Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

MM Weather Outlook

Description
Advertising
We recommend to visit

ချန်နယ် တွင်ကြေငြာထည့်သွင်းလိုပါက

Telegram Account @KilluaMK

SenpaiAnimeMM

Last updated 2 days, 9 hours ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 1 month, 2 weeks ago

Thousand Movie-Main Channel
ကြော်ညာထည့်သွင်းဆက်သွယ်နိုင်ရန် - @Thousand_Ads

Last updated 4 days, 12 hours ago

2 months, 1 week ago
မြေငလျင်သတင်းထုတ်ပြန်ချက်

မြေငလျင်သတင်းထုတ်ပြန်ချက်

ဒီနေ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ ည ၁၀ နာရီ ၁၇ မိနစ် ၄၃ စက္ကန့်အချိန်မှာ ဧရာဝတီတိုင်း ငပုတောမြို့ရဲ့ အရှေ့ အရှေ့တောင်ဘက် ၉ မိုင်ခန့် ဗဟိုပြုပြီး မြေအောက်အနက် ၂၄ ကီလိုမီတာကနေ အင်အား ၄.၆ အဆင့်ရှိ ငလျင်လှုပ်ရှားသွားတယ်လို့ ထိုင်းမိုးလေဝသဌာနက ဒီနေ့ည ၁၀ နာရီခွဲကျော်ခန့်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Source: TMD

#Earthquake
#MMWeatherOutlook

2 months, 1 week ago

လက်ရှိအချိန်တွင် လူမှုကွန်ယက် စာမျက်နှာများတွေ ငလျင်လှုပ်ခတ်နေကြောင်း ဖော်ပြနေကြပါသည်။

ဒေသတွင်း မိုးလေဝသဌာနများနှင့် မိုး/ဇလ ထုတ်ပြန်ချက်များ ရရှိပါက အချိန်နှင့်တပြေးညီဖော်ပြသွားပါမည်

5 months ago
မြေငလျင်သတင်းထုတ်ပြန်ချက်

မြေငလျင်သတင်းထုတ်ပြန်ချက်

ဒီနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီ ၀၀ မိနစ် ၃ စက္ကန့်အချိန်မှာ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာ၊ ဧရာဝတီတိုင်း ဒေးဒရဲမြို့ရဲ့ မြောက် အနောက်မြောက်ဘက် ၇ မိုင်ခန့် ဗဟိုပြုပြီး မြေအောက်အနက် ၁၀ ကီလိုမီတာကနေ အင်အား ၃.၉ အဆင့်ရှိ ငလျင်လှုပ်ရှားသွားတယ်လို့ ထိုင်းမိုးလေဝသဌာနက လွန်ခဲ့တဲ့ မိနစ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

Source: TMD

#Earthquake
#MMWeatherOutlook

6 months ago
အဝါရောင်အဆင့် မုန်တိုင်းအခြေအနေ

အဝါရောင်အဆင့် မုန်တိုင်းအခြေအနေ
နိုဝင်ဘာ ၁၆၊ ည ၁၁ နာရီခွဲ

ဘဂ်လားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နေပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ ဒီနေ့ည ၉ နာရီခွဲထုတ်ပြန်ချက်မှာတော့ ‌နောက် (၁၂) နာရီ အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းနိုင်ပြီး ဘဂ်လားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို နိုဝင်ဘာ ၁၈ နံနက်စောပိုင်းမှာ ဖြတ်ကျော်မယ်လို့ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျနိုင်ပြီး လှိုင်းအမြင့် ၇ ပေကနေ ၉ ပေ‌နဲ့ လေတိုက်နှုန်း မိုင် ၃၀ ကနေ ၃၅ မိုင်အထိ ရှိနိုင်ပါတယ်။

နေပြည်တော်၊ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊ကယား တို့မှာ နေရာကျဲကျဲအထိ၊ စစ်ကိုင်း၊မန္တလေး၊မကွေး၊ရခိုင်၊ကချင်၊ရှမ်း နဲ့ ချင်းတို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုး/ဇလက သတင်းထုတ်ပြန်ထားပါတယ်။

Source: IMD, DMH

#Storm_News
#MMWeatherOutlook

6 months, 2 weeks ago

Daily Weather SMS by MM Weather Outlook
3rd November 2023, 10 PM

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

တနင်္သာရီတိုင်းနှင့် ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲနှင့်

ကျန် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေ မှ (၅)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ည အပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။

Source: DMH

#DailyWeatherSMS
#MMWeatherOutlook

6 months, 2 weeks ago

Daily Weather SMS by MM Weather Outlook
1st November 2023

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာစိပ်စိပ်၊

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်

စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။

ကျန် တိုင်းနှင့် ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။

လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ပါသည်။

Source: DMH

#DailyWeatherSMS
#MMWeatherOutlook

6 months, 3 weeks ago

Daily Weather SMS by MM Weather Outlook
30th October 2023, 9:30 PM

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာအနှံ့အပြား၊

ရန်ကုန်တိုင်းတွင် နေရာစိပ်စိပ်၊

နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကျဲကျဲနှင့်

ကျန် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။

နေပြည်တော်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။

Source: DMH

#DailyWeatherSMS
#MMWeatherOutlook

6 months, 3 weeks ago

Daily Weather SMS by MM Weather Outlook
29th October 2023, 10 PM

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။

တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာအနှံ့အပြား၊

ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။

ကျန် တိုင်းနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။

တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။

Source: DMH

#DailyWeatherSMS
#MMWeatherOutlook

6 months, 3 weeks ago

Daily Weather SMS by MM Weather Outlook
25th October 2023, 10 PM

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်

ကျန်တိုင်း နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်ရှိမည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ
နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

Source: DMH

#DailyWeatherSMS
#MMWeatherOutlook

6 months, 4 weeks ago

မြန်မာနိုင်ငံ မိုး/ဇလ ဌာနရဲ့ ဒီနေ့ ည ၁၀ နာရီခွဲ ထုတ်ပြန်ချက်မှာတော့

" မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိ ပါသဖြင့် အဝါရောင်အဆင့် ဟု သတ်မှတ်ပေမဲ့

မြန်မာနိုင်ငံ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်‌ မြောက်ပိုင်း ဟာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဟာမွန်းရဲ့ အဝန်းအဝိုင်းအတွင်း ကျရောက်နေတဲ့အတွက် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းရဲ့ သက်ရောက်မှုကို ခံစားရနိုင်ပါသည် " လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ချင်းပြည်နယ်မှာရှိတဲ့ ဒေသခံများအနေနဲ့ မုန်တိုင်းသက်ရောက်နိုင်မှုကို ကြိုတင်သတိထား ဂရုပြုစေလိုပါတယ် ခင်ဗျာ။

#Cyclone_HAMOON_04
#MMWeatherOutlook

We recommend to visit

ချန်နယ် တွင်ကြေငြာထည့်သွင်းလိုပါက

Telegram Account @KilluaMK

SenpaiAnimeMM

Last updated 2 days, 9 hours ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 1 month, 2 weeks ago

Thousand Movie-Main Channel
ကြော်ညာထည့်သွင်းဆက်သွယ်နိုင်ရန် - @Thousand_Ads

Last updated 4 days, 12 hours ago