CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 year, 2 months ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 year, 2 months ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 1 year, 1 month ago
Profile နဲ့ couple ပုံလေးတွေ လိုချင်ရင် Join
ads time end
ဒီဇင်ဘာဆိုတဲ့လကို
ကျွန်မသိပ်မုန်းတယ် ကျွန်မဘဝရဲ့အရေးပါဆုံးလူကို ကျွန်မဘဝထဲကဆွဲထုတ်သွားတဲ့ သေမင်းကိုလဲကျွန်မ မုန်းတယ် သေမင်းကဘာလို့ကျွန်မအချစ်ဆုံးလူတွေ့ကိုမှခေါ်သွားတာလဲ ကျွန်မကိုအရင်ခေါ်သွားလေး?
မင်းပြန်မချစ်နိုင်ဘူးဆိုတဲ့
အသိတစ်ခုနဲ့တင်
အရာရာရှုံးခဲ့ရတဲ့ကောင်ပါ
ဂုဏ်ပကာသနအစား
ကဗျာရေးခြစ်နေတဲ့ကောင်ပါ
ငွေမရှိရင်
ဘယ်မေတ္တာစစ်စစ်ပေါ်မှာမှ
အချစ်ဆိုတဲ့နက္ခတ်ကြယ်လေးမကြွေပါဘူး
ငါက ကဗျာရေးခြစ်နေတဲ့ကောင်ပါ
#ခန့်ထည်
နာကျင်ခြင်းအနုပညာ
ပြောချင်တာတွေ
အများကြီးပါပဲ
အရိပ်အကဲလေးကြည့်ရင်း
အခြေအနေကောင်းလေး
စောင့်ရင်နဲ့ ခုထိ
မပြောဖြစ်သေးပါဘူး
Lavina
မင်းက ဥပေက္ခာတရားတွေကိုပဲ
ငါရဲ့သွေးလွှတ်ကြောထဲ
ဝဝလင်လင် ထိုးသွင်းပေးခဲ့တယ်ကွယ်...
#ခန့်ထည်
ကဗျာသည်
နှလုံးသားကို လှစေသည်။
ကဗျာသည်
ပန်းရနံ့ကို ပိုမွှေးစေသည်။
ကဗျာသည်
ချစ်မေတ္တာကို ဖြစ်စေသည်။
ကဗျာသည်
ကမ္ဘာတည်သ၍ ရှိနေမည်။
ကဗျာပန်းခိုင် ဖြိုင်ဖြိုင်လန်းပါစေ။
နေညို။။။။
သူငယ်ချင်းရေ ဟယ်လင်ကဲလားကိုလဲကြားဖူးခဲ့ နပိုလီယန်လဲ ကြားဖူးခဲ့ ဟစ်တလာလဲ ကြားဖူးခဲ့ သမိုင်းရဲ့အထင်ကရ အမှားတွေအမှန်တွေလဲ ချန်ခဲ့။
စစ်တလင်းက စစ်သူရဲလိုငါတို့ ကဗျာကိုရူးသွပ်ခဲ့။
ချစ်ခြင်းမေတ္တာအကြာင်းပြောရင် စိတ်လိုက်မာန်ပါ။
စစ်အကြာင်းပြောရင် ဒေါသတွေပါနဲ့ နေ့စဉ် ငါတို့ သုံးသပ်ခဲ့ ဝေဖန်ခဲ့ ကျန်ခဲ့ကြ နေရစ်ခဲ့ကြ။
ဆီးကရက်တွေ မီးရှို့ ခေတ်ကို မီးတိုက် စရိုက်မဲ့ အနေအထားမဲ့ မျက်နှာမွဲ အဲ့သလို ခေါင်းမာရင်း ထက်ထက်ကျန်ရစ်ခဲ့ ။
အိမ်ကဘုရား လမ်းထိပ်ကဘုရား ရွှေတိဂုံသွားဆုတောင်းခဲ့ အလိုရှိသမျှ အတွက် ဘုရားအပူကပ်ခဲ့ ခြေခြိတ်ပြီးနေခဲ့ အကျိုးမဲ့ တရားမဲ့ စာနာမှုမဲ့ မင်းနဲ့ငါ ကျန်ရစ်ခဲ့။
အရာရာကို လက်တစ်ဖြစ်စာမကပုံအော်ခဲ့ကြတယ် ။
အသက်ရှုလိုက်တိုင်း လွှတ်လပ်မှုတွေ ရသလောက်ရှုသွင်းခဲ့။
ရက်စက်ခြင်းတရားကို ငါတို့လှည့်မကြည့် အကြင်နာတရားမဲ့သူတွေနဲ့ တစ်ဝိုင်းထဲ ထိုင်ခဲ့ အရာရာဟာ မတတ်သာလို့ပါ အဲ့သလို ဆင်ခြင်ပေးခဲ့။
သူငယ်ချင်းရေ ကမ္ဘာခြားခဲ့ ကျန်ရစ်သူတွေဟာငရဲ လားကြပြီး ထွက်ခွာသွားသူတွေဟာဘာဖြစ်ကြတာလဲ ကွာ ဘာဖြစ်ကြမှာလဲ ။
မသေချာတာတွေဖက်တွယ်ရင်း လက်ရှိတွေကို မငှဲ့ခဲ့ အဲ့သလိုခတ်ထဲ ငါတို့ဟာလဲ အရိုင်းဆန်စွာကြီးပြင်းခဲ့။
# လေနု
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 year, 2 months ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 year, 2 months ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 1 year, 1 month ago