Jamadar Ba Thein

Description
သတင်းမှန်ရမည်၊ မြန်ရမည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago

1 Jahr, 8 Monate her

ဒီလို Drone အဖွဲ့ပစ်ကူနဲ့ ဟန်ချက်
ညီညီ ချဉ်းကပ်ခဲ့တာ ဒီ ၂၄ ရက်
(ဒီနေ့) မွန်းလွဲ ၃ နာရီခန့်မှာ ရန်သူ
နဲ့ မီတာ ၅၀ အကွာကို ချဉ်းကပ်
ခြေကုတ်ယူနိုင်ခဲ့တယ်။  ရန်သူနဲ့ လက်တစ်ကမ်းမှာ ရောက်နေတဲ့
မိမိအဖွဲ့တွေအပေါ် ထိခိုက်မှုမရှိ
စေဖို့  Drone Team က Drone
တွေကို အနိမ့်ဆုံးထိ ပျံသန်းပြီး တိတိကျကျပစ်ကူပေးခဲ့တယ်။

ညနေ ၃ : ၄၅ မိနစ်အချိန်မှာ
တော့ Drone တွေကို အပစ်ရပ်
ခိုင်းပြီး တိုက်စစ်အဖွဲ့တွေ ကျား
တက်ထိုးလုံးခဲ့လို့ ရန်သူ့စခန်း
ကုန်းကို ရရှိခဲ့ပါတယ်။ ရဲရဲတက်
.. ရဲရဲချေမှုန်းခဲ့တဲ့ စစ်သည်တော်
တွေကြောင့် ရန်သူဟာ အလောင်း
တွေ/လက်နက်တွေ ဆွဲပြေးပြီး
ကုန်းရဲ့အနောက်ဘက်လျှိုထဲ
ဆင်းပြေးသွားကြတယ်။

အခုသတင်းရေးတဲ့အချိန်ထိ
ဆုတ်ခွာရန်သူနောက် လိုက်လံ
ရှင်းလင်းနေဆဲဖြစ်ပြီး လတ်တ
လောရထားတာကတော့ -

(၁) CDF အလောင်း ၁၈ လောင်း
(၂) သေနတ်မျိုးစုံ ၁၀ လက်

ရရှိထားပြီး မိမိစစ်သည် ၁ ဦးကျ
ဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆိုချင်တာကတော့ Drone တွေရဲ့
စွမ်းဆောင်ရည်ကြောင့် မိမိတပ်ဖွဲ့
တွေ အထိအခိုက်အနည်းဆုံးနဲ့ အ
ကျိုးအမြတ်ရခဲ့တယ် ဆိုတာပါပဲ။ Drone တွေကို ပေါပေါသီသီသုံးပြီး
စစ်ကစားရင် လေကြောင်းပစ်ကူ
မယူဘဲ အကျိုးအမြတ်များရရှိနိုင်
ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

ပုံတွေ ထပ်ရရင် တင်ပေးပါမယ် ..
အဲ့ဘက်လိုင်းက မိတစ်ချက် မမိ
တစ်ချက်ဖြစ်နေလို့ပါ။

Congratulations ပါ စစ်သည်တော်များ။crd***KT
#JBT

1 Jahr, 8 Monate her
Jamadar Ba Thein
1 Jahr, 8 Monate her

**အနန်းကွင်းဗျူဟာစခန်းနှင့်  မုဒုံတပ်နယ်တို့ကို KNU/PDF အကြမ်း ဖက်ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်ပြီးဝင်ရောက်တိုက်ခိုက်ရန် စီစဉ်နေ

၂၀၂၄၊ ဒီဇင်ဘာ၂၄

KNU သောင်းကျန်းသူအဖွဲ့၊ တပ်မ ဟာ(၆)၊တပ်မဟာ (၁)အပါအဝင် PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ အင်အား ၅၀၀ ဦးခန့် သည့် အနန်းကွင်းဗျူဟာတပ်စခန်းအနီး၊ ရာဘာခြံများအတွင်း၌ ဆက်သွယ်ရေးမြောင်းများတူးဖော် ၍ အခြေပြုခိုအောင်းကာ လှုပ်ရှားကာ လျှိုထဲတွင် ဘန်ကာများ၊ အနန်းကွင်းချောင်းနဘေး တွင် ဆက်သွယ်ရေးမြောင်းများတူးကာ အခြေပြုဖြန့်ခွဲ နေရာယူထားရှိကြောင်း သိရသည်။

