Kamayut Scout Channel

Description
ကမာရွတ် မြို့နယ်အတွင်း စကစ အသွားလာများကိုပြန်တင်ပေးရန်ရည်ရွယ်ပါသည်။
ကမာရွတ်မြို့နယ် အတွင်းထူးခြားဖြစ်စဉ်များ အား လျှို့ဝှက်စွာသတင်း ပေးလိုပါက @kmy_informer သို့ပေးပို့နိုင်ပါတယ်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

10 months ago
Kamayut Scout Channel
10 months ago
Kamayut Scout Channel
10 months ago
Kamayut Scout Channel
1 year, 1 month ago
လှိုင်သာယာမြို့နယ်အတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူဦးရေ များပြားလာသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မျက်ကွယ်ပြုနေ။

လှိုင်သာယာမြို့နယ်အတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူဦးရေ များပြားလာသည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မျက်ကွယ်ပြုနေ။

လှိုင်သာယာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည်မှာ အချိန် ၁လ ခန့်ကြာမြင့်နေပြီး ယခုလက်ရှိ လှိုင်သာယာဆေးရုံကြီးတွင် ဝမ်းရောဂါလူနာများနေသည့်အတွက်
ဆေးရုံကပင်လုံလောက်သည့်ကုသမှုမပေးနိုင်ဖြစ်နေပါတယ်။
ရပ်ကွက်များတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ ကြိုတင်တိုက်ရသည့်အခြေနေဖြစ်ပွားနေသော်လည်း ရပ်ကျေးအုပ်ချုပ်ဝင်အဖွဲ့ဝင်များက ထိုကိစ္စထက်မကြာခင်က စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ရန် ထုတ်ပြန်ထားသည့်ကိစ္စကိုပဲ အာရုံစိုက်ကာ ပြည်သူများ‌အပေါ်တွင် အနိုင်အထက်ကျင့် ပြုမူရန်သာ တွေးတောနေကြသည်။

ဝမ်းပျက် ‌ဝမ်းလျောရောဂါ ကူးစက်မှုသည် အင်မတန်မှ ပျံ့နှံ့လျက်ရှိပြီး အုပ်ချုပ်ရေးဘက်ခြမ်းမှ ကြိုတင် ကာကွယ် မှုများ မပြုလုပ်ပေးနိုင်သည့်အပြင် ယခုလက်ရှိခံစားတေရသော လူနာများကိုပါ မျက်ကွယ်ပြု လစ်လျူရှုခံနေကြရသည်။

ထို့အပြင် ရပ်ကွက်အတွင်း ရောဂါထိန်းချုပ်မှု အစီစဉ်များ ကိုထိရောက်စွာပြုလုပ် လုပ်ကိုင်ထားခြင်းမရှိသေးဘဲ လျစ်လျူရှုထားကြသည်။ ရပ်ကွက်အတွင်းရှိ ပြည်သူများ ခက်ခဲနေချိန်တွင် ၎င်းတို့ အာဏာသက်ရှည်စေရေးအတွက် ကြိုးပမ်းမှုများကို ပြင်းထန်စွာလှုပ်ရှားနေမှု ၊ အာဏာပြနေမှုများကို ပိုမိုတိုးမြင့်လုပ်ဆောင်လာကြသည်။
"ဧည့်စာရင်းမပေးဘူး" ဟုခြိမ်းခြောက်ခြင်း ၊ အသုဘများတွင် တစ်ည ငွေ၇သောင်းကျပ်ပေးဆောင်ရမည်ဟု အတင်းအကြပ်တောင်းခံခြင်းတို့မှာ ဖြစ်ပွားလျက်ရှိနေသည်။

မမ channel ပါ join ထားကြပါအုန်းနော် ??

https://t.me/mamalisa009

1 year, 1 month ago

◾️ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလို မရှိကြောင်း ကြွေးကြော်၍ ပြဿနာများ၏ လက်သည်တရားခံ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လူထုသပိတ် ရန်ကုန်မြို့တွင် ချီတက်

စက်တင်ဘာ ၁၉၊ ၂၀၂၄

“ ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ”

“ ကုန်စျေးနှုန်းများကျဆင်းရေး တို့အရေး "

“ စစ်မှုထမ်းဥပဒေ အလိုမရှိ”

စသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ တိုက်ပွဲဝင်အလံများ ၊ မီးတုတ်များကိုင်စွဲ၍ ရန်ကုန်မြို့ ကားလမ်းမကြီးတခုပေါ်တွင် သပိတ်အင်အားစုများနှင့် ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြသည်။

ပြောက်ကြားသပိတ် စတင်သည်နှင့် တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည်
သူများ ပူးပေါင်းဝန်းရံခဲ့ကြပြီး ယာဥ်ကြောပိတ်ဆို့မှုများ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့သည်။

အထွေထွေကျပ်တည်းမှုများနှင့် တပြည်လုံး ရေဘေး ကူညီကယ်ဆယ်ရေးများတွင် တာဝန်မဲ့ ပျက်ကွက်နေသည့် စစ်အာဏာရှင်၊​စစ်အုပ်စု ကို  လူငယ်သပိတ်ကော်မတီ​(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ ( SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY) တို့ နှင့်အတူ ကျောင်းသား ပြည်သူများ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။

#YSD

1 year, 3 months ago
***?️***လူမှုစီးပွားဘဝနှင့် စပ်လျဥ်း‌သော သုတေသန စစ်တမ်း***?***

?️လူမှုစီးပွားဘဝနှင့် စပ်လျဥ်း‌သော သုတေသန စစ်တမ်း?

လေးစားရပါသော တော်လှန်မိတ်ဆွေများခင်ဗျာ။

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ဖို့ရန် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့သည် လေယာဉ်ဆီဖြတ်တောက်နိုင်ရေးအတွက် တော်လှန်မိတ်ဆွေတို့နှင့်အတူ အစဉ်တစိုက် အားထုတ်ကြိုပမ်းလျက်ရှိပါသည်။

သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့အနေဖြင့် နိုင်ငံတကာမှ စစ်အုပ်စုဝယ်ယူရရှိနေသော လေယာဉ်ဆီများကို ပိတ်ဆို့အရေးယူနိုင်ရေး တိုက်တွန်းနိုင်ရန် လူမှုစီးပွားဘဝနှင့် စပ်လျဥ်း‌သော သုတေသန စစ်တမ်းတစ်ခုကို ယနေ့ ဩဂုတ်လ ၄ ရက်နေ့မှ စတင်ကောက်ခံနေပါသည်။

ယခု လူထု စစ်တမ်းသည် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေ့စဉ် လူမှုစီးပွားရေးကို မည်ကဲ့သို့ ထိခိုက်နစ်နာရကြောင်း လေ့လာဆန်းစစ်မည့် စစ်တမ်းဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိသည့် တော်လှန်မိတ်ဆွေတို့အနေဖြင့် ယခုစစ်တမ်းတွင် ပါဝင်အားဖြည့်ကူညီပေးပါရန် လေးစားစွာဖြင့် အကူညီတောင်းခံအပ်ပါသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုရန် အောက်ပါလင့်ကိုနှိပ်ပါ။

???????
https://ee-eu.kobotoolbox.org/x/YNSbHbNh

#SocialEconomicSurvey #BMCSurvey #Aug2024
#BanAviationFuel #SanctionAviationFuel #WhatsHappeningInMyanmar #BloodMoneyCampaignMM

1 year, 3 months ago

❝အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ❞

__

အခုချိန်က “ဖက်ဆစ်အခက်-လူထုအချက်” အခြေအနေပါ။ ဖက်ဆစ် အကြမ်းဖက်အုပ်စုဟာ ဒင်းတို့သမိုင်းတလျှောက် အခက်ခဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒင်းတို့ “ပြိုမှတ်” (Tipping Point) ကို ရောက်နေပါပြီ။ ပြိုမှတ်ကနေ ဆုံးမှတ် (Ending Point) ထိ ရောက်အောင် ဆက်တွန်းကြဖို့ကတော့ ပြည်သူလူထုတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ကြီးပါပဲ။ ကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ညီညာဖြဖြ ရုန်းကန်အုံကြွနိုင်မလဲဆိုတာကို မူတည်မှာပဲ။

အခုလာမယ့် ဇူလိုင်လ (၁၉) ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းပြည်ပြုခေါင်းဆောင်ကြီးများ ကျဆုံးခဲဲ့ရတဲ့ (၇၇) နှစ်မြောက် “အာဇာနည်နေ့” ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ကဲ့သို့ တိုင်းပြည်နဲ့လူထုအတွက် မိမိအသက်ကို ပေးဆပ်သွားကြတဲ့ အခြားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများစွာလည်း မြန်မာပြည်မှာ ရှိပါတယ်။

အာဇာနည်စိတ်ဓာတ်၊ အာဇာနည်သွေးလို့ ပြောရင် တိုင်းပြည်နဲ့ လူထုအတွက် ရဲရင့်ပြောင်မြောက်စွာ အကျိုးပြုခြင်း၊ စွန့်လွတ်စွန့်စားခြင်း၊ မတရားမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း၊ အသက်နဲ့ ခန္ဓာကိုပင် ပေးဆပ်ခြင်း အစရှိတဲ့ အဓိပ္ပာယ်မွန်များကို တန်းပြီး နားလည်မြင်ယောင်ကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်တော်လှန်ရေးရဲ့ အခုအခြေအနေကလည်း အဆုံးသတ်တိုက်ပွဲကို အာဇာနည်စိတ်၊ အာဇာနည်သွေးအပြည့်နဲ့ မော်ကွန်းရေးထိုးကြရမယ့် အချိန်ဖြစ်ပါတယ်။ တလှိုင်းပြီး တလှိုင်း တက်လာတဲ့ စစ်ရေးတိုက်ပွဲအရှိန်တွေနဲ့အတူ လူထုတိုက်ပွဲတွေကိုလည်း အစွမ်းကုန် အရှိန်တိုးမြှင့် ဖော်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်။ တက်စုံဖွင့် ရွက်ကုန်လွှင့်ကြဖို့ပါပဲ။

လာမယ့် ဇူလိုင် (၁၉) အာဇာနည်နေ့မှာ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာ အထူးတောင် ပြောပြနေစရာ မလိုပါဘူး။ ဂုဏ်ပြုအပ်တဲ့ အာဇာနည်ပုဂ္ဂိုလ်များကို ဂုဏ်ပြုခြင်းကလည်း မဂ်လာတပါးပေပဲ။ ယခင့် ယခင် နှစ်များမှာ အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြတဲ့အတိုင်း အဲ့ဒီနေ့ မနက် (၁၀ နာရီ ၃၇ မိနစ်) အချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေကြသူတွေက ဟွန်းတီးကြမယ်ဗျာ။ အိမ်ထဲ ဆိုင်ထဲ ရောက်နေသူတွေက မတ်တပ်ရပ်၊ သတိဆွဲ အလေးပြုကြမယ်ဗျာ။ အခြေအနေပေးတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်တို့ဆီကို ချီတက်ပြီး ဂါရဝ ပြုကြမယ်ဗျာ။

လက်ရှိပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အဆုံးသတ်တိုက်ပွဲကိုလည်း အာဇာနည်တွေသွေးနဲ့ ဆက်လက် ကဗ္ဗည်းရေးထိုးလိုက်ကြပါစို့ခင်ဗျား။

ပြည်သူအပေါင်း မျှော်ရည်တဲ့ အဆုံးသတ်ပန်းတိုင်ကို ပြည်သူအားလုံး ပါဝင်တဲ့ လူထုတိုက်ပွဲ၊ လူထု အထွေထွေ အုံကြွမှုကြီးနဲ့သာလျှင် စောလျင်စွာ ရောက်ရှိ၊ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

#အဆုံးသတ်တိုက်ပွဲကိုအာဇာနည်တွေသွေးနဲ့ရေးထိုးကြ

#ဟွန်းတီးကြ

#ဥဩဆွဲကြ

#သတိဆွဲအလေးပြုကြ

#ချီတက်ဂါရဝပြုကြ

#တက်စုံဖွင့်ရွက်ကုန်လွှင့်

#ငုံ့မခံနဲ့တုံ့ပြန်

အရေးတော်ပုံ အောင်ရမည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago