Why Pay for Entertainment? Access Thousands of Free Downloads Now!

ပြည် သတင်းမှန်

Description
သတင်းမှန်များကိုသာဖော်ပြသွားမည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

1 month, 1 week ago

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဧပြီ ၂

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Smile Smile” Facebook အကောင့်နှင့် “ရတနာလေး ရတနာလေး” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ရတနာမွှေးအား နံနက် ၈ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ “Aung Zin Htun” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ကံသာကျေးရွာနေ အောင်စိန်ထွန်းအား ညနေ ၅ နာရီ ၄၀ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

https://t.me/pyaytruenews

#PyayTrueNews

Telegram

ပြည် သတင်းမှန်

သတင်းမှန်များကိုသာဖော်ပြသွားမည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
1 month, 1 week ago
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် …

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဧပြီ ၂

1 month, 1 week ago

April 2

စစ်မှု့ထမ်းတယ်ဆိုတာ
အပေါင်းအသင်းသစ်တွေရပြီး
ပျော်ဖို့တောင်ကောင်းသေးတယ်

https://t.me/pyaytruenews

#PyayTrueNews

1 month, 2 weeks ago

"မင်းတို့ဆရာကို ပြောလိုက်။
သူ့အကြောင်း ငါတို့စုံစမ်းတာ
ရောက်ကတည်းက စခန်းပေါ်ကလည်း မဆင်း၊
မြို့ထဲလည်း မသွား၊ KTV လည်း မလာ။
စခန်းပဲ ထိုင်ပြင်နေပြီး အထက်က ဆုတ်မိန့်ပေးလျှင်တောင်
တခြားသူတွေကို ဆုတ်ခိုင်းပြီး
တစ်ယောက်တည်း နေခဲ့ပြီး ခံချမယ်လို့ ပြောနေတာတွေ
သတင်းရတယ်။
လွယ်လွယ်နဲ့ တိုက်လို့ရမည့်ပုံ မဟုတ်လို့
အခု မတိုက်သေးဘူး၊
သေချာပြင်ဆင်ပြီးလျှင် လာတိုက်မယ်လို့ ပြောလိုက်။"

ဒီမနက်က တပည့်တစ်ယောက်ဆီကို TNLA ရင်းမှူးဆိုသူက ဖုန်းဆက်လာပြန်၏။
ဒီဇင်ဘာလထဲတုန်းက "စခန်းအပ်ဖို့" ဖုန်းဆက်လာသူပေါ့။

အဲဒီတုန်းကလည်း
စခန်းလိုချင်လျှင် လာတိုက်။ အလကားတော့ မရဘူးဟု
အကြောင်းပြန်လိုက်ဖူးသောသူ။

မအိမ်လုံးတွေ အရှိန်နဲ့တင် လန့်နေကြတာ။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်မှာ
ယခင် ရှိပြီး စစ်စခန်းများမှ တစ်ခုတည်း ထီးထီးကျန်နေဆဲ
စစ်စခန်း။
နိုင်ငံတော် အလံ ငွားငွားစွင့်စွင့် လွင့်လွင့်ထူထားဆဲ စခန်း။

ကျွန်တော့်စခန်းနဲ့ တစ်မိုင်အကွာလောက်မှာ
TNLA,MNDAA သူပုန် ရှေ့ဖျားတပ် နှစ်ဖွဲ့ရှိတယ်။
သူပုန် ပင်မတပ်က ၄ မိုင်အကွာလောက်မှာ။

အပြန်အလှန် အကဲခတ်နေတဲ့ အဆင့်ပေါ့။
စစ်သုံးဝေါဟာရနဲ့ဆိုလျှင် အကဲကြည့် အဆင့်။
မကြာမီ အကဲစမ်းလာတော့မည်ထင်ပ။

စစ်သည်တွေကိုလည်း မှာထားတယ်။

ရဲရေးရောက်သော်
ရွံ့ကြောက်မဲ့တွန် နိုင်ငံဝန်၌
ဂုမ္ဘာန်ယက္ခ နာဂခြင်္သေ့ ရင်ဆိုင်တွေ့လည်း
ခွာ၍မတွန့် အသက်စွန့်လော့။

သူရဲဟူသည် အသက်ကို ချစ်မြတ်နိုးဖွယ် မဟိ။
အသက်ကို ချစ်မြတ်နိုးသော် သူရဲဟု ဆိုဖွယ်မဟိ။

အားလုံးကလည်း ချမည်ချည်းပဲဆိုတော့
ဇ ရှိလို့ အသည်းကောင်းလျှင် ပွဲလာတောင်းကြ။
ခေတ်အဆက်ဆက်
တစ်နိုင်ငံလုံးကို သိမ်းပိုက်လာခဲ့တဲ့ အညာသား ဇ-ကို
ပြရမည်ပ။

ရှမ်းမော ၉ ပြည်ထောင်ကို အနိုင်ယူသိမ်းပိုက်ခဲ့သည့်
ဇာတိတူဖွား ကိုးခရိုင်သား
အဘိုး အနော်ရထာ ကူ၍သာတိုက်
အမိုက်ကောင်တွေကို အမှိုက်သာပဲ သဘောထား၍
အောင်ပွဲယူမည်။

Crd- ‌မြေပြင်သူရဲကောင်း ဘမောင်

1 month, 2 weeks ago
ပြည် သတင်းမှန်
1 month, 2 weeks ago

ပြည်မြို့၊ဆင်စုရပ်ကွက် နဝဒေးလမ်းဆုံတွင်
ယာဥ်တိုက်မှု့ဖြစ်ပွားခဲ့ရာ အမျိုးသမီးနှစ်ဦးသေဆုံး

PTN မတ် ၂၆

ပြည်မြို့နယ် ဆင်စုရပ်ကွက် နဝဒေးလမ်းဆုံတွင်
ယနေ့ညနေ ၁၈း၃၀အချိန်ခန့်က ယာဥ်တိုက်မှု့ဖြစ်ပွားခဲ့ရာ
ဖြစ်စဥ်တွင်
နဝဒေးလမ်းဆုံဘက်မှနဝဒေးချဥ်းကပ်လမ်းအတိုင်း
ယာဥ်မောင်းဦးကျော်ကျော်(ဘ)ဦးဘိုကေမောင်းနှင်လာသော
Daihatsu Atrai. 3p/**** ခဲရောင်ယာဥ်မှာ
ပုထိုးကြီးလမ်းဆုံအရောက်တွင်
လားရာတူ အရှေ့မှမောင်းနှင်လျှက်ရှိသည့်
ဦးသန်းလွင်(ဘ)ဦးကြည်သန်း မောင်းနှင်ပြီး
ခရီသည်များဖြစ်သည့် မခိုင်ငြိမ်းဦးနှင့်
သမီးဖြစ်သူမမေမေဖြိုးပိုင်၊သားဖြစ်သူ ဇွဲမင်းခန့်တို့လိုက်ပါလာသည့်
အိုးဝေ အဖြူရောင် BGO 22U 4---(လိုင်စင်စီစစ်ဆဲ) ယာဥ်အားတိုက်ခဲ့ပြီး
ထပ်မံ၍ ကိုသူရဖြိုး(ဘ)ဦးကျော်ဝင်းစိန်မောင်းနှင်လာသော
အိုးဝေအဖြူရောင် BGO21U 2---(လိုင်စင်စီစစ်ဆဲ)ယာဥ်အား
နောက်ဘယ်ဘက်ချမ်းသို့ပွတ်တိုက်ခဲ့ပြီး
နောက်ထပ်မံ၍
လမ်း၏ဘယ်ဘက်ခြမ်းတွင် မုန့်လက်ဆောင်းရောင်းနေသော
ဒေါ်နွဲ့(ဘ)ဦးစိုးမြင့် (၆၇)နှစ်နှင့်မြေးဖြစ်သူ မအေးမြချို ၊
အဆိုပါဆိုင်တွင်စျေးဝယ်ယူနေသော
ဒေါ်အေးသန်း(ဘ)ဦးတင်ဦး(၆၀)နှစ်တို့အား တိုက်မိခဲ့ရာ
ဒေါ်နွဲ့နှင့်ဒေါ်အေးသန်းတို့ နှစ်ဦးမှာ
အခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားခဲ့ပြီး
ယာဥ်မောင်း ဦးကျော်ကျော် နဖူးပေါက်ပြဲဒဏ်ရာ(အတွင်းလူနာ/စိုးရိမ်ရ)နှင့်
ယာဥ်တိုက်မှု့ဖြစ်စဥ်တွင် ပါဝင်သည့်သူများသည်
ထိခိုက်၊ပွန်းပဲ့၊နာကျင်ဖုယောင်၊ပေါက်ပြဲဒဏ်ရာ(ပြင်ပလူနာ/ မစိုးရိမ်ရ)ဖြင့်
ဆေးကုသမှု့ခံယူလျှက်ရှိကြောင်း နှင့်
ယာဥ်တိုက်မှု့ဖြစ်စဥ်ကြောင့် ဦးသန်းလွင် မောင်းနှင်သော
အိုးဝေမှာ ကာလတန်ဖိုး (၁၀)သိန်းခန့် ဆုံးရှုံးခဲ့ရပြီး
ကိုသူရဖြိုးမောင်းနှင်သောအိုးဝေမှာ
ကာလတန်ဖိုး ၅သောင်းခန့်ဆုံးရှုံးခဲ့သည့်အပြင်
တရာခံဦးကျော်ကျော်မောင်နှင်သောမော်တော်ယာဥ်မှာ
ကာလတန်ဖိုး (၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း
ထိုဖြစ်စဥ်နှင့် ပတ်သတ်၍
လူအသက်ဆုံးရှူံးစေခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိစေကာ
ယာဥ်များပျက်စီးဆုံးရှုံးစေသည်အထိ
ယာဥ်မဆင်မခြင်မောင်းနှင်သူ ဦးကျော်ကျော်အား
ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နိုင်ရေးအတွက်
လုပ်ဆောင်မှု့အဆင့်ဆင့်အား ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိပါသည် ။

လက်ယျာ(PTN)

https://t.me/pyaytruenews

#PyayTrueNews

Telegram

ပြည် သတင်းမှန်

သတင်းမှန်များကိုသာဖော်ပြသွားမည်။

ပြည်မြို့၊ဆင်စုရပ်ကွက် နဝဒေးလမ်းဆုံတွင်
1 month, 3 weeks ago

မြန်မာ့လက်ရွေးစင်အသင်းနှင့်
ဆီးရီးယားလက်ရွေးစင်အသင်းတို့၏
FIFA World Cup 2026TM Preliminary Competition Asian Zone
Round 2 – Group B
Matchday 3 ပွဲစဉ်ကို မတ်လ ၂၁ ရက်တွင်
ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ရာ အထူးတန်းနှင့် ရိုးရိုးတန်း ကြိုတင်လက်မှတ်များကို ဝေဇယန္တာလမ်းပေါ်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် မတ် ၁၉၊ ၂၀ ရက်များ၌ ရောင်းချပေးသွားမည် ဖြစ်ပါသည်။

မတ်လ ၁၉၊ ၂၀ ရက်များတွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီထိ သတ်မှတ်လက်မှတ် အရေအတွက်အတိုင်း ရောင်းချပေးသွားမည်ဖြစ်သည်။

ရောင်းချရန်လက်မှတ်ကျန်ရှိနေသေးပါက ပွဲနေ့ မတ်လ ၂၁ ရက်တွင် နံနက် ၉း၃၀ နာရီမှ ပွဲမစခင်အချိန်ထိ သုဝဏ္ဏဘောလုံးကွင်း ဂိတ်-၂ တွင် အထူးတန်းလက်မှတ်များကိုလည်းကောင်း၊ ဂိတ်-၈ တွင် ရိုးရိုးတန်းလက်မှတ်များကိုလည်းကောင်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ပါသည်။

လက်မှတ်ဝယ်ယူမည့် ပရိသတ်များအနေဖြင့် မှတ်ပုံတင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် ယူဆောင်လာရမည်ဖြစ်ပြီး မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်နှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

လက်မှတ်ဈေးနှုန်းမှာ အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်သတ်မှတ်ထားသည်။

ကြိုတင်လက်မှတ်ရောင်းချမည့်နေရာ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး။
ရောင်းချမည့်ရက်- မတ် ၁၉၊ ၂၀ ရက်။
ရောင်းချမည့်အချိန်- နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီ။

ပွဲနေ့လက်မှတ်ရောင်းချမည့်နေရာ- သုဝဏ္ဏကွင်း ဂိတ်-၂ (အထူးတန်း)၊ ဂိတ်-၈ (ရိုးရိုးတန်း)
ရောင်းချမည့်ရက်- မတ် ၂၁ ရက်။
ရောင်းချမည့်အချိန်- နံနက် ၉း၃၀ နာရီမှ ပွဲချိန်အထိ။
FIFA World Cup 2026TM Preliminary Competition Asian Zone Round 2 – Group B
Myanmar🇲🇲Vs🇸🇾Syria
🗓️21 March 2024
🕔 6:00 PM 🏟️THUWUNNA Stadium
📺Sky Net Channels

https://t.me/pyaytruenews

#PyayTrueNews

Telegram

ပြည် သတင်းမှန်

သတင်းမှန်များကိုသာဖော်ပြသွားမည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့်
1 month, 3 weeks ago
မြန်မာ့လက်ရွေးစင်အသင်းနှင့်

မြန်မာ့လက်ရွေးစင်အသင်းနှင့်
ဆီးရီးယားလက်ရွေးစင်အသင်းတို့၏
FIFA World Cup 2026TM Preliminary Competition Asian Zone
Round 2 – Group B
Matchday 3 ပွဲစဉ်ကို မတ်လ ၂၁ ရက်တွင်
ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ရာ အထူးတန်းနှင့် ရိုးရိုးတန်း ကြိုတင်လက်မှတ်များကို ဝေဇယန္တာလမ်းပေါ်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် မတ် ၁၉၊ ၂၀ ရက်များ၌ ရောင်းချပေးသွားမည်

1 month, 3 weeks ago

ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့
ပတ်သက်ပြီး ရပ်ကျေးအဖွဲ့တွေ
သေချာတရားမျှတစွာလုပ်ဆောင်ဖို့
လိုအပ်ပါတယ် တစ်ချို့ဒေသတွေမှာ
မဲလည်းမနိုက်ရပဲ အထက်ကနေ
ဆင့်ခေါ်စာလာတယ်ဆိုပြီးတော့
တိုက်ရိုက်ကာယကံရှင်တွေကို
အသိကြိုမပေးမိသားစုတွေကို
အသိမပေးပဲမလုပ်ကြပါနဲ့
စစ်မှုထမ်း တာကြောက်စရာမဟုတ်ပေမယ့်အခုမှ စတင်ထမ်းဆောင်ရမယ့်
ကာလရယ် နိုင်ငံရေးအခြေနေတွေကြောင့်အားလုံးကစိတ်ပူကြတာပါ
လိုအပ်ပါက ပြည်သူ့စစ်မှုထမ်းဥပဒေ
အတိုင်းအတာကာလ တာဝန်ထမ်းဆောင်ရမည့် အချိန်တွေနဲ့လိုအပ်ရင်
ကွင်းဆင်းဆောင်ရွက်ဟောပြောပွဲတွေ
လုပ်ပေးသင့်ပါတယ်

https://t.me/kyawwinmaung413

1 month, 4 weeks ago

မြန်မာမိန်းကလေးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူ သုံးဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်
……………………………………………

နေပြည်တော်၊ မတ် ၁၃

မြန်မာမိန်းကလေးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ သုံးဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ အောင်မြတ်သူ (ခ)အောင်အောင် (ခ) ကတုံး၊ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်နေ ဒေါ်သန်းသန်းအေးနှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ ဒေါ်မအေးတို့က ငပုတောမြို့နယ်နေ မ ---၊ ၁၆/၂၀၂၃ နှစ်၊ နေပြည်တော်နေ မ ---၊ ၁၉/၂၀၂၃ နှစ် နှင့် ဟိုင်းကြီးကျွန်းမြို့နယ်နေ မ--- ၊ ၂၀/၂၀၂၃ နှစ်တို့ကို ကျိုင်းတုံမြို့တွင် အလုပ်ရရှိမည်၊ မြန်မာ ငွေကျပ်သိန်း ၃၀ ရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ကျိုင်းတုံမြို့မရဲစခန်း (ပ) ၁၈၀/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ - ၃၅/၄၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ကျိုင်းတုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ တင်ပို့ခဲ့ရာ မတ် ၁၁ ရက်တွင် တရားခံ အောင်မြတ်သူ (ခ) အောင်အောင် (ခ) ကတုံး၊ သန်းသန်းအေးနှင့် မအေးတို့ သုံးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

PeopleMedia

https://t.me/pyaytruenews

Telegram

ပြည် သတင်းမှန်

သတင်းမှန်များကိုသာဖော်ပြသွားမည်။

မြန်မာမိန်းကလေးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူ သုံးဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago