Anti - Junta Alliance Yangon(AJAY)

Description
Anti - Junta Alliance Yangon(AJAY)
https://www.facebook.com/antijuntaallianceyangon?mibextid=ZbWKwL
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago

2 months, 3 weeks ago

ရပ်တည်ပြုကျင့်ခြင်း ရဲ့ အကျိုးဆက် ဖြစ်ပြီး “ဘယ်သူမပြု မိမိမှု “ လို့သာ မှတ်ယူထားနိုင် ဖို့ ကြိုတင်စကားပါးထားချင်ပါတယ်။

ကမ္ဘာ့စူပါ ပါဝါနေရာကို တဖန်ပြန် ရယူလိုနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ  “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ပါတီ“၊ ”​မိမိအကျိုးစီးပွားအတွက် အိမ်နီချင်းနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို အနိုင်ကျင့် ဗိုလ်ကျတဲ့ ဖက်ဆစ်ပါတီ” ဖြစ်တယ်ဆိုတာကို ကမ္ဘာကြီးက တနေ့ တခြားပိုပိုသိလာပါလိမ့်မယ်။ 

အောင်ဝင်း

2 months, 3 weeks ago

ဆက်လက်ဖတ်ရှုရန် -

ဝမ်းနည်းဖို့ကောင်းတာကတော့ “တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ကွန်မြူနစ် ပါတီ” တို့ဟာ သြဂုတ်လ ၁၄ ရက် ဝမ်ယိ ခရီးစဥ်မှာ မင်းအောင်လှိုင်ရဲ့ သွေးစွန်းလက်ကို အားပါတရ ဖမ်းဆုပ် လက်ဆွဲ နှုတ်ဆက်ရင်း မြန်မာပြည်သူများရဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ်းလက်ကို ပုတ်ထုတ် ရိုက်ချ လိုက်တာပါပဲ။ 

မြန်မာပြည်သူများဟာ “ကိုလိုနီပြုခဲ့တဲံ အင်္ဂလိပ်ကို လည်း မမုန်း၊ ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့  ဂျပန်တွေရဲ့ အပြစ်တွေ ကိုလည်း မုန်းခဲ့သူတွေ မဟုတ်ပါဘူး။” ချစ်စကိုရှည်စေ မုန်းစကိုတိုစေ ဆိုတဲ့ ချစ်စဖွယ် စိတ်ထားဗီဇ ရှိသူတွေဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံကို ဘယ်လိုနည်းနဲ့မှ အကြောင်းမဲ့ သက်သက် မုန်းတီးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သမ္မတ ရှီ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ သံအမတ် မာကျားတို့ ကိုယ်တိုင်ဟာ “ တရုတ်မုန်းတီးရေး ဆူးညှောင့်ကို မြန်မာပြည်သူတွေရင်ထဲ မျိုးစေ့ချ ရိုက်သွင်းပေးနေသူတွေဖြစ်နေပြီဆိုတာကို သတိပြုစေချင်ပါတယ်။ 

မြန်မာစစ်တပ် ပြိုကွဲလို့ မရ ဆိုတဲ့ အထူးကိုယ်စားလှယ် တိန့်ရဲ့ ဝ ခေါင်းဆောင်တွေအပေါ် ပေးလိုက်တဲ့ သြဝါဒဟာ မြန်မာပြည်သူတွေရဲ့ နားထဲ သံရည်ပူလောင်းနေတယ်ဆိုတာ သူ သိမှ သိပါလေစလို့ စိတ်ပူမိပါတယ်။ မြန်မာပြည်သူတွေ အတွက် လွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ စစ်တပ်ဆိုတာ မရှိတော့ဘူး။ လွတ်လပ်ရေးနဲ့ အတူ ဦးအောင်ဆန်း တည်ထောင်ချင်ခဲ့ တဲ့ စစ်တပ် ဆိုတာသည် ဒီနေ့ ရှိနေတဲ့ စစ်တပ်မျိုးမဟုတ်ပါဘူး။ ဒီနေ့ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်တပ် ဆိုတာသည် ယူနီဖောင်းဝတ် လူဆိုးဂိုဏ်း ၊ ဓားပြဂိုဏ်း အကြီး စား တခုအဖြစ်သာ မြန်မာပြည်သူတွေက ရှုမြင်ပါတော့တယ်။ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားကို မြင်တာနဲ့ အရိုက်ခံရမလား၊ ငွေများညှစ်မလား ၊ ငါ့များ ဘာလုပ်မလဲ ဆိုပြီး ပြည်သူတွေက တွေးပူနေရပြီ။ ရွံ ကြောက်ကြီးတွေ ဖြစ်နေပါပြီ။

မြန်မာစစ်တပ်က စစ်သား မှန်သမျှကလည်း သူတို့ ရဲ့ “နိုင်ငံတော်နဲ့ နိုင်ငံသားကို ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ ကတိသစ္စာစကားထက် လူတွေကို ဘယ်လိုညှဥ်းပန်းရမလဲ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အရ ဘယ်လို ပါးစပ်အရသာ ခံ​ စော်ကားမလဲ၊ ဘယ်လိုမုဒိမ်းကျင့်လိုက်ရမလဲ၊ ဘယ်နည်းနဲ့ လူတွေရဲ့ ပိုင်ဆိုင်မှု၊ ပစ္စည်းဥစ္စာ ငွေကြေး တွေကို လုယူနိုင်မလဲ ပဲတွေးနေကြတာပါ။ 

မင်းအောင်လှိုင် စစ်တပ်နဲ့ မြန်မာပြည်သူ၊ မြန်မာ့လူ့အဖွဲ့အစည်း ဟာ ကမ္ဘာ့ရန်ဖြစ်သွားပြီ။ ကမ္ဘာကြေရင်တောင် ဥဒါန်းကျေနိုင်စရာမရှိတော့ဘူး။ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ဒီ စစ်တပ်ကြီး ဟာ ချက်ကြိုးပြတ်သွားပြီ။ အခုလို အတင်း ဒရမန်းကြမ်း သေနတ်ထောက်၊​ အင်အားပြ ဖိနှိပ်နေလို့သာ လူထုက သည်းခံ​အောင့်အည်းနေပေမယ့် အခါအခွင်သင့် အခြေအနေ ပေးတာနဲ့ ပြည်သူအပေါ် စော်ကား ဖိနှိပ်နေတဲ့ “ စစ်တပ် တခုလုံးကို အမှုန့်ကြိတ် အမြစ်ဖြတ်ချင်စိတ်က မြန်မာ ပြည်သူတိုင်း၊ လူငယ်တိုင်း၊​ကလေးတိုင်းရဲ့ ရင်မှာ ကိန်းအောင်သွားပါပြီ။

ဒီလိုဖြစ်အောင်လည်း မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ပဲ​လုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဒီအခြေအနေတွေကို တရုတ်အစိုးရ ၊ တရုတ်ကွန်မြူနစ် ပါတီရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ ဟာ နားလည်မနေကြဘူး။ နားလည်ရင်တောင် အတင်းဇွတ် မသိချင် ၊ မမြင်ချင်ယောင်ဆောင်ပြီး စစ်ကောင်စီကို သံအမတ် မာကျားတို့ က ဖူးဖူးမှုတ် ကျားကန်ပေးနေကြတယ်။ တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူတွေ နဲ့ တရုတ်သံရုံး ရဲ့ ထုတ်ပြန်ချက်တွေမှာ “မြန်မာပြည်သူများကို မျက်နှာမူပါသည်” ဆိုတဲ့ စကားကို ဖန်တရာတေအောင် သုံးနေပေမယ့် အပြောတမျိုး အလုပ်တမျိုး နှင့် တရုတ်အစိုးရ ရဲ့ လုပ်ရပ်တွေ ကို မြန်မာပြည်သူတွေက ကောင်းကောင်းကြီး သိပါတယ်။ လေကြောင်းကနေ ဗုံးကျဲနိုင်ဖို့ လေယာဥ်တစီးလုံးတင်မက၊ လေယာဥ်ဆီနဲ့ အပိုပစ္စည်း တွေ ပံ့ပိုးလို့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ လွတ်မြောက်နယ်မြေ တခွင်

တပြင်ကို ဗုံးမိုးရွာနေခြင်းရဲ့ နောက်ကွက်မှာ တရုတ်အစိုးရ ရှိနေတယ်ဆိုတာကိုလည်း  မြန်မာပြည်သူတွေ သိပါတယ်။

နေ့စဥ် နေ့ရက်တိုင်း မြန်မာပြည်သူတွေ ခံစားနေရတဲ့ မလုံခြုံမှု၊ မလွတ်လပ်မှု ၊ ငတ်မွတ် ခေါင်းပါးမှုတွေ အတွက် သမ္မတကြီး ရှီနဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဝမ်ယိတို့ ရဲ့ လက်ရာခြေရာ တွေ မကင်းဘူးဆိုတာ ကိုလည်း မြန်မာပြည်သူတွေ ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါတယ်။ စစ်အာဏာရှင်ကို နှုတ်၏ စောင်မခြင်း ၊​လက်၏ စောင်မခြင်း တွေနဲ့ ရပ်တည် ပေးနေတဲ့ တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီကို မြန်မာပြည်သူတွေဟာ တေးမှတ်ထားတယ်။ အခုချိန်မှာတော့ ဘာမှ မတုန့်ပြန် (နိုင်) သယောင် ရှိနေပေမယ့် “ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံနဲ့အတူ ရှီကျင့်ဖျင့် ၊ ဝမ်ယိ၊ တိန်ရှီကျွင်း ၊​မာကျား တို့ရဲ့ ဓာတ်ပုံတွေ၊ စစ်တပ်ရဲ့ အလံတွေနဲ့ အတူ တရုတ်ပြည်ရဲ့ အလံတွေကို သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ မီးရှို့ ဖျက်စီးတဲ့ ပုံရိပ်တွေ” များမကြာမီ နှစ်တွေ လတွေ အတွင်း ပေကျင်းက တရုတ်အစိုးရ မြင်ခဲ့ရရင် မအံ့သြ မတုန်လှုပ်ပါနဲ့..။ ဒီအရာတွေဟာ တရုတ်အစိုးရ ရဲ့ မြန်မာပြည်သူတွေအပေါ် လွဲမှားစွာ

2 months, 3 weeks ago
2 months, 4 weeks ago

(၇၉) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ သံတမာန်ရေးရာတိုက်ပွဲတွင် မြန်မာပြည်သူလူထုကိုယ်စားပြု သံအမတ်ကြီး” ဦးကျော်မိုးထွန်း” ဆက်လက်နေရာရရှိရေးမှာ အင်မတန်အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအပေါ် အတင်းအဓမ္မစစ်ထဲခေါ်ဆောင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဗုံးကြဲခြင်း၊ ပြည်သူ့နေအိမ်များကိုမီးရှို့ခြင်း အစရှိသဖြင့် ပြည်သူလူထုအပေါ်တွင် နည်းမျိုးစုံဖြင့် ဖိနှိပ်အကြမ်းဖက်လျက်ရှိပါသည်။

ပြည်သူများ ရှင့် ယခုအချိန်ကာလသည်
ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်တွင် အဖိနှိပ်ခံပြည်သူလူထုဘက်မှရပ်တည်၍ စစ်ကောင်စီ၏ အဆိုပါ အကြမ်းဖက် စစ်ရာဇ၀တ်မှုများကို
ပြည်သူ့ကိုယ်စား၊ပြည်သူတစ်ရပ်လုံး၏အသံအနေဖြင့် တင်ပြနိုင်ရန် နှင့် စစ်အုပ်စု၏ မြန်မာနိုင်ငံသူ၊နိုင်ငံသားများအပေါ် ကျူးလွန်နေသည့်ရက်စက်ယုတ်မာမှုများအား ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်တွင် ဖော်ထုတ်တင်ပြနိုင်ရေးအတွက် သံအမတ်ကြီး “ဦးကျော်မိုးထွန်း” ဆက်လက်နေရာရရှိရန် အင်မတန်လိုအပ်
နေချိန်ဖြစ်ပါသည်။

တနိုင်ငံလုံးကြုံတွေ့ခံစားနေရသည့် ရုပ်ဆိုးအကျည်းတန်သော ဒုက္ခဆင်းရဲပေါင်းစုံကို မိတ်ကပ်နဲ့ ဖုံးအုပ်ခြင်းက " ပါးမှာတော့ သနပ်ခါးနှင့် ပေါင်မှာသေးစီးကြောင်း နှင့် " ဆိုသော မြန်မာစကားပုံအတိုင်းဖြစ်နေပါလိမ့်မည်။
Miss ပြိုင်ပွဲသတင်းများအပေါ်အာရုံစိုက်၍ ရေလိုက်ငါးလိုက်လွဲမနေကြစေလိုဘဲ
"လက်သည်းဆိတ်ရင် လက်ထိပ်နာ" ဆိုသလို  စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် ဒုက္ခဆင်းရဲခံစားနေကြရသော ပြည်သူများအတွက်
ပြည်တွင်းမှာသာမက ၊အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ အပါအဝင် ပြည်ပရောက်ရှိ‌
နေသော မြန်မာပြည်သူပြည်သားများအနေဖြင့် အခြားသော ကိစ္စများထက် သံအမတ်ကြီး “ဦးကျော်မိုးထွန်း” ဆက်လက်နေရာရရှိရေး ပိုမို‌အားစိုက်ထောက်ခံ၀န်းရံပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

“Our Ambassador Myanmar’s Voice”

3 months ago

Anti-Junta Alliance Yangon (AJAY)

3 months ago

(English below)

သတင်းထုတ်ပြန်ချက်

ရက်စွဲ ။ ။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်

၁။ ရန်ကုန်မြို့တွင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို လူထုသပိတ်အင်အားစုများမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာကြလျက်ရှိပြီး၊ စစ်အာဏာရှင်နှင့် ၎င်းနောက်လိုက်များသည် တန်ပြန် စစ်ဆေးဖမ်းဆီးမှုများကို ယခင်ထက် ပိုမိုကာ  ပြုလုပ်ဆောင်ရွက်လာပါသည်။

၂။ ထိုသို့ စစ်ဆေးဖမ်းဆီးမှုများအတွင်း ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)၏  ဦးဆောင်သူတဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ သည်လည်း မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

၃။  ကိုပိုင်ဖြိုးမင်း(ခ)  ဒီရေသည်  စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို မိမိတို့ သပိတ်အင်အားစုများ မှ အလွန်အမင်းစိုးရိမ်မိပါသည်။

၄။ စစ်အာဏာရှင်နှင့် လက်ပါးစေတို့သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် လူတစ်ဦး၏ အသက်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ရန်နှင့် အသက်သေဆုံးနိုင်သည်အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်ရန် ဝန်လေးသူများမဟုတ်ကြောင်း သက်သေ သာဓက များစွာလည်းရှိခဲ့ပြီး ဖြစ်ပါသည်။

၅။ ထို့ကြောင့် မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ)မဲကြီးနှင့် မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန်လည်း တောင်းဆိုလိုပါသည်။

၆။ လွတ်လပ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့သည် အရေးတော်ပုံတပ်သား ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့်အတူ ဖမ်းဆီးခံတော်လှန်ရေးရဲဘော်များအတွက်  ထပ်လောင်းကြိုးပမ်းကာ မိမိတို့ လူထုသပိတ်အင်အားစုများ အနေဖြင့် စစ်အာဏာရှင် စနစ် အလုံးစုံပျက်သုဥ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့ အတွက် ပိုမိုကာ မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု
Anti-Junta Alliance Yangon – AJAY

Statement Release

Date: October 10, 2024

The resistance against the military dictatorship in Yangon is intensifying, with Civil Resistance Movements growing stronger each day. In response, the military junta has escalated their investigations and arrests more aggressively than before.

On October 9, 2024, during one such crackdown, the SAC used a guest list as a pretext to raid a location. As a result, Paing Phyo Min (also known as De Yay), a prominent leader of the Anti-Junta Alliance Yangon (AJAY), was unjustly arrested. He has since lost contact with his family, raising serious concerns about his safety.

Paing Phyo Min (De Yay) has been a consuistent leader in the resistance against the military dictatorship. We are gravely concerned that he could be subjected to life-threatening torture by the military regime, given their notorious record of brutal treatment of detainees.

The military junta is known for employing extreme methods to maintain its grip on power, including the use of torture, extrajudicial killings, and other forms of violence. There is overwhelming evidence that such atrocities are not isolated incidents but part of their systematic strategy of repression.

We, therefore, urgently call upon the international community, revolutionary organizations, and all strike committes to unite in exerting maximum pressure on the military council to safeguard the lives of Paing Phyo Min (De Yay), Zaw Lin Htut (also known as Pho Thar), Aung Min Khine (also known as Mae Kyi), Mya Minzu, and all other political prisoners currently detained.

The Anti-Junta Alliance Yangon (AJAY) reaffirms its steadfast commitment to intensifying the struggle for the complete dismantling of military rule and the establishment of a federal democratic system. We will continue our unwavering fight for freedom and human dignity alongside Paing Phyo Min (De Yay) and all our revolutionary comrades who have been imprisoned by SAC.

3 months, 2 weeks ago

ဟေ့
စစ်ကျွန်အုပ်ကြီးတွေ . . .
လ‌ဝကနဲ့ ဌာနဆိုင်ရာတွေ၊ လုပ်အားပေးတွေ . . .

သန်းခေါင်စာရင်းကောက်ဖို့ စိတ်ကို ပြင်ဆင်ထားပြီးပြီလား။ လက်တဆုပ်စာ စစ်အာဏာရှင်တွေအတွက်နဲ့ လူထုရဲ့ ဆန့်ကျင်ဘက်မှာ ပြောင်ပြောင်တင်းတင်း ရပ်ကြမှာ သေချာပြီလား။

‌ဧည့်စာရင်း . . .
စစ်မှုထမ်း . . .
သန်းခေါင်စာရင်း . . .
တဆင့်ချင်း တဆင့်ချင်း လူထုရဲ့ဆန့်ကျင်ဘက်ကို မင်းတို့ ရောက်လာတာ သတိထားမိလား။ တဖြည်းဖြည်း မင်းတို့ဟာ လူထုရဲ့ ရန်သူစစ်စစ်တွေ ဖြစ်လာပြီဆိုတာ သိကြရဲ့လား။ ‌လူထုရဲ့ ဒေါသသံနဲ့ ဒေါသအကြည့်တွေကို ခံစားမိကြလား။ မင်းတို့လက်တွေ သွေးစွန်းလာတာ သတိထားမိလား။ ပြန်လှည့်လို့မရ‌တော့မယ့် လမ်းကို မင်းတို့ တလှမ်းချင်း လှမ်းမိနေပြီ။

မင်းတို့ လျှောက်တဲ့ ခြေလှမ်းတိုင်း၊ မင်းတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ထောင်သောင်းမကတဲ့ ပြည်သူတွေ စောင့်ကြည့် နေကြတယ်။ မင်းတို့ကျူးလွန်နေတဲ့ ပြစ်မှုတိုင်းကို မှတ်တမ်းတင်ထားတယ်။ မကြာခင်အချိန်မှာ မင်းတို့ရဲ့ မကောင်းမှုတွေ ထုတ်ဖော်ခံရတော့မယ်။ အချိန်နဲ့အမျှ ပြည်သူလူထုက စောင့်ကြည့် သတင်းပို့ နေဦးမှာဖြစ်တယ်။

မိုးသက်လေပြင်းတွေ ပြီးဆုံးသွားတဲ့အချိန် ကောင်းကင်ပေါ်က သက်တံ့လိုမျိုး တရားမျှတမှု ရောက်ရှိလာတဲ့အချိန် ပြည်သူ့တရားစီရင်မှုကို မင်းတို့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။

အဲ့ဒီအချိန်တန်ရင် ဆင်ခြင်တွေ ရှိနိုင်မှာမဟုတ်ဘူး။

အခုကတည်းက
စဉ်းစားပါ . . . သုံးသပ်ပါ . . . ဆုံးဖြတ်ပါ . . .

လူထုနဲ့ အကြမ်းဖက်စစ်တပ် ဘက်တဘက်ကို ရွေးချယ်ပါ။

အုပ်ကြီးကမ်ပိန်း သတင်းပေးရန် -
t.me/OakGyiCampaignBot (Telegram)

[ အုပ်ကြီးကမ်ပိန်း ရက်ပေါင်း ၄၀ ကျော်အတွင်း ပြည်သူလူထု သတင်းပေးပို့ တိုင်ကြားမှု အများဆုံး အုပ်ကြီးအချို့ စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည် ]

#အုပ်ကြီးကမ်ပိန်း
#OakGyiCampaign

6 months ago

*️⃣*️⃣BC ဆိုင်(သပိတ်မှောက်ထားတဲ့ဆိုင်)ဆိုရင် မစားဘူး ဒီလောက်တော့ လိုက်နာရမည်ဟု ဒေါ် အောင်ဆန်းစုကြည်က ရုံးချိန်းတခုတွင်ပြောကြားခဲ့*️⃣*️⃣

စစ်ကောင်စီ ထုတ်ကုန်များအား သပိတ်မှောက်သူများထဲတွင် အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။

၂၀၂၂ ခုနှစ်အတွင်း တရားရုံးချိန်းတခုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က သူမအတွက် ပြင်သစ်ပေါင်မုန့် Croissant တဗူး ဝယ်သွားခဲ့သည်။

အဆိုပါ ပေါင်မုန့်အား နေပြည်တော်တွင် ဖွင့်လှစ်ထားသော Bread Talk မုန့်ဆိုင်မှ ဝယ်လာခြင်းဖြစ်ကြောင်း သူရှေ့နေ အဖွဲ့က ပြောသောအခါ
ဒေါ်အောင်ဆန်းစုကြည်က Bread Talk ဆိုင်က BC (Boycott) ဆိုင်လားဟု ပြန်မေးခဲ့ကြောင်း သိရသည်။

BC ဆိုင်ဆိုရင် သူမစားဘဲ ဒီလောက်တော့ လိုက်နာရမည် ဟု
ဒေါ် အောင်ဆန်းစုကြည်က ပြန်ပြောခဲ့သည် ဆို၏။ ရှေ့နေ့အဖွဲ့က Bread Talk ဆိုင်သည် BC စာရင်းတွင်
မပါဝင်ကြောင်းပြောသဖြင့်
ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ပေါင်မုန့်ဗူးအား ယူသွားခဲ့ကြောင်း
သိရသည်။

တော်လှန်ရေးအင်အားစုများက  စစ်တပ်ထုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ဆော်ဩထားပြီး
၎င်းတို့ထဲတွင်-
၁။ မြန်မာဘီယာ
၂။ ဒဂုံဘီယာ
၃။ အာမီရမ်
၄။ မန္တလေးရမ်
၅။ ဘလက်ရှီးဘီယာ
၆။ အောက်ဘာလေထီ
၇။ ရွှေမန်းသူ၊ ရှမ်းမလေး၊ရွှေမြိုင်သူ၊ ပုသိမ်သူ၊ သန်မြန်သူ ယာဉ်လိုင်းများ
၈။ ရွှေဖီဦးတံဆိပ် လက်ဖက်ရည် နှင့် လီမွန်တီး
၉။ နန်းမြိုင်ကော်ဖီ တို့ပါ၀င်သည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago