CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago
“အေးကွာ ဘယ်တော့များမှ ဒါတွေကို လွတ်မယ်ဆိုတာ မသိတော့ပါဘူး။ အဖေ အသက် ၇၀ ကျော်တဲ့အထိ ကြုံတွေ့နေရတုန်းပါလား”
“သမီးဈေးသွားဦးမယ်အဖေ။ အိမ်မှာဆီကုန်နေပြီအဖေ။ ဆီက ဘယ်မှာမှကို ဝယ်လို့မရတော့တာ။ တစ်ခါဝယ်လည်း တစ်ဆယ်သားပဲရမှာကို သွားတန်းစီရဦးမယ်”
“သမီး ဆီလေး တစ်ဆယ်သားလောက်ဝယ်လို့ရနေသေးတယ်ဆိုတာကိုပဲ ကြံဖန်ပြီး အကောင်းဘက်က တွေးလိုက်ပါ၊ ငါတို့ ရေလုံပြုတ် မစားရသေးပါလားဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ရေလုံပြုတ်လည်း စားနိုင်အောင် တွေးထား။ အဖေတို့ ငယ်ငယ်တုန်းက ဆန်မရှိလို့၊ ဝယ်မရလို့ ချပါတီတွေ၊ ခေါက်ဆွဲတွေ စားခဲ့ကြရတာ မှတ်မိသေးတယ်။ ငါတို့ပြည်သူတွေရဲ့ အဖြစ်ကဆိုးသကိုးကွယ်။ ဦးမော့နေပါပြီပြောပြီး ဒုက္ခတွင်းထဲ ဆင်းနေကြရတာ”
“ဘိုးဘိုး”
“ဘာလဲကွယ့်မြေးလေး”
“ဘိုးဘိုး တိုက်တန်းနစ်ရုပ်ရှင်ကြည့်ဖူးတယ်မဟုတ်လား”
“ကြည့်ဖူးတယ်လေ ... ဘာဖြစ်လို့လဲ”
“နောက်ဆုံး သင်္ဘောကြီးမနစ်ခင်မှာ ဦးကြီးမော့နေတာပဲ။ ဦးမော့တော့ ဖင်နစ်တာပေါ့။ အဲဒီကနေ ဖြည်းဖြည်းချင်း စုံးစုံးမြုပ်သွားတာ မဟုတ်လား”
“အေး ဟုတ်သား ... ငါ့မြေးလေး မြင်တတ်တယ်ကွယ်”
တင်ညွန့်
၁.၇.၂၀၂၄
တိုက်တန်းနစ်
------------------
လမ်းလျှောက်ရာက ပြန်လာသော ဦးလှဖေကို သမီးဖြစ်သူက
“အဖေ ... သမီး မှတ်ပုံတင်တွေ့သေးလား” ဟု မေးလေသည်။
“မတွေ့မိဘူးကွယ့် ... ဘယ်မှာထားလို့လဲ”
“မနက် ဈေးသွားရင် ယူသွားမယ်ဆိုပြီးတော့ အဖေ့ စာရေးစားပွဲပေါ်တင်ထားတာ ... မတွေ့တော့လို့”
“အဖေမနက်က စားပွဲပေါ်က မျက်မှန်လာယူသေးတာပဲ။ မတွေ့မိပါဘူး။ နေပါဦး ... သမီးယောကျ်ားကို ဖုန်းဆက်မေးကြည့်ပါဦး။ အိမ်ကနေ စောစောထွက်သွားတာ သူပဲရှိတာပဲ”
သမီးဖြစ်သူက ဖုန်းဆက်ပြီး သူ့ယောကျ်ားကို မေးကြည့်သည်။
“အဖေ ... သူသိမ်းသွားတာတဲ့”
“နေစမ်းပါဦး ... ဘာတွေဖြစ်နေသလဲ။ သမီးက ဈေးသွားတာ ဘာဖြစ်လို့ မှတ်ပုံတင်ယူသွားရမှာလဲ။ အဖေ့ကို ပြောစမ်းပါဦး”
“အဖေရေ ... မပြောချင်တော့ဘူး။ ဈေးမှာ ဆီသွားပြီး တန်းစီရမယ်။ ဆီဝယ်တာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပြရမယ်တဲ့”
“သမီးရယ် ဒုက္ခကြီးလိုက်တာကွယ်။ ဈေးဘယ်လောက်ကွာလို့လဲ။ အပြင်ကပဲ ဝယ်လိုက်ပါတော့လား”
“အဖေရေ ... အပြင်ကလည်း ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ကုန်စုံဆိုင်တွေက သူတို့ဆိုင်မှာ အခြားပစ္စည်း တစ်သိန်းဖိုးဝယ်မှ ဆီ ငါးဆယ်သားရောင်းမှာတဲ့။ ဒါလည်း မှတ်ပုံတင်ပြရဦးမှာပဲ။ သမီး ခုသွားပြီး တန်းစီမယ့် နေရာက တစ်ပိသာကို ကုန်စုံဆိုင်ထက် ရှစ်ထောင်လောက် သက်သာလို့”
“သမီးရယ် ... ဒုက္ခများလှပါတယ်”
“အဖေရေ ... ဆီထုတ်လို့ပြီးရင် ဆန်ကိစ္စ ပူရဦးမယ်။ ဆန်ကလည်း ဝယ်ချင်တိုင်း ဝယ်လို့ မရတော့ပြန်ဘူး။ ဆန်လည်း အိမ်မှာကုန်ရင် တန်းစီရဦးမယ်။ မှတ်ပုံတင်၊ သန်းခေါင်စာရင်းပြမှ ဆန်ရမယ်တဲ့”
“ကောင်းရောကွယ် ... တန်းစီတိုးစားတဲ့ခေတ်က အဖေတို့ ဘယ်တော့များမှ လွတ်နိုင်တော့မလဲသမီးရယ်”
ထိုစဉ် ဘေးတွင်ထိုင်ကာ နားထောင်နေသော မြေးဖြစ်သူက
“ဘိုးဘိုးလည်း တန်းစီဖူးလို့လား”
“မြေးလေးရေ ... ဘိုးဘိုးလည်း မြေးတို့ အရွယ်လောက်ကတည်းက ပြည်သူ့ဆိုင်ဆိုပြီး ဖွင့်ထားတဲ့ ဆိုင်တွေမှာ တန်းစီဖူးတာပေါ့ကွယ်။ ဘိုးဘိုးတို့ ငယ်ငယ်တုန်းကလည်း ဆန်၊ ဆီ၊ ဆား၊ အထည်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဆပ်ပြာမှုန့် အကုန်တန်းစီပြီး ဝယ်ကြရတယ်။ ပြည်သူ့ဆိုင်တွေ ပိတ်လိုက်ပြန်တော့ သမဝါယမဆိုင်ဆိုတာတွေ ပေါ်လာပြန်တယ်။ အမည်သာပြောင်းသွားတာ အတူတူပဲ။ ကုန်ထုတ်တဲ့ စာအုပ်တွေ အိမ်တိုင်းကို လုပ်ခိုင်းထားပြီး စာအုပ်နဲ့လာ၊ သူ့အပိုင်လိုက်ဆိုင်တွေမှာ တန်းစီမှရတယ်။ မနက်ဆိုရင် ၄ နာရီလောက် ကတည်းက သွားပြီး တန်းစီကြရတာ။ ၉ နာရီဆိုင်ဖွင့်ရင် ၁၅ မိနစ်လောက်ပဲ ဆန်ရောင်းပြီး ကုန်ပြီဆိုပြီး လုပ်ကြတာ။ နောက်ဆုံးတော့ မှောင်ခိုသွားပြီး ဝယ်ကြရတယ်”
“မှောင်ခိုဆိုတာ ဘာလဲဘိုးဘိုး"
“မှောင်ခိုဆိုတာ ဘိုးဘိုးတို့ခေတ်ကျမှ ပေါ်လာတာ။ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ၁၉၆၂ နောက်ပိုင်း ပေါ်လာတဲ့ဝေါဟာရပေါ့။ တိုင်းပြည်မှာ အကုန်ရှားအောင် အစိုးရက ချုပ်ကိုင်လိုက်တယ်။ ဆန်ကိုလည်း ပြည်သူ့ဆိုင်နဲ့ သမဝါယမဆိုင်မှာပဲ ရောင်းခွင့်ရှိတယ်။ အပြင်မှာရောင်းရင် ဖမ်းတယ်။ တောင်သူလယ်သမားက သူတို့စိုက်တဲ့စပါးကို လွတ်လပ်စွာ ရောင်းခွင့်မရှိဘူး။ စပါးစိုက်ပြီး ထွက်လာတဲ့စပါးကို အစိုးရဆီ သွင်းရတယ်။ အစိုးရဈေးနဲ့ အပြင်ပေါက်ဈေးက ကွာတယ်လေ။ ဒီတော့ လယ်သမားတွေက တာဝန်ကျေ သတ်မှတ်ထားတဲ့ စပါးတွေ ရောင်းပြီးရင် တိတ်တိတ်လေးခိုးပြီးတော့ ဆန်ကြိတ်ထား။ တိုးတိုးတိတ်တိတ် ရောင်းဝယ်စားကြ ရတာကို မှောင်ခိုလို့ပြောတာ။ ဗြောင်ကိုမရောင်းရဲလို့၊ ရောင်းရင်လည်းဖမ်းလို့ အမှောင်ထဲမှာ တိုးတိုး တိတ်တိတ်ရောင်းကြတာကြောင့် မှောင်ခိုဆိုပြီး ခေါ်ကြတာထင်ပါတယ်။ အင်္ဂလိပ်စကား Black Market ကနေလာတာ”
“အစိုးရက ရောင်းတယ်ဆိုတော့ ဈေးမသက်သာဘူးလား ဘိုးဘိုး”
“သက်သာတယ်လေ။ ဒါပေမဲ့ စောစောက ဘိုးဘိုးပြောသလို တန်းစီထားတဲ့ အိမ်ထောင်စုက ၅၀ လောက်ရှိ တယ်။ ၁၀ ဦးလောက် အရောင်းပြပြီး ကုန်ပြီဆိုပြီး လုပ်လိုက်တော့ ကျန်တဲ့လူတွေ ဘယ်မှာရတော့လို့လဲ”
“ရပ်ကွက်ထဲမှာ အိမ်ထောင်စု ၅၀ ရှိရင် ၅၀ အတွက် ပေးတာမဟုတ်ဘူးလားဘိုးဘိုး”
“သူတို့ဥပဒေနဲ့သူတို့ လုပ်ချင်သလိုလုပ်၊ သတ်မှတ်ချင်သလို သတ်မှတ်ကြတာမြေးလေး။ အမှန်တော့ ခွဲတမ်း အရပေးတာပဲ။ အပြင်မှာ သုံးကျပ်ပေါက်တဲ့ ပစ္စည်းကို သမဝါယမဆိုင်က တစ်ကျပ်နဲ့ ပေးတာမှန်တယ်။ ဒါပေမဲ့ လိုသလောက်မပေးဘဲ ဆိုင်ဝန်ထမ်းတွေက အဲဒီပစ္စည်းကို တစ်ကျပ်ခွဲ၊ နှစ်ကျပ်လောက်နဲ့ အပြင်ကို သူတို့လည်း မှောင်ခိုထုတ်ရောင်းကြတယ်။ ဒီတော့ အပြင်က ကုန်သည်တွေကလည်း အဲဒီဝန်ထမ်းတွေနဲ့ ပေါင်းထားပြီး ပြန်ဝယ်။ သူတို့ နှစ်ကျပ်နဲ့ ဝယ်တဲ့ ပစ္စည်းကို သုံးကျပ်ရောင်းချင်ရောင်းမယ်၊ ရှားရင် လေးကျပ်နဲ့ ရောင်းချင်လည်းရောင်းမယ်”
“အဖေ အဲဒီခေတ်ကတည်းက တန်းစီတိုးစားတဲ့လူတွေရှိတယ်ဆို”
“ရှိတာပေါ့။ အဲဒီခေတ်က နေရာတိုင်း တန်စီးတိုးစားတဲ့ဓလေ့ထွန်းကားတာ၊ ရုပ်ရှင်ရုံတွေမှာကအစ လက်မှတ် တိုးပြီး မှောင်ခိုပြန်ရောင်းစားကြတာပဲ။ ဆိုရှယ်လစ်ခေတ်နဲ့ ဆိုရှယ်လစ်စနစ်ဆိုပြီး ထူထောင်လိုက်တာ တန်းစီ တိုးစားတဲ့ လူတန်းစားတစ်ရပ်ကို ဖော်ဆောင်ပေးလိုက်တာပဲ။ ဆိုရှယ်လစ်ခေတ်ကတည်းက အချိန်တွေကုန်၊ အလုပ်တွေပို၊ တန်းစီတိုးမှ စားကြရတဲ့စနစ်ကို ဖော်ဆောင်ခဲ့ကြတာ”
“အဖေရယ် ခုလည်း ဘာထူးလို့လဲ တန်းစီတိုးစားတဲ့ လူတွေရယ်၊ မှောင်ခိုရယ်ဆိုတာ ပြန်ပေါ်လာတာပဲ မဟုတ်လား”
ဒီအသက်အရွယ်မှာ
(၁) မိဘနဲ့ သဘောထား ကွဲလွဲလာပြီးငြင်းခုံတာ ထုံးစံပါ
သူတို့ အသိဥာဏ် ဖွံ့ဖြိုးလာတာကိုး...
မိဘက ကျောင်းမှာ ပြဿနာဖြစ်လာရင်လည်း
အကျိုးအကြောင်း သေချာနားမထောင်ပဲ...
" ကျောင်းမှာ ဆရာတွေနဲ့ ဘယ် အဆင်ပြေမလဲ
မင်းက အချိုးမှ မပြေတာ " ဆိုတာမျိုး...
" ပြဿနာ တခုခု ဖြစ်ပြီဆိုရင် သားသမီးကို ဆူလား
ငေါက်လား လုပ်တတ်တယ်ဆိုရင်.."...
သေချာပါတယ်....အဲ့ဒီ မိဘ နဲ့ သားသမီး
ဒီဘဝမှာ ..ထာဝရ ဝေးပါပြီ
တခုခုဖြစ်လာရင်
ကိုယ့် ဖက်....ကိုယ့် ခံစားချက် နားမထောင်၊နားမလည်ပေးတဲ့
မိဘမျိုးတွေ ကို သားသမီးတွေက ခင်တွယ်လေ့ မရှိပါဘူး
ထစ်ကနဲဆို ကိုယ့်သားသမီးကို အပြစ်တင်လေ့ရှိရင်..သားသမီးတွေက
သူတို့အတွက် ရင်ဖွင့်ရာ.......
တိုင်ပင်ရာ...ဟာ မိဘ မဟုတ်တဲ့ ...အခြားတယောက်ယောက်ပဲ ဖြစ်သွားတတ်ပါတယ်
မိဘတော့ မသိဘူး ...သူငယ်ချင်းပဲ အသိပေးတယ်ဆိုတာမျိုး....
မိဘထက် ...သူငယ်ချင်းကို ခင်တွယ်တယ် ဆိုတာမျိုးပါ
" အငုံ့စိတ် နဲ့ မအုပ်ချုပ်ပါနဲ့"
အပြောလွယ်သလောက် အလုပ်အခက်ဆုံး တခုပါ
" အမေ ဘာသိလို့လဲ?" ....
" အဖေ ဘာမှ မသိပါဘူးဗျာ " ဆိုတဲ့ စကားဟာ
မိဘတွေ အခံရအခက်ဆုံး စကားပဲ
ဒါပေမဲ့ သားသမီးက မိဘကို အဲ့လိုစကားပြောလာပြီဆိုရင်
တရားခံက မိဘကိုယ်တိုင်ဆိုတာ သိရမှာပါ။
" မင်း ဘာသိလို့ လဲ? ကလေး...ကလေးလိုနေစမ်း"...
" ကလေးက ..ကလေးလိုနေ...လူကြီးတွေကြား
ဝင် မစပ်စုနဲ့
ဝင်မရှုပ် နဲ့ " လို့ ပြောခဲ့ဖူးတဲ့ မိဘတွေ ပဲ အဲ့လို ခံရတာ။
ကိုယ်က မိဘဆိုတဲ့ အရှိန်နဲ့ အထက်စီးက ပြောတုန်းကတော့
ဟုတ်တုတ်တုတ်ပေါ့
ကိုယ် ပြန် အပြောခံရတော့ မခံမရပ်နိုင် ဖြစ်ရော...
အရေးအကြီးဆုံးက မိဘတွေရဲ့ အသိပညာပါ
သားသမီးတွေ ကြီးလာတာနဲ့အမျှ
ဖွံ့ဖြိုးတိုးတက်လာတဲ့ အသိပညာကို
မိဘက မမှီရင် ...ပြဿနာက ကြီးပါပြီ။
အရေးအကြီးဆုံးက မိဘက ပညာနည်းနေရင်တောင်မှ
ဘယ်တော့မှ မမှားတဲ့ အုပ်ချုပ်နည်း ရှိပါတယ်
မေတ္တာတရားနဲ့ပဲ အုပ်ချုပ်ပါ
(၁) ရိုက်တာဟာ သားသမီး ကောင်းစားစေချင်လို့
မဟုတ်ပါဘူး
ကိုယ့် ဒေါသ ကိုယ် မထိန်းနိုင်လို့ ရိုက်တာပါ
ရိုက်ပြီး ဆုံးမတယ် ဆိုတာ...ဒေါသ မထိန်းနိုင်တာပါ
(၂) သားသမီးကို သူများနဲ့ မယှဥ်ပါနဲ့
" သူများ သားသမီးတွေများ ...တော်လိုက်တာ
လိမ္မာလိုက်တာ..." လို့ ဘယ်တော့မှ မပြောပါနဲ့
" သူများ မိဘတွေများ...တော်လိုက်တာ...အလိုက်သိလိုက်တာ
ချမ်းသာပြည့်စုံလိုက်တာလို့....." သားသမီးကလည်း
တွေးနေမှာပါ
(၃) သားသမီးရ ကံဆိုးတယ်လို့ မငြီးပါနဲ့
ရိုက်တာထက် နာပါတယ်
" ငါ တို့ မိဘရတာ ကံဆိုးတယ် " လို့ သူတို့ကလည်း
တွေးနေမှာပါ
(၄) နိုင်ကွက် မနင်းပါနဲ့
" ငါ့ စကား နားမထောင်နိုင်ရင် ...အိမ်ပေါ်က ဆင်းသွား လို့
ဘယ်တော့မှ မပြောပါနဲ့
နာကြည်းစိတ်ကြောင့် ဆင်းနိုင်တဲ့ အစွမ်း ရှိတဲ့တနေ့
ဝေးသထက် ဝေးအောင် နေပါလိမ့်မယ်"
(၅) စည်း မကျော်ပါနဲ့
ငါ မိဘပဲ ဆိုပြီး သားသမီးတွေ မရှိတုန်း
သူတို့ အဝတ်ဗီဒိုဖွင့်ပြီး ပေးချင်တဲ့ အင်္ကျီ လျှောက်မပေးပါနဲ့..
သူတို့ အရမ်းကြိုက်တဲ့ အင်္ကျီ နီလေး ပါသွားတတ်တယ်...
ရည်းစားဓာတ်ပုံ လွှင့် မပစ်ပါနဲ့.....
ခင်ဗျား (၁၈)နှစ်နဲ့ ခိုးရာလိုက်ပြေးတာ သူတို့သိတယ်
ခင်ဗျား အသက်(၂၂)မှာ မင်္လာဆောင်မှန်း
သူတို့ သိတယ်
ခင်ဗျားတို့ ငယ်ငယ်က ရည်းစားထားခဲ့မှန်း သိကြတယ်
မသိသလို နေပါ...စည်းကျော်ပြီး သူကြိုက်တဲ့ ဓာတ်ပုံ
လွှင့် မပစ်ပါနဲ့
စည်းကျော်တတ်တဲ့ မိဘတွေကို
သားသမီးတွေက သေတဲ့ နေ့ အထိ မမေ့ပါဘူး
နာလိမ့်မယ်....သေအောင် နာလိမ့်မယ်
လေးစားပါ
ငါမွေးထားတာ ...လူတွေ ဖြစ်လို့
လူ့ အခွင့်အရေး...လူ သားပီပီ လေးစားပါ
အဆုံးသတ် တနေ့ကို နားလည်ပါ...
သားသမီးကို မိဘက ပြုစုပျိုးထောင်တာ
ငါ့ မှာပဲ ရှိတယ် မထင်ပါနဲ့
ဝေလ ငါးကြီးတွေမှာ သာမက
သားပိုက်ကောင်တွေမှာ......
ကျားတွေမှာ........
သိမ်းငှက်တွေမှာ.......
ကျားသစ်တွေမှာရော ရှိတယ်
မိဘက (၃-၄) နှစ် ပြုစု ..ပျိုးထောင်
အမဲလိုက်နည်း...
အန္တာရာယ်ရှောင်နည်း.....
မိုးခိုနည်း.....ရေရှာနည်း...စတဲ့ ပညာစုံရင်
သားသမီးတိုင်းဟာ ..
နောင်မျိုးဆက် ပျံ့ပွားဖို့ပဲ တာဝန်ရှိတယ်
မိဘရင်ခွင်က ထွက်ပြီး....ဘဝသစ် စမှာပဲ...
#crd_to_owner_with_respect
#ဆိုးတဲ့_မိဘမဖြစ်အောင်
မူရင်းရေးသားသူကိုလဲကျေးဇူးတင်ပါတယ်
ဆန်ရေ နည်းတာ ဝမ်းနည်းစရာလား?
ကိုယ်က မိဘဖြစ်ပြီး
နေရာတကာ စုန်ရေ နဲ့ ဆန်ရေ
အနည်း နဲ့ အများ....အရှုံး နဲ့ အမြတ် တွက်နေရင်တော့
မိဘ မပီသလို့ပဲ
ကိုယ့် ဘဝ အိုချိန်...နာချိန် ...
သေဖို့....ကိုယ့်ဖာသာကိုယ်ပဲ ပြင်ဆင်ထားရမှာပါ
သားသမီးက ပြန်သိတတ်ခဲ့ရင်...
အတိုင်းထက် အလွန်......ဆန်ရေပဲ
ဆန်ရေဆိုတာ ...များချင်များမယ်
နည်းချင် နည်းမယ်
သေချာတာကတော့ စုန်ရေလောက် မများဘူး
စုန်ရေလောက် ဆန်ရေ မများတာကို
ကြိုတင်သိရှိ လက်ခံနိုင်ဖို့ ကြိုးစားပြင်ဆင်ထားရပါမယ်
လူဖြစ်စေ..တိရိစ္ဆာန်ဖြစ်စေ
သမိုင်းပေး အဓိက တာဝန်ဟာ
နောင်မျိုးဆက် ပျံ့ပွားဖို့
နောင်မျိုးဆက် တိုးတက်ကြီးပွားဖို့ပါပဲ......
ဒါကြောင့်လည်း ဆော်လမွန်ငါးတွေ မျိုးပွားရင်း သေကြတယ်
ပင့်ကူ တချို့ မျိုးပွားရင်း သေကြတယ်
သတ္တဝါလောကမှာ နောင်မျိုးဆက် တည်တံ့ကျန်ရစ်ဖို့
အသက်စတေးခံရတဲ့ မျိုးဆက်တွေ အများကြီး ရှိပါတယ်
မျိုးဆက်သစ်တွေ ကောင်းစားဖို့ အတွက်ဟာ
မျိုးဆက်ဟောင်းတွေကို ကျေးဇူးကြွေးဆပ်ဖို့ထက်
ပိုပြီး အရေးကြီးတယ်
ခါးသီးပေမဲ့
ဒါက လောက သဘာဝ အမှန်တရားပါပဲ
အသိဥာဏ် မြင့်မားလာတဲ့ လူသားကမ္ဘာမှာ
ကြွေးဟောင်းဆပ်သင့်ကြောင်း.....
ကျေးဇူးတရားအကြောင်း....ရှိလာပေမဲ့
အဓိက တာဝန် ကတော့ ပြောင်းမသွားဘူး
သားဆိုး သမီးဆိုး မဖြစ်ဖို့ထက်
မိဘဆိုး မဖြစ်ဖို့က ပိုပြီး လိုအပ်တယ်
အနာဂတ် လူသားကမ္ဘာ ကောင်းစားရေးအတွက်။
(၁) မွေးခါစ ကနေ အသက်(၆-၇) နှစ်အထိ
သားသမီးတိုင်းအတွက် အချစ်ဆုံး ချစ်သူဟာ
အချစ်ဦး ဟာ....မိခင်ပဲ...
ဒါမှ မဟုတ် ကျွေးမွေးစောင့်ရှောက်သူ မွေးစားမိဘ ပေါ့
(၂) အသက်(၇)နှစ်ကနေ အသက်(၁၂) လောက်အထိ
ရောက်လာတဲ့အခါ
သားသမီးတိုင်းအတွက် လူစွမ်းကောင်းဟာ
ဖခင်ပဲ
အသက်(၇နှစ်ကနေ--၁၂) နှစ်ကြားမှာ မိခင်ထက်
ဖခင်ကို ပိုပြီး အထင်ကြီးကြတယ်
တွယ်တာမြတ်နိုးကြတယ်
(၃) အသက်(၁၃) နှစ်နောက်ပိုင်းကျတော့
နိုင်ငံကျော် ဘောလုံးသမားဖြစ်စေ
ရုပ်ရှင်မင်းသားတယောက်ယောက်ဖြစ်စေ
သူငယ်ချင်းရဲ့ ဦးလေး ဖြစ်စေ ..စသဖြင့်
မိဘထက်...ဖခင်ထက် ..ပိုပြီး အထင်ကြီး လေးစားရတဲ့သူ..
Idol တယောက်ယောက်....
Super Hero တယောက်ယောက် က
ဖခင်ရဲ့ နေရာကို ယူသွားတတ်တာ သဘာဝပဲ ဖြစ်ပါတယ်
ဝမ်းနည်းစရာ မဟုတ်ပါဘူး
လူသားငယ်ကလေး အသိဥာဏ် ဖွံ့ဖြိုးလာတဲ့အခါမှာ
ငါ့ အဖေသာ အရာရာအကြီးမြတ်ဆုံး မဟုတ်မှန်း သိလာပြီး
အရှိတရား အမှန်တရားကို လက်ခံလာတဲ့ သဘောပါပဲ
သားသမီးတွေကို ရဲရင့်ထက်မြက်စေချင်ရင်
(၁) အသက်(၇) နှစ် မတိုင်မှီ ကလေးဘဝမှာ
မိခင်က ကလေးကို မရိုက်ရပါဘူး
..ကိစ္စတခုခု နဲ့ ကလေး ယှဥ်လာရရင် ..ကလေးကို
ဦးစားပေးရမှာပါ(ဥပမာ....ကလေးကို နို့တိုက်ဖို့နဲ့
ထမင်းချက်ဖို့ ယှဥ်လာရင်
ကလေးနို့တိုက်ဖို့ကို ဦးစားပေးရပါမယ်...)
ကလေးနဲ့ အခြားအရာမှာ....အခြားအရာတွေကိုပဲ
မိဘက ဦးစားပေးရင်....ကလေးက
သူ့ကိုယ်သူ ...အရေးမပါတဲ့ ..သူ
တန်ဖိုး မဲ့ တဲ့ သူအဖြစ် ခံစားရပါတယ်...
အဲ့လို ကလေးမျိုး လူကြီးဖြစ်လာတဲ့ အခါ
မသိစိတ်က မိဘကို ကလဲ့စားချေပါလိမ့်မယ်...
မိဘ နဲ့ ဘာကိစ်စနဲ့ဘဲ ယှဥျယှဥျ
မိဘကို နောက်မှာ ထားပါလိမ့်မယ်..
အဲ့တော့မှ ဝမ်းမနည်းနဲ့
(၂) ကလေးအသက်(၇) နှစ်ကနေ (၁၂) နှစ်ကြား
ဒီကာလမှာ
လူကြီးတယောက်လို ကလေးကို တလေးတစား ဆက်ဆံရပါမယ်
ကလေး ပုံဆွဲတာ....စာရေးတာ....
သိချင်လို့ မေးမြန်းတာ...စပ်စုတာတွေကို
တလေးတစား ချီးမွမ်းတာ....
အသိအမှတ်ပြု ဝေဖန် အကြံပြုတာ......
သူတို့ ပြောရင် စိတ်ဝင်တစားနားထောင်တာ လုပ်ရပါမယ်
ရိုက်တာ....
အရေးမလုပ်တာ.....
ပြန်ပြောခွင့် ...ရှင်းပြခွင့် မပေးတာ....
အထင်သေးတာ( မင်း ဘာသိလဲ....
ကလေး..ကလေးလိုနေ....လာမရှုပ်နဲ့ ....ဆိုတာမျိုး)
" မိဘစကား မြေဝယ်မကျနားထောင်....
ငရဲအိုးဂျိုးကပ်ချင်လား....ပါးစပ် ပိတ်ထားစမ်း" ဆိုရင်...
အဲ့လိုဆက်ဆံခဲ့ရင် ကလေးက အောက်က (၂) မျိုးထဲက တခုခု
ဖြစ်သွားပါလိမ့်မယ်။
(က) အငုံ့မျိုး
ပင်ကိုဗီဇ ပျော့တဲ့ ကလေးဆိုရင်
စကားနည်း သွားမယ်
အရမ်းအေးဆေးတဲ့ ကလေး ဖြစ်သွားမယ်
မိဘကို မဆန့်ကျင်ရဲတော့ဘူး ...ပြန်မပြောရဲတော့ဘူး
တက်တက်ကြွကြွ မရှိတော့ဘူး
ဘယ်နေရာမှလည်း မထူးချွန်တော့ဘူး
ရန်မဖြစ်ဘူး..သူများက ရန်လာစရင်တောင်မှ
ငုံ့ခံတော့မယ်
ကိုယ့် ကလေး စာမတော်ရင် ...တရားခံဟာ ကိုယ်ပဲ
တခြားသူ မဟုတ်ဘူး
(တလောက YBS အပေါ်မှာ သူများထိုးတာကို ခံပြီး
ပြန်မထိုးရဲပဲ ဖေ့ဘုတ်တင်တဲ့သူဟာ အငုံ့မျိုးပါ)
(ခ) အကန်မျိုး
ပင်ကိုဗီဇ မာကြောတဲ့ ကလေးဆိုရင်
ဆိုးလာမယ်
မိဘကို မကြောက်တော့ဘူး
အရွဲ့တိုက်မယ် ...ပေကပ်ကပ်လုပ်မယ်
ရန် ခဏ ခဏ ဖြစ်မယ်
သူများကလေးတွေကို ထိုးမယ် ကြိတ်မယ်
(တလောက ဖေ့ဘုတ်ပေါ်မှာ သူများကို ဗလိုင်းကြီး
(၃) ချက် ဆွဲထိုးတဲ့ ကလေးမျိုးပေါ့
ထစ်ကနဲ ဆို လက်ပါတတ်တယ်
လင်မယား စကားများရင်တောင်မှ လက်ပါရမှ)
(၃) အသက်(၁၂) နှစ်မှ အထက်
သားသမီးကို လူကြီးတယောက်လို တိုင်ပင်တာ...
အရေးတယူ လူရာသွင်းတာ လုပ်ရမဲ့ အချိန်ပါ
ဝါသနာတွေ..ဗီဇတွေ စပြီး ထင်ရှားပေါ်ထွန်းလာချိန်ပါ။
သားသမီးကို တန်းတူထား....
ပြောရင် ကရုစိုက် နားထောင်ပြီး သူတို့ခံစားချက်ကို
နားလည်နိင်ဖို့..မျှဝေနိုင်ဖို့ ကြိုးစားရမဲ့ အချိန်ပါ
နေဝင်တော့မည်
-----------------
လူငယ်တစ်ယောက်သည် မြစ်ကိုဖြတ်ပြီး ကမ်းပေါ်တက်လိုက်ချိန်၌ သောင်ပြင်ပေါ်တွင် အဘိုးအိုတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့်
“အဘိုး ... နန်းမြို့ကိုရောက်ဖို့ အတော်လေး ဝေးသေးသလားခင်ဗျာ” ဟု မေးလိုက်သည်။
“သိပ်မဝေးတော့ပါဘူးကွယ်”
“အဘိုးရယ် ... နန်းမြို့တံခါးက နေဝင်တာနဲ့ ပိတ်တယ်ဆိုတာ ဟုတ်သလားခင်ဗျာ”
“အေးကွယ့်”
“အို နေဝင်တော့မှာပါလား ... အဘိုးရယ် ကျွန်တော် မြို့တံခါး မပိတ်မီ အဲဒီကို ရောက်နိုင်ပါ့မလား”
“အင်း ... ပုံမှန်အတိုင်း ဖြည်ဖြည်းနဲ့ မှန်မှန်လေး လျှောက်သွားမယ်ဆိုရင်တော့ မီနိုင်ပါလိမ့်မယ်”
“ဘယ့်နှယ်အဘိုးရယ် ... နောက်ပြောနေသလားခင်ဗျာ။ အလျင်လိုနေပါတယ်ဆိုမှ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လျှောက်ရမယ်တဲ့လား”
ထိုလူငယ်က စိတ်ဆိုးကာ အဘိုးအိုအနီးမှ ထွက်ခွာသွားတော့သည်။
နေကဝင်တော့မည်။ သူသွားရမည့်လမ်းက ကြမ်းသည်။ မြို့ကိုလည်း လှမ်းမြင်နေရပြီ။ သူက စိတ်လောကာ တံခါးပိတ်မည်ကို စိုးရိမ်ပြီး ပြေးတော့သည်။
ပြေးရင်းနှင့် ကျောက်ခဲတစ်လုံးပေါ်တက်နင်းကာ ချော်ပြီး တလိမ့်ခေါက်ကွေး လဲကျသွားသည်။ နာကျင်လွန်း သဖြင့် မနည်းထထိုင်ရသည်။ လက်တွေ၊ ခြေထောက်တွေ ပွန်းပဲ့ကုန်သည်။
ထိုအချိန်တွင် အခြားလူငယ်တစ်ယောက်က သူ့အနီးကို ရောက်လာပြီး သူ့ကိုထူသည်။
“မိတ်ဆွေ ... ဘာများဖြစ်လို့လဲ”
“မြို့တံခါး ပိတ်မှာစိုးလို့ဗျာ ... အပြေးလေးသွားမိပါတယ် ချော်လဲပြီး မထနိုင်လောက်အောင် ဖြစ်သွားလို့။ အခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
“နန်းမြို့ကို သွားမှာလား”
“ဟုတ်ပါတယ်”
“လာ ... လာ ... လမ်းလျှောက်ရင်း ပြောကြတာပေါ့။ ကျွန်တော့်ကို တွဲဗျာ။ ဒါနဲ့ ခင်ဗျား မြစ်ဆိပ်က တက်လာတာလား”
“ဟုတ်တယ်”
“မြစ်ဆိပ် သောင်ပြင်မှာ အဘိုးအိုတစ်ယောက်နဲ့ မတွေ့ခဲ့ဘူးလား”
“တွေ့ခဲ့တယ်လေဗျာ ... အဲဒီ အဘိုးကြီး နှောင့်ယှက်လို့ ဒီလိုဖြစ်ရတာ”
“အဘိုးအိုက ခင်ဗျားကို ဘယ်လိုများ နှောင့်ယှက်လိုက်လို့လဲဗျ”
“ဘယ့်နှယ်ဗျာ ... နေဝင်ခါနီး မြို့တံခါး ပိတ်မှာစိုးလို့ သွားမှာကို ပုံမှန်အတိုင်း ဖြည်းဖြည်းနဲ့ မှန်မှန်လေး လျှောက်ရင် တံခါးမပိတ်မီရောက်နိုင်ပါသတဲ့”
“အဘိုးအိုပြောတာ မှန်တယ်ဗျ။ သွားရမယ့် ခရီးလမ်းက ကြမ်းလွန်းလို့ ခင်ဗျားကို ဖြည်းဖြည်းနဲ့ ပုံမှန်လေး လျှောက်ခိုင်းတာ။ ခင်ဗျားက ပြေးလိုက်တော့ လဲတော့တာပဲ”
သူတို့ရောက်တော့မည်
“ဟာ တံခါးမပိတ်သေးဘူး တော်ပါသေးတယ်”
“အဘိုးအို ပြောတာ မမှန်ဘူးလား။ ကျွန်တော် ဖြည်းဖြည်းနဲ့ မှန်မှန်လေးပဲလျှောက်လာတာလေ။ ခုဆို ခင်ဗျားကိုပါ တွဲလာလိုက်သေးတယ်။ မှန်တာပဲ”
“အေးဗျာ ကျွန်တော်က စိုးရိမ်စိတ်တွေ လွန်သွားတာ”
“အေးဗျာ ... မြန်တိုင်းကောင်းတာတော့ မဟုတ်ဘူးဗျ။ အချို့ ကိစ္စတွေမှာ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးတော့ ပုံမှန်လေး လုပ်လိုက်တာဟာ သက်ရောက်မှု အကောင်းဆုံး ဖြစ်နေတတ်တယ်။ မြန်ရမယ့် အနေအထားဆိုရင် မြန်၊ မှန်ရမယ့် အနေအထားဆို မှန်”
“ဟုတ်ပါတယ်ဗျာ”
“ဟော ရောက်ပြီ”
သူတို့နှစ်ယောက် နန်းမြို့တံခါးကိုဖြတ်ကာ ဝင်လိုက်ကြသည်။
နောက်မှ မြို့တံခါးကြီးက ပိတ်သွားသည်။
နေဝင်ပြီ မဟုတ်ပါလား။
(Ref: Old Man Advice)
တင်ညွန့်
၂၃.၆.၂၀၂၄
အပေါ်မှာ ပြောထားတဲ့ လူတွေ ဘာတွေ မှားနေသလဲ ။
သူတို့ သူတို့အလုပ်အကိုင်တွေကို ပုံမှန်လုပ်နေကြတာပဲ ။ ဒါပေမယ့် မအောင်မြင်ဘဲ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ ။ သူတို့အလုပ်အကိုင်တွေ အသက်အရွယ်တွေ ကျားမတွေသာ မတူတာ သူတို့မအောင်မြင်ရခြင်း သူများနောက်မှာ ကျန်နေခဲ့ရခြင်း အကြောင်းအရင်းကတော့ တခုတည်းပဲ ။
အဓိက အကြောင်းက ကိုယ်နေရာတခုကို ရောက်သွားတာနဲ့ တစ်ဘဝလုံးစာ Perfect ဖြစ်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့ မေ့မျောသွားလို့ ပါပဲ ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲ့လိုလူတွေ အများကြီးပဲ ။ လူငယ်လေးတွေဆိုလည်း ဂိမ်းထဲမှာသာ ကိုယ့် ဂိမ်းဇာတ်ကောင်တွေ ၊ ကိုယ့်တပ်ဖွဲ့တွေကို အသဲအသန် Upgrade လုပ်နေကြတာ ၊ အပြင်မှာ ဘဝကို အမြဲ
Upgrade လုပ်ရမယ်ဆိုတာ မေ့နေကြတယ် ။
နေရာတခုရထားပြီး ဆရာဝန်တွေ အင်ဂျင်နီယာတွေ က စလို့ ဟိုးအောက်ခြေဝန်ထမ်းတွေအထိ နေရာလေးတခု မှာ ခိုင်မြဲနေပြီ ပုံမှန်ဝင်ငွေလေးရနေပြီ ဘဝလေးက အိုကေစိုပြေနေပြီဆို ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့မေ့သွားကြတယ် ။
ဒီအလုပ်က ငွေရနေပြီပဲကွာ ၊ငါတော့ အေးဆေးပါပဲ ဒီအလုပ်ကနေ ငွေ အမြဲဝင်နေမှာပဲ ။ ဒီရာထူးက အမြဲမြဲနေမှာပဲ ။ ဒီပညာသာတတ် တသက်လုံးထမင်းမငတ်ဘူး ။ အလုပ်က ပင်ပန်းတယ် ကျန်တာတွေ ဆက်လေ့လာဖို့ အချိန်မရှိဘူး ။
ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ရောက်တဲ့ နေရာလေးမှာ ရပ်တန့်ပစ်လိုက်ကြတယ် ။
အဲ့လိုရပ်တန့်နေတဲ့ သူတွေ က ခေတ်နဲ့ ဘယ်လောက်ကွာသွားတယ်ဆိုတာ တစ်နှစ် မသိသာသေးဘူး ။ ၂ နှစ် မသိသာသေးဘူး ။ ၁၀ နှစ် ၂၀ နှစ်တွေလဲရောက်ရော ။
ဒါတွေ ငါလိုက်မမီတော့ ဘူး ။ ငါမလုပ်တတ်တော့ဘူး ။ နောက်ကလေးတွေ လုပ်ရမယ့်အရာတွေပါကွာ ငါတို့တွေ လေ့လာလို့မရတော့ဘူး ။ ဆိုတာတွေဖြစ်ပြီး အကုန်ကွာဟသွားတော့တာပါပဲ ။
အဓိက အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံမှာသာ တစ်နေ့နဲ့ တစ်နေ့ ထင်သလောက်မတိုးတက်လို့ အရမ်းမကွာဟဘူးထင်နေရတာ ။ သူများနိုင်ငံတွေမှာက
Challenge of Technology Age ဆိုသလိုပဲ ။
နေ့တိုင်း နေ့တိုင်း တစ်ယောက်နဲ့ တယောက် ။ Company တစ်ခုနဲ့ တစ်ခု အသည်းအသန် ပြိုင်ဆိုင် ယှဉ်ပြိုင်နေရတာ ။
ဒီနေ့ ဒီ Company က နည်းပညာအသစ်တခု ထုတ်နိုင်ချိန် နောက် Company တခုက ဘာမှ မလုပ်နိုင်ရင် စျေးကွက်ထဲမှာ နောက်ကျကျန်နေခဲ့မှာပဲ ။
ကြားဖူးတာတခုဆို ဟိုးအရင်က ဖုန်းထဲမှာနာမည်ကြီး
Nokia ဖုန်းကုမ္ပဏီကြီးဆို Andorid တွေ ပေါ်လာချိန် နည်းပညာနောက်ကျပြီး စျေးကွက်မှာ နောက်ကောက်ကျသွားရတာမျိုးဟာ အခုပြောတဲ့ အတိုုင်း Upgrade လုပ်ဖို့ နောက်ကျကျန်နေခဲ့လိုပါပဲ ။
အခု ကမ္ဘာပေါ်မှာ နည်းပညာအဖွဲ့အစည်းကြီးတွေ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေ ထိပ်တန်းအမြဲရောက်နေရခြင်း အကြောင်းရင်းကလည်း နေ့တိုင်း အချိန်တိုင်း စက္ကန့်တိုင်း Upgrade ဖြစ်အောင် အမြဲမြှင့်နေလို့ ကြိုးစားနေလို့ ရှာဖွေနေလို့ လေ့လာနေလို့ပါပဲ ။
မြန်မာနိုင်ငံမှာတော့ ပိုက်ဆံရှာတာက အဓိက ကျပြီး လုပ်ငန်းတခုက ပုံမှန်ဝင်ငွေလေး နှစ်ပဲခြောက်ပြားလောက်ရပြီဆို ပြီးပြည့်စုံသွားပြီယူဆပြီး ကိုယ့်ကိုကိုယ်ရပ်တန့်လိုက်ကြတာမျိုးကိုးဗျ ။
ဒါကြောင့်လည်း သူများနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်တရာကျော်လောက်ကမှ Transistor ဆိုတဲ့ အီလက်ထရောနစ်ပစ္စည်း စပေါ်လာပြီး ခုတော့ ကမ္ဘာ့အပြင်ဖက်တောင် လူမပါဘဲ လွှတ်ကုန်ကြပြီ ။
ကျတော့်မိတ်ဆွေလည်း ဒီစာကိုဖတ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို ပြန်ကြည့် ကိုယ့်အခြေအနေကိုယ်တွေးကြည့်
နေ့တိုင်း နေ့တိုင်း ဘာတွေ Upgrade ဖြစ်လာသလဲ ။
ကိုယ့်အလုပ်အကိုင်လေးမှာ ပိုက်ဆံလေးရရင် ဝင်ငွေလေးရရင်တော်ပြီဆိုပြီး ကိုယ့်ကိုကိုယ် Upgrade မြှင့်ဖို့ ခများမေ့နေရင် ဘာကိုမှ ဆက်လက်လေ့လာဖို့ ဆည်းပူးဖို့ သင်ယူဖို့ မေ့လျော့နေတယ်ဆိုရင်တော့ နောင် ဆယ်စုနှစ်ကျော်ကျော်မှာ ခများသူများနောက်ကျန်ကို ကျန်နေခဲ့လိမ့်မယ်လို့ ကျနော်ရဲရဲကြီးပြောလိုက်မယ်ဗျာ ။
ရပ်နေသူနဲ့ လှမ်းနေသူ ၊ လှမ်းနေသူနဲ့ ပြေးနေသူ ဘယ်သူက ခရီးပိုရောက်မလဲ ဘယ်သူက နောက်ကျ ကျန်နေခဲ့မလဲဗျာ ။
ဘဝမှာ မှားတာမလုပ်တိုင်း အောင်မြင်တာမဟုတ် ၊ မှန်တာတွေကို လုပ်ဖို့ လိုနေရင်လည်း အမြင့်ဆုံးအောင်မြင်မှုကိုဘယ်တော့မှရမယ်မဟုတ်ကြောင်းပါဗျာ ။
( အပေါ်က အလုပ်အကိုင်တွေနဲ့ နာမည်တွေက မျက်စိရှေ့ ပတ်ဝန်းကျင်ရှေ့မြင်ရကြားရတာတွေကို စိတ်ကူးနဲ့ရေးထားတာပါ ။ သူတပါးအလုပ်အကိုင်တွေကို စော်ကားလိုစိတ် အလျဉ်းမရှိတာမို့ တိုက်ဆိုင်မှုများရှိရင် နားလည်ပေးစေလိုကြောင်းပါ )
ဘဝကို Upgrade မြှင့်ပါ ။
၁ ။ သူ့နာမည်က ဦးစိုး ၊အသက်က ၅၀ ကျော်နေပြီ။ သူက ရပ်ကွက်စျေးလေးတခုမှာနေတယ် ။ သူ့အလုပ်အကိုင်က နာရီပြင်တယ် ။ သူကနာရီပြင်တာတော်တယ် ။ သူကိုယ်တိုင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ် ။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက နာရီပြင်လာတဲ့ နာရီပြင်ဆရာ ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက လူတိုင်းလိုလို နာရီပတ်တုန်းက သူလုပ်ငန်း တော်တော်ကောင်းခဲ့တယ် ။ တနေ့တနေ့ သူ့ ဝင်ငွေမနည်း ။
အခုတော့သူက ညည်းရှာတယ် ။
" အခုနောက်ပိုင်းခေတ်တွေရောက်လာတော့ နာရီပြင်တဲ့ အလုပ်တွေမကောင်းတော့ဘူးကွာ ။
ဖုန်းတွေပေါ်လာပြီး နောက်ပိုင်း နာရီပတ်တဲ့ သူတွေတော်တော်ရှားလာတယ် ငါ့တူရ
ဒီအလုပ်မလုပ်ဘဲ အခြားအလုပ်ပြောင်းလုပ်ဖို့ကလည်း အသက်အရွယ်က ရလာတာရယ် ။ အခြားဘာမှ မလုပ်တတ်တာရယ်နဲ့ ဒီအလုပ်လေးပဲ လုပ်နေရတယ် " ။
၂ ။
သူ့နာမည်က ဒေါ်တင့် ။ သူက အိမ်မှာ တပိုင်တနိုင်စက်ချုပ်တယ် ။ အသက် ၂၀ လောက်ကတည်းက စက်ချုပ်ခဲ့တဲ့ ဒေါ်တင့် အခု အသက်ပဲ ၄၀ ကျော် ၅၀ နားကပ်နေပြီ ။
ဒေါ်တင့် စက်ချုပ်သက်တမ်း ကိုယ့်ဘာသာ ကိုယ်ပဲ မှန်းကြည့်ပေတော့ ။
ဒေါ်တင့်စက်ချုပ်လုပ်ငန်းလေးက အရမ်းမအောင်မြင်သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ် ချုပ်ထည်များလက်ခံရတာမို့ စားလောက်ရုံသောက်လောက်ရုံ အဆင်ပြေပြေတော့ နေနိုင်တယ်ပေါ့ ။
သူ့ဆီ အပ်ထည်အပ်သူတွေ ဖောက်သည်တွေက
နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ အဆင်တွေ ချုပ်ပုံ ချုပ်နည်း အသစ်အဆန်းတွေ ဒေါ်တင့်ဆီယူလာပြီး ပြရင်
ဒေါ်တင့်က
" ဒီ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေက ငါတို့ ချုပ်တာတွေနဲ့ ဘာမှ မထူးပါဘူးအေ ၊ ငါတို့ချုပ်တာတွေနဲ့ တူတူပါပဲ ။ ငါ အသက် ၂၀ ကတည်းက ဒီပုံပဲချုပ်လာတာ ။ သူတို့ပုံတွေ ဒီဇိုင်းတွေက ဒါတွေပါပဲ အေ " လို့ ဒေါ်တင့်အမြဲပြောတတ်လေသည် ။
ဒေါ်တင့် အနှစ် ၂၀ ကျော် ၃၀ ကျော် ချုပ်လာတဲ့ ဒီဇိုင်းတွေက တခါလာလည်း ဒီပုံ တခါလာလည်း ဒီပုံတွေကြီးပဲလို့ အရပ်ထဲတော့ ပြောစမတ်ရှိကြလေသတတ် ။
၃ ။
သူ့နာမည်က ကိုအောင် ။ သူက တီဗွီပြင်ဆရာ ။ သူပြင်တဲ့ တီဗွီတွေက ဟိုးအရင် ခေတ်ဟောင်းတီဗွီ Tube Type ဖင်အလုံးကြီးတွေနဲ့ တီဗွီတွေပြင်တဲ့ ပြင်ဆရာ ။
သူတို့ခေတ်မှာတော့ သူက နာမည်ကြီး တီဗွီပြင်ဆရာကြီး ပေါ့ ။ သူ့ခေတ်သူ့အခါ သူ့တီဗွီပြင်ဆိုင်က နာမည်ကြီး ။သူ့ဆိုင် သူ့အလုပ်ကလည်း ဝင်ငွေကောင်း တဲ့ အလုပ်တခုပေါ့ ။
ဒီလိုနဲ့ တဖြည်းဖြည်း ခေတ်တွေပြောင်းပြီး Tube Type ကနေ LCD တီဗွီတွေများလာတော့ သူ့အလုပ်အကိုင်သိပ်မကောင်းတော့ ။
LCD တီဗွီတွေ စပေါ်စ LCD တီဗွီပြင်နည်းသင်တန်းတွေ ဖွင့်တယ် ဆိုတာကို ကိုအောင်ကြားတော့
" အလကားပါကွာ ၊ LCD TV ဆိုတာ လူတိုင်းဝယ်နိုင်တာမဟုတ်ဘူး ဘာသင်တန်းမှ တက်နေစရာမလိုဘူး၊ ဒီခေတ်ဟောင်းတီဗွီတွေ ရှိနေသ၍ ကိုအောင် ထမင်းမငတ်ဘူးဟေ့ " လို့ ကိုအောင် ကျွေးကြော်နေကြ ။
အခု ကိုအောင့် အတတ်ပညာနဲ့ ကိုအောင် ထမင်းတော့ မငတ်ပါ ။ ဒါပေမယ့် အရင် ဝင်ငွေ မျိုးတော့ ကိုအောင် ရအောင်မရှာနိုင်တော့ ။ ကိုအောင့် ဝင်ငွေ တဖြည်းဖြည်း ခမ်းသထက်ခမ်းလာလေပြီ ။
၄ ။
သူ့နာမည်ကိုတော့ မသိ ။ ဒါပေမယ့် သူ့အလုပ်အကိုင်က ကားစက်ပြင်ဆရာ ။
" ငါက ဟိုး လေးဘီးကားခေတ်ကတည်းက ကားစပြင်လာတာကွ " လို့တော့ အဲ့ဦးလေးကြီး အမြဲပြောတတ်သည် ။
" ဒီနေရာ ဒီဆိုင်မှာ ဟိုးအရင်ကဆို ကားတွေအပြည့်ကွ " လို့ သူတဆက်တည်းပြောတတ်သေးသည် ။
သူ့ မျက်လုံးထဲမှာလည်း ဟိုးအရင်ရွှေထီးဆောင်းခဲ့ချိန်ကို ပြန်လည်တမ်းတမိနေသလိုလို ။
အခု ဟိုးရှေးရိုးကားတွေ ရှေးရိုး အင်ဂျင်တွေကနေ EFI စနစ် ၊ Computerize စနစ် OBD စနစ်တွေ Electronic Wiring စနစ်တွေ ပြောင်းသွားချိန် သူအလုပ်ရုံလေးမှာ ကားလာပြင်သူတွေ သိပ်မလာတော့ ။
နောက်ပိုင်းစနစ်တွေ သူ မနိုင်နင်းမှန်း Customer တွေက သိသည်လေ ။
သူကလည်း ပြောတတ်သည်
" ဒီကားစနစ်တွေ ဒီလောက်ထိပြောင်းသွားမယ်လို့ ငါဘယ်တုန်းကမှ မထင်ဘူးကွ "
၅ ။
သူနာမည်က ကိုလှ ။ သူအလုပ်က ဓာတ်ပုံဆရာ ။ သူကျင်လည်ကျက်စားရာက ဘုရားပေါ်မှာ ။ ဘုရားပေါ်မှာ အလှဓာတ်ပုံရိုက်သည့် အလုပ်ကို ကိုလှ လူပျိုပေါက် ဘဝကတည်းကလုပ်သည် ။
ကိုလှတို့ လူပျိုပေါက်တုန်းက ဘုရားပေါ် ဓာတ်ပုံရိုက်သည့် အလုပ်က ကိုလှတို့အတွက် မဆိုး ။
ခုနောက်ပိုင်းမှာ ဖုန်းကင်မရာတွေ ပေါ်လာပြီးနောက်ပိုင်း ကိုလှတို့ အလုပ်အကိုင်သိပ်မကောင်း ။ ဘုရားပေါ် ဓာတ်ပုံရိုက်ပေးမယ် ခုရိုက်ခုရသည် လို့ ဆယ်ယောက်ကိုခေါ်လို့ လူတယောက်ဓာတ်ပုံလာမရိုက်တော့ ။
အမှတ်တရဓာတ်ပုံရိုက်တာလောက်တော့ လူတိုင်းလက်ထဲက တန်ဖိုးနည်း တန်ဖိုးကြီး Andorid ဖုန်းလေးကိုယ်စီနဲ့ အလုပ်ဖြစ်နေကြလေပြီ ။
ကိုလှ ငယ်စဉ်က ဓာတ်ပုံရိုက်နေတုန်းကတည်းက ထမင်းစားရတော်ပြီ ပိုက်ဆံရတော်ပြီ ဘုရားကိုလူတွေ လာနေသမျှ ငါတော့ အလုပ်ကောင်းမှာပဲဆိုတာမျိုး ကိုလှအမြဲတွေးသည် ။
အခြားခြားသော အသစ်သစ်သော ဓာတ်ပုံရိုက်နည်းပညာတွေ ဘာတွေကိုလှ စိတ်မဝင်စားခဲ့ ။
ခုတော့ ကိုလှရဲ့ အမှတ်တရ အမြန်ရဓာတ်ပုံလုပ်ငန်း ဘုရားပေါ်မှာ သိပ်အလုပ်မဖြစ်တော့ ။
$$$$$$$$
ဘဝကို Upgrade မြှင့်ပါ
ကျွန်မ သူ့စကားကို နားထောင်နေရင်း မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ ကျွန်မ စဉ်းစားမိတယ်။
? အ
၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၄.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့ တစ်လ
မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်။
၁၅. အတက်ကျူးအရူးဖြစ်။
??????_??_????????_????
#မူရင်းရေးသားပြုစုသူအားလေးစားလျက်
#ရသစုံ
https://www.facebook.com/share/p/1bM4BHXspoPvGe7o/?mibextid=oFDknk
Log in or sign up to view
See posts, photos and more on Facebook.
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago