☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯

Description
မင်းကြိုးစားပေမယ့်
မအောင်မြင်ခဲ့ဘူးပေါ့
ဂုဏ်ယူပါတယ်!

လူအများစုက
ကြိုးစားတောင်မကြည့်ကြပါဘူး

https://www.facebook.com/profile.php?id=61552060349363&mibextid=ZbWKwL
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

1 month, 2 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 2 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 2 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 3 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 3 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 3 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 4 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 4 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
1 month, 4 weeks ago
☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯
5 months ago

"ဝမ်ယီ မြန်မာပြည် လာမည်"

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မြန်မာနှင့် ထိုင်းသို့ ဩဂုတ် ၁၄ မှ ၁၈ ရက်အတွင်း သွားရောက်မည်ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လင်ဂျင်းမှ ထုတ်ဖော်ပြောဆို လိုက်သည်။

နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်နှင့် ပြည်သူအချင်းချင်း ပိုမိုနီးကပ်မှု ရှိလာရေး မြေတောင်မြှောက်ပေးသွားရန် ရည်ရွယ်သည်ဟု ဆိုသည်။

တရုတ်သည် ၎င်းတို့နိုင်ငံတွင်း လူထုကို ဝါဒဖြန့်နေခြင်းမျိုးသာ ဖြစ်ပြီး မြန်မာပြည်သူများအတွက်မူ ပျက်လုံးကြီးသဖွယ် ဖြစ်နေသည်။

နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုနီးကပ်စွာ ဆက်ဆံသွားရေး ဆိုသည်က တရုတ်ဘာသာနှင့် ယဉ်ကျေးမှုဌာနများ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် ဆိုလိုခြင်းဖြစ်မည်ဟု ယူဆရသည်။

မင်းအောင်လှိုင်သည် တရုတ်ကို မျက်နှာလိုမျက်နှာရ လုပ်သည့်အနေဖြင့် တရုတ်နှစ်သစ်ကူးရက်အား တရားဝင် ရုံးပိတ်ရက်ဟု သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။

သို့သော် မကြာမီက လားရှိုးအား လက်လွှတ်ခဲ့ရခြင်းအပေါ် မင်းအောင်လှိုင်မှ တရုတ်အား အပြစ်ပုံချခဲ့ပြီး နိုင်ငံတွင်း တရုတ်ဆန့်ကျင်ရေး သဘောထားများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်လာခဲ့သည်။

ဝမ်ယီသည် မင်းအောင်လှိုင်နှင့် တွေဆုံဖို့ ရှိနေသည်။ ထို့နောက် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် လန်ကန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်မည်ဟု သိရသည်။

တရုတ်သည် ၁၉၇၅-၇၉ အတွင်း ကမ္ဘောဒီယားအား ကမ်ပူချားဟု အမည်ပြောင်းကာ လူပေါင်း ၁.၅ သန်း မှ ၂ သန်းအထိ အသက်ဆုံးရှုံးအောင် ရက်စက်စွာ အုပ်ချုပ်ခဲ့သည့် ခမာနီ အစိုးရကိုပင် ထောက်ခံအားပေးနေသည့် နိုင်ငံမျိုးဖြစ်၍ မြန်မာပြည်ရှိ စစ်အာဏာရှင်များနှင့် ပလူးပလဲ လုပ်နေခြင်းမှာလည်း ဆန်းလှသည်တော့ မဟုတ်ပေ။

ယခုအခါ ၎င်းတို့နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုကာ ပံ့ပိုးပေးခဲ့သည့် ခယူဆမ်ပမ်း၊ ပိုပေါ့ အပါအဝင် ခမာနီ ခေါင်းဆောင်များသည် စစ်ရာဇဝတ်မှုများနှင့် ကုလသမဂ္ဂ၏ နိုင်ငံတကာခုံရုံးဖြင့် အပြစ်ဒဏ်အသီးသီး ကျခံခဲ့ကြရပြီး ဖြစ်သည်။

ဝမ်ယီအတွက် မျက်နှာပျက်စရာဖြစ်ဖို့ အကြောင်းးဖန်ခဲ့ရသည်က အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာ စစ်အာဏာသိမ်းအဖွဲ့သည် ဥပဒေမဲ့ ကွပ်မျက်ခြင်းများ အပါအဝင် နိုင်ငံသားများအပေါ် မယုံကြည်နိုင်လောက်အောင် ရက်စက်စွာ အကြမ်းဖက်မှုများ တိုး၍ ကျုးလွန်လျက် ရှိနေသည်ဟု ပါရှိလာခြင်းပင် ဖြစ်သည်။

အဆိုပါ အစီရင်ခံစာအား ကုလမှ ခန့်အပ်ထားသည့် တသီးပုဂ္ဂလိက စုံစမ်းရေးကော်မရှင်မှ ၂၀၂၃ ဇူလိုင် ၁ ရက်မှ ၂၀၂၄ ဇွန် ၃၀ ရက်အတွင်း ကောက်ယူရရှိခဲ့သော သက်သေ အထောက်အထားဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဝမ်ယီသည် သွေးဆာနေသော အာဏာရှင်တစ်ဦးနှင့် လက်ဆွဲ နှုတ်ဆက်နေပုံကို ကမ္ဘာတဝှမ်းက မြင်တွေ့ခွင့်ရတော့မည် ဖြစ်ပေတော့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

*✍️ Hla Soewai*

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago