Why Pay for Entertainment? Access Thousands of Free Downloads Now!

RSN WEB

Description
REVOLUTIONARY CHANNEL

Contact us - 📬 @Inform_RSN
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

1 month, 2 weeks ago

*🌐* Daily Highlights (25 Mar 2024)

📰 ရန်ကုန်ထူးခြားသတင်းများ**
ရန်ကုန်မြို့လယ်တစ်နေရာတွင် "မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ" ဆိုသောစာသားပါဘန်နာအားချိတ်ဆွဲ – BESYA

သင်္ဃန်းကျွန်း သစ္စာလမ်းထိပ်ရှိ မိုင်တဲဆိုင် ဗုံးပေါက် – RSN

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် ရဲစန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး၊ လူနာတင်ကား ၂ စီး ရဲစခန်းထဲ ဝင်ရောက်သွား – KT

လှိုင်သာယာ ၇ ရပ်ကွက် အုပ်ကြီးနေအိမ် ဗုံးပေါက် – – HTY Scout

လှိုင်သာယာ ၁၂ ရပ်ကွက် အုပ်ကြီးနေအိမ်အနီး ဗုံးတွေ့ပုံရ – – HYT Scout

ရန်ကုန်၌ ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်လိုသူများကို စည်ပင် ဖိတ်ခေါ် – DVB

စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထွက်စာတင် – PS

စစ်မှုထမ်းရန်စာရင်းပါသည့် လူငယ်များကို လုပ်ငန်းခွင်အထိ လိုက်ခေါ်ခိုင်းနေ – MPA

ခြံအမှတ် ၅၄ ကို နောက်တကြိမ် လေလံတင်မတင် စစ်ကောင်စီ တရားရုံးဆုံးဖြတ်ချက်ပေါ် မူတည် – DVB

ဒလမှာ အိမ်ခြံမြေဈေးတွေ သိန်းသောင်းနဲ့ချီပြီး ဈေးကောင်းနေ – TNV

ရန်ကုန်လေဆိပ်ရောက် ပြည်ပထွက်သူများနှင့်မိသားစုဝင်များ – MN
*📰 စစ်ရေးထူးခြားသတင်းများ*

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်များကို AA က တိုက်ခိုက်နေပြီး စစ်တပ်က Mi35နှင့်တိုက်လေယာဉ်များအသုံးပြု ဗုံးကျဲနေ – KT

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က စစ်ကောင်စီစခန်းကို AA သိမ်းယူ – RFA

ဘူးသီးတောင်နှင့်မောင်တောမြို့နယ်ရှိ စစ်တပ်စခန်းများကို AA က ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေပြီး ထွက်ပြေးသွားသည့် စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံး – KT

မချမ်းဘောမြို့နယ်ရှိ ခမရ ၄၂၆ တပ်က အထိုင်ချထားသော အလန်ဂါတပ်စခန်းကို စစ်သားများအားလုံး စွန့်ခွာ ထွက်ပြေး – KT

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ – KT

စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ပိုမိုကြိုးပမ်းလာ၍ သတိပြုရန် ရက္ခိုင်ပြည်သူများအား AA သတိပေး – PS

မဲပေါက်ထားသူတွေကို မတ် ၂၈ ရက်မှာ စတင်ဆေးစစ်ပြီး၊ ဆေးအောင်တဲ့သူတွေကို စစ်သင်တန်းကျောင်း တန်းပို့ဖို့ စစ်ကောင်စီက ညွှန်ကြားထား – BVJ

စစ်ခေါင်းဆောင်က ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ပထမဆုံး အကြိမ်အဖြစ် ညနေပိုင်းတွင် ပြုလုပ်မည် – AT

*📰 နိုင်ငံရေးထူးခြားသတင်းများ*

စစ်ခေါင်းဆောင်က မဲစာရင်းမှန်ကန်အောင် ပြုလုပ်၍ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဟုဆို – AT

မွန်ပြည်သစ်ပါတီ ဘာကြောင့် ၂ ဖွဲ့ကွဲသွားသလဲ – TI

*📰 နိုင်ငံခြားရေးထူးခြားသတင်းများ*

စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများကိုထိုင်းက ကြက်ခြေနီအဖွဲ့ ချင်းစတင်လွှဲ​ပြောင်း​ပေးအပ် – PS

တရုတ်နိုင်ငံက မြန်မာအလုပ်သမားနှစ်ရာကျော် အလုပ်ထုတ်ပြီး ပြန်ပို့ခံရ – RFA

မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ – DVB

စစ်ခေါင်းဆောင်ကို အင်အားသန်မာသူဟု ရုရှားမီဒီယာ ချီးကျူး – TI

ထိုင်းတောင်ပိုင်းတွင် တချိန်တည်း အကြမ်းဖက် ဖောက်ခွဲမှု ၄၅ ကြိမ်ဖြစ်ပွား၊ မြန်မာအလုပ်သမား ၁ ဦး သေဆုံး – DVB

*📰 စီးပွားရေးထူးခြားသတင်းများ*

ရခိုင်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စတင် ဖိတ်ခေါ် – KT

*📰 *အခြားထူးခြားသတင်းများ

တပ်ထောက်ခံသူ အင်အားလျှော့သွားမည်စိုးရိမ်ပြီး စစ်တပ်က တပ်လော်ဘီကျော်စိုးဦးကို ပြန်လွှတ် – DVB

NLD အစိုးရလက်ထက် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် စီးပွားရေးကျဆင်းခဲ့ရပြီး ၎င်း၏ စွမ်းဆောင်မှုကြောင့် မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာပြီဟု မင်းအောင်လှိုင် ပြောဆို – KT

#rangoonscoutnetwork

1 month, 2 weeks ago

⚫️ လှိုင်သာယာမြို့နယ်

မတ်လ ၂၅ ရက်နေ့ ၊ ည ၉ နာရီ ၅၈ မိနစ်အချိန်ခန့်တွင် လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ (၇) ရပ်ကွက် စိန်ပန်းမြိုင်လမ်းထဲရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးချမ်းသာ၏ နေအိမ်အနီး၌ Urban Justice အဖွဲ့မှ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ – HTY Scout Channel

26 Mar 2024
#rangoonscoutnetwork

1 month, 2 weeks ago

🟠 မြောက်ဥက္ကလာမြို့နယ်

ယနေ့ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ဆ ရပ်ကွက်၊ ခေမာသီလမ်း၌ ဧည့်စစ်ဝင်သွားခဲ့ကြောင်း သတင်းရရှိသည်။

25 Mar 2024
#rangoonscoutnetwork

1 month, 3 weeks ago

*🌐* Daily Highlights (18 Mar 2024)

📰 ရန်ကုန်ထူးခြားသတင်းများ**
မင်္ဂလာဒုံ၌ စစ်တပ်မိသားစုများ စစ်မှုထမ်းရန် စာရင်းမပေးဘဲ ကင်းလွတ်ခွင့်ရနေ – DVB

စစ်မှုထမ်း ဆင့်ခေါ်စာများ ရောက်ရှိလာပြီးနောက် မြန်မာနိုင်ငံမှ လူငယ်များ ပုံစံမျိုးစုံဖြင့် ပြည်ပနိုင်ငံများသို ထွက်ခွာနေ၊ ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွာသူများ၊ လိုက်ပိုသူများဖြင့် ကြိတ်ကြိတ်တိုးနေရ – KT

အင်းစိန်အကျဥ်းထောင်တွင် သင်္ကြန်အတွက် အဓမ္မငွေကောက်ခံသည့်အပြင် နိုင်ကျဉ်းအချို့ ရိုက်နှက် တိုက်ပိတ်ခံနေရ – MPA

ခြံအမှတ် ၅၄ လေလံအမိန့်ကို ပြင်ဆင်ချက်တင်၊ ရောင်းချဝယ်ယူသူကို အရေးယူမည် – DVB

ရန်ကုန်လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်သည့် အနီရောင်အဆင့်ရောက်နေ – DVB
*📰 စစ်ရေးထူးခြားသတင်းများ*

မိုးမောက်အရှေ့ခြမ်း စစ်တပ်စခန်းများ KIA သိမ်း – TI

အဓမ္မစစ်သင်တန်းပေးခံရသည့် မွတ်စလင်များ ရှေ့တန်းပို့ခံရဟု AA ထုတ်ပြန် – MN

*📰 နိုင်ငံရေးထူးခြားသတင်းများ*

NCA လက်နက်ကိုင်အဖွဲ့များ 7 EAO Alliance ဆိုကာ အသစ်ပြန် ဖွဲ့စည် – TI

7 EAO Alliance တွင် PNLO ပါဝင်ခြင်း မရှိဟုဆို – TI

နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ၌ စစ်တပ်၏လုပ်ရပ်များကို ထိမ်ချန်ထား – DVB

*📰 နိုင်ငံခြားရေးထူးခြားသတင်းများ*

မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး ထိုင်းအောက်လွှတ်တော် တင်သွင်း – TI

*📰 စီးပွားရေးထူးခြားသတင်းများ*

ရွှေကို သတ်မှတ်ဈေးဖြင့် မရောင်းပါက ဆိုင်ပိတ်ခံရမည် – TI

အခေါက်ရွှေစျေး စံချိန်တင် မြင့်တက်လာ – RFA

မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်း တာချီလိတ်တွင် MACCS စနစ်ဖြင့် ကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မည် – AT

ကချင်ဝန်ကြီးချုပ်ရဲ့ခမည်းခမက်ကုမ္ပဏီ မြစ်ဆုံမှာ တရားမဝင်ရွှေတူးဖော်နေ – RFA

#rangoonscoutnetwork

1 month, 3 weeks ago

🔴 ဒေါပုံမြို့နယ်

ယနေ့ည ၁၁ နာရီဝန်းကျင်ခန့်တွင် ဒေါပုံမြို့နယ်၊ သီတာနွယ်လမ်း၊ ကမ်းနားဖက်လမ်းအစွန်ဖက်၌ အကြမ်းဖက်တပ်သားများ ဧည့်စစ်ဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ဧည့်စစ်ဝင်စဉ် လူငယ် ညီအစ်ကို ၂ ဦးကို စစ်မှုထမ်းစာရင်းပါသည်ဟုဆို၍ သာကေတ ရဲစခန်း ၁ သို့ ခေါ်သွားပြီး မိဘများကို မနက်ဖြန်ရုံးသို့ လာတွေ့ရန် ပြောသွားကြောင်း သတင်းရရှိသည်။ အခြားစာရင်းပါသည့်လူငယ်များကိုလည်း ဓာတ်ပုံရိုက်ယူသွားကြောင်း သိရှိရသည်။

နွယ်အေးဗလီသို့လည်း အကြမ်းဖက်တပ်သားများ ဝင်သွားခဲ့သေးပြီး ဗလီသို့ လာရောက်ဝတ်ပြုသူများကို စာရင်းလုပ်ထားဖို့ ကြိမ်းမောင်းပြောဆိုသွားကြောင်း သိရှိရသည်။

18 Mar 2024
#rangoonscoutnetwork

1 month, 3 weeks ago

🟠 ဒေါပုံမြို့နယ်

ယ​နေ့ည ၁၀ နာရီ ၄၆ မိနစ်ခန့်တွင် ​ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ နွယ်နီ ၄ လမ်း၌ ဧည့်စစ်ဝင်နေ​ကြောင်း သတင်းရရှိသည်။

18 Mar 2024
#rangoonscoutnetwork

1 month, 4 weeks ago

🟠 ရွှေပြည်သာမြို့နယ်

ယနေ့ သန်းခေါင်ယံ ၁၂ နာရီ ၃ မိနစ်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ဘိုရွှေကုန်းလမ်း၌ အိမ်စီးကားများဖြင့် အကြမ်းဖက်တပ်သားများ အင်အားအများအပြားဖြင့် ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

13 Mar 2024
#rangoonscoutnetwork

1 month, 4 weeks ago

🟡 ရွှေပြည်သာမြို့နယ်

ယနေ့ည ၁၀ နာရီ ၅၆ မိနစ်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ၂၄ ရပ်ကွက်နှင့် ၂၅ ရပ်ကွက်တို့၌ ရပ်ကျေးအဖွဲ့များ ရပ်ကွက်အတွင်းရောက်ရှိနေပြီး ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သတင်းရရှိသည်။

12 Mar 2024
#rangoonscoutnetwork

1 month, 4 weeks ago

🟠 ဒဂုံဆိပ်ကမ်းမြို့နယ်

ယနေ့ည ၁၀နာရီ ၃၅ မိနစ်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ အောက်ချိုင့်ဘက်၌ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

12 Mar 2024
#rangoonscoutnetwork

2 months ago

ရန်ကုန်တိုင်း

မတ်လ ၇ ရက်နေ့က ရန်ကုန်တိုင်း မြို့နယ်အချို့တွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား ယောက်ျားလေး ဦးရေစာရင်းအား စစ်ကောင်စီ ရပ်ကျေးအဖွဲ့ဝင်များမှ လိုက်လံ ကောက်ယူနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကွမ်းခြံကုန်း၊ ကော့မူး၊ လှည်းကူး၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ကောက်ယူနေခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တချို့နေရာများတွင် ဖုန်းနံပါတ်ကအစ တောင်းယူသွားကြောင်း သိရှိရသည်။ အခြားမြို့နယ်များတွင်လည်း ယခုရက်ပိုင်းအတွင်း စတင်ကောက်ယူလိမ့်မည်ဟု ယူဆရသည်။

08 Mar 2024
#rangoonscoutnetwork

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago