Truth?

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

4 weeks ago

အဲဒါတော့အမှန်ပဲ ကိုယ့်နယ်မှာ တချိန်က အလုပ်ကြမ်းနေ့စားလုပ်၊ ဆိတ်,နွားကျောင်း၊ လယ်မရှိ, ယာမရှိ ဆင်းရဲ့မွဲတေ ပြီး လူရုပ်မပေါက်တဲ့ ကောင်တွေက လူသတ်ရဲတာနဲ့ ပဒက်ကလေကဝ ‌တပ်မှူးဖြစ်လို့ဖြစ်နဲ့။
အငုံ့စိတ်ဝင်နေတော့ တချိန်က သူ့ထက်သာတယ်လို့ထင်တဲ့တွေအပေါ်အနိုင်ကျင့် သတ်ဖြတ်။ ထမင်းချက်ပို့ခိုင်း၊ သူများလယ်တွေ အဓမ္မစိုက်ပျိုးယူနဲ့ ကလေကဝေတော်လိမ်ရေးကြီးကြောင့် လူမွှေးလူရောင်ကိုပြောင်လို့
@@@@@
ပသုံးလုံးအကြမ်းဖက်အဖွဲ့တွေထဲက အကြမ်းဖက်သမားတွေက တကယ့်စရိုက်တွေဆိုပဲ...အမြဲတမ်း အရက်သောက် ဘိန်းရှူ ဆေးချပြီး ထင်တိုင်းကြဲ လုပ်ချင်တိုင်း လုပ်နေကြတာတဲ့...သူတို့မကျေနပ်တဲ့သူတွေဆိုရင် လက်နက်အားကိုးနဲ့ ပြဿနာရှာတယ်တဲ့...ပြီးတော့ သူတို့ကြိုက်တဲ့ မိန်းမပျိုလေးတွေကိုလည်း လက်နက်အားကိုးနဲ့ ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်ပြီး တိုင်ရင် သတ်ပစ်တဲ့အထိမိုက်ရိုင်းသလို အဖွဲ့ထဲက မိန်းကလေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ အများကြီးပဲတဲ့...အဲဒီလိုလုပ်ရပ်တွေကို မကြိုက်လို့ အဖွဲ့ထဲကနေ ထွက်ပြေးတဲ့သူတွေကိုလည်း အလွတ်မပေးဘဲ မိသားစုဝင်တွေကို ဖမ်းဆီးသတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်တဲ့...ဘယ်လောက်တောင် မိုက်ရိုင်းအောက်တန်းကျလိုက်သလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့...
Crd

4 weeks ago

သပိတ်ကျင်းမြို့ကနေ ဧရာဝတီမြစ်အထက်ပိုင်း(၁၅)မိုင်လောက်ဝေးတဲ့ တွင်းငယ်ရွာ'ကိုလည်း တပ်မတော်စစ်ကြောင်းတွေစိုးမိုးထားနိုင်တာတွေ့ရပါတယ်။
မန္တလေး/ဗန်းမော်"မဟာဗျူဟာလမ်းမကြီးပေါ်မှာရှိတဲ့ တွင်းငယ်ရွာ"ကနေ အုန်းပိုင်ရွာ" အုန်းဒကူးရွာတွေအထိ တပ်မတော်စစ်ကြောင်းတွေ စစ်ထိုးနေပါပီ။
မန္တလေး/ဗန်းမော် မဟာဗျူဟာလမ်းမကြီးနဲ့ ဧရာဝတီမြစ်ကြားမှာရှိတဲ့ မတ်တော်မူရွာ" ပန်းပင်ရွာ" ညောင်ရင်းရွာ"တွေကနေ (ဧရာဝတီမြစ်ဘေးက) စမ္ပါယ်နဂိုရ်ရွာအထိ တပ်မတော်စစ်ကြောင်းတွေရောက်နေတာကိုလည်းတွေ့ရပါတယ်။
တွင်းငယ်ရွာလမ်းဆုံကနေ မိုးမိတ်မြို့ဖက်ကိုထွက်တဲ့လမ်းပေါ်က တပ်မတော်စစ်ကြောင်းတွေလှုပ်ရှားမှုကိုတော့ မဖေါ်ပြတော့ပါ။
သေခြာတာကတော့ ရှမ်း/မြောက် နောင်ချိုနယ်ကထိုးလာမဲ့ တပ်မတော်စစ်ကြောင်းတွေနဲ့"~
သပိတ်ကျင်းနယ်က ထိုးလာမဲ့တပ်မတော်စစ်ကြောင်းတွေရဲ့ ဆုံရပ်"က တစ်နေရာရာမှာဖြစ်လာမှာပါ" ဆိုရင် အဲ့ဒီနေရာက ဘယ်နေရာဖြစ်လာနိုင်မှာလည်းဆိုတာခန့်မန်းလို့ရနေတာပါ။
လောလောဆယ်အခြေအနေကိုပြောရရင် မိုးကုတ်က PDF"တွေ သွားရောက်နေရာယူနေတဲ့ ရွှေထွက်ရာအရပ်မှာ ဘယ်သူတွေအောင်ပွဲဆင်နိုင်မှာလည်းဆိုတာစိတ်ဝင်စားဘို့ကောင်းပါတယ်။
ဒီတော့"~
ရွှေလမ်းပေါ်မှာ ဘယ်သူတွေသစ္စာစူးကြမှာလည်းဆိုတာ ငတွန်'နဲ့အတူ ဆက်ပီးစောင့်ကြည့်ကြတာပေါ့ခင်ဗျာ။

Crd:ဦးတွန်

4 weeks ago

ရွှေလမ်းပေါ်မှာ သစ္စာစူးခြင်း"
~~~~~~~
တော်လှန်ရေးခေါင်းစဉ်အောက်ကနေ မိမိမြို့/ရွာကို မိမိကိုယ်တိုင်ပြန်ပီးဖျက်ဆီးခဲ့ကြသူတွေရဲ့လုပ်ရပ်က ကြာလာလေ ပိုသိသာလေဖြစ်နေပါပီ။
၂၀၀၇"ရွှေဝါရောင်သပိတ်'အစပြုခဲ့တဲ့ မိုးကုတ်မြေက မင်းကိုနိုင်(ခ)ပေါ်ဦးထွန်း'ရဲ့ငယ်ကျွန်ကြီး ရေပူရွာသားမင်းသူ'လည်း မိသားစုကိုအပါခေါ်ပီး ရန်ကုန်မြေမှာ ဝပ်ကျင်းကောင်းကောင်းနဲ့ပုန်းနေပီ။
ပလောင် TNLA"ကို အမြည်းနန့်ပီးကြိုဆိုအားဖြည့်ခဲ့တဲ့ ဖိုးနီ'လည်း သူ့မိသားစုကိုရန်ကုန်ပို့ထားလိုက်ပါပီ။
အနောက်ပိုင်း PDF'ဆိုပီး ဘော်မားရွာမှာတပ်တည်ဗိုလ်ကျနေတဲ့ ပုချို'နဲ့ ဇင်ယော်" ညီနောင်နှစ်ကောင်လည်း ပလောင်နဲ့ပေါင်းဖက်တာကြောင့် ရည်မွန်'ရဲ့ အရေးယူခံရတာကနေ မိုးကုတ်နယ်မြေကိုစွန့်ခွာပီး မတ္တရာနယ်ဖက်သွားပီပေါ့။
မန်း/PDF"ခေါင်းဆောင်'ဆိုတဲ့ မိုးကုတ်အရှေ့ရွာသား သွား/ခံတွင်းဆရာဝန် စိုးသူရဇော်'လည်း ရာထူးလျောပီး ရည်မွန်'သွားရာနောက် တစ်ကောက်ကောက်လိုက်နေရပီ။
ပြောရရင်ပေါ့ခင်ဗျာ"~
TNLA" မိုးကုတ်ကို စပီး'သိမ်းပိုက်တုန်းက ကသဲရပ်ကွက်မှာရှိတဲ့ နော်လုလု'အအေးဆိုင်မှာ ရေ/မီးအစုံနဲ့ လေထီးခုန်နေတဲ့ ဖိုးနီ'လည်း ခုတော့ ခွာသေးသေး"ဖြစ်သွားပါပီ။
ဘော်မားရွာမှာအခြေပြုပီး စီးပွားရေးသောင်းကျန်းနေတဲ့ ပုချို'လည်း တောင်ဂတုံးလုပ်ကွက်က နီလာ'ပေပါ(၃)လုံးတိုက်ကို TNLA'နဲ့ ပေါင်းပီးဓါးပြတိုက်ခဲ့တာကြောင့် NUG"က အရေးယူလိုက်ကြောင်းသိရပါတယ်။
မိုးကုတ်မြို့ကြီးပလောင်လက်အောက်ရောက်နေချိန်မှာ မန်း/PDF"ခေါင်းဆောင်ဆိုတဲ့အရှိန်အဝါနဲ့ ဆင်ခွာရွာမှာရှိတဲ့ ဦးဘမှီ'လုပ်ကွက်ထဲက (ကျောက်အပြည့်ထည့်ထားတဲ့) မီးခံသေတ္တာကြီးကိုရယူသိမ်းပိုက်ခဲ့တဲ့ စိုးသူရဇော်'ကိုလည်း အလားတူအရေးယူထားတယ်ဆိုပါတယ်။ခုတော့ မိုးကုတ်မြို့ကြီးကို ပလောင်သူပုန်TNLA'သိမ်းပိုက်စေဘို့ အစစ အရာရာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ မိုးကုတ်'PDF'တပ်တွေ သပိတ်ကျင်းနယ်ဖက်ကို အုံလိုက်ကျင်းလိုက်ရွေ့သွားကြပီပေါ့။
ကြားထဲမှာနစ်နာဆုံးရှုံးခဲ့ရတာက သာသနာရောင်ထွန်းနေတဲ့မိုးကုတ်မြို့ကြီးနဲ့ မိုးကုတ်ပြည်သူတွေပါပဲ။
ခုဆိုမိုးကုတ်ပြည်သူတွေရဲ့ဘဝ'က ချောင်းကိုပစ်၍မြစ်ကိုရှာ"ရေသာများ၍ငါးမတွေ့" ဆိုသလိုဖြစ်ခဲ့ရပီပေါ့ခင်ဗျာ။ဒါက ကမ္ဘာတည်သ၍ရှိနေမဲ့ မိုးကုတ်မြို့ကြီးရဲ့သမိုင်းပါပဲ။
ပြောရရင် အင်္ဂလိပ်တွေ မိုးကုတ်"နဲ့ သပိတ်ကျင်း'ကိုကားလမ်းစ'ဖေါက်ချိန် ၁၈၈၉"ခုနှစ်ဝန်းကျင်ကတည်းက မိုးကုတ်" သပိတ်ကျင်း" မိုးမိတ်မြို့တွေကို ရတနာမြေ'အဖြစ်သတ်မှတ်ခဲ့တာပါ။
သပိတ်ကျင်း'ကနေ မိုးကုတ်မြို့အထိ ကတ္တရာလမ်းဖေါက်ခဲ့ရာမှာ လမ်းတစ်လျောက်မှာတွေ့ရတဲ့ကျောက်အမျိုးအစားတွေကိုမှတ်တမ်းတင်ခဲ့ပါတယ်။
ဒီအထဲမှာ သပိတ်ကျင်းမြို့အနီး(၄)မိုင်ရွာကထွက်တဲ့ အညံ့စိမ်း"ကို ကမ္ဘာ့ကျောက်မျက်ဈေးကွက်မှာနီလာစိမ်း'အဖြစ်သတ်မှတ်ခဲ့သလို"~
(၄)မိုင်ရွာကထွက်တဲ့ မြ'က ကမ္ဘာ့အဆင့်မှီမြ'တွေပါ။
ပီးတော့ သပိတ်ကျင်းနယ်မှာပထမဦးဆုံးလုပ်ခဲ့တဲ့ ရွှေတော'ဆိုတာလည်း (၄)မိုင်ရွာတောင်ဖက်မှာရှိတဲ့ သစ်တစ်လုံးလုပ်ကွက်ကနေ စ'ခဲ့တာပါ။ပီးတော့ သပိတ်ကျင်း(၆)မိုင်ဆိုတာ အနီ' (ပတ္တမြား)တွေ အမြောက်အများထွက်ပီး အဲ့ဒီမှာတွေ့ရတဲ့ကျောက်တွေက ကျောက်ရည်ချိုပေမဲ့ အပစ်အနာအဆာကင်းတဲ့ ကျောက်ကောင်းထွက်ရာနေရာဖြစ်ပါတယ်။
မိုးကုတ်/သပိတ်ကျင်း'လမ်းပေါ်က ဝါးဖြူတောင်ရွာ"မှာ (မိုးကုတ်ကျောက်လိုအဆင့်မရှိတဲ့) လက်သီးစုပ်လောက်အရွယ်ထိရှိတဲ့ ပတ္တမြားအမျိုးအစားကျောက်ထွက်ပါတယ်။
အဲ့ဒီလိုကျောက်မျိုးကိုရှေးမိုးကုတ်သားတွေက ကျောက်ဆောင်းတောင်ကျောက်'လို့ ခေါ်ပါတယ်။
ဝါးဖြူတောင်ရွာရဲ့အထက်(၅)မိုင်ခန့်မှာ အမျိုးအစားကောင်းနီလာတွေထွက်တဲ့ ညောင်ပင်သာရွာ'ရှိပါတယ်။
ပြောရရင် အင်္ဂလိပ်တွေ မိုးကုတ်/သပိတ်ကျင်းကားလမ်းဖေါက်ရာကပြုစုထားတဲ့ဘူမိ"အချက်အလက်တွေကို မြန်မာဘူမိဗေဒပညာရှင်တွေ ခုချိန်ထိလက်ကိုင်ပြုနေရဆဲပါ။
နောက်တစ်ခု ရွှေဥဒေါင်းကြိုးဝိုင်း"ဆိုတာ ဝါးဖြူတောင်ရွာအောက်က ကိုးမိုင်ရွာကနေအစပြုပီး မိုးကုတ်နယ် ကင်းချောင်းအထိ ကျယ်ဝန်းပါတယ်။
ခု လက်နက်ကိုင်ဆူပူမှုတွေဖြစ်နေတဲ့ သပိတ်ကျင်း" စဉ့်ကူး" မတ္တရာ'နယ်တွေဆိုတာ အရင်က မီးသွေးဖုတ် ထင်းခုတ်မှထမင်းစားရတဲ့နယ်တွေဖြစ်ပါတယ်။
အရင်တုန်းကမိုးကုတ်/သပိတ်ကျင်း'ကတ္တရာလမ်းတစ်ခုပဲရှိရာကနေ ၁၉၆၂"ခုနှစ်ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရ'တက်လာတော့ ဖေါ့တော'ကနေလမ်းအူကြောင်းရှာပီး မန္တလေးအထိ ကတ္တရာလမ်းဖေါက်ခဲ့တာပါ။
၁၉၈၈"နောက်ပိုင်းရောက်တော့ မိုးကုတ်/မန္တလေးလမ်းတစ်လျောက်မှာရွှေတူးရာက ရွာတွေပေါ်လာတော့တာပါပဲ။
ဇရပ်ကွင်း" လိပ်ကျ" ချောင်းကြီး"နွယ်ရုံ'စတဲ့ရွာတွေဆိုတာ ဦးနေဝင်း'သာ မိုးကုတ်/မန္တလေးကားလမ်းမဖေါက်ခဲ့ရင် တောကြီးမျက်မည်းအဖြစ်နဲ့ရှိနေမဲ့အရပ်တွေဖြစ်ပါတယ်။
ခုတော့ အဲ့ဒီရွာတွေက မြန်မာပြည်ကိုဖျက်မဲ့ လက်နက်ကိုင်တွေခိုအောင်းရာ ရွာတွေဖြစ်နေပါပီ။
လက်ရှိအချိန်မှာတော့ တပ်မတော်စစ်ကြောင်းတွေ သပိတ်ကျင်းမြို့အထွက် (၆)မိုင်ရွာ'အထိ ရောက်နေပါပီ။

1 month ago

မအလဟာ တယုတ်နဲ့ဘာတွေ သဘောတူညီမှုလုပ်ထားသည်မသိပါ။
ရခိုင်၊ ရှမ်းမြောက်၊ ကချင် အကုန်ပေးမယ့်သဘောပါ။
ဒီတိုင်းရော့ အင့်လို့ပေးလို့မတော်တော့ ရင်ဆိုင်စစ်စခန်းတွေကို ရိက္ခာ၊ လက်နက် မထောက်ပံ့ပေးပဲ သေချင်သေ ပြစ်ထားလိုက်တဲ့ သဘောပါ။
ခုဆို ရှမ်းမြောက် ဗုံးမကျဲရဲတော့ဘူး။
ကိုးကန့် အုပ်ချုပ်ရေး လည်ပတ်နေပြီ။
နယ်စပ်ဂိတ်တချို့ပြန်ဖွင့်နေပြီ။
KIAဦးစီး တယုတ်ကခေါ်လို့ပြေးရတယ်။
မြေရှားသတ္ထုစတဲ့ သူ့အကျိုးစီးပွားအတွက် ခေါ်ပြောတယ်ထင်တယ်။
တယုတ်က မပြောသော်လည်း 'မအလ မင်းက လူညံ့မို့ ဇီးရွက်လောက်နေရာမှာပဲ မင်းအုပ်ချုပ် အစိုးရလုပ်လို့ရအောင် ကူညီပေးမယ်။ ကျန်တဲ့ ငါ့စီးမံကိန်းရှိတဲ့ EROs နေရာတွေစွန့်လွှတ်လိုက်။ ငါသူတို့နဲ့ပဲ အလုပ်လုပ်မယ်' ဆိုတဲ့သဘောပါ။
မြောက်ပိုင်းအဖွဲတွေ ရဲ့ပိုင်ဆိုင်မှု ၊ ကဒ်တွေကစ တယုတ်ထုတ်ပေးထားတာ။
တယုတ်လုပ်ချင် အကုန်ပိတ်ချလိုက်လို့ရတယ်။
ခပ်ရိုင်းရိုင်းပြောရရင် တယုတ် မအလကို ခေါင်းလေးပွတ်ပေးလိုက် နောက်ကဖျင်တက်ချလိုက်လုပ်နေတာ။

1 month ago

ရခိုင်စစ်မျက်နှာက ဘူချုပ်ကြီးများနဲ့ စောက်တပ်အခြေအနေ
@@@@@@@@@

အမ်းအခြေအနေ

•အမ်း-နပခကတော့ရန်သူလက်
•ကျနေပါပြီခုအခြေအနေကရန်သူက
•ပုလုံးဝင်ကောက်နေတဲ့သဘောပါ
•တိုင်းဦးစီးချုပ်အဖွဲ့နဲ့အရာရှိ
•စစ်သည်၄၀၀ခန့်ဟာ
•မြေအောက်လှိုင်ဂူထဲက
•မထွက်ပဲတင်းခံနေကြတယ်
•မြေပြင်မှာတော့အရာရှိစစ်သည်
•၈၅ရာခိုင်နှုန်းလတ်နတ်ချထားတယ်
•လေကြောင်းကနေနပခဝန်းထဲ
•ဗုံးကြဲတိုက်ခိုက်ထားလို့
•အဆောက်အဦမှန်သမျှကုန်နေပြီ။
•နပခ-ဒုတိုင်းမှူးကတော့
•အရန်အင်အားပို့ခံထားရသလို
•တိုင်းမှူးကျော်စွာဦးကတော့
•ရေး-၃ဖြစ်နေပါပြီ
•မကြာခင်ဆန်ပြုတ်ဖြစ်ပါတော့မယ်
•တိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်မှာပဲ
•နပခ-ဒုတိုင်းမှူးအဖွဲ့ဟာ
•နပခကိုစွန့်ခွါသွားကြတာပါ
•တိုင်း-Q1
•G1တို့ကတော့မရှိတော့ပါဘူး
•အမ်းတောင်ကြားနတ်ရေစင်တောင်မှာ
•ဗျူဟာအထိုင်ချပြီးစစ်ကူပို့ရန်နဲ့
•ခံစစ်သေထားပါတယ်
•ဒရုန်းကြီးများစခန်းထိုင်ပါတယ်။
•စစ်ကူစစ်ကြောင်းကြီး၂ကြောင်း
•စေလွှတ်ပါတယ်
•ပထမတစ်ကြောင်းကပိုက်လိုင်း
•ချဉ်းကပ်ပြီးစစ်ကူတက်ပါတယ်
•မြေပုံပေါ်မှာပဲအတိုက်ပြနေပါတယ်
•ရှေ့မရောက်လာပါဘူး
•ဒုတိယစစ်ကြောင်းကတော့
•နတ်ရေစင်တောင်မှာလေကြောင်းက
•စစ်ကူပို့ပြီးစေလွှတ်ပါတယ်
•ရန်သူကကြိုတင်သတင်းရလို့
•ဆက်တက်မရပါဘူး
•စစ်ကူလည်း
•မရောက်လာနိုင်တော့ပါဘူး
•တကယ်တော့
•ကကကြည်း
•အကြမ်းဖက်နှိမ်နင်းရေးဌာနဘက်ဖွင့်ပြီး
•ဗိုလ်ချုပ်ကြီးသုံးယောက်ခန့်ပြီး
•စစ်ဆင်ရေးကိစ္စရပ်တွေ
•ကွပ်ကဲနေပေမယ့်ရလဒ်ကဇီးရိုးပါ။
Crd

1 month ago

လူမျိုးရေးမုန်းတီးမှုဖြင့် စစ်သုံ့ပန်းတွေကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ AA အကြမ်းဖက်အဖွဲ့

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် ဂွမြို့ကို စစ်ကူလာတဲ့တပ်မ(၈၈)ကွပ်ကဲမှု အောက်ရှိ ခလရ ၈၃၊ ခမရ ၃၁၇၊ ခမရ ၄၁၅ နဲ့ ခမရ ၄၁၆ တို့အပြင် ဧရာဝတီတိုင်းအတွင်းက ခလရ ၁၈၊ ခလရ ၅၁၊ ခလရ ၆၃ ၊ ရန်ကုန်တိုင်းအတွင်းက ခမရ ၅၃၂ စတဲ့ တပ်ရင်းတွေက စစ်ကြောင်းတွေကို AA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ၊ ကျဆုံးခဲ့တဲ့ သူတွေရဲ့ Dead Body တွေအပြင် စစ်သုံ့ပန်းအချို့ရဲ့ ရုပ်သံဖိုင်တွေကို AA အကြမ်းဖက်အဖွဲ့က သတင်း ဖော်ပြထားတာတွေ့ရပါတယ်။ AA အကြမ်းဖက်အဖွဲ့က ဖော်ပြထားတဲ့ရုပ်သံဖိုင်မှာ ဖမ်းဆီးခံထားရ တဲ့ စစ်သုံ့ပန်းတွေကို လက်ပြန်ကြိုးတုပ်ပြီး မြေပြင်မှာမှောက်လျက်နဲ့တွေ့လိုက်ရပါတယ်။ တချို့ သတင်းတွေအရ အဲဒီ စစ်သုံ့ပန်းတွေဟာ တပ်ရင်းတစ်ခုရဲ့တပ်ရင်းမှူး ဦးဆောင်တဲ့စစ်ကြောင်းက AA အကြမ်းဖက်အဖွဲ့ဆီမှာ လက်နက်ချအညံ့ခံခဲ့လို့ ဖမ်းဆီးထားတဲ့ သူတွေကို စစ်သုံ့ပန်းတွေအဖြစ် ဖော်ပြခဲ့တာလို့သိရပါတယ်။ အဲဒီတပ်ရင်းမှူးအညံ့ခံခဲ့တဲ့ တပ်ရင်းကပဲ ဒုတပ်ရင်းမှူးဦးဆောင်တဲ့ စစ်ကြောင်းတစ်ခုကတော့ အညံ့မခံဘဲ တိုက်ခိုက်ဖောက်ထွက်ခဲ့ပြီး အခြားစစ်ကြောင်းတွေနဲ့ အသက်ရှင်လျက် ပေါင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီသတင်းနဲ့ မရှေးမနှောင်းမှာပဲ အညံ့ခံခဲ့လို့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေကို AA အကြမ်းဖက် အဖွဲ့က ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြီဆိုတဲ့သတင်းကိုလည်း ကြားလိုက်ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဖမ်းဆီးခံရတာပဲဖြစ်ဖြစ်၊ အညံ့ခံတာပဲဖြစ်ဖြစ် စစ်သုံ့ပန်းတွေကို ဥပဒေမဲ့ သတ်ခွင့် မရှိဘူးဆိုတာ လူတိုင်းသိကြမှာပါ။

တကယ်ဆိုရင် စစ်သုံ့ပန်းတွေအပေါ် ဘယ်လိုပြုမူရမယ်ဆိုတဲ့ တရားဝင် စည်းမျဉ်းစည်းကမ်း တွေ၊ သတ်မှတ်ချက်တွေ ရှိနေပြီးသားပါ။ စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ပြုမူဆောင်ရွက်ရမယ့် တာဝန်ရှိသလို၊ လက်နက်ချအညံ့ခံထားတဲ့ရန်သူကို တိုက်ခိုက်သတ်ဖြတ်ခြင်းကိုလည်း တားမြစ်ထားပါ တယ်။ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းရာမှာလည်း ညှဉ်းပန်းနှိပ်စက်ခြင်းကို လုံးဝတားမြစ်ထား ပါတယ်။ စစ်ဆေးမေးမြန်းရာမှာ ၎င်းတို့၏ အမည်၊ အဆင့်အတန်း၊ မွေးရက်၊ ကိုယ်ပိုင်အမှတ်များနှင့် သက်ဆိုင်သော မေးခွန်းများကိုသာ မေးခွင့်ရှိပါတယ်။ ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်သုံ့ပန်းတွေကိုတောင် အပြစ်ပေးရာမှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ အပြစ်ပေးမှုမျိုးမပြုလုပ်ရဘူးဆိုပြီး ဂျီနီဗာသဘောတူညီ ချက်မှာ တားမြစ်ထားတာဖြစ်ပါတယ်။ အခု စစ်သုံ့ပန်းတွေကို AA အကြမ်းဖက်အဖွဲ့က ဘာဥပဒေ၊ ဘာစည်းမျဉ်းစည်းကမ်းကိုမှ မလိုက်နာဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်သုံ့ပန်းတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ နောက်ခံအကြောင်းအရင်းဟာ စစ်သုံ့ပန်းတွေက ဗမာတွေဖြစ်နေလို့ဆိုတဲ့အချက်နဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ စစ်မတိုက်ချင်တော့လို့ AA အကြမ်းဖက်အဖွဲ့ဆီမှာ လက်နက်ချမယ်ဆိုရင်တောင် AA အကြမ်းဖက် လက်ထဲရောက်သွားရင် လူမျိုးရေးမုန်းတီးမှုနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခံရမှာပဲ ဖြစ်ပါတယ်။ AA အကြမ်းဖက်အဖွဲ့ဟာ လူမျိုးရေးအစွန်းရောက်အောင် ရခိုင်လူမျိုးတွေကို ဝါဒမှိုင်းတိုက်ခဲ့ကြသလို၊ အခုဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်းမှာဆို ရခိုင်လူမျိုးမဟုတ်တဲ့ ဗမာတွေ၊ ချင်းတွေ၊ အခြားမျိုးနွယ်စု တွေနဲ့ ဘင်္ဂါလီတွေကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ အခြားလူမျိုးတွေ မနေနိုင်အောင်လည်း မောင်းထုတ်ခဲ့ကြတာ ကြောင့် ဗမာတွေ၊ ချင်းတွေနဲ့ ဘင်္ဂါလီတွေဟာ စစ်ရှောင်ဘဝနဲ့ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရပါ တယ်။ ဒီလုပ်ရပ်တွေဟာ AA အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။

ဒီလို လူမျိုးရေးအစွန်းရောက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့ကြောင့် ပြည်တွင်းပြည်ပမှာရှိနေတဲ့ ရခိုင်လူမျိုးတွေဟာ အခြားလူမျိုးတွေရဲ့အလယ်မှာ မျက်နှာငယ်ရတဲ့ အဖြစ်မျိုးနဲ့ကြုံတွေ့နေကြတာဖြစ်ပါတယ်။ ဒါကြောင့် AA အကြမ်းဖက်အဖွဲ့အနေနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်တာ၊ လူမျိုးရေးအစွန်းရောက်ပြီး ရခိုင်ပြည်နယ်ကို အလုံးစုံပျက်စီးရေး လုပ်ဆောင်နေတာတွေကို အကြမ်းဖက်မှုမလိုလားတဲ့ ရခိုင်လူမျိုးတွေအပါအဝင် အားလုံးက ပြတ်ပြတ်သားသားနဲ့ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် သားတွေအနေနဲ့ကလည်း ဒီလိုလူမျိုးရေးအစွန်းရောက်နေတဲ့ AA အကြမ်းဖက်အဖွဲ့တွေဆီမှာ လက်နက်ချအညံ့ခံမယ်ဆိုရင် အသက်ရှင်နိုင်စရာလမ်းမရှိဘဲ လူမျိုးရေးမုန်းတီးမှုကြောင့် ရက်ရက် စက်စက် သတ်ဖြတ်တာ ခံရမယ်ဆိုတာကိုတော့ သတိပြုမိစေချင်ပါတယ်။

စောနွယ်

#PeopleMedia

1 month ago

တပ်ဘက်ကမြေပြင်တပ်မှူးတချို့ ပြုပြင်ရင်အချိန်မီပါသေးတယ်။
ပ သုံးလုံးမဟုတ်တဲ့ local PDFတွေနဲ့ပေါင်း စစ်တပ်ကိုပြန်တိုက်ပြီး မအလဆိုတဲ့ခွေးကောင်နဲ့ စစ်ဗိုလ်ချုပ်တချို့ကို ဖြုတ်ချသင့်ပြီ။
မဟုတ်ရင်ကြာလိမ့်မယ်။ ပြည်သူနဲ့ အောက်ခြေစစ်သားတွေ အသေအပျောက်ပိုများလိမ့်မယ်။
မအလနဲ့ ဗိုလ်ချုပ်တချို့ က ဘယ်သူ့မျက်နှာမှမကြည့်ဘူး သူတို့အကျိုးပဲကြည့်တယ်။
ရွေးကောက်ပွဲဆိုတာကလည်း တိုင်းပြည့်ထွက်လမ်းမဟုတ်ဘူး သူတို့ထွက်လမ်းအတွက်ပဲ။
တကယ်လို့သူတို့ ရှုံးရင် ရှိတဲ့ စည်းစိမ်း၊ မိသားစုနဲ့ သူတို့ပထွေးတွေဆီ ပြေးမှာ။
သူ့ထောက်ခံသူနဲ့ အောက်ခြေစစ်သားတွေပဲ သေကြေပျက်စီးထပ်ခံကြရမှာ။
အဲဒီတော့ ဘောမအုပ်စုလည်း ဒီသဘောထားကိုလက်ခံပြီး လက်ရှိ စစ်ခေါင်းဆောင်တွေဖယ်ရှားရေး သမာသမတ်ကျတဲ့ တော်လှန်ရေး သမား ၊ စစ်တပ်ကတပ်မှူးတွေ ‌ပေါ်ထွက်လာရေးလှုံ့ဆော်သင့်တယ်။
မအလကို ဆက်ထောက်ခံရင် ဆက်နာဖို့ပဲရှိတယ်။
တော်လှန်ရေးအဖွဲ့မှာလည်း NUG နဲ့ သူ့လက်ကိုင်တုတ် ပသုံးလုံးဆိုတာ ခွေးလေခွေးလွင့်အဆင့်ပဲ။
ဂိတ်ဖွင့် ‌၊ ရွှေတူး၊ ရေနံဖော်၊ သစ်ထုတ်နဲ့ ငွေဘယ်လို့ရမလဲစဉ်းစားနေတာ။
သူတို့က တလရ မပြီးစေချင်ဘူး။
စားခွက်ပျောက်မှာမို့။
အဲတော့ မအလ နဲ့ NUGဆိုတာ တိုင်းပြည့်အပေါ် မကြည့်ဘူး။
အလကား အုပ်စုတွေ။
EROs တွေကလည်း သူတို့ပြည်နယ်လွတ်မြောက်ရင်သူတို့ကရပြီ။
ကျန်တဲ့လူအတွက်မပါဘူး။
ခုစစ်ကိုင်းမှာ ကချင်ပါတယ် ကချင်မှာစစ်ဖိအားလျော့အောင်ရယ် တချိန်မှာ တရသအဖွဲတွေက သူတို့နဲ့အစပ် ဗမာနယ်မြေကို သူတို့ကာဗာအတွက် bufferZone ထားချင်လို့တိုက်တာမျိုးတော့လုပ်လိမ့်မယ်။
အဲဝောာ့ စစ်တပ်က တချို့ကောင်းဆောင်တွေ local PDF တွေနဲ့ပေါင်းပြီ မအလအုပ်စုရော၊ ပသုံးလုံးအုပ်စုရောပါ ရှင်းသင့်ပြီ။
လုပ်ရပ်မှန်ရင် အဖွဲ့တွေအများကြီးပါလာလိမ့်မယ်။

1 month ago
***🇨🇳*** ***🇲🇲*** [#တရ](?q=%23%E1%80%90%E1%80%9B)ုတ်ရဲ့ရည်မှန်းချက်ဖြစ်တဲ့

🇨🇳 🇲🇲 #တရုတ်ရဲ့ရည်မှန်းချက်ဖြစ်တဲ့
#ဗန်းမော်_အမ်း_တောင်ကုတ်တိုက်ပွဲများကို
#ကွပ်ကဲနေသောဝမ်တိန်ကွပ်ကဲမှုဌာနချုပ်
(#ကြူကုတ်ပန်ဆိုင်းနယ်စပ်အနီး)
😈😈😈😈😈😈😈😈😈😈😈😈😈😈😈
🇨🇳 တရုတ်အစိုးရအနေနှင့်ကမ္ဘာ့မျက်နှာစာမှာ
မြန်မာနစကအစိုးရနှင့်လက်တွဲ၍အကြမ်းဖက်
နှိမ်နင်းရေးကူညီဟန်ပုံဖော်ပြီး ယခင်ကတည်း
ကအလိုရှိနေသည့်အိန္ဒိယအားဝိုင်းပတ်ပိတ်ဆို့
ရေး မဟာဗျူဟာမှာအကျုံးဝင်သည့် KIA, AA
နှင့်ထာရိုကူကီးတို့ကို တရုတ်အစိုးရကဝမ်တိန်
အခြေစိုက် သီးခြား PLA Command Post က
နေ တိုက်ရိုက်ကွပ်ဲကဲလျက်ရှိပါသည်။

ဝမ်တိန်သည် ယူနန်ပြည်နယ်တွင် ပါဝင်သော်
လည်း ပီကင်းအစိုးရကတိုက်ရိုက်အုပ်ချုပ်ပါ
သည်။

မြန်မာအစိုးရနှင့်တရုတ်အစိုးရတို့ဆက်ဆံရေး
ကိစ္စများဆောင်ရွက်ရန်အတွက်ပီကင်းမြို့နယ်
ခွဲ၊တရုတ်မြန်မာဆက်ဆံရေးရုံးစိုက်ရာမြို့ဖြစ်
သည့်အပြင် တရုတ် PLA ၏ ကွပ်ကဲမှုဌာနချုပ်
(Command Post) ရုံးစိုက်ရာ မြို့လည်းဖြစ်ပါ
သည်။

ဝမ်တိန်သည်ယူနန်အစိုးရ၏အုပ်ချုပ်မှုအောက်
တွင်မရှိပဲ၊ပီကင်းဗဟိုအစိုးရက တိုက်ရိုက်ကွပ်
ကဲသောမြို့ဖြစ်ပါသည်။ယူနန်သားပင်ဖြစ်လင့်
ကစား ဝမ်တိန်တွင် ညအိပ်မည်ဆိုလျှင် ဧည့်စာ
ရင်းတိုင်ရပါသည်။

ထို့အတူဝမ်တိန်သည်ယူနန်ပြည်နယ်၏အစိတ်
အပိုင်း မဟုတ်သဖြင့် မြန်မာ့အရေးတွင် ယူနန်
စွက်ဖက်ခွင့်မရှိပဲ၊ ပီကင်းဗဟိုအစိုးရမှ မြန်မာ့
အရေးတွင်ဝင်ရောက်စွက်ဖက်နေသည်မှာယ္ခင်
ဗကပခေတ်မှ ယနေ့ခေတ်အထိ ဖြစ်ပါသည်။

#အသေးစိတ်ကိုအောက်ဖော်ပြပါလင့်များတွင်
#ဆက်လက်ဖတ်ရှုနိုင်ပါသည်-

🇨🇳 🇲🇲
#တရုတ်ရဲ့စစ်ပရိယာယ်နှင့်တစ်ချိန်ကMIနဲ့NIB_၁
https://www.facebook.com/100009247984867/posts/3565268403791391/?app=fbl

🇨🇳 🇲🇲
#တရုတ်ရဲ့စစ်ပရိယာယ်နှင့်တစ်ချိန်ကMIနဲ့NIB_၂
#ဝမ်တိန်ရှိတရုတ်PLAရဲ့CommandPost
(#ကိုယ်တွေ့ဖြစ်ရပ်မှန်)
https://m.facebook.com/story.php?story_fbid=3568436993474532&id=100009247984867&mibextid=2JQ9oc

🇨🇳 🇲🇲 #လေးစားပါတယ်ဗျူဟာမှူးကြီး
#ရန်သူရဲ့၁၀၂၇စစ်ဆင်ရေးကာလအတွင်း
#သတိထားစရာဝမ်တိန်မှာ
https://m.facebook.com/story.php?story_fbid=3547533768898188&id=100009247984867&mibextid=2JQ9oc

🇨🇳 🇲🇲
#သတိထားစရာဝမ်တိန်မှာ
https://m.facebook.com/story.php?story_fbid=2340058769645700&id=100009247984867&mibextid=2JQ9oc

🇨🇳 🇲🇲 #Security_First
#လွန်ခဲ့သော၄နှစ်ကထဲကသတိပေးခဲ့သော
#တပ်မတော်လေရဲ့စစ်လေယာဉ်နေရာချထားမှု
#မှန်သမျှကိုတရုတ်ဂြိုဟ်တုမှ
#ထောက်လှမ်းပေးနေပုံ
https://m.facebook.com/story.php?story_fbid=3564123777239187&id=100009247984867&mibextid=2JQ9oc

🇨🇳 🇲🇲 #အထူးသတိထားရမည့်
#တရုတ်ရဲ့Drone_Drop_Bomb_Control_Centre
(#တရုတ်ပြည်_ဝမ်တိန်မြို့)
https://www.facebook.com/100009247984867/posts/3566837343634497/?app=fbl

🇨🇳 🇲🇲
#တရုတ်ရဲ့ဒုတိယပိုင်း၁၀၂၇စစ်ဆင်ရေးအား
#ကွပ်ကဲနေသောဝမ်တိန်ကွပ်ကဲမှုဌာနချုပ်
(#ကြူကုတ်ပန်ဆိုင်းနယ်စပ်အနီး)
😈😈😈😈😈😈😈😈😈😈😈😈😈😈
https://www.facebook.com/share/p/FJT71ncrrx297fUY/?mibextid=oFDknk

1 month ago

ရခီးမနဲ့ ထားဝယ်သား အုပ်ချုပ်နေတဲ့ တပ်နဲ့နိုင်ငံ မပျက်ပဲခံနိုင်ရိူလား။
ကိုယ်ရေးခဲ့ပါတယ် မအလဆိုတဲ့ ကမကလ က ဘယ်သူသေသေဂရုမစိုက်ဘူး။
ရွေးကောက်ပွဲကျင်းပပြီး သူ့ထွက်ဖို့နည်းလမ်းပဲရှာနေတာ။
သူ့မိသားစုနဲ့ တချို့ဗိုလ်ချုပ်တွေ ဆယ်သက်စားမကုန်အောင်ချမ်းသာသွားကြပြီ။
သူတို့က ဘယ်သူသေသေဂရုမစိုက်ဘူး။
သူတို့ထွက်လမ်းရဖို့၊ စည်စိမ်နေရာ မပျက်ဖို့လောက်ပဲစဉ်းစားတာ။
ဒီကောင်တွေမှာ နိုင်ငံနဲ့ချီပြီးစဉ်းစားတာ၊ အောက်ခြေတပ်သားတွေအတွက်စဉ်းစားတာ ဘာမှမရှိဘူး။
စစ်တပ်က အောက်ခြေစစ်တိုက်ချင်စိတ်၊တိုင်းပြည်ချစ်စိတ် ရှိတဲ့ တချို့တပ်မှူးတွေအနေနဲ့က တဖက်ရန်သူနဲ့ညှိနှိုင်း၊ ကတိကဝတ်ယူပြီး ပူးပေါင်းရင်ပူးပေါင်း၊ မပူးပေါင်းရင် တောခို စစ်တပ်ကိုပြန်တိုက် နယ်မြေထိန်းချုပ်မှုယူ၊ ကျယ်ပြန့်အောင်လုပ်။
အဲလိုမှမဟုတ်ရင် တဖြည်းဖြည်းနဲ့ တကယ်တိုက်နေရတဲ့ အောက်ခြေစစ်သားတွေလုံးပါးပါးတော့မယ်။
တပ်ကပျက်နေပြီ၊ အကျင့်ပျက်ခြစားမှုတွေနဲ့။
ပုံစံအသစ်သွားရင်သွား။ ဒီပုံစံကတော့မရတော့ဘူး။
အထက်က ရုံးခန်းထဲက အမိန့်ပေး၊ ကွပ်ကဲနေတဲ့ ကောင်တွေကအစ ၊ မင်းအောင်လှိုင်ထိ ပလင်ပေါ်ကကန်ချပြီး ပုံစံသစ်ဖန်တည်းနိုင်ရင်ဖန်တီး။
သူပုန်နဲ့ နားလည်မှုယူ စစ်တပ်ကို ပြန်တိုက် အသုံးမကျတဲ့ကောင်တွေ အကုန်ရှင်း။
ဒီနိုင်ငံက ခေါင်းဆောင်တွေက စစ်တပ်ရော၊ နိုင်ငံရေးသမားရော ဘာမှအသုံးကျတဲ့ကောင်တွေမဟုတ်ဘူး။
ဒါကြောင့်လည်း ဒီလိုတွေဖြစ်နေတာ။
အကုန်မြေ လှန်မှရမှာ။
နောက်ခါလာနောင်ခါဈေးပဲ။
ခုလောလောဆယ် ဒီကောင်တွေရှင်းဖို့အရေးကြီးတယ်။

1 month ago

တပ်မိသားစုများအပေါ်
လုပ်ရက်လေကြခြင်း
•နခခ-၅ကပိတ်မိအရာရှိ
•စစ်သည်တွေက
•အကူညီတောင်းခဲ့တဲ့ရုပ်သံကို
🐮MinChitOo
🐮KoThet
🐮Kyawswarတို့ကဖုံးထားခဲ့တယ်
•အိုးစားဖက်တွေအပေါ်
•သစ္စာဖေါက်ကြတာပါ
•တပ်မိသားစုတွေအပေါ်
သစ္စာဖေါက်ကြတာပါ
•ခုတော့ရန်သူထံ
•စစ်သုံ့ပန်းဖြစ်သူကဖြစ်
•ကျသူကကျနဲ့
•မြေပြင်အခြေနေမှန်ကိုဖုံးကွယ်
•ခဲ့ကြတယ်
🐮လောက်ကောင်တွေပါ
crd

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago