ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
ကချင်ပြည်နယ်၊ ဗန်းမော်၊ မံစီဒေသအား သွေးတိုးစမ်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့မိရာမှ အထိအခိုက်၊ အကျဆုံးများနေတဲ့ KIA/PDF အကြမ်းဖက်များဟာ လူအင်အားလိုအပ်ချက်များကြောင့် ဗန်းမော်၊ မံစီဒေသက ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်နေကြောင်း သိရပါတယ်။
ဗန်းမော်၊ မံစီဒေသကို KIA/PDF အကြမ်းဖက်များက တိုက်ပွဲများဖော်ဆောင်လာပြီး၊ မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများအား လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေလို့ ဒေသခံပြည်သူများမှာ ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေး/တိမ်းရှောင်ကြရာမှ လမ်းတွင် KIA/PDF အကြမ်းဖက်များက အမျိုးသားများအား အတင်းအဓမ္မဖမ်းဆီး၍ ခေါ်ဆောင်သွားကြောင်း ဗန်းမော်ဒေသခံပြည်သူ ၁ ဦးက ပြောပြလာပါတယ်။
💚✍️ မြစ်ဆုံသတင်းဌာန ✍️💚
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ နံနက်ပိုင်းက KIA/PDF အကြမ်းဖက်များမှ ရှော့တိုက်ဒုံးဖြင့် အဝေးကနေရမ်းသမ်းပစ်ခတ်လိုက်သောကြောင့် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်(၄)အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦ ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
" KIA/PDF အကြမ်းဖက်တွေက ပိုယုတ်မာလာပြီ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ထဲကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်၊ မြို့သစ်ကြီးရပ်ကွက်(၄)ထဲကိုကျတာ ကံကောင်းလို့ လူမထိတာ၊ အဆောက်အဦ ၁ လုံးပဲ ထိခိုက်ပျက်စီးသွားတယ်၊ ကျနော်တို့ ဒေသခံပြည်သူတွေက အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်နေချင်ကြတာ၊ သူတို့ KIA/PDF အကြမ်းဖက်တွေကပဲ ပြည်သူတွေကို အေးဆေးမနေရအောင်၊ ဒုက္ခရောက်အောင် လိုက်လုပ်နေကြတာ" ဟု မြစ်ကြီးနားမြို့ဒေသခံပြည်သူ ၁ ဦးက ပြောပြလာပါတယ်။
💚✍️ မြစ်ဆုံသတင်းဌာန ✍️💚
ကချင်ပြည်နယ်၊ ဗန်းမော်၊ မံစီဘက်တွင် နယ်မြေခံတပ်စခန်းများကို ချဥ်းကပ်တိုက်ခိုက်လာတဲ့ KIA/PDF အကြမ်းဖက်များအား တပ်မတော်မှ ပြင်းပြင်းထန်ထန် လိုက်လံတိုက်ခိုက်ချေမှုန်းနေလို့ ယမန်နေ့ နံနက်ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရပါတယ်။
တိုက်ပွဲတွင်း အထိအခိုက်၊ အကျဆုံးများနေတဲ့ KIA/PDF အကြမ်းဖက်များဟာ မြိုပေါ် လူနေရပ်ကွက်များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဗန်းမော်မြို့၊ ရွှေကျီးနားရပ်ကွက်နဲ့ နန့်ဖားရပ်ကွက်များအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲကာ အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး ဗုံးစထိမှန်သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့သလို၊ နေအိမ်၊ အဆောက်အဦ ၃ လုံးနှင့် စာသင်ကျောင်းက ကျောင်းဆောင်အဆောက်အဦ ၁ လုံးတို့ ပျက်စီးခဲ့ပါတယ်၊ ကျန်တဲ့ ဒေသခံပြည်သူများမှာလည်း KIA/PDF အကြမ်းဖက်များရဲ့ တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဘေးလွတ်ရာကို ထွက်ပြေး၊ တိမ်းရှောင်နေကြရကြောင်း ထွက်ပြေး၊တိမ်းရှောင်လာသူ ဗန်းမော်ဒေသခံပြည်သူ ၁ ဦးကပြောပြလာပါတယ်။
💚✍️ မြစ်ဆုံသတင်းဌာန ✍️💚
ကချင်တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကံပိုင်တည်ဒေသတွေကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ KIA/KIO အကြမ်းဖက်အဖွဲ့ကို လက်မခံတဲ့ ဒေသခံပြည်သူတွေတအားများနေလို့ "ကချင်အထူးဒေသ(၁)" ဟူသော သတ်မှတ်ချက်အား ဖျက်သိမ်းကြောင်း ထုတ်ပြန်ချက်ကို KIA/KIO အကြမ်းဖက်အဖွဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် အဓမ္မထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ပန်ဝါဒေသခံပြည်သူ ၁ ဦးက ပြောပြလာပါတယ်။
" ကျနော်တို့ အထူးဒေသဟာ ယခင်ထဲက ဖွံ့ဖြိုးတိုးတက်ပြီးသား KIA/PDF အကြမ်းဖက်အဖွဲ့တွေ ကျူးကျော်တိုက်ခိုက်လာလို့သာ ပျက်စီးခဲ့ရတာပါ ထုတ်ပြန်ချက်က တမင်ဝါဒဖြန့်စည်းရုံးခြင်းသာဖြစ်ပါတယ်။ ဒီဒေသကို KIA/KIO အကြမ်းဖက်အဖွဲ့သာ အုပ်ချုပ်နေမယ်ဆိုရင် ဘယ်တော့မှငြိမ်ချမ်းမှာမဟုတ်ဘူး၊ ဘယ်တော့မှလည်း တိုးတက်မှာမဟုတ်သလို ဘယ်တော့မှလည်း လုံခြုံမှုရှိမှာမဟုတ်ဘူး၊ ဒါ့အပြင် ကျောင်းနေအရွယ် ကလေးငယ်တွေရဲ့ ပညာရေးဟာ ကောင်းလာနိုင်မှာမဟုတ်သလို လူငယ်တွေရဲ့ အနာဂတ်ဟာလည်း လမ်းပျောက်သွားနိုင်ပါတယ်။ ကျနော်တို့ဒေသမှာ KIA/KIO အကြမ်းဖက်အဖွဲ့သာ ဆက်ရှိနေမယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ ဘဝဟာ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ဒုက္ခတွေသာများလာမှာပါ" ဟု ကံပိုင်တည်ဒေသခံ လာချိတ်လူမျိုး ကချင်တိုင်းရင်းသား ၁ ဦးမှ ရင်ဖွင့်ပြောကြားလာပါတယ်။
💚✍️ မြစ်ဆုံသတင်းဌာန ✍️💚
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ကုန်ပစ္စည်းများတင်ပို့ရာ အဓိကအသုံးပြုတဲ့ မန္တလေး-မြစ်ကြီးနား သွားလမ်းကြောင်းတွင် လမ်းကြေးအခွန်အခ ပေးဆောင်ရတာတွေ တအားများနေသောကြောင့် မြစ်ကြီးနားမြို့နယ်ဒေသများတွင် ကုန်စျေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ကားဆရာ ၁ ဦးမှ ပြောပြလာပါတယ်။
" မြစ်ကြီးနား-မန္တလေး လမ်းပိုင်းက အင်းတော်မြို့နယ်မှာ KIA/PDF အကြမ်းဖက်များရဲ့ တိုက်ပွဲဖော်ဆောင်ခဲ့မှုများကြောင့် ရှောင်ကွင်းလမ်းမှ ကားများသွားလာနေကြပြီး ၎င်းရှောင်ကွင်းလမ်းတွင် KIA/PDF အကြမ်းဖက်များက အခွန်အခအဖြစ် ဆက်ကြေးများ အဆမတန်ကောက်ခံနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမှအထွက် စစ်ကိုင်းတိုင်းထဲကစပြီး ကချင်ပြည်နယ်အစပ်ထိ PDF အကြမ်းဖက်အဖွဲ့ဂိတ်တွေနဲ့ KIA အကြမ်းဖက်အဖွဲ့ဂိတ်တွေမှာ သူတို့တောင်းသလောက်ပေးနေရ၍ လမ်းကြေးအခွန်အခတွေ တအားများပြီး သယ်ယူမှုကုန်ကျစရိတ်တွေ များပြားနေသောကြောင့် မြစ်ကြီးနားမြို့နယ်ဒေသများတွင် ကုန်စျေးနှုန်းများမြင့်တက်နေတာ ဖြစ်ပါတယ်" ဟု မြစ်ကြီးနား-မန္တလေးသွား ကားဆရာ ၁ဦးက ပြောပြလာပါတယ်။
💚✍️ မြစ်ဆုံသတင်းဌာန ✍️💚
၁-၁၁-၂၀၂၄ ရက်မှ ၁၅-၁၁-၂၀၂၄ ရက်ထိရက်သတ္တ ၂ ပတ်တာကာလအတွင်းရန်သူထံမှ အကျိုးအမြတ် ရရှိမှုစာရင်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
- တိုင်းစစ်ဌာနချုပ်အလိုက် တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများဇယားပေါင်းချုပ်ကို ၂၀၂၄ နိုဝင်ဘာမှာစတင်ပြီး ၂ ပတ် တစ်ကြိမ်တင်ပေးပါမယ်။
- လူမှုကွန်ရက်ပေါ်မှာ တပ်မတော်ရဲ့ထိခိုက်ကျဆုံးတွေကို သတင်းအတုများ၊ ပုံကြီးချဲ့သတင်းများကို ဆန့်ကျင်ဘက်မီဒီယာများက လှုံ့ဆော်နေပြီး ရန်သူရဲ့ အလောင်းကောက်စစ်နည်းဗျူဟာအရ ရန်သူထိခိုက်ကျဆုံးမှုအခြေအနေကို မသိသူများအတွက် မြေပြင်မှာရန်သူထိခိုက်ကျဆုံး (အလောင်းရရှိ) စာရင်းများကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။
- ဓာတ်ပုံ၊ မှတ်တမ်းအထောက်အထားများနဲ့ ခိုင်မာသည့်ရန်သူ့ကြားဖြတ်သတင်းများအရ ရရှိသည့်ကိန်းဂဏန်းများဖြစ်ပြီး ယခုထက်ပိုမိုများပြားနေကြောင်း သိရှိရပါတယ်။
တကယ်တော့ တပ်မတော်ရဲ့သစ္စာတွေစူးခဲ့တာ...
တပ်မတော်ကသင်ကြားပေးလိုက်တဲ့ပညာတွေ၊ စစ်ပညာတွေသင်ယူပြီး တပ်မတော်ကိုခြေစုံကန်၊ ကျေးဇူးကန်းပြီး ... ဒီစစ်ပညာတွေနဲ့ပဲ သူပုန်ကိုပြန်သင်ပေးတော့ သစ္စာစူးပြီး သေသွားတာ။
တပ်မတော်ကိုသစ္စာဖောက်ပြီး သူပုန်နဲ့ပူးပေါင်းတော့ စစ်တပ်သူလျှိုပါဆိုပြီး လည်လှီးအသတ်ခံရတာ။ သူပုန်ဆိုတာ သူပုန်စိတ်ပဲရှိတာ။ သစ္စာဖောက်တို့သွားရာလမ်းပဲ။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago