Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Snow Queen🇲🇲🇲🇲🇲🇲

Description
သတင်းစုံတွေဖတ်ရှုနိုင်ဖို့ #SQ🇲🇲ကို Joinထားကြပါစို့။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago

1 month ago

Mar 24

မင်္ဂလာညချမ်းလေးပါ🙏

မျက်စိကနာနေတော့ အောင့်နေလို့ နားပါပြီ။

အေးချမ်းစွာအိပ်စက်နားနေနိုင်ကြပါစေ။

#SQ🇲🇲

1 month ago

Mar 24

ရွှေဘိုမြို့တွင် PDF အကြမ်းဖက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်

၂၀၂၄ ၊ မတ် ၂၄

ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့ နံနက် ၁၀နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး(ခ)ကိုနန်း (၄၂) နှစ်(ဘ)ဦးတွတ် အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့သည် အမှတ်(၈)ရပ်ကွက်၊ ပြည်တော်သာရပ်၊ ပြည်တော်သာ (၅)လမ်းရှိ “ရွှေလာဘ်ပွား” လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဉ် PDF အမည်ခံ အကြမ်း ဖက်သောင်းကျန်းသူ ၂ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ဦးနန်းနွယ်ဦး(ခ)ကိုနန်းအား သေနတ်ဖြင့် ပစ်ခတ်ကာ လက်ဝဲသုန္ဒရလမ်းမှ တစ်ဆင့် ရွှေဘို-ရေဦးသွားကားလမ်းအတိုင်း ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်များဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးနန်းနွယ်ဦး(ခ)ကိုနန်းတွင် နားထင်၊ ရင်ဘတ်၊ ဝမ်းဗိုက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
#Vital

1 month ago

Mar 24

နတ်မောက်မြို့နယ်တွင် PDF အကြမ်းဖက်များမှ အပစ်မဲ့ပြည်သူ၁ ဦးအား အကြောင်းမဲ့သတ်ဖြတ်လုယက်

၂၀၂၄ ၊ မတ် ၂၄

ပြီးခဲ့သည့် မတ်လ ၂၁ ရက် ညနေ ၅နာရီ ၁၅ မိနစ်ခန့်တွင် -

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စိုင်ကော်ကျေးရွာတွင် နေထိုင်သော ဦးမြတ်ဇော်(၅၈)နှစ်သည် ဝင်အူကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် လမ်းခရီး၌ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဦးမြတ်ဇော် ပိုင်ဆိုင်သည့် ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း လုယူသွားကြောင်း သိရသည်။ ဦးမြတ်ဇော်သည် သေနတ်ကျည် ထိမှန်ဒဏ်ရာများရရှိပြီး နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
#Vital

1 month, 1 week ago

ခေါတ်ကာလ မကောင်း
ပါဘူး
၁ ဝဝစား
၂ ဝေးဝေးနေ
၃ ဝင်မစွက်နဲ့
၄ ဝီစီသံကြားရင်
၅ ဝပ်

ဒါဘဲ းးးးး ဝ ၅ လုံးကိုဆောင်ကြပေတော့ဗျို့

အမိမြန်မာနိုင်ငံတော်ကြီး အမြန် ငြိမ်းချမ်းသာယာပါစေလို့ ဆုမွန်ကောင်းများပို့
သအပ်ပါတယ်ခင်ဗျာ
ဆရာသမားများနှင့် သူငယ်ချင်းအားလုံးကိုလေး
စားရိုသေစွာဖြင့် ခြေလျင်စစ်
သည် ဗိုလ်စော
၂၀၂၄ မတ် ၁၇ ၂၂၃၀

1 month, 1 week ago

ရသေ့တောင် ခွါစစ်ဆင်
လိုက်ရပြီဆိုတော့ စစ်တွေအတွက် စိတ်မချရတော့ပါဘူး
AA နဲ့မျောက် ၃ ကောင်ဟာ ဘူး
သီးတောင် မောင်တောခွင်နဲ့
နပခ အမ်းနဲ့ တောင်ကုတ်ကိုမ
ကြာခင် တိုက်စစ်စတော့မဲ့သဘောပါဘဲဗျာ

ခွါစစ်ဆင်တယ် ဆိုတဲ့နေရာမှာ အထက်အမိန့်အရခွါ
စစ်ဆင်ရရင်တော့ ခွါစစ်ဥပဒေသတွေအတိုင်း ခွါစစ်
ဆင်နိုင်ရင်တော့ အရှုံးထဲကအ
မြတ်ပေါ့ ကန်းနီ တတက ၉
ကျောင်းအုပ်ကြီးနဲ့အဖွဲ့ ခွါစစ်
ဆင်တယ်ဆိုတာက အထက်အမိန့်အရပါ

နည်းပြအရာရှိချုပ် ဗိုလ်
မှုးကြီး ဟာ ပင်မတပ် ခွါစစ်ဆင်နိုင်ဖို့အတွက် နောက်ချန်အဖွဲ့နဲ့ လိုက်စစ်ဆင်နေတဲ့ရန်သူကို ချီစစ်အဟုန်ရပ်တန့်
သွားအောင် မိုင်းများထောင်ပြီး ဟန့်စစ်ဆင်ရင်း ကိုယ်တိုင်
သူရဲကောင်းပီသစွာ အသက်ကို
စွန့်လွှတ်သွားခဲ့ရပါတယ် အင်
မတန် စစ်သားပီသသော သတ္တိ ဗျတ်တိ ရှိသော သူရဲ
ကောင်းပီသသော တပ်မတော်
အရာရှိကြီး တစ်ဦးအဖြစ် စံပြု
ထိုက်လှပါတယ်

ဆွမ်ပရာဘွမ် စခန်းကို
KIA နဲ့ပဒက် အင်အား ၃၀၀
ကျော်ဟာ အပြင်းအထန်စခန်းကို ထိုးစစ်ဆင်တာကို သူ
ရဲကောင်းပီသစွာနဲ့ စစ်ကူအလာကို စောင့်ရင်း ရန်သူထံ လက်နက်မချဘဲ အသက်ကိုစွန့်
၍ တိုက်ပွဲဝင်ခဲ့သူ ဗက ဟာ
လည်း စစ်သားပီသသူ သူရဲ
ကောင်းဘဲ ဖြစ်ပါတယ်

စစ်တိုက်နေတာ ဘယ်
သူမဆို ကိုယ့်ဘက်က အနိုင်လိုချင်ကြတာ သဘာဝပါဘဲ
ရိုင်းရိုင်း နိှုင်းရရင် ခွေးချင်း
ကိုက်ရင်တောင် ကိုယ့်ခွေးက
အနိုင်ရချင်တာ လူ့သဘာဝပါ

ဒါပေမဲ့ဗျာ အခြေအနေရယ် အချိန်အခါရယ် အကြောင်းတရားအမျိုးမျိုးရယ်ကြောင့် တပ်မ
တော်က စခန်းတွေ နယ်မြေတွေ ပဲ့ပါကုန်ပြီး ကျရှုံးကုန်တာကတော့ ဘယ်တတ်နိုင်မှာ
တဲ့လဲ သတ္တိ ရှိခြင်း မရှိခြင်းတွေနဲ့လည်း မဆိုင်ပါဘူး
ရန်သူတွေလည်း သေဆုံးနေကြတာ မြင်မကောင်းပါဘူး
တယ်လီဂရမ် မှာ ရန်သူရဲ့ DBတွေဟာ မြင်လို့တောင်
မကောင်းဘူး

NCA လက်မှတ်ထိုးထား
တဲ့ EAOs ၇ ဖွဲ့ကို ချင်းမိုင်မှာ
ဗိုလ်မှုးကြီးရွက်ဆစ်နဲ့ ဗိုလ်မှုးကြီး စောမူတူးဆေးဖိုးတို့ ဦး
ဆောင်ပြီး ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ
များ ပြုလုပ်ပြီး အုပ်ချုပ်ကြ
တော့မဲ့ Plan ကို ဆွေးနွေးခဲ့ကြ
လေရဲ့ ဘာတွေ ဆက်ဖြစ်လာမလဲတော့ မသိဘူးပေါ့
ဗျာ

နောက်ဆုံးတော့လည်း
ဖက်ဒရယ်စနစ်ကို ဦးတည်သွားမဲ့ သဘောပါဘဲ ကြားကာ
လမှာတော့ အဖြူ အမဲ မသဲကွဲသေးချိန် ပြည်သူတွေကတော့ စစ်ပွဲတွေကြောင့် အိုး
အိမ်တွေ စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးနေကြရတဲ့အပြင် အသက် ခန္ဓာတွေ ဘဝတွေပါ
ပေးဆပ်နေကြရတော့တာပါဘဲ
နေတတ်အောင်နေကြဗျာ တပ်
ချုပ်ကြီးက ဒါတွေကြိုမြင်လို့
National Cigeage Fire Angagement NCA ကိုလက်ကိုင်ထားပြီး စားပွဲဝိုင်း
ပေါ်မှာ လာရောက်ဆွေးနွေးဖို့
ဖိတ်ခေါ်ခဲ့တာပေါ့

ပြည်ပ ြသဇာခံပြီး တိုင်း
ရင်းသားလက်နက်ကိုင်အချို့ဟာ တော်လှန်ပုန်ကန်ခြားနား
ဖို့ဘဲ စိတ်ဇွဲသန်ရာကနေ CIA
နဲ့ MSS တို့ရဲ့ ကြိုးကိုင်ချယ်လှယ်မှုတွေနဲ့ အလုံးစုံပျက်သုဥ္းရေး လမ်းစဥ္ကို ဆုပ်ကိုင်ပြီး
ယခုလို နယ်မြေဒေသ အသီး
သီးမှာ စစ်မီးတွေမွှေးပြီး ဘဝ
တွေပျက် အသက်တွေ ထွက်ကုန်ရတာပါဘဲ

နေတတ်အောင် နေကြ
ဖို့ လိုပါတယ် အခြေအနေနဲ့
အချိန်အခါကို သတိထားပြီး
ကြည့်နေ ကြည့်စားဖို့လိုပါတယ် ဂေါတမ မြတ်စွာဘုရား
ရဲ့ အဟောထဲက မနေအပ်သော အရပ် ၅ ပါးကို မှတ်မိကြ
ရဲ့လား

၁ အစာရေစာ ငတ်မွတ်ခေါင်းပါးသောအရပ်
၂ ရောဂါဘယ ကျရောက်နေသောအရပ်
၃ ခိုးသား ဓါးပြ ပေါများသောအရပ်
၄ လူလိမ် လူကောက်ပေါများသောအရပ်
၅ စစ်မက် ဖြစ်ပွါးနေသောအရပ်

ပါဠိလိုတော့ ကိုယ့်ဟာကိုယ် ရှာဖွေပေါ့ဗျာ စာရေးသူ
ဖထီးက ကရင် ခရစ်ယာန်ဘာ
သာဝင်ပါ

စစ်မီးတွေကို ပိုတောက်
လောင်လာအောင် Oxygen
အောက်စီဂျင် လုပ်နေကြတာ
ခင်ဗျားတို့ ကျနော်တို့အားလုံး
ပါဘဲ အောက်စီဂျင်ဟာ ကိုယ်တိုင်တော့ မီးမလောင်ဘူး
ဒါပေမဲ့ မီးလောင်မှုကိုတော့အားပေးတယ်လေ

အညာသား မိဘပြည်သူ
များ အနေနဲ့ စစ်မီးပိုတောက်
လောင်အောင် အားပေးနေတာ
တွေ မရပ်ဘူး ဆိုရင် ကျနော်
မြင်တာ ကြိုပြောရရင် သင်္ကြန်
ကို ရေနဲ့မကျရဘဲ ကျည်ဆံတွေ ဗုံးသီးတွေနဲ့ မီးတွေနဲ့ ကျ
ရပါလိမ့်မယ် အေပြီလဟာ
တပ်မတော်ရဲ့ အထူးစစ်ကြောင်းများဟာ အရှိန်အဟုန် ပြင်းစွာနဲ့ လက်စ
တုန်း ချေမှုန်းတော့မည် ဖြစ်လေရာ မီးလောင်မှုကိုအား
ပေးရင် ကိုယ်တိုင် လောင်မီးအကျခံရမဲ့ဘဝကို ရောက်ရှိကြ
တော့မှာ အမှန်ပါဘဲ

ရင်မောစရာလည်း
ကောင်းသလို ရင်လေးစရာလည်း ကောင်းလွန်းနေပြန်ပါ
တယ် ဘယ်တတ်နိုင်မလဲဗျာ ယုံကြည်ရာတစ်ခုထဲအ
တွက် ကွန်မြူနစ်စိတ်ဓါတ်
Communic Mind Set ဝင်နေ
ကြရင်တော့ စစ်တပ်ထဲကစစ်သားစကားနဲ့ ပြောရရင်
( ဝက်သားမစားဘူး /အမဲသား
မစားဘူး ) လာမလုပ်နဲ့ လက်သီးနဲ့ ငါးပိ ကြိုက်တာကို ရွေးကြပေတော့

1 month, 1 week ago

ရသေ့တောင်အတွက် စိတ်ပူနေတဲ့မိသားစုဝင်များ
ရသေ့တောင်အဖွဲ့တွေ မနက်တည်းက
ဘေးကင်းရာနေရာကို ရောက်ပြီလို့သိရပါတယ်
#MinChitOo

1 month, 2 weeks ago

Mar 11

❝ဟိုတယ်မှာတည်းနေတဲ့ အကြမ်းဖက်သမားကို ဖမ်းမိရာမှ နောက်ထပ်အကြမ်းဖက်တစ်ဦးကိုပါ လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝙖𝙧𝙘𝙝 ~ 𝟏𝟏〕

စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ ဟိုတယ်တစ်ခုကနေ အကြမ်းဖက်သမားတစ်ဦးကို ဖမ်းမိခဲ့ရာမှ နောက်ထပ်အကြမ်းဖက်သမားတစ်ဦးကိုပါ လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ယနေ့ မတ်လ ၁၁ ရက်၊ နေ့လည် ၃ နာရီခွဲအချိန်ခန့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ---ဟိုတယ်မှာ မသင်္ကာဖွယ်ရာ ဧည့်စိမ်း(၁)ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာကနေ -- ဟိုတယ်၊ အခန်း အမှတ်(၂၀၆)မှာ တည်းခိုနေထိုင်တဲ့ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာမှာနေထိုင်သူ ဇော်ဇော်အောင် (၄၀) နှစ် ဆိုသူကို တွေ့ရှိစစ်ဆေးခဲ့တာပါ။

ထိုသို့ စစ်ဆေးတဲ့အခါ ၎င်းကိုင်ဆောင်တဲ့ ဖုန်းထဲကနေ လက်လုပ်သေနတ်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓါတ်ပုံ(၃)ပုံနဲ့ တပ်မတော်စစ်ကြောင်းတွေရဲ့ သွားလာလှုပ်ရှားမှု သတင်းတွေကို ပေးပို့ထားတဲ့ Message မှတ်တမ်းတွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးတဲ့အခါမှာလည်း -

စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ ဟိန်းပြည့်ဇံဗိုလ် (၃၁) နှစ်ထံသို့ လွန်ခဲ့တဲ့ (၁)လခန့်က လက်လုပ် သေနတ် အတို အနက်ရောင် (၁) လက် (ကျည်အိမ်မပါ)နဲ့ ယနေ့မှာ လက်လုပ်သေနတ်အတို ငွေရောင် (၁) လက်၊ အနက်ရောင်(၁)လက်၊ ကျည်အိမ်(၂)ခု၊ USA LUGER အမျိုးအစား ၉မမ ကျည်ဆံ(၃)တောင့်နဲ့ THAI ARMY အမျိုးအစား ၉မမ ကျည်ဆံ (၁)တောင့်တို့ကို ပေးခဲ့ကြောင်းထွက်ဆိုခဲ့တာကြောင့် ဟိန်းပြည့်ဇံဗိုလ် ရဲ့နေအိမ်ကို သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

ထိုသို့သွားရောက်ဖမ်းဆီးရာမှာ ဟိန်းပြည့်ဇံဗိုလ် ဆိုသူကို ၎င်းရဲ့နေအိမ်မှာပဲ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ လက်လုပ်သေနတ်အတို (၃)လက်၊ ကျည်အိမ်(၂)ခု၊ ကျည် (၄)တောင့် တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တဲ့အတွက် အရေးယူဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

1 month, 2 weeks ago

Mar 11

အခုတင် မေတ္တာလင်းမြိုင်ရွာထဲကနေ ငပွေးကားတွေဖြတ်ထွက်လာတယ်ပြောပါတယ်။
အ၇ှိန်နဲ့ဖြတ်မောင်းပြီး အောက်လမ်းအတိုင်း လက်ခတ်တောင်ဖက်ကို

ပေတိုး
တီကောင်ကော်လံ

1 month, 2 weeks ago

Mar 11

မန္တလေးမြို့ရှိ အမျိုးသား ၁ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်

၂၀၂၄ ၊ မတ် ၁၁

ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၁၀နာရီခွဲအချိန်က မန္တလေးမြို့ မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြို့နယ် နမစ(၆) (ချမ်းအေးသာစံ) သို့ စရတ(လပခ)၌ထိန်းသိမ်းစစ်ဆေးခဲ့သည့် ကျော်စိန်ဝင်း(၂၄)နှစ် ဒေးဝန်းအနောက်ရပ်ကွက် ချမ်းအေးသာစံမြို့နယ်နေသူ၏အစစ်ခံချက်အား လွှဲပြောင်း ပေးသဖြင့် နမစ(၆)(ချမ်းအေးသာစံ)က လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လက်ခံစစ်ဆေးခဲ့ရာ ကျော်စိန်ဝင်းသည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အပေါ် အများပြည်သူအထင် အမြင်လွဲမှားစေရန် TikTok Video ဆော့ကစားခြင်းများပြုလုပ်ခဲ့ကြောင်းစစ်ဆေးသိရှိရ၍ ၎င်းအား နမစ(၆)(ချမ်းအေးသာစံ)(ပ)၂၂/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ပြီး တရားခံအား အကစ(မန္တလေး) ၌ချုပ်နှောင်ထားကြောင်း သိရသည်။
#Vital

1 month, 3 weeks ago
**မြေပြင်Updateများ

**မြေပြင်Updateများ
မတ်၇၊၂၀၂၄။

၁။ရှမ်းမြောက်စစ်ဆင်ရေးကို၁ပါတ်ကြိုတင်သတိပေးခဲ့ပီးပီ၊ရမခလည်းကြိုရပီးခံလိုက်ရတာဘဲ။
၂။ကိုးကန့်၊ဖောင်းဆိုင်ကိုဝင်သိမ်းမှာ၁လကြိုသတိပေးလည်းခံလိုက်ရတာဘဲ။
၃။AAစစ်ဆင်ရေးကိုလချီကြိုသတိပေးထားလည်းရခိုင်ပြည်နယ်ထက်ဝက်ကျော်ကျဆုံးနေပီ၊စစ်တွေနဲ့အမ်းလည်းမကြာတော့ပါဘူး။
၄။တောင်ကြီး-ကျိုင်းတုံလမ်း​တိုက်ပွဲဖြစ်မယ့်(၂)နေရာကြိုသတိပေးနေတဲ့ကြားကမိုင်းပွန်တစ်နေရာဖြစ်ခဲ့တယ်၊ကွန်ဟိန်းတစ်ဝိုက်ကျန်နေတုန်း။
၅။ဆီဆိုင်၊မဲနယ်တစ်ဝိုက်မှာWaအပါအကြမ်းဖက်PDF
အအ(၂)သောင်းကျော်အခြေချနေတဲ့သတင်းကြိုတင်ထားပေးခဲ့ပီးပီ။
၆။ကိုက်ထိပ်၊မန်စီ၊မန်ဝိန်းကြီး၊မဂျီဂွန်ပါတ်လည်ကြိုရှင်းသုတ်သင်ပါခနခနသတိပေးခဲ့ဖူးတယ်။နောက်ဆုံးမဂျီဂွန်ဝင်သိမ်းခံရတာကနမ့်မတူ-မန်ဝိန်းကြီး-နမ့်ခမ်း-တရုတ်အထိTNLAတို့လမ်းကြောင်းပေါက်ဖို့ဆိုတာကြိုသိလို့ဘဲ။
၇။မကွေး၊မင်းတုန်းနယ်မြေဘက်လည်ပထမဆုံးတင်ပေးခဲ့တယ်၊အခုAAကရခိုင်ပြည်နယ်အပြင်ဘက်နယ်မြေစိုးမိုးဖို့ထွက်ပေါက်ရဖို့ထိအခြေချပီးပီ။
၈။ရှမ်းမြောက်ပြန်ရဖို့ရခိုင်ပြည်နယ်ကုန်တဲ့အချိန်ဖြစ်မယ်၊မျောက်အဖွဲ့စစ်ကူရဖို့နေမှာပါ

အားလုံးအတွက်အသုံးမချ၊အသုံးမဝင်ရင်လည်းCopy၊Forwardမရအောင်ချန်နယ်ကိုOnlyMeဖို့စီစဥ္ရပါတော့မည်

ထရုမီဒီယာAdmin**

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago