RSN WEB

Description
ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပက်သတ်သည့် ထူးခြားဖြစ်စဉ်များကို အဓိကထား တင်ပြပေးပါသည်။

သတင်းပေးပို့ရန် - 📬 @Inform_RSN
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

3 weeks, 5 days ago

🟠 သင်္ဃန်းကျွန်း ဦးစံဖေဘက် ခြေရှုပ် ယနေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်ရှိ အုပ်ချုပ်ရေးမှုးရုံး၌ စစ် DC ၁ စီး၊ ရဲထောင်ကား ၁ စီး ရောက်ရှိနေပီး ရုံးထဲတွင် အကြမ်းဖက် စစ်သား ရဲသား အင်အား ၂၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။ ရပ်ကွက်ထဲ…

3 weeks, 5 days ago

*🔴 သန်လျင် အောင်ချမ်းသာဘက် ဝင်စစ်*

ယနေ့ည ၁၀ နာရီခွဲခန့်တွင် သန်လျင်မြို့နယ်၊ အောင်ချမ်းသာ ပိတုံးစမ်းထဲ၌ အကြမ်းဖက်တပ်သားများ၊ ရပ်ကျေးများ ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – Thanlyin Media

19 Dec 2024
#RangoonScoutNetwork

3 weeks, 5 days ago

*🔴 စမ်းချောင်း မုန့်လက်ဆောင်းကုန်းမြောက်ဘက် ဝင်စစ်*

ယနေ့ည ၁၀ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းမြောက်ရပ်ကွက်၊ ရတနာသိင်္ခလမ်း၊ တိုက်အမှတ် ၄၄ ဝန်းကျင်တွင် အကြမ်းဖက် စစ်သား၊ ရဲသား၊ ထွေအုပ်၊ လဝက၊ အုပ်ကြီး စုစုပေါင်း အင်အား ၁၅ ယောက်ခန့်တို့ဖြင့် ဧည့်စစ်ဝင်နေကြောင်း သိရှိရသည်။ – Sanchaung Scout Channel

19 Dec 2024
#RangoonScoutNetwork

3 months, 3 weeks ago

? လှိုင်သာယာမြို့နယ်

ယနေ့ည ၁၀ နာရီဝန်းကျင်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁၆ ရပ်ကွက်၊ အပိုင် ၂ အတွင်း၌ အကြမ်းဖက် တပ်သားများ ဧည့်စစ်ဝင်နေပြီး၊ အဆောင်နေသူများကို အပြင်ထွက်ခိုင်းပြီး စစ်ဆေးနေကြောင်း သိရှိရသည်။

Updated News : အပိုင် ၆ ဦးပုညလမ်းနှင့် အပိုင် ၃ အတွင်း၌ပါ အဆောင်များကို အဓိကထား၍ စစ်ဆေးနေကြောင်း ထပိမံ၍ သိရှိရသည်။ – HTY Scout Channel

23 Sep 2024
#rangoonscoutnetwork

3 months, 3 weeks ago

? လှိုင်သာယာမြို့နယ်

ယနေ့ည ၉:၅၀ ခန့်တွင် လှိုင်သာယာမြို့နယ်၊ ၁၆ ရပ်ကွက်အတွင်း၌ အကြမ်းဖက် စစ်ကားများနှင့် အိမ်စီးကားများ အများအပြား ရောက်ရှိနေသဖြင့် ရပ်ကွက်အတွင်း၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – HTY Scout Channel

23 Sep 2024
#rangoonscoutnetwork

6 months, 2 weeks ago

DAILY HIGHLIGHTS (03 Jul 2024)•••••••••••••••®••••••••••••••• *? စစ်ရေးထူးခြားသတင်းများ*

လားရှိုးမြို့အနီးရှိ စခန်း ၄ ခုကို မြောက်ပိုင်းတပ်များ တစ်ပြိုင်နက်ဝင်တိုက် – MN

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNAL က ထိုးစစ်ဆင် တိုက်ခိုက်နေ – KT

လားရှိုးထိုးစစ် ကိုးကန့်တပ်ဖွဲ့နှင့်အတူ ရှမ်းတပ် SSPP လည်း ပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ဟု သတင်းရင်းမြစ်အချို့ပြော – PS

လားရှိုးမြို့နားထိ တိုက်ပွဲတွေကပ်လာပြီး ကိုးကန့် MNDAA တပ်က နမ့်ပေါင်တံတားကိုထိန်းချုပ်ထား – MKN

မတ္တရာ၊ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်ရင်းကို PDF က တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ် တပ်မှူးများနှင့် လက်နက်ချ အညံ့ခံသော အရာရှိနှင့်စစ်သည်များကို စစ်ကောင်စီက အရေးယူမည် – KT

*? စီးပွားရေးထူးခြားသတင်းများ*

အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၀၀ ကျပ်ကျော်သို့ စျေးမြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းကျော် စျေးပေါက်နေ – KT

ပြည်သူလူထု စားသုံးမှုကို ဝန်ပိစေသော ကုန်သွယ်လုပ်ငန်းခွန် စစ်ကောင်စီက စံချိန်တင်တိုးမြှင့် ကောက်ခံ – MPA

*? အခြားထူးခြားသတင်းများ*

စစ်ခေါင်းဆောင်ဇနီးကို ဂါရဝပြုခဲ့တဲ့ အဖြူရောင်အနုပညာရှင်များ – PS

#rangoonscoutnetwork

6 months, 2 weeks ago

? တောင်ဥက္ကလာပမြို့နယ်

ယနေ့ည ၁၀နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ၁၅ရပ်ကွက်၊ မြင်သာ၁လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဧည့်စစ်ဝင်နေခဲ့ကြောင်း သတင်းရရှိသည်။

03 Jul 2024
#rangoonscoutnetwork

6 months, 2 weeks ago

DAILY HIGHLIGHTS (02 Jul 2024)•••••••••••••••®••••••••••••••• *? စစ်ရေးထူးခြားသတင်းများ*

သံတွဲမြို့ရှိ ကျန်ရှိနေသော စစ်စခန်း အားလုံးကို AA က အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နေပြီး ULA/AA အမည်ကို အသုံးချ၍ လုပ်ငန်းရှင်များထံမှ ငွေကြေး လိမ်လည်နေသူများ ချက်ချင်းရပ်တန့်ရန် AA သတိပေး – KT

မြောက်ဦးတိုက်ပွဲတွင် သေဆုံးခဲ့သည်ဟု သတင်းထွက်ခဲ့သည့် တပ်မ ၁၁ တပ်မ မှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း သေဆုံးခြင်းမရှိဘဲ တရုတ်-မြန်မာ နယ်စပ်တွင် ထွက်ပြေးနိုင်ခဲ့၊ တပ်ကိုလည်းမပြန်ဘဲ တိမ်းရှောင် – KT

မတူပီမြို့သိမ်းတိုက်ပွဲ၌ ဟောင်ဝစ်ဇာအမြောက်အပါအ၀င် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ – DVB

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ဆင်း တပ်သားသစ်များကို စစ်ကောင်စီက ခွင့်လုံး၀ မပေး – KT

ရှမ်းမြောက်တိုက်ပွဲများတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များအနေဖြင့် လက်နက်ချ အညံ့ခံမှုများမဖြစ်စေရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် စစ်ကောင်စီက ညွှန်ကြား – KT

ဖမ်းဆီးခံထားရသော အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နေရာတွင် မင်းအောင်လှိုင်၏ လက်ရုံး တြိဂံတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းကို အစားထိုး – KT

မတ္တရာမှာ တပ်စခန်းရှစ်ခုကို သိမ်းပိုက်ရရှိကြောင်း မန္တလေး PDF ပြော – RFA

*? နိုင်ငံရေးထူးခြားသတင်းများ*

ရခိုင်အမျိုးသားပါတီ မှတ်ပုံတင်လျှောက်ထားမှု စစ်ကောင်စီ ပယ်ချ – DVB

*? နိုင်ငံခြားရေးထူးခြားသတင်းများ*

မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံနေတယ်လို့ အာဆီယံဉက္ကဌ လာအိုနိုင်ငံ ပြော – AT

ထိုင်းနိုင်ငံက စီအိုင်စင်တာအားလုံး ပိတ်သိမ်းတော့မည် – DVB

*? စီးပွားရေးထူးခြားသတင်းများ*

ပုဂ္ဂလိကဘဏ်နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတချို့ အရေးယူခံရ – RFA

*? ကျားဖြန့်*

တာချီလိတ်အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၃ဝဝ နီးပါးကို ဖမ်းဆီး – RFA

*? အခြားထူးခြားသတင်းများ*

"ပ သုံးလုံးတွေက ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ ဖိနှိပ်နေတာတွေ ၊ ကိုယ်ထိ လက် ရောက်ကျူးလွန်နေတာတွေရှိနေသလိုမျိုး ပြည်သူလူထုကလည်း ဒီပသုံးလုံးရဲ့ ဖိနှိပ်ရေး ယန္တရားရဲ့ ဒဏ်တွေကို ခံစားနေရပါတယ်" – KT

မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေက စိုးရိမ်ရေအမှတ်အထက် ၆ ပေခွဲ ကျော်အထိ ယခု ရောက်ရှိနေပြီး မြစ်ရေမှာ ၈ ပေကျော်အထိ စံချိန်တင်ရေကြီးနိုင်ဟု သတိပေး – KT

မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေ တအိအိ ပြန်လည် ကျဆင်းလာ – KT

#rangoonscoutnetwork

6 months, 3 weeks ago

DAILY HIGHLIGHTS (26 Jun 2024)•••••••••••••••®••••••••••••••• *? စစ်ရေးထူးခြားသတင်းများ*

နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ် ထိန်းချုပ် – MZM

ကျောက်မဲမြို့မရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူး အရှင်ဖမ်းမိ၊ အမှတ် ၃၅၂ အမြောက် တပ်နှင့် စခန်းသာကုန်းတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား – KT

မိုးကုတ်မြို့ အနောက်ပိုင်းရဲစခန်းကို တော်လှန်ရေးတပ်များ ၀ိုင်းဝန်းတိုက်ခိုက်နေပြီး ရဲစခန်းအနီးသို့ TNLA ရဲဘော်များ ဝင်ရောက်လာ၊ မိုးကုတ်မြို့ထဲအထိ တိုက်ပွဲများ ကျယ်ပြန့်လာ – KT

ကျောက်မဲမြို့ အခြေစိုက် စကခ ၁ လက်အောက်ခံ စစ်ကောင်စီ တပ်သား ၁၇ ဦး လက်နက်ချ အညံ့ခံ – KT

နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ မြို့နယ်တို့တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်စခန်း ၂၄ ခုကို TNLA က သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး၊ စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ – KT

မတူပီမြို့ ခလရ ၁၄၀ ဗျူဟာကုန်းကို သိမ်းယူဖို့ ချင်းညီနောင်အဖွဲ့ ထိုးစစ်ဆင်နေ – RFA

တရုတ်နိုင်ငံထုတ် စစ်သုံး Sinotruk စစ်သုံးမော်တော်ယာဥ်များကို မြန်မာစစ်လက်နက်ပွဲစား MCM ၏ ကြားခံကုမွဏီသစ်တစ်ခုမှတဆင့် တင်သွင်းမှုများရှိနေ – KT

မတ္တရာ၊ အင်ကြင်းမြိုင်ကျေးရွာရှိ လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀ ကျော် အဆက်အသွယ်ပြတ်တောက်နေ – KT

UWSA "ဝ"တပ်ဖွဲ့ နဲ့ SSPP ရှမ်းတပ်ဖွဲ့ကို ကျပ်သိန်း ၆ ထောင်နဲ့လာဘ်ထိုးပြီး တော်လှန်ရေးအဖွဲ့တွေကို မကူညီဖို့ စစ်ကောင်စီနဲ့ PNA တောင်းဆို – MKN

*? နိုင်ငံခြားရေးထူးခြားသတင်းများ*

ထိုင်းနိုင်ငံမှ စစ်ကောင်စီသို တင်ပိုသည့် လက်နက်နှင့်ဆက်စပ်ပစ္စည်းတန်ဖိုး နှစ်ဆတိုးကာ ကန်ဒေါ်လာသန်း ၁၂၀ရှိလာ – MPA

ပြည်ပကနေ လက်နက်တွေ မြန်မာစစ်တပ် ရရှိနေဆဲဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်ပြော – RFA

စစ်ကောင်စီလက်နက်ရရှိဖို ပြည်ပဘဏ်တွေဆောင်ရွက်ပေးနေ – RFA

ကလေးစစ်သား တစ်ထောင်ကျော် စုဆောင်းခဲ့ကြောင်း ကုလပြောဆိုချက်ကို စစ်ကောင်စီ ငြင်းဆို – RFA

*? စီးပွားရေးထူးခြားသတင်းများ*

စစ်ကောင်စီက သိန်း ၂၀၀ အထက် ငွေသားထုတ်ယူခွင့် ကန့်သတ်လိုက်ပြီး ပြည်သူများကို ဒီဂျစ်တယ်ငွေကြေးစနစ် အတင်းအကျပ် အသုံးပြုခိုင်းနေ – KT

မန္တလေးတွင် စသုံးလုံးက စစ်ဆေးလျက်ရှိသော ရွှေကုန်သည်တချို့ကို အမှုဖွင့်တရားစွဲ၊ အခေါက်ရွှေတစ်ကျပ်သား ၅၄ သိန်းကျပ်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၅၀ စျေးပေါက်နေ – KT

မြန်မာဘက်ပို့မည့်ကုန်ကား ၁၀၀ ကျော် အိန္ဒိယ-မြန်မာနယ်စပ်၌ပိတ်မိ – MZM

စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီရှစ်ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း – RFA

*? အခြားထူးခြားသတင်းများ*

ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ယာယီရပ်နားထားကြောင်း NUG ထုတ်ပြန် – RFA

ပစ်သတ်ခဲ့သူများကိုအရေးမယူဘဲ ကံသုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းကိုအပြစ်ဖို့ရန်စီစဉ်နေ – MZM

ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်သူများ အပြစ်မရှိဟု စစ်တပ်ထောက်ခံသူတို့ ဝါဒဖြန့် – MN

#rangoonscoutnetwork

6 months, 3 weeks ago

⚫️ ပုဇွန်တောင်မြို့နယ်

ယနေ့ည ၁၀နာရီ၅၀မိနစ်ခန့်တွင် အနော်ရထာလမ်းပေါ်၊ ၅၁လမ်းထိပ်အနီး၌ စစ်သား ၂ဦးပါ စစ် DC ၁စီးမှ ကင်းပတ်ရင်း အရပ်ဝတ်ပြည်သူလူငယ် ၂ဦးအား ကားပေါ်ခေါ်တင်သွားကြောင်းသိရှိရသည်။ – PAZUNDAUNG Tsp [Scout & News]

26 Jun 2024
#rangoonscoutnetwork

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago