ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 1 day, 19 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 1 week ago
(အမ်းမြို့)**
ယမန်နေ့က တပ်မတော်စစ်ကြောင်းမှ ပြန်လည်ထိန်းချုပ်ထားသည့် ရွှေအမ်းရိပ်သာအား AA သောင်းကျန်းသူများမှ နံနက် ၉ နာရီခွဲအချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ၂ နာရီခွဲခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ ၎င်းနောက် နေ့လည် ၁ နာရီခန့်မှစ၍ အဆိုပါနေရာအား သောင်းကျန်းသူများမှ ထပ်မံတိုက်ခိုက်ခဲ့သဖြင့် တပ်စစ်ကြောင်းများမှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက် ချေမှုန်းခဲ့ရာ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ရှိနေကြောင်းနှင့် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။
(တောင်ကုတ်)
ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်နေရာများအား AA သောင်းကျန်းသူများမှ နေ့လည် ၃ နာရီခွဲခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ညနေ ၆ နာရီအချိန်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။
(မောင်တော)
AA အကြမ်းဖက် သောင်းကျန်းသူများမှ ယမန်နေ့ည ၉ နာရီခွဲခန့်က နခခ ၅ ဘန်ကာ ၁/၁၁/၁၂ တို့မှနေ၍ လက်ကျန်အင်အားအလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နံနက်အစောပိုင်းတွင် သောင်းကျန်းသူများ ဗဟိုကင်းနေရာအထိ ဝင်ရောက်နေရာယူခဲ့ကြောင်း၊ ထိုနောက် လေကြောင်းပစ်ကူများရယူ၍ တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ပြန်လည်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် နခခ ၅ ဗဟိုကင်းအား ပြန်လည်နေရာယူ ထိန်းချုပ်နိုင်ခဲ့ပြီး သောင်းကျန်းသူများ ဘန်ကာ ၁၁/၁၂ ခြံစည်းရိုးရှိရာဘက်သို့ အလောင်း/လက်နက်များထားကာ ကစဉ်ကလျား ပြန်လည်ထွက်ပြေးသွားကြောင်းနှင့် လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများ ကြိုကြားကြိုကြားရှိနေပြီး သောင်းကျန်းသူရှိရာနေရာများအား လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူများဖြင့် အပြင်းအထန်တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။
(ကျောက်တော်)
ယနေ့နေ့လည် ၁၁ နာရီခန့်က ကျောက်တော်မြို့မှတဆင့် အခြားနေရာသို့ ဆိုင်ကယ်အစီး ၅၀၀ ကျော်၊ တစ်ပါကား(မြေသယ်ယာဉ်) ၁၀ စီးခန့်ဖြင့် စစ်ကူရန်သွားသည့် AA သောင်းကျန်းသူ ၃၀၀ ခန့်ပါ ယာဉ်တန်းအား အပေါက်ဝရွာနှင့် ကံစောက်ရွာကြားရောက်ရှိစဉ် လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် AA သောင်းကျန်းသူ ၈၀ ကျော်ခန့် သေဆုံးပြီး ၁၀၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း၊ ကားအချို့ မီးလောင်ပြာကျသွားပြီး အကောင်းတိုင်းကျန်သူများ အဆိုပါနေရာမှ ထွက်ပြေးသွားကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် မောင်တောဒေသရှိ အမှတ်(၅)နယ်ခြားစောင်ရဲတပ်ဖွဲ့အား တိုက်ခိုက်နေသည်မှာ (၁၆-၃-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း (၂၃၅) ရက် ၊ အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၁)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၃၆)ရက် ရှိလာပြီဖြစ်သည်။
#MinChitOo
https://t.me/minchitoo989989/42594
အေပိုင်ပေါက်ကရတိရွီးလာစော် AAကကောင်တိ မကန်သီရာဟိဖို့
မောင်တောက တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ Fighting ပါ
-
ခင်ဗျားတို့နောက်မှာ ပြည်သူတွေရှိတယ် .. လိုအပ်တာတွေလည်း အကုန်လုံး လုပ်ပေးနေပါတယ် .. စွန်ရဲတွေလည်း ဝဲပျံပေးနေပါတယ်
-
Fighting 💪*💪*💪**
အကြမ်းဖက် ရခီးလော်ဘီ Development Media Group မှ မောင်တော နခခ ၅ နဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ သတင်း အောက်က Comment လေး တစ်ခု။
☝️
မြို့သိမ်းဆို ဖျင်ယားကြတယ်၊ လေယာဥ် လာကြဲတော့ သူတို့ကို တရား၀င် ပေးထားသလို၊ စစ်ကို ခေါ်ထားမှတော့ စစ်ရဲ့ အကျိုးဆက် ခံကြပေအုံးပေါ့၊
ပြည်သူတွေကို တသက်လုံး ဗုံးခိုကျင်းနဲ့ နေသွားစေချင်တာ ထွန်းမြတ်နိုင်ရဲ့ စေတနာတွေလေ။
#SittNwayOo
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများမှ ရေးသားဖော်ပြထားသည့် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအနီး ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက် နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်
ယခုတစ်ခါ အလှည့်ကျ ရှင်းလင်းခံရမဲ့ အဖွဲ့ကတော့ AA ပါတဲ့ခင်ဗျာ
မကြာခင်ထွန်းမြတ်နိုင်ကို တရုတ်ကအခမဲ့ဆေးကုသဖို့ တရုတ်ကိုကြွပါဆိုပြီးဖိတ်ပါတော့မယ်
(အမ်းမြို့)
နံနက်ပိုင်း ၆ နာရီခွဲအချိန်ခန့်က အောက်ရွာတံတားအနီးရှိ လုံခြုံရေးအဖွဲ့အား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်ဘက်မှ လက်နက်ကြီးပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် (၁)နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကာ သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ၎င်းအပြင် ညပိုင်း ၇ နာရီအချိန်ခန့်က ထပ်မံတိုက်ခိုက်ခဲ့သောကြောင့် (၂)နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက်ပိုင်း ၁၁ နာရီခွဲအချိန်ခန့်က ဆောက်လုပ်ရေးတပ်ခွဲနေရာဝန်းကျင်အနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ (၁)နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ညနေပိုင်း ၃ နာရီခွဲအချိန်ခန့်က တပ်ထိန်းတပ်ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ မိနစ်(၃၀)ခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် ၃၇၂ တပ်အတွင်းဝင်ရောက်လာသည့် သောင်းကျန်းသူများအား တပ်စစ်ကြောင်းများမှ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရာ ညနေ ၃ နာရီခွဲတွင် (၁)ကြိမ်၊ (၆)နာရီခွဲတွင်တစ်ကြိမ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဝင်ရောက်လာသည့် သောင်းကျန်းသူများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ Drone များ/လက်နက်ကြီးများဖြင့် ချေမှုန်းခဲ့ကြောင်း သိရှိရသည်။
(တောင်ကုတ်)
နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က တောင်ကုတ်မြို့တောင်ဘက်ရှိ ဖုန်ညိုရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၄)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း၊ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က စကခ ၅ ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် (၂)နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် တောင်ကုတ်တက္ကသိုလ်အား ဖျက်ဆီးခဲ့သည့် AA သောင်းကျန်းသူများအနေဖြင့် နေ့လည်ပိုင်း ၁၁ နာရီခွဲအချိန်ခန့်က တောင်ကုတ်မြို့တောင်ဘက် အထက(၂) စာသင်ကျောင်းအား လာရောက်တိုက်ခိုက်ခဲ့သောကြောင့် မိနစ် (၃၀)ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
(မောင်တော)
နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က နခခ(၅)ရှိ ဘန်ကာ(၂)ခုနှင့် လူ/ကယ်/ပြန် ရုံးတို့အား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့ရာ ညနေ (၄)နာရီအချိန်ခန့်တွင် နှစ်ဖက်တိုက်ပွဲရပ်သွားကြောင်း သိရှိရသည်။
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 1 day, 19 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 1 week ago