ZPN K Series&Movies mmsub

Description
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago

12 months ago
Genesis (2021)

Genesis (2021)

သူဌေးမိသားစုတစ်ခုရဲ့ တရားမဝင် ဒုတိယသား ဂန်အီဟွန်း၊ သူ့ အမေရဲ့ သေဆုံးမှု နောက်ကွယ်က အဖြစ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားရင်း

သူ့မျက်နှာနဲ့ တစ်ပုံစံတည်းတူတဲ့ clone တွေနဲ့ တွေ့ဖြစ်လာပြီး နောက်ကွယ်မှာ ပိုရှုပ်ထွေးနေတဲ့ ဇာတ်ကြောင်းကို

ဖော်ထုတ်ရန်ဖြစ်လာပါတယ်။ ဂန်အီဟွန်းနဲ့ တစ်ရုပ်တည်းဆိုပေမဲ့ သူ့ clone တွေကို ဘယ်လောက်တောင် ကွဲပြားတဲ့

အယူအဆတွေ အမူအကျင့်တွေနဲ့ မြင်ရမလဲ၊ ရှုပ်ထွေးဆန်းပြားတဲ့ နောက်ကြောင်းတွေကို အပိုင်း ၆ ပိုင်းသာရှိတဲ့ သိပ္ပံဆန်ဆန်

mystery-thriller ဆန်ဆန် Genesis မှာ ကြည့်ရမှာဖြစ်ပါတယ်။

ဂန်အီဟွန်း/ချန်/ဒုန်ဂျင်း/မီခါအယ်လ် လေးကိုယ်ခွဲ အဖြစ် Park Hae Jin
အမိုက်စား စုံထောက် ယော်လင်း အဖြစ် Nana
အထက်တန်းစားစုံထောက် ချွဲဂျင်ဆူ အဖြစ် Kwak Si Yang
ဂန်အီဟွန်းရဲ့ အစ်ကို၊ ဖခင်ရဲ့ အသိအမှတ်ပြုမှုကို တောင့်တနေတဲ့ ဂန်အီကွမ် အဖြစ် Lee Ki Woo က ပါဝင် သရုပ်ဆောင်ထားပါတယ်

Ep 1 to 6 စ/ဆုံး
https://t.me/MOving689/3042

ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ  joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1

12 months ago
Newtopia (2025)

Newtopia (2025)

Lee Jae-Yoon တစ်ယောက် သူ့ရဲ့အနာဂါတ်နဲ့ပက်သက်ပြီး ပူပန်သောကရောက်နေရတာနဲ့တင်
ချစ်သူကောင်မလေးရဲ့ခံစားချက်တွေကို အလေးမထားမိဘဲ သမီးရည်းစားနှစ်ယောက်ရဲ့ဆက်ဆံရေးဟာအေးစက်လာပြီးတော့ ပြတ်လုဆဲဆဲဖြစ်နေတဲ့အချိန်....

တစ်ရက်မှာတော့ လူတွေကို ဇွန်ဘီအဖြစ် ကူးစက်ပြောင်းလဲစေတဲ့ ဘယ်ကမှန်းမသိတဲ့ ဗိုင်းရပ်စပ်တစ်ခုပေါ်ထွက်လာပြီး ဆိုးလ်မြို့တစ်ခုလုံးကို လွှမ်းခြုံသွားပါတော့တယ်။

ထိတ်လန့်စရာပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်း သန်မာရဲရင့်လာတဲ့ ကုမ္ပဏီဝန်ထမ်းလေး Kang Young-Joo နဲ့စစ်သားဖြစ်နေပေမဲ့လည်း အားနည်းပြီးတော့ ယုံကြည်ချက်မရှိတဲ့ Lee Jae-Yoon တို့နှစ်ယောက်ဟာကြောက်မက်ဖွယ်ကောင်းတဲ့ဇွန်ဘီတွေကို တစ်ဆင့်ချင်းစီ နှိမ်နှင်းပြီးတော့ အပျက်အစီးတွေကြားထဲမှာပြန်လည်ဆုံစည်းအောင် ကိုယ်စီ ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့
ဇာတ်လမ်းတွဲကောင်းလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြပါဦးနော်။

Ep 4 ရပြီ
Link
https://t.me/c/1673873006/2985
JoinLink
https://t.me/+QmYltwrLi6phMjE1

ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ  joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1

12 months ago
Spy Girl (2004)

Spy Girl (2004)

ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့
မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ ..
မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားက
Romance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း *
သင်တန်းက
ျောင်းတစ်ခုက ကျောင်းသားတွေက
ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့
အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။

တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ
အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့
ရုတ်တရက် နာမည်ကြီးလာပါတယ်။

တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့
သူလျှိုဖြစ်နေတဲ့အခါမှာတော့...

သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ...

သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့
ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ
ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်
ကြပါဦးနော်။

Channel Link
https://t.me/zpnay280

ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1

12 months ago
ZPN K Series&Movies mmsub
12 months ago
ZPN K Series&Movies mmsub
12 months ago
ZPN K Series&Movies mmsub
12 months ago
**Study** Group (2025) Ongoing

Study Group (2025) Ongoing

Episode 9 + 10 စ ၊ဆုံး ရပြီ
https://t.me/MOving689/3032?single

ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ  joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1

12 months ago
Wretches (2018)

Wretches (2018)

ကိုရီးယားနိုင်ငံရဲ့ ဆိုးဝါးလှတဲ့အရာတစ်ခုဖြစ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှုအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအညွှန်း **
သာမန်ကျေ
ာင်းသားတစ်ဦးဖြစ်တဲ့ Jae-Young နဲ့သူ့သူငယ်ချင်းတို့ဟာ ကျောင်းမှာ အနိုင်ကျင့်ခံရနေကျ ကျောင်းသားတွေပါ။

တစ်ရက်သည်းမခံနိုင်တော့တဲ့အဆုံး အနိုင်ကျင့်တဲ့ခေါင်းဆောင်ကို
အအေးထဲ ပိုးသတ်ဆေးခတ်လိုက်ရာကနေ သူငယ်ချင်းဖြစ်သူက
ကျောင်းထွက်လိုက်ရပါတယ် .. ။

ကျောင်းတွင်းအနိုင်ကျင့်အဖွဲ့တွေမှာလည်း အာဏာအပေါ်မူတည်ပြီး
အထက်တွေ အောက်တွေရှိတဲ့အလျောက်ထုံးစံအတိုင်း ကျန်ခဲ့တဲ့ Jae-Young တစ်ယောက် မပြီးမဆုံးနိုင် အနိုင်ကျင့်ခံရပါတယ်။

စပရိန်တို့လို ဖိလေလေ တွန်းကန်လေဆိုတဲ့အတိုင်း ချောင်ပိတ်ပြီး
လွတ်လမ်းမရှိတဲ့ လူငယ်ကျောင်းသားတစ်ယောက်
ဘယ်လိုတွေ လက်တုံ့ပြန်သွားမလဲဆိုတာကို Jae-Young နေရာမှာပါ ဝင်ခံစားပြီးရင်တမမနဲ့ ကြည့်ရှုခံစားရစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

https://t.me/zpnay280/8645
အရင် Join ပါ Link
https://t.me/zpnay280

ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1

1 year ago
Concrete Utopia (2023)

Concrete Utopia (2023)

Park Seo Joon နဲ့ Park Bo young တို့ အတွဲညီညီ ပါဝင်ထားတဲ့ ဇွန်ဘီကပ်ဘေးမဟုတ်တဲ့ ငလျင်ကပ်ဘေး

ဇာတ်လမ်းအကျဥ်းကတော့ ဆိုးလ်တစ်မြို့လုံးဟာ ငလျင်ဒဏ်ကြောင့် ညက်ညက်ကြေမွနေပြီပေမဲ့လည်း ကံကောင်းစွာနဲ့ ဟွမ်းဂွန်းတိုက်ခန်းကတော့ အကောင်းတိုင်းကျန်နေသေးတဲ့ တစ်ခုတည်းသော တိုက်ခန်းဖြစ်ပါတယ်။

ဒါ့ကြောင့် အသက်ရှင်ကျန်ရစ်သူတွေကလည်း ဟွမ်းဂွန်း တိုက်ခန်းကို ပြောင်းရွှေ့နေထိုင်ကြပါတော့တယ်။

တိုက်ခန်းနေထိုင်သူနဲ့ အပြင်ကရောက်လာတဲ့ ပြောင်းရွှေ့သူတို့ကြားက ပဋိပက္ခကို တာဝန်ယူဖို့ ယာယီခေါင်းဆောင်ခန့်အပ်ခံရတဲ့ Young Tak

Young-Tak ကနေ သူ့ကို ကူညီပေးမဲ့လူအဖြစ် ရွေးချယ်လိုက်တဲ့ Min  Sung နဲ့ သူ့ဇနီး Myeong Hwa တို့ဟာ တတ်စွမ်းသမျှ အားနဲ့ ဟွမ်းဂွန်းတိုက်ခန်းကိုပဲ အားကိုးအားထားပြုနေရတဲ့ အပြင်လူ နေထိုင်သူ အားလုံးကို ဘယ်လိုကာကွယ်ဖို့ ကြိုးစားကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပါ။

Channel Link
https://t.me/zpnay280

ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1

1 year ago
Handsome Guys (2024)

Handsome Guys (2024)
Genre: Comedy, Horror
IMDb 6.5/10

ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီး.ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုTucker and Dale vs Evil ကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။
ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ
ဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။
တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။
ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီး မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကို
အမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...
ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလို
ကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့
ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။

Movie Link
https://t.me/PXmovieschannel2/5072?single

ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ joinထားပါ
https://t.me/addlist/JL90mK8o75hhNzE1

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago