်အရင်စီနီယာကြီးတွေ ကဗျာနဲ့ကမ္ဘာကိုလဲပြီး ကမ္ဘာကိုကျောခိုင်းခဲ့ကျတာ ကဗျာဆိုတာ သူတို့အတွက် ဒုတိယဘုရားသခင်ပဲ။
အတုတွေပေါ်နေတဲ့ခေတ်မှာ အစစ်မှန်တွေ ရွက်ပုန်းသီးဖြစ်နေရ ဒီကဗျာတွေကို မင်းအနေနဲ့ ဘယ်လိုသတ်မှတ်လည်း မသိဘူး မင်းသိတာတွေလည်း အမှန်တစ်ကယ် မင်းမသိခဲ့ဘူး။
21ရာစုမှာ ကဗျာဆရာယောင်တွေ ရိုက်သတ်လို့မကုန်အောင် ပေါ်များ ခဲ့တယ် ၀မ်းနည်းစရာတွေက အစစ်အမှန်တွေဟာ တစ်ကယ်သေဆုံးနေရတယ်။
-ရွက်လှေ
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc👉 @khanthtookyaw2001
Last updated 2 days, 11 hours ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 5 days, 14 hours ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 4 weeks, 1 day ago