တပ်မတော်လေယာဉ်များ လာရောက်ပျံဝဲချိန်များတွင် ဆက်သွယ်ရေးမြောင်း များ၊ ဘန်ကာများအတွင်းသို့ ဝင်ရောက်ပုန်းခိုနေကြောင်း၊ အဆိုပါနေရာများတွင် ဖြန့်ခွဲအခြေပြုထား ပြီး Drop Bomp ချတိုက်ခိုက်နိုင်ရေး ဗုံးသီးများနှင့် ခဲယမ်းများရောက်ရှိရန် စောင့်ဆိုင်းနေခြင်းဖြစ် ကြောင်း၊ တပ်မတော်စစ်ကူ၊ စစ်ကြောင်းများ လာရောက်နိုင်သည့်လမ်းကြောင်းများနှင့် မုဒုံလမ်းကြောင်း အား ထိန်းချုပ်နိုင်ရေး အသေးစိတ်အစီအစဉ်များ ရေးဆွဲထားကြောင်း သိရသည်။

အနန်းကွင်းဗျူဟာစခန်းအား သိမ်း ပိုက်ရရှိပါက မုဒုံတပ်နယ်သို့ ဝင်ရောက်တိုက်ခိုက်ပြီး မော်လမြိုင်-မုဒုံလမ်းကြောင်းအား ထိန်းချုပ်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။

crdVital
crd
SQ??**#JBT

1 Jahr, 8 Monate her
တရုတ်တပ်မတော်က နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုနဲ့ စစ်သည်တစ်ဦးကို ထောင်ဒဏ်

တရုတ်တပ်မတော်က နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုနဲ့ စစ်သည်တစ်ဦးကို ထောင်ဒဏ်
၁၀ လ ချလိုက်ပါတယ်။

ဒရုန်းအသုံးပြုပြီး ကြည်းတပ်ရဲ့ရေဒါစခန်းနဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ရိုက်
ပြီး သူ့လူမှုကွန်ရက်မှာတင်လိုက်တာကြောင့်လို့သိရှိရပါတယ်။

crd***1984
#JBT

1 Jahr, 8 Monate her

*▪️RS-24 Yars*
Yars သည် သယ်ယူရွေ့ပြောင်းပစ်ခတ်နိုင်သကဲ့သို့ အထိုင်သတ်မှတ်၍လည်း ပစ်ခတ်နိုင်သော ICBM စနစ်ဖြစ်။ Reentry Vehicles (RVs) ၃ ခုသယ်ဆောင်နိုင်။ ပေါက်ကွဲအား 200 ကီလိုတန် (kT) ရှိသော နျူကလီးယားထိပ်ဖူးများပါဝင်။

*▪️RS-28 Sarmat၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်ခဲ့သည့် Sarmat သည် Voevoda ICBM ကို အစားထိုးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်။ ပေါက်ကွဲအား 750 kT အထိရှိသော ထိပ်ဖူး ၁၆ ခုပါဝင်။
*▪️AvangardHypersonic glide vehicle (GV) တွင်တပ်ဆင်ထားပြီး ICBM စနစ်ပါဝင်။ အသံထက် ၅ ဆ ပိုမြန်။ အမြန်နှုန်း Mach 27 အထိရှိ။ နျူထိပ်ဖူးတပ်ထားပြီး ပေါက်ကွဲအား 800 kT နှင့် 2 megatons အကြားရှိ။ ▪️9M730 Burevestnikနျူကလီးယားစွမ်းအင်သုံး၊ နျူကလီးယားလက်နက်သုံး မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တစ်စင်းဖြစ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အောင်မြင်စွာစမ်းသပ်ပစ်ခတ်ပြခဲ့။ ယခုလက်ရှိတွင် အဆိုပါလက်နက်ကို ကာကွယ်နိုင်သော လေကြောင်းရန်ကာကွယ်ရေး စနစ်မရှိသေးကြောင်း သိရှိရ။
▪️Oreshnik**
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့။ မြေပြင်အခြေစိုက် intermediate-range ballistic missile (IRBM) စနစ်ဖြစ်။ ၎င်းကို မည်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်မှ မဖျက်ဆီးနိုင်သေးကြောင်း သိရှိရ။

crd***ModernWarfareNews
#JBT

1 Jahr, 8 Monate her

ရုရှား၏ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့နေ့ ကျင်းပ။

ဒီဇင်ဘာ ၁၇ ရက်တွင် ရုရှားစစ်တပ်သည် မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့များနေ့ အခမ်းအနားကျင်းပ။

တပ်ဖွဲ့၏အဓိကတာဝန်မှာ ပြည်
တွင်း၊ ပြည်ပ ဒုံးကျည်စနစ်များ
နှင့် နျူကလီးယားဆိုင်ရာ တိုက်
ခိုက်မှုများကိုတွန်းလှန်ကာကွယ်
ရန်အတွက်ဖြစ်။

ရုရှားနိုင်ငံ၏လုံခြုံရေးကို ကာကွယ်ပေးနေသော အဓိက ဒုံး
ကျည်စနစ်များ

*▪️R-36M2/RS-20B Voevoda*
Voevoda ဟုသိကြသော စတုတ္ထမျိုးဆက် တိုက်ချင်းပစ်ဒုံးကျည် (ICBM) စနစ်သည် မြေပြင်အ
ခြေစိုက်စနစ်ဖြစ်ပြီး Multiple Independently Targetable Reentry Vehicles (MIRVs)
၁၀ ခုသယ်ဆောင်နိုင်။ တစ်ခု
လျှင် ပေါက်ကွဲနှုန်း 550-750 ကီလိုတန် (kT) ရှိ။

*▪️RS-18 Stilet*
ဤ Intercontinental Ballistic Missile (ICBM) သည် MIRV ထိပ်ဖူးခြောက်ခုအထိ သယ်
ဆောင်နိုင်ပြီး တစ်ခုစီတွင် ပေါက်ကွဲနှုန်း 750 kT အထိရှိ။

*▪️RS-12M2 Topol-M / RS-12M Topol*
ဘက်စုံသုံး ICBM စနစ်သည် သယ်ယူရွေ့ပြောင်းပစ်ခတ်နိုင်သကဲ့သို့ အထိုင်သတ်မှတ်၍လည်း ပစ်ခတ်နိုင်။ ပေါက်ကွဲအားပြင်း
ထန်သော (800 ကီလိုတန်ခန့်) နျူကလီးယားထိပ်ဖူး ၁ ခုသာ ပါရှိ။

1 Jahr, 8 Monate her
တောင်ကုတ်ဆုတ်သွားတော့

တောင်ကုတ်ဆုတ်သွားတော့
ဂွကို တိုက်ရောင်ပြထိန်းချုပ်ပြီးအမ်းကို အဓိကထားမရအရ တိုက်ပါလိမ့်မည်လို့တင်ပြခဲ့ပါတယ်။

စိတ်ဓါတ်စစ်ဆင်ရေးရဲ့အမြင့်ဆုံးအပိုင်းဘဲ။ ထပ်ခါထပ်ခါထိုးနှက်
နေတော့မည်။ တဖက် psywar ရဲ့
ဦးတည်ပစ်မှတ်က တပ်မတော်ကိုသာမဟုတ်။ မြန်မာတနိုင်ငံလုံးပြည်သူလူထုတစ်ရပ်လုံးကို ဦး
တည်နေသော psywar စစ်ဆင်
ရေး။ (Psywar ကို စစ်ရေးတစ်ရပ်လို အဆက်မပြတ်တရစပ်တိုက်
ခိုက်ခြင်း) ဒီလိုအချိန်ကာလမှာ
ကိုယ့်ဘက်က အသေးအမွှားကို
ကြီးကြီးကျယ်ကျယ်ရေးသားအောင်ပွဲခံနေမည့်အစား လက်တွေ့ကြသော စစ်ရေးအလှဲ့အပြောင်းကသာ ထိရောက်သော Counter Psywar ဖြစ်ပါတယ်။

crd***Teza
#JBT

1 Jahr, 8 Monate her
အမေရိကန်စစ်သင်္ဘော ကမ္ဘောဒီး

အမေရိကန်စစ်သင်္ဘော ကမ္ဘောဒီး
ယားကို ရောက်လာ
===================

အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ
၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသို့  ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့
တွင် အမေရိကန်စစ်သင်္ဘောတစ်စီးဆိုက်ရောက်လာခဲ့သည်။ ဆိပ်ကမ်း
သို့ရောက်လာခြင်းသည် မကြာခဏ
ဆိုသလို တင်းမာနေခဲ့သော ဆက်
ဆံရေး ကို မြှင့်တင်ခြင်းပင်ဖြစ်
သည်ဟု ကမ္ဘောဒီးယားအစိုးရက မှတ်ချက်ပြုပြောကြားခဲ့သည်။

The USS Savannah သည် ငါးရက်ကြာခရီးအတွက် ထိုင်းပင်
လယ်ကွေ့ရှိ Sihanoukville ဆိပ်
ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။ ကမ်း
နီးတိုက်ခိုက်ရေးရေယာဉ် Littoral Combat Ship အမျိုးအစားဖြစ်
သော The Savannah ၌ အမှုထမ်း ၁၀၃ ဦး လိုက်ပါသည်။

crd***popular news
#JBT

1 Jahr, 8 Monate her
AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲ …

AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိုင်ပွဲ မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်။

AFF MITSUBISHI ELECTRIC CUP 2024 ဘောလုံးပြိင်ပွဲ အုပ်စုပွဲစဉ်အ
ဖြစ် မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းနှင့် လာအိုအမျိုး
သားလက်ရွေးစင် ဘောလုံးအသင်းတို့သည် ဒီဇင်ဘာ ၁၈ ရက် (ယနေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ MRTV-HD Channel: MRTV Parliament Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ ညနေ ၄ နာရီ ၄၅ မိနစ်မှ စတင်ပြီး တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

crd***MDN
#JBT

1 Jahr, 8 Monate her

Military Medical Field Training
Exercise
(Exercise - THAMAZARNI)crd***pyo@Pmayvlog
#JBT

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